နီကိုလပ်ကေ့ချ်က ကယ်လီဖိုးနီးယားပြည်နယ် မာလီဘူးရှိ ကန်ဒေါ်လာ ၁၀ ဒသမ ၅ သန်းတန် စံအိမ်ကြီးကို ဝယ်ယူ

နီကိုလပ်ကေ့ချ်က ကယ်လီဖိုးနီးယားပြည်နယ် မာလီဘူးရှိ ကန်ဒေါ်လာ ၁၀ ဒသမ ၅ သန်းတန် စံအိမ်ကြီးကို ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
24 Sep 2024 10:32 am တွင် တင်ခဲ့သည်
912 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

နီကိုလပ်ကေ့ချ်သည် အမေရိကန်ပြည်ထောင်စုတွင် ဒုစရိုက်မြို့တော်ဟု လူသိများသော နီဗားဒါးပြည်နယ်၊ လာ့စ်ဗီးဂပ်မြို့ကြီးနှင့် ဆက်နွှယ်ပတ်သက်မှု များစွာရှိခဲ့သည်။

လာ့စ်ဗီးဂပ်နှင့် ပတ်သက်သော Honeymoon in Vegas နှင့် Leaving Las Vegas ရုပ်ရှင်များတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးသည်။

၎င်းအဓိကနေထိုင်သော နေအိမ်မှာလည်း နီဗားဒါးပြည်နယ်တွင် ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ နီကိုလပ်ကေ့ချ်သည် ကယ်လီဖိုးနီးယား၏ သီးသန့်ကမ်းခြေ နေရာများမှတစ်ခုတွင် လည်း စံအိမ်တစ်လုံး ရှိလာပြီ ဖြစ်သည်။

“ဟုတ်ပါတယ်။ နီကိုလပ်ကေ့ချ်က မာလီဘူးမှာရှိတဲ့ ကျွန်တော်တို့ အိမ်ကို ဝယ်သွားပါတယ်” ဟု Liberman Broadcasting ပူးတွဲတည်ထောင်သူ Lenard Liberman က နယူးယောက်တိုင်းမ် သတင်းစာကြီးသို့ ပြောသည်။

၄ ထပ်အဆောက်အအုံဖြစ်ပြီး စတုရန်းပေ ၄၀၀၀ နီးပါးရှိကာ နီကိုလပ်ကေ့ချ်က ပြီးခဲ့သောလအတွင်း ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း မစ္စတာ Liberman က ပြောသည်။

ပြီးခဲ့သော သြဂုတ်လ ၂၃ ရက်တွင် အရောင်းအဝယ် အပြီးသတ်ခဲ့ခြင်း ဖြစ်သည်။

ထိုနေ့သည် ယခု ၂၀၂၄ ခုနှစ်အတွင်း ထွက်ရှိထားသည့် သူ၏ Longlegs အမည်ရှိ ရုပ်ရှင်ကားကို Prime Video, Apple TV နှင့် အခြား Platform များတွင် စတင်ပြသခဲ့သောနေ့လည်း ဖြစ်သည်။

Longlegs သည် ရင်သိမ့်တုန် ဇာတ်ကားဖြစ်ပြီး နီကိုလပ်ကေ့ချ်က ကွင်းဆက်လူသတ်သမားအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး အခင်းဖြစ်ရာနေရာတွင် Longlegs ဟု နားလည်ရခက်စွာ ရေးသားထားခဲ့ပုံ ဇာတ်လမ်း ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် စတင်ရုံတင်ခဲ့ပြီး လက်ရှိအချိန်အထိ ကန်ဒေါ်လာ သန်း ၁၀၀ ဝင်ငွေရရှိထားရာ ယခုနှစ် (လက်ရှိချိန်အထိ) ဝင်ငွေအကောင်းဆုံးဇာတ်ကားအဖြစ် ရပ်တည်နေသည်။

ယင်းနောက် ရက်သတ္တပတ် အတန်ကြာတွင် နီကိုလပ်ကေ့ချ်က ယခုအိမ်ကို ဝယ်ယူခဲ့ခြင်းလည်း ဖြစ်သည်။

ယခုအိမ်သည် မိသားစုတစ်ခုတည်း၏ လက်ထဲတွင် ၁၉၉၀ ပြည့်လွန်ကာလများကတည်းက ရှိနေခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော့်မိဘတွေက အားလပ်ချိန်တွေမှာ ဒီအိမ်ကို လာပြီး အပန်းဖြေနေထိုင်ကြပါတယ်။ ဒီအိမ်က အဖေ့ကို ပျော်ရွှင်စေတဲ့အိမ်ပါ။ အဖေကွယ်လွန်သွားပြီးနောက်ပိုင်း အမေက ဒီအိမ်ကို မသွားနိုင်တော့ပါဘူး။ အဲဒီမှာက အမှတ်ရဖွယ်တွေ အများကြီးပါ” ဟု အသက် ၆၂ နှစ်အရွယ်ရှိပြီဖြစ်သော မစ္စတာ Liberman က ပြောသည်။

ယခုအိမ်ကို ဖခင်ဖြစ်သူက ၁၉၉၀ ပြည့်လွန်ကာလများတွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

(နေအိမ်၏ ဧည့်ခန်း။ ဓာတ်ပုံ-Berlyn Photography)

နေအိမ်အပေါ်ဆုံးထပ်တွင် rooftop deck တစ်ခုပါဝင်သည်။ rooftop deck မှာ Malibu တွင် တွေ့ရခဲသည်။

အဆောက်အအုံဆောက်လုပ်မှုနှင့် ပတ်သက်ပြီး စည်းမျဉ်းတင်းကြပ်မှုများစွာရှိရာ အခြားသူတို့ ထိုသို့ ဆောက်လုပ်ရန် မလွယ်ချေ။

ဈေးကွက်တင်ခဲ့သော ခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၀ ဒသမ ၇၅ သန်းဖြစ်ရာ ခေါ်ဈေးအောက် အနည်းငယ် ဈေးလျှော့ပေးကာ ရောင်းထွက်သွားခြင်းလည်း ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Nicolas Cage Buys $10.5 Million Malibu Beach House (nytimes) Photo Credit- Berlyn Photography, Suzanne Cordeiro/ AFP-Getty Images

[Zawgyi]

နီကိုလပ္ေက့ခ်္က ကယ္လီဖုိးနီးယားျပည္နယ္ မာလီဘူးရွိ ကန္ေဒၚလာ ၁၀ ဒသမ ၅ သန္းတန္ စံအိမ္ၾကီးကို ဝယ္ယူ

နီကိုလပ္ေက့ခ်္သည္ အေမရိကန္ျပည္ေထာင္စုတြင္ ဒုစရိုက္ျမိဳ႕ေတာ္ဟု လူသိမ်ားေသာ နီဗားဒါးျပည္နယ္၊ လာ့စ္ဗီးဂပ္ျမိဳ႕ၾကီးႏွင့္ ဆက္ႏႊယ္ပတ္သက္မႈ မ်ားစြာရွိခဲ့သည္။

လာ့စ္ဗီးဂပ္ႏွင့္ ပတ္သက္ေသာ Honeymoon in Vegas ႏွင့္ Leaving Las Vegas ရုပ္ရွင္မ်ားတြင္လည္း ပါဝင္သရုပ္ေဆာင္ခဲ့ဖူးသည္။

၎အဓိကေနထိုင္ေသာ ေနအိမ္မွာလည္း နီဗားဒါးျပည္နယ္တြင္ ျဖစ္သည္။

သို႔ေသာ္ ယခုအခါတြင္မူ နီကိုလပ္ေက့ခ်္သည္ ကယ္လီဖုိးနီးယား၏ သီးသန္႔ကမ္းေျခ ေနရာမ်ားမွတစ္ခုတြင္ လည္း စံအိမ္တစ္လံုး ရွိလာျပီ ျဖစ္သည္။

“ဟုတ္ပါတယ္။ နီကိုလပ္ေက့ခ်္က မာလီဘူးမွာရွိတဲ့ ကၽြန္ေတာ္တို႔ အိမ္ကို ဝယ္သြားပါတယ္” ဟု Liberman Broadcasting ပူးတြဲတည္ေထာင္သူ Lenard Liberman က နယူးေယာက္တိုင္းမ္ သတင္းစာၾကီးသို႔ ေျပာသည္။

၄ ထပ္အေဆာက္အအံုျဖစ္ျပီး စတုရန္းေပ ၄၀၀၀ နီးပါးရွိကာ နီကိုလပ္ေက့ခ်္က ျပီးခဲ့ေသာလအတြင္း ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း မစၥတာ Liberman က ေျပာသည္။

ျပီးခဲ့ေသာ ၾသဂုတ္လ ၂၃ ရက္တြင္ အေရာင္းအဝယ္ အျပီးသတ္ခဲ့ျခင္း ျဖစ္သည္။

ထိုေန႔သည္ ယခု ၂၀၂၄ ခုႏွစ္အတြင္း ထြက္ရွိထားသည့္ သူ၏ Longlegs အမည္ရွိ ရုပ္ရွင္ကားကို Prime Video, Apple TV ႏွင့္ အျခား Platform မ်ားတြင္ စတင္ျပသခဲ့ေသာေန႔လည္း ျဖစ္သည္။

Longlegs သည္ ရင္သိမ့္တုန္ ဇာတ္ကားျဖစ္ျပီး နီကိုလပ္ေက့ခ်္က ကြင္းဆက္လူသတ္သမားအျဖစ္ ပါဝင္သရုပ္ေဆာင္ထားျပီး အခင္းျဖစ္ရာေနရာတြင္ Longlegs ဟု နားလည္ရခက္စြာ ေရးသားထားခဲ့ပံု ဇာတ္လမ္း ျဖစ္သည္။

၂၀၂၄ ခုႏွစ္၊ ဇူလိုင္လတြင္ စတင္ရံုတင္ခဲ့ျပီး လက္ရွိအခ်ိန္အထိ ကန္ေဒၚလာ သန္း ၁၀၀ ဝင္ေငြရရွိထားရာ ယခုႏွစ္ (လက္ရွိခ်ိန္အထိ) ဝင္ေငြအေကာင္းဆံုးဇာတ္ကားအျဖစ္ ရပ္တည္ေနသည္။

ယင္းေနာက္ ရက္သတၱပတ္ အတန္ၾကာတြင္ နီကိုလပ္ေက့ခ်္က ယခုအိမ္ကို ဝယ္ယူခဲ့ျခင္းလည္း ျဖစ္သည္။

ယခုအိမ္သည္ မိသားစုတစ္ခုတည္း၏ လက္ထဲတြင္ ၁၉၉၀ ျပည့္လြန္ကာလမ်ားကတည္းက ရွိေနခဲ့ျခင္း ျဖစ္သည္။

“ကၽြန္ေတာ့္မိဘေတြက အားလပ္ခ်ိန္ေတြမွာ ဒီအိမ္ကို လာျပီး အပန္းေျဖေနထုိင္ၾကပါတယ္။ ဒီအိမ္က အေဖ့ကို ေပ်ာ္ရႊင္ေစတဲ့အိမ္ပါ။ အေဖကြယ္လြန္သြားျပီးေနာက္ပိုင္း အေမက ဒီအိမ္ကို မသြားႏိုင္ေတာ့ပါဘူး။ အဲဒီမွာက အမွတ္ရဖြယ္ေတြ အမ်ားၾကီးပါ” ဟု အသက္ ၆၂ ႏွစ္အရြယ္ရွိျပီျဖစ္ေသာ မစၥတာ Liberman က ေျပာသည္။

ယခုအိမ္ကို ဖခင္ျဖစ္သူက ၁၉၉၀ ျပည့္လြန္ကာလမ်ားတြင္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ေၾကာင္း ၎က ေျပာသည္။

(ေနအိမ္၏ ဧည့္ခန္း။ ဓာတ္ပံု-Berlyn Photography)

ေနအိမ္အေပၚဆံုးထပ္တြင္ rooftop deck တစ္ခုပါဝင္သည္။ rooftop deck မွာ Malibu တြင္ ေတြ႔ရခဲသည္။

အေဆာက္အအံုေဆာက္လုပ္မႈႏွင့္ ပတ္သက္ျပီး စည္းမ်ဥ္းတင္းၾကပ္မႈမ်ားစြာရွိရာ အျခားသူတို႔ ထိုသို႔ ေဆာက္လုပ္ရန္ မလြယ္ေခ်။

ေစ်းကြက္တင္ခဲ့ေသာ ေခၚေစ်းမွာ ကန္ေဒၚလာ ၁၀ ဒသမ ၇၅ သန္းျဖစ္ရာ ေခၚေစ်းေအာက္ အနည္းငယ္ ေစ်းေလွ်ာ့ေပးကာ ေရာင္းထြက္သြားျခင္းလည္း ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Nicolas Cage Buys $10.5 Million Malibu Beach House (nytimes) Photo Credit- Berlyn Photography, Suzanne Cordeiro/ AFP-Getty Images

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
ဟင်နရီ ဇီးဂလန်းဆိုသူကို ၎င်း၏ ယောက်ဖက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရာ လွဲချော်သွားပြီး သစ်ပင်ထဲ ကျည်ဝင်သွားခဲ့၊ နှစ် ၂၀ အကြာတွင် ဇီးဂလန်းက သစ်ပင်ကို ဒိုင်းနမိုက်ဖြင့် ခွဲကာ လှဲခဲ့ရာ ကျည်ပြန်ထွက်လာပြီး နဖူးမှန်ကာ သေဆုံးခဲ့ရ...

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service