ဆောက်လုပ်ရေးလုပ်သားနှင့် ခေါင်းရွက်ဗျပ်ထိုး ဈေးသည်တို့၏သား၊ လမ်းဘေးတွင် မုန့်ရောင်းခဲ့ရသည့်ဘဝမှ စတိုးဆိုင်ပေါင်း ၂၆၀၀ ကျော်ပိုင်ဆိုင်လာသည့် မလေးရှား ဘီလျံနာကြီး၏ ဘဝရုန်းကန်ဖြတ်သန်းခဲ့ရပုံ

ဆောက်လုပ်ရေးလုပ်သားနှင့် ခေါင်းရွက်ဗျပ်ထိုး ဈေးသည်တို့၏သား၊ လမ်းဘေးတွင် မုန့်ရောင်းခဲ့ရသည့်ဘဝမှ စတိုးဆိုင်ပေါင်း ၂၆၀၀ ကျော်ပိုင်ဆိုင်လာသည့် မလေးရှား ဘီလျံနာကြီး၏ ဘဝရုန်းကန်ဖြတ်သန်းခဲ့ရပုံ - Property Knowledge in Myanmar from iMyanmarHouse.com
17 Sep 2024 9:52 am တွင် တင်ခဲ့သည်
572 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

အချိန်ကား ၁၉၅၄ ခုနှစ်။ (မှတ်ချက်။ Business Insider တွင် ၁၉၆၀ ပြည့်နှစ်ဟု ဖော်ပြပြီး Forbes မဂ္ဂဇင်းတွင်မူ ၁၉၆၄ ဟု အမျိုးမျိုးဖော်ပြမှုများရှိသည်)

မလေးရှားနိုင်ငံ အနောက်ပိုင်း ဆလင်ဂေါပြည်နယ်၊ ကွာလာလမ်ပူမြို့၏ အနောက်ဘက် ကလန်မြို့ရှိ ဆင်းရဲသား မိသားစုတစ်စုတွင် လီထျန်းဝါ အမည်ရှိ သားယောက်ျားလေးတစ်ဦး မွေးဖွားလာသည်။

(မှတ်ချက်။ Forbes မဂ္ဂဇင်း၏ ဖော်ပြချက်အရ လီထျန်းဝါသည် တရုတ်ရိုးရာ နဂါးနှစ်ဖြစ်သော ၁၉၆၄ ခုနှစ်တွင် မွေးဖွားသည်ဟု ဆိုသည်)

မလေးရှားနိုင်ငံ ဆလင်ဂေါပြည်နယ်တွင် ကွာလာလမ်ပူနှင့် လက်ရှိပြည်နယ်မြို့တော် ရှားအလမ်တို့ စည်ကားဖွံ့ဖြိုး မလာသေးမီက ကလန်သည် ဆလင်ဂေါပြည်နယ်၏ မြို့တော်ဖြစ်ခဲ့သည်။

ဖခင်မှာ ဆောက်လုပ်ရေးလုပ်သားတစ်ဦးဖြစ်ပြီး မိခင်မှာ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်ဖြစ်ကာ နေ့စဉ် စားဝတ်နေရေးအတွက် ခဲခဲယဉ်းယဉ်း ရုန်းကန်နေရသော မိသားစုဖြစ်သည်။

လီထျန်းဝါအပြင် မွေးချင်း ၁၁ ဦးရှိရာ စားအိုးမှာလည်း အလွန်ကြီးသည်။

သားသမီး ၁၁ ဦးကို ကျွေးမွေးနိုင်ရန် နေ့ရော ညပါ အလုပ်လုပ်ရသည်။ လီထျန်းဝါ ၈ လသားအရွယ်တွင် ပိုလီယိုဖြစ်ပွားခဲ့ပြီး သူ၏ ကံကြမ္မာ ဆိုးဆိုးရွားရွား ပြောင်းလဲခဲ့ရသည်။

ပိုလီယိုရောဂါ (Poliomyelitis) သည် ပိုလီယိုဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသည့်ရောဂါဖြစ်ပြီး လီထျန်းဝါလေးမှာ လက်တွန်းလှည်းဖြင့်သာ နေခဲ့ရရှာသည်။

လီထျန်းဝါသည် အတန်းပညာရေးဟူ၍ မူလတန်းကျောင်းတွင် ၆ နှစ်မျှသာ စာသင်ခဲ့ဖူးသည်။

ထိုအတိုင်းအတာမှာ သူ၏ မိဘများ စွမ်းနိုင်သမျှ ဖြစ်၏။

Forbes မဂ္ဂဇင်းကြီး၏ ဖော်ပြချက်အရ လီထျန်းဝါသည် အတန်းပညာရေး ကောင်းကောင်းမတက်ခဲ့ရ သောကြောင့် အိမ်နီးချင်းများထံမှ စာအုပ်များ ငှားရမ်းဖတ်ရှုကာ ဗဟုသုတ ရှာဖွေခဲ့ရသည်ဟု ဆိုသည်။

လီထျန်းဝါမှာ လမ်းမလျှောက်နိုင်သောကြောင့် အလုပ်ရှာရန် အလွန်ခက်သည်။ ထို့ကြောင့် ကိုယ်ပိုင်အလုပ်လုပ်ရန်သာ ရွေးချယ်ခဲ့ရပြီး မိမိ၏ဘဝရပ်တည်ရေးအတွက် လမ်းဘေးဆိုင်လေး ဖွင့်ကာ သွားရေစာမုန့်များ ရောင်းချခဲ့သည်။

“ကိုယ့်အား ကိုယ်ကိုးခဲ့ရပါတယ်။ ကျွန်တော့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကြောင့် ဘယ်သူကမှ ကျွန်တော့်ကို အလုပ်ခန့်မှာ မဟုတ်ပါဘူး” ဟု လီထျန်းဝါက Forbes မဂ္ဂဇင်းကြီးသို့ ၂၀၁၀ ပြည့်နှစ်တွင် ပြောခဲ့သည်။

ထိုသို့ ဈေးရောင်းရင်း အသက် ၂၃ နှစ်အရွယ်သို့ ရောက်သောအခါ ဒေါ်လာ ၅၀၀၀ ခန့် စုမိသည်။

ထိုပမာဏမှာ ကုန်စုံဆိုင်တစ်ခုဖွင့်ရန် လုံလောက်သော ပမာဏ ဖြစ်၏။

ထိုငွေဖြင့် လီထျန်းဝါက သူ၏ ပထမဆုံး ကုန်စုံဆိုင်ကို စတင်ဖွင့်လှစ်ခဲ့သည်။ အချိန်ကား ၁၉၈၇ ခုနှစ် ဖြစ်၏။

၁၉၉၂ ခုနှစ်သို့ ရောက်သောအခါ လီထျန်းဝါက သူ၏ ကုန်စုံဆိုင်ကို (ယနေ့ခေတ် ငွေတန်ဖိုးအားဖြင့် ဒေါ်လာ ၈၈၀၀၀ ခန့်ဖြင့်) ရောင်းချလိုက်ပြီးနောက် mini-mart တစ်ခု စတင်ဖွင့်လှစ်ခဲ့သည်။

“ပိုမိုကြီးမားတဲ့ စီးပွားရေးလုပ်ငန်းရဲ့ စိန်ခေါ်မှုကို ကျွန်တော်ရင်ဆိုင်ချင်ခဲ့တယ်”

ယင်းနောက် ၁၀ စုနှစ်တစ်ခုတာအတွင်း ကြီးပွားလာခဲ့ပြီး စတိုးဆိုင်ခွဲ ၈ ခုအထိ ဖွင့်နိုင်လာသည်။

လီထျန်းဝါက သူ၏ စတိုးဆိုင်များကို Pasar Mini 99 ဟု အမည်ပေးခဲ့သည်။

“ဈေးဝယ်တွေက ဘာတွေလာဝယ်ကြတယ်ဆိုတာ ကျွန်တော်လေ့လာတယ်။ ကုန်သွင်းပေးတဲ့ supplier တွေ အားလုံးနဲ့ သူတို့ရဲ့ ဈေးနှုန်း သတ်မှတ်ချက်တွေကို ကျွန်တော်သိပါတယ်။ အဲဒီနောက်မှာ ကျွန်တော့်ရဲ့ ပြိုင်ဘက်တွေအကြောင်း အသေးစိတ်လေ့လာခဲ့ပါတယ်”

၁၉၉၇ ခုနှစ်တွင် နလီတီယိန်း (Ng Lee Tieng) အမည်ရှိ မိန်းကလေးက Pasar သို့ အဝယ်တော်ရာထူးဖြင့် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

နောင်အခါတွင် နလီတီယိန်းသည် လီထျန်းဝါ၏ ဇနီးဖြစ်လာခဲ့သည်။

၁၉၉၉ ခုနှစ်တွင် လီထျန်းဝါက သူ၏ စတိုးဆိုင်ကို 99 Speedmart ဟု အမည်ပြောင်းလဲခဲ့၏။`

၎င်းတို့နှစ်ဦး လက်တွဲကြိုးပမ်းခဲ့မှုဖြင့် ယခုအခါ 99 Speedmart သည် မလေးရှား၏ အကြီးမားဆုံး mini-mart အုပ်စုကြီးဖြစ်လာပြီး ဆိုင်ခွဲပေါင်း ၂၆၅၁ အထိ ဖွင့်လှစ်ထားသည်။

99 Speedmart သည် မလေးရှားရှိ မြို့ကြီးမြို့ငယ်တိုင်းတွင် မလေးရှားနိုင်ငံသား အားလုံးရင်းနှီးသိရှိနေသည့် အမည်နာမ တစ်ခု ဖြစ်လာသည်။

သူမွေးဖွားရာ ကလန်မြို့တွင်ပင် သူ၏ 99 စတိုးဆိုင်ပေါင်း ၁၇၅ ဆိုင်ရှိသည်။

99 Speed Mart ၏ ၂၀၂၃ ခုနှစ်ဝင်ငွေမှာ ရင်းဂစ် သန်း ၉၀၀၀ ကျော်ရှိခဲ့ပြီး ၎င်း၏ အဓိကပြိုင်ဘက်ဖြစ်သော 7-Eleven Malaysia ၏ ဝင်ငွေထက် ၄ ဆကျော် သာလွန်ခဲ့သည်။

Bloomberg ဘီလျံနာညွှန်းကိန်းအရ လီထျန်းဝါ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံရှိကြောင်း ခန့်မှန်းထားသည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Asia's newest billionaire founded a grocery store in 1987 and never gave up any stake — until this week's IPO (businessinsider, therakyatpost,malaymail)

 

 

[Zawgyi]

ေဆာက္လုပ္ေရးလုပ္သားႏွင့္ ေခါင္းရြက္ဗ်ပ္ထုိး ေစ်းသည္တို႔၏သား၊ လမ္းေဘးတြင္ မုန္႔ေရာင္းခဲ့ရသည့္ဘဝမွ စတိုးဆိုင္ေပါင္း ၂၆၀၀ ေက်ာ္ပိုင္ဆိုင္လာသည့္ မေလးရွား ဘီလ်ံနာၾကီး၏ ဘဝရုန္းကန္ျဖတ္သန္းခဲ့ရပံု

အခ်ိန္ကား ၁၉၅၄ ခုႏွစ္။ (မွတ္ခ်က္။ Business Insider တြင္ ၁၉၆၀ ျပည့္ႏွစ္ဟု ေဖာ္ျပျပီး Forbes မဂၢဇင္းတြင္မူ ၁၉၆၄ ဟု အမ်ဳိးမ်ဳိးေဖာ္ျပမႈမ်ားရွိသည္)

မေလးရွားႏိုင္ငံ အေနာက္ပိုင္း ဆလင္ေဂါျပည္နယ္၊ ကြာလာလမ္ပူျမိဳ႕၏ အေနာက္ဘက္ ကလန္ျမိဳ႕ရွိ ဆင္းရဲသား မိသားစုတစ္စုတြင္ လီထ်န္းဝါ အမည္ရွိ သားေယာက်္ားေလးတစ္ဦး ေမြးဖြားလာသည္။

(မွတ္ခ်က္။ Forbes မဂၢဇင္း၏ ေဖာ္ျပခ်က္အရ လီထ်န္းဝါသည္ တရုတ္ရုိးရာ နဂါးႏွစ္ျဖစ္ေသာ ၁၉၆၄ ခုႏွစ္တြင္ ေမြးဖြားသည္ဟု ဆိုသည္)

မေလးရွားႏိုင္ငံ ဆလင္ေဂါျပည္နယ္တြင္ ကြာလာလမ္ပူႏွင့္ လက္ရွိျပည္နယ္ျမိဳ႕ေတာ္ ရွားအလမ္တို႔ စည္ကားဖြံ႔ျဖိဳး မလာေသးမီက ကလန္သည္ ဆလင္ေဂါျပည္နယ္၏ ျမိဳ႕ေတာ္ျဖစ္ခဲ့သည္။

ဖခင္မွာ ေဆာက္လုပ္ေရးလုပ္သားတစ္ဦးျဖစ္ျပီး မိခင္မွာ ေခါင္းရြက္ဗ်ပ္ထုိး ေစ်းသည္ျဖစ္ကာ ေန႔စဥ္ စားဝတ္ေနေရးအတြက္ ခဲခဲယဥ္းယဥ္း ရုန္းကန္ေနရေသာ မိသားစုျဖစ္သည္။

လီထ်န္းဝါအျပင္ ေမြးခ်င္း ၁၁ ဦးရွိရာ စားအိုးမွာလည္း အလြန္ၾကီးသည္။

သားသမီး ၁၁ ဦးကို ေကၽြးေမြးႏိုင္ရန္ ေန႔ေရာ ညပါ အလုပ္လုပ္ရသည္။ လီထ်န္းဝါ ၈ လသားအရြယ္တြင္ ပိုလီယိုျဖစ္ပြားခဲ့ျပီး သူ၏ ကံၾကမၼာ ဆိုးဆိုးရြားရြား ေျပာင္းလဲခဲ့ရသည္။

ပိုလီယိုေရာဂါ (Poliomyelitis) သည္ ပိုလီယိုဗိုင္းရပ္စ္ေၾကာင့္ ျဖစ္ပြားသည့္ေရာဂါျဖစ္ျပီး လီထ်န္းဝါေလးမွာ လက္တြန္းလွည္းျဖင့္သာ ေနခဲ့ရရွာသည္။

လီထ်န္းဝါသည္ အတန္းပညာေရးဟူ၍ မူလတန္းေက်ာင္းတြင္ ၆ ႏွစ္မွ်သာ စာသင္ခဲ့ဖူးသည္။

ထိုအတိုင္းအတာမွာ သူ၏ မိဘမ်ား စြမ္းႏိုင္သမွ် ျဖစ္၏။

Forbes မဂၢဇင္းၾကီး၏ ေဖာ္ျပခ်က္အရ လီထ်န္းဝါသည္ အတန္းပညာေရး ေကာင္းေကာင္းမတက္ခဲ့ရ ေသာေၾကာင့္ အိမ္နီးခ်င္းမ်ားထံမွ စာအုပ္မ်ား ငွားရမ္းဖတ္ရႈကာ ဗဟုသုတ ရွာေဖြခဲ့ရသည္ဟု ဆိုသည္။

လီထ်န္းဝါမွာ လမ္းမေလွ်ာက္ႏိုင္ေသာေၾကာင့္ အလုပ္ရွာရန္ အလြန္ခက္သည္။ ထို႔ေၾကာင့္ ကိုယ္ပိုင္အလုပ္လုပ္ရန္သာ ေရြးခ်ယ္ခဲ့ရျပီး မိမိ၏ဘဝရပ္တည္ေရးအတြက္ လမ္းေဘးဆိုင္ေလး ဖြင့္ကာ သြားေရစာမုန္႔မ်ား ေရာင္းခ်ခဲ့သည္။

“ကိုယ့္အား ကိုယ္ကိုးခဲ့ရပါတယ္။ ကၽြန္ေတာ့္ရဲ႕ ရုပ္ပိုင္းဆိုင္ရာ အေျခအေနေၾကာင့္ ဘယ္သူကမွ ကၽြန္ေတာ့္ကို အလုပ္ခန္႔မွာ မဟုတ္ပါဘူး” ဟု လီထ်န္းဝါက Forbes မဂၢဇင္းၾကီးသို႔ ၂၀၁၀ ျပည့္ႏွစ္တြင္ ေျပာခဲ့သည္။

ထိုသို႔ ေစ်းေရာင္းရင္း အသက္ ၂၃ ႏွစ္အရြယ္သို႔ ေရာက္ေသာအခါ ေဒၚလာ ၅၀၀၀ ခန္႔ စုမိသည္။

ထိုပမာဏမွာ ကုန္စံုဆိုင္တစ္ခုဖြင့္ရန္ လံုေလာက္ေသာ ပမာဏ ျဖစ္၏။

ထိုေငြျဖင့္ လီထ်န္းဝါက သူ၏ ပထမဆံုး ကုန္စံုဆိုင္ကို စတင္ဖြင့္လွစ္ခဲ့သည္။ အခ်ိန္ကား ၁၉၈၇ ခုႏွစ္ ျဖစ္၏။

၁၉၉၂ ခုႏွစ္သို႔ ေရာက္ေသာအခါ လီထ်န္းဝါက သူ၏ ကုန္စံုဆိုင္ကို (ယေန႔ေခတ္ ေငြတန္ဖုိးအားျဖင့္ ေဒၚလာ ၈၈၀၀၀ ခန္႔ျဖင့္) ေရာင္းခ်လိုက္ျပီးေနာက္ mini-mart တစ္ခု စတင္ဖြင့္လွစ္ခဲ့သည္။

“ပိုမိုၾကီးမားတဲ့ စီးပြားေရးလုပ္ငန္းရဲ႕ စိန္ေခၚမႈကို ကၽြန္ေတာ္ရင္ဆိုင္ခ်င္ခဲ့တယ္” ယင္းေနာက္ ၁၀ စုႏွစ္တစ္ခုတာအတြင္း ၾကီးပြားလာခဲ့ျပီး စတိုးဆိုင္ခြဲ ၈ ခုအထိ ဖြင့္ႏိုင္လာသည္။

လီထ်န္းဝါက သူ၏ စတိုးဆိုင္မ်ားကို Pasar Mini 99 ဟု အမည္ေပးခဲ့သည္။

“ေစ်းဝယ္ေတြက ဘာေတြလာဝယ္ၾကတယ္ဆိုတာ ကၽြန္ေတာ္ေလ့လာတယ္။ ကုန္သြင္းေပးတဲ့ supplier ေတြ အားလံုးနဲ႔ သူတို႔ရဲ႕ ေစ်းႏႈန္း သတ္မွတ္ခ်က္ေတြကို ကၽြန္ေတာ္သိပါတယ္။ အဲဒီေနာက္မွာ ကၽြန္ေတာ့္ရဲ႕ ျပိဳင္ဘက္ေတြအေၾကာင္း အေသးစိတ္ေလ့လာခဲ့ပါတယ္”

၁၉၉၇ ခုႏွစ္တြင္ နလီတီယိန္း (Ng Lee Tieng) အမည္ရွိ မိန္းကေလးက Pasar သို႔ အဝယ္ေတာ္ရာထူးျဖင့္ ဝင္ေရာက္လုပ္ကိုင္ခဲ့သည္။

ေနာင္အခါတြင္ နလီတီယိန္းသည္ လီထ်န္းဝါ၏ ဇနီးျဖစ္လာခဲ့သည္။

၁၉၉၉ ခုႏွစ္တြင္ လီထ်န္းဝါက သူ၏ စတုိးဆိုင္ကို 99 Speedmart ဟု အမည္ေျပာင္းလဲခဲ့၏။`

၎တို႔ႏွစ္ဦး လက္တြဲၾကိဳးပမ္းခဲ့မႈျဖင့္ ယခုအခါ 99 Speedmart သည္ မေလးရွား၏ အၾကီးမားဆံုး mini-mart အုပ္စုၾကီးျဖစ္လာျပီး ဆိုင္ခြဲေပါင္း ၂၆၅၁ အထိ ဖြင့္လွစ္ထားသည္။

99 Speedmart သည္ မေလးရွားရွိ ျမိဳ႕ၾကီးျမိဳ႕ငယ္တိုင္းတြင္ မေလးရွားႏိုင္ငံသား အားလံုးရင္းႏွီးသိရွိေနသည့္ အမည္နာမ တစ္ခု ျဖစ္လာသည္။

သူေမြးဖြားရာ ကလန္ျမိဳ႕တြင္ပင္ သူ၏ 99 စတိုးဆိုင္ေပါင္း ၁၇၅ ဆိုင္ရွိသည္။

99 Speed Mart ၏ ၂၀၂၃ ခုႏွစ္ဝင္ေငြမွာ ရင္းဂစ္ သန္း ၉၀၀၀ ေက်ာ္ရွိခဲ့ျပီး ၎၏ အဓိကျပိဳင္ဘက္ျဖစ္ေသာ 7-Eleven Malaysia ၏ ဝင္ေငြထက္ ၄ ဆေက်ာ္ သာလြန္ခဲ့သည္။

Bloomberg ဘီလ်ံနာညႊန္းကိန္းအရ လီထ်န္းဝါ၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၃ ဒသမ ၃ ဘီလီယံရွိေၾကာင္း ခန္႔မွန္းထားသည္။

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Asia's newest billionaire founded a grocery store in 1987 and never gave up any stake — until this week's IPO (businessinsider, therakyatpost,malaymail)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
အေးချမ်းသာယာတဲ့အလှအပတွေနဲ့ သဘာဝရဲ့သုခဘုံ (သို့မဟုတ်) ဗီယက်နမ်
အေးချမ်းသာယာတဲ့အလှအပတွေနဲ့ သဘာဝရဲ့သုခဘုံ (သို့မဟုတ်) ဗီယက်နမ်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
Jade Palace Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service