ဘီလ်ဂိတ်နှင့် စတိဗ်ဂျော့တို့ အသက် ၁၈ နှစ်အရွယ်က အလုပ်လျှောက်ရာတွင် အသုံးပြုခဲ့သော CV ဖောင် လူမှုကွန်ရက်တွင် ပျံ့နှံ့ကျော်ကြား

ဘီလ်ဂိတ်နှင့် စတိဗ်ဂျော့တို့ အသက် ၁၈ နှစ်အရွယ်က အလုပ်လျှောက်ရာတွင် အသုံးပြုခဲ့သော CV ဖောင် လူမှုကွန်ရက်တွင် ပျံ့နှံ့ကျော်ကြား - Property Knowledge in Myanmar from iMyanmarHouse.com
4 Sep 2024 1:08 pm တွင် တင်ခဲ့သည်
1499 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

နည်းပညာနယ်မှ ထိပ်သီးပုဂ္ဂိုလ်များဖြစ်သော Apple ပူးတွဲတည်ထောင်သူ စတိဗ်ဂျော့နှင့် မိုက္ကရိုဆော့ဖ် ပူးတွဲ တည်ထောင်သူ ဘီလ်ဂိတ်တို့၏ ငယ်ရွယ်စဉ်ကာလက CV ဖောင်များမှာ လူမှုကွန်ရက်တွင် ပျံ့နှံ့ကျော်ကြား လျက် ရှိနေသည်။

ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့သော နည်းပညာစွန့်ဦးတီထွင်သူ ပုဂ္ဂိုလ်နှစ်ဦး၏ အစောပိုင်းကာလများကို ၎င်းတို့ ၁၈ နှစ်သားအရွယ်က အသုံးပြုခဲ့သော ခေတ်ဟောင်း CV ဖောင်များမှတဆင့် တစေ့တစောင်း စေ့ငုခွင့် ရလာသည်။

စတိဗ်ဂျော့၏ ၁၉၇၃ ခုနှစ်က CV ဖောင်တွင် သူ၏ အဓိကဦးတည်ရာမှာ အီလက်ထရောနစ်နှင့် နည်းပညာနယ်ပယ်ဖြစ်ကြောင်း ဖော်ပြထားသည်။

နည်းပညာနယ်ပယ်ကို Apple ဖြင့် ပြောင်းလဲတော်လှန်ပစ်ခဲ့သူ စတိဗ်ဂျော့က သူအထူးကျွမ်းကျင်သည့်အရာမှာ အီလက်ထရောနစ်နှင့် နည်းပညာဖြစ်ကြောင်း သူ၏ CV တွင် ရေးသားထားသည်။

ဘီလ်ဂိတ်၏ ၁၉၇၁ ခုနှစ်က Resume တွင် programming language အမျိုးမျိုး အတွေ့အကြုံရှိကြောင်း၊ FORTRAN , COBOL, BASIC တို့နှင့် PDP-10, PDP-8 နှင့် CDC-6400 တို့အပါအဝင် ကွန်ပြူတာများ ပါဝင်ကြောင်း ဖော်ပြထားသည်။

ဘီလ်ဂိတ်၏ CV ထိပ်ဆုံးတွင် အရပ်အမြင့် ၅ ပေ ၁၀ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၃၀၊ အသက် ၁၈ နှစ်ဟု စတင်ဖော်ပြထားသည်။

ယင်းနောက် သူ၏ ဝင်ငွေလစာမှာ ဒေါ်လာ ၃၅၀၀၀ ဖြစ်ကြောင်း ဖော်ပြထားပြီး အလုပ်လျှောက်ထားမှုအတွက် မျှော်မှန်းလစာနေရာတွင် ညှိနှိုင်းဟု ရေးသားထားသည်ကို တွေ့ရသည်။

၁၉၇၀ ပြည့်လွန်ကာလများက လစာ ဒေါ်လာ ၃၅၀၀၀ ဟူသည်မှာ ကျောင်းသားလူငယ်တစ်ဦးအတွက် အလွန်များပြားလှသော ဝင်ငွေဖြစ်သည်။

Paul G Allen နှင့် မိတ်ဖက်လက်တွဲဆောင်ရွက်ရန် စီစဉ်ထားပုံကိုလည်း ဘီလ်ဂိတ်က ရေးသားဖော်ပြထားသည်။

Paul G Allen သည် နောင်အခါတွင် မိုက္ကရိုဆော့ဖ်ကို ပူးတွဲတည်ထောင်သူ ဖြစ်လာသည်။

နည်းပညာနယ်ပယ်မှ ဂန္ထဝင်ပုဂ္ဂိုလ်တို့၏ CV ဟောင်းများ ရှာဖွေတွေ့ရှိမှုနှင့် ပတ်သက်ပြီး X လူမှုကွန်ရက်တွင် ဆူညံပွက်လောရိုက်သွားပြီး အလွန်စိတ်ဝင်စားဖွယ်ကောင်းသော တွေ့ရှိမှု၊ သမိုင်းဝင်ပစ္စည်းတစ်ခုအဖြစ် ကြိုဆိုကြသည်။

“ဒါဟာ သမိုင်းပါပဲ။ စိတ်ဝင်စားစရာကောင်းပါတယ်” ဟု X လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်။

“စတိဗ်ဂျော့က ရက်စွဲကို မှန်မှန်ကန်ကန်ရေးတာတွေ့ရတယ်။ အမေရိကန်အများစု မရေးကြတဲ့ကိစ္စပဲ” ဟု အခြားတစ်ဦးက မှတ်ချက်ပြုသည်။

စတိဗ်ဂျော့သည် Apple Inc. နှင့် Pixar Animation Studios တို့ကို ပူးတွဲတည်ထောင်ခဲ့သူ ဖြစ်သည်။

ပထမဆုံး အောင်မြင်မှုရခဲ့သည့် PC ကွန်ပြူတာများတွင် ပါဝင်သော Apple II ကို စတိဗ်ဂျော့က မိတ်ဆက်ဖြန့်ချိပေးခဲ့သည်။

စတိဗ်ဂျော့သည် ၁၉၈၅ ခုနှစ်တွင် Apple မှ နှုတ်ထွက်ခဲ့ရသော်လည်း ၁၉၉၇ ခုနှစ်တွင် Apple သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး iMac, iPhone, iPod နှင့် iPad တို့ကဲ့သို့ ထုတ်ကုန်များ ထုတ်လုပ်ရာတွင် ဦးဆောင်မှုပေးခဲ့သည်။

စတိဗ်ဂျော့၏ ဦးဆောင်မှုအောက်တွင် Apple သည် ကမ္ဘာပေါ်တွင် တန်ကြေးအရှိဆုံးကုမ္ပဏီများတွင် ပါဝင်လာခဲ့သည်။

စတိဗ်ဂျော့သည် ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်တွင် ကွယ်လွန်ခဲ့သည်။

အခြားတစ်ဖက်တွင်လည်း ဘီလ်ဂိတ်သည် မိုက္ကရိုဆော့ဖ် ကော်ပိုရေးရှင်းကို Paul Allen နှင့်အတူ ၁၉၇၅ ခုနှစ်တွင် ပူးတွဲတည်ထောင်ခဲ့သည်။

မိုက္ကရိုဆော့ဖ်သည် ကမ္ဘာ့အကြီးမားဆုံးဆော့ဖ်ဝဲကုမ္ပဏီ ဖြစ်သည်။

ဘီလ်ဂိတ်သည် ငယ်စဉ်ကတည်းက Computer Programming ကို စိတ်ဝင်စားခဲ့ပြီး ၁၃ နှစ်သားအရွယ်ကတည်းက စတင်ကာ code များ ရေးသားခြင်း ပြုလုပ်ခဲ့သည်။

ဘီလ်ဂိတ်နှင့် Paul Allen တို့သည် MS-DOS operating system ကို ထုတ်လုပ်ခဲ့ကြပြီး အောင်မြင်မှု ကြီးမားစွာ ရရှိခဲ့သည်။

၁၉၈၅ ခုနှစ်တွင် မိုက္ကရိုဆော့ဖ်က Windows ကို ထုတ်လုပ်ခဲ့ပြီး တစ်ကိုယ်ရေသုံး ကွန်ပြူတာနယ်ပယ်ကို တော်လှန်ပြောင်းလဲပေးခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Viral Pics Show Resumes Of Steve Jobs, Bill Gates When They Were 18 (ndtv)

 

[Zawgyi]

ဘီလ္ဂိတ္ႏွင့္ စတိဗ္ေဂ်ာ့တို႔ အသက္ ၁၈ ႏွစ္အရြယ္က အလုပ္ေလွ်ာက္ရာတြင္ အသံုးျပဳခဲ့ေသာ CV ေဖာင္ လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔ေက်ာ္ၾကား

နည္းပညာနယ္မွ ထိပ္သီးပုဂၢိဳလ္မ်ားျဖစ္ေသာ Apple ပူးတြဲတည္ေထာင္သူ စတိဗ္ေဂ်ာ့ႏွင့္ မိုကၠရိုေဆာ့ဖ္ ပူးတြဲ တည္ေထာင္သူ ဘီလ္ဂိတ္တို႔၏ ငယ္ရြယ္စဥ္ကာလက CV ေဖာင္မ်ားမွာ လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔ေက်ာ္ၾကား လ်က္ ရွိေနသည္။

ကမၻာၾကီးကို ေျပာင္းလဲေစခဲ့ေသာ နည္းပညာစြန္႔ဦးတီထြင္သူ ပုဂၢိဳလ္ႏွစ္ဦး၏ အေစာပိုင္းကာလမ်ားကို ၎တို႔ ၁၈ ႏွစ္သားအရြယ္က အသံုးျပဳခဲ့ေသာ ေခတ္ေဟာင္း CV ေဖာင္မ်ားမွတဆင့္ တေစ့တေစာင္း ေစ့ငုခြင့္ ရလာသည္။

စတိဗ္ေဂ်ာ့၏ ၁၉၇၃ ခုႏွစ္က CV ေဖာင္တြင္ သူ၏ အဓိကဦးတည္ရာမွာ အီလက္ထေရာနစ္ႏွင့္ နည္းပညာနယ္ပယ္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

နည္းပညာနယ္ပယ္ကို Apple ျဖင့္ ေျပာင္းလဲေတာ္လွန္ပစ္ခဲ့သူ စတိဗ္ေဂ်ာ့က သူအထူးကၽြမ္းက်င္သည့္အရာမွာ အီလက္ထေရာနစ္ႏွင့္ နည္းပညာျဖစ္ေၾကာင္း သူ၏ CV တြင္ ေရးသားထားသည္။

ဘီလ္ဂိတ္၏ ၁၉၇၁ ခုႏွစ္က Resume တြင္ programming language အမ်ဳိးမ်ဳိး အေတြ႔အၾကံဳရွိေၾကာင္း၊ FORTRAN , COBOL, BASIC တို႔ႏွင့္ PDP-10, PDP-8 ႏွင့္ CDC-6400 တို႔အပါအဝင္ ကြန္ျပဴတာမ်ား ပါဝင္ေၾကာင္း ေဖာ္ျပထားသည္။

ဘီလ္ဂိတ္၏ CV ထိပ္ဆံုးတြင္ အရပ္အျမင့္ ၅ ေပ ၁၀ လက္မ၊ ကိုယ္အေလးခ်ိန္ ေပါင္ ၁၃၀၊ အသက္ ၁၈ ႏွစ္ဟု စတင္ေဖာ္ျပထားသည္။

ယင္းေနာက္ သူ၏ ဝင္ေငြလစာမွာ ေဒၚလာ ၃၅၀၀၀ ျဖစ္ေၾကာင္း ေဖာ္ျပထားျပီး အလုပ္ေလွ်ာက္ထားမႈအတြက္ ေမွ်ာ္မွန္းလစာေနရာတြင္ ညွိႏႈိင္းဟု ေရးသားထားသည္ကို ေတြ႔ရသည္။

၁၉၇၀ ျပည့္လြန္ကာလမ်ားက လစာ ေဒၚလာ ၃၅၀၀၀ ဟူသည္မွာ ေက်ာင္းသားလူငယ္တစ္ဦးအတြက္ အလြန္မ်ားျပားလွေသာ ဝင္ေငြျဖစ္သည္။

Paul G Allen ႏွင့္ မိတ္ဖက္လက္တြဲေဆာင္ရြက္ရန္ စီစဥ္ထားပံုကိုလည္း ဘီလ္ဂိတ္က ေရးသားေဖာ္ျပထားသည္။

Paul G Allen သည္ ေနာင္အခါတြင္ မိုကၠရိုေဆာ့ဖ္ကို ပူးတြဲတည္ေထာင္သူ ျဖစ္လာသည္။

နည္းပညာနယ္ပယ္မွ ဂႏၳဝင္ပုဂၢိဳလ္တို႔၏ CV ေဟာင္းမ်ား ရွာေဖြေတြ႔ရွိမႈႏွင့္ ပတ္သက္ျပီး X လူမႈကြန္ရက္တြင္ ဆူညံပြက္ေလာရိုက္သြားျပီး အလြန္စိတ္ဝင္စားဖြယ္ေကာင္းေသာ ေတြ႔ရွိမႈ၊ သမိုင္းဝင္ပစၥည္းတစ္ခုအျဖစ္ ၾကိဳဆိုၾကသည္။

“ဒါဟာ သမိုင္းပါပဲ။ စိတ္ဝင္စားစရာေကာင္းပါတယ္” ဟု X လူမႈကြန္ရက္သံုးစြဲသူတစ္ဦးက မွတ္ခ်က္ျပဳသည္။

“စတိဗ္ေဂ်ာ့က ရက္စြဲကို မွန္မွန္ကန္ကန္ေရးတာေတြ႔ရတယ္။ အေမရိကန္အမ်ားစု မေရးၾကတဲ့ကိစၥပဲ” ဟု အျခားတစ္ဦးက မွတ္ခ်က္ျပဳသည္။

စတိဗ္ေဂ်ာ့သည္ Apple Inc. ႏွင့္ Pixar Animation Studios တို႔ကို ပူးတြဲတည္ေထာင္ခဲ့သူ ျဖစ္သည္။

ပထမဆံုး ေအာင္ျမင္မႈရခဲ့သည့္ PC ကြန္ျပဴတာမ်ားတြင္ ပါဝင္ေသာ Apple II ကို စတိဗ္ေဂ်ာ့က မိတ္ဆက္ျဖန္႔ခ်ိေပးခဲ့သည္။

စတိဗ္ေဂ်ာ့သည္ ၁၉၈၅ ခုႏွစ္တြင္ Apple မွ ႏႈတ္ထြက္ခဲ့ရေသာ္လည္း ၁၉၉၇ ခုႏွစ္တြင္ Apple သို႔ ျပန္လည္ေရာက္ရွိလာခဲ့ျပီး iMac, iPhone, iPod ႏွင့္ iPad တို႔ကဲ့သို႔ ထုတ္ကုန္မ်ား ထုတ္လုပ္ရာတြင္ ဦးေဆာင္မႈေပးခဲ့သည္။

စတိဗ္ေဂ်ာ့၏ ဦးေဆာင္မႈေအာက္တြင္ Apple သည္ ကမၻာေပၚတြင္ တန္ေၾကးအရွိဆံုးကုမၸဏီမ်ားတြင္ ပါဝင္လာခဲ့သည္။

စတိဗ္ေဂ်ာ့သည္ ၂၀၁၁ ခုႏွစ္၊ ေအာက္တိုဘာလ ၅ ရက္တြင္ ကြယ္လြန္ခဲ့သည္။

အျခားတစ္ဖက္တြင္လည္း ဘီလ္ဂိတ္သည္ မိုကၠရိုေဆာ့ဖ္ ေကာ္ပိုေရးရွင္းကို Paul Allen ႏွင့္အတူ ၁၉၇၅ ခုႏွစ္တြင္ ပူးတြဲတည္ေထာင္ခဲ့သည္။

မိုကၠရိုေဆာ့ဖ္သည္ ကမၻာ့အၾကီးမားဆံုးေဆာ့ဖ္ဝဲကုမၸဏီ ျဖစ္သည္။

ဘီလ္ဂိတ္သည္ ငယ္စဥ္ကတည္းက Computer Programming ကို စိတ္ဝင္စားခဲ့ျပီး ၁၃ ႏွစ္သားအရြယ္ကတည္းက စတင္ကာ code မ်ား ေရးသားျခင္း ျပဳလုပ္ခဲ့သည္။

ဘီလ္ဂိတ္ႏွင့္ Paul Allen တို႔သည္ MS-DOS operating system ကို ထုတ္လုပ္ခဲ့ၾကျပီး ေအာင္ျမင္မႈ ၾကီးမားစြာ ရရွိခဲ့သည္။

၁၉၈၅ ခုနွစ္တြင္ မိုကၠရိုေဆာ့ဖ္က Windows ကို ထုတ္လုပ္ခဲ့ျပီး တစ္ကိုယ္ေရသံုး ကြန္ျပဴတာနယ္ပယ္ကို ေတာ္လွန္ေျပာင္းလဲေပးခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Viral Pics Show Resumes Of Steve Jobs, Bill Gates When They Were 18 (ndtv)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
မြေငှားဂရန်သက်တိုးခြင်း အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေငှားဂရန်သက်တိုးခြင်း အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေါင်နှံခြင်း အမျိုးမျိုးအကြောင်း
ပေါင်နှံခြင်း အမျိုးမျိုးအကြောင်း
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service