ဆောင်းပါးရှင် Ashley Poskin ပြောပြသော “အိမ်သုံးပစ္စည်း ၂ မျိုးတည်းဖြင့် ပုရွက်ဆိတ် နှိမ်နင်းနည်း”

ဆောင်းပါးရှင် Ashley Poskin ပြောပြသော “အိမ်သုံးပစ္စည်း ၂ မျိုးတည်းဖြင့် ပုရွက်ဆိတ် နှိမ်နင်းနည်း” - Property Knowledge in Myanmar from iMyanmarHouse.com
27 Jun 2024 2:59 pm တွင် တင်ခဲ့သည်
1572 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ပုရွက်ဆိတ်တွေကြောင့် စိတ်ညစ်နေလား။

ကျွန်မမှာ မုန့်ဖုတ်ဆော်ဒါနဲ့လုပ်တဲ့ အရမ်းကို လွယ်ကူတဲ့ ပုရွက်ဆိတ် နှိမ်နင်းနည်း ရှိပါတယ်။

ဒီနည်းက အဆိပ်အတောက်လဲ မဖြစ်ဘူးလေ။

ကျွန်မဆိုရင် အဲဒီနည်းနဲ့ ပုရွက်ဆိတ် ထောင်ချောက် ၃ ခု လုပ်ထားလိုက်တာ မီးဖိုဆောင်ထဲမှာ ပုရွက်ဆိတ်တွေ တော်တော်ကို ရှင်းသွားတယ်။

အိမ်သုံးပစ္စည်း ၂ မျိုးတည်း သုံးပြီး ပုရွက်ဆိတ်တွေ ဘယ်လိုနှိမ်နင်းရတယ်ဆိုတာ ပြောပြမယ်နော်။

((လိုအပ်သော ပစ္စည်းများ))

၁။ မုန့်ဖုတ်ဆိုဒါ ၂။ သကြားမှုန့် ၃။ ပန်းကန်လုံး ၄။ ခြင်တွယ်ရန်ဇွန်း

((ပုရွက်ဆိတ်ဆေး ကိုယ်တိုင်လုပ်နည်း))

မုန့်ဖုတ်ဆော်ဒါနဲ့ သကြားမှုန့်တွေကို ဆတူအသုံးပြုရမှာ ဖြစ်ပါတယ်။

ကျွန်မကတော့ မုန့်ဖုတ်ဆော်ဒါ စားပွဲဇွန်း ၃ ဇွန်း၊ သကြားမှုန့် ၄ ဇွန်း သုံးပါတယ်။

အဲဒီ ၂ မျိုးကို ပန်းကန်ထဲထည့် ရောမွှေပါ။

ပြီးရင် ပုရွက်ဆိတ်တွေ လာတတ်တဲ့ နေရာတွေမှာ ချထားပြီး မုန့်ဖုတ်ဆော်ဒါရဲ့ အစွမ်းကို စောင့်ကြည့်ယုံပါပဲ။

 

((ဒီနည်းက ဘာကြောင့် အလုပ်ဖြစ်တာလဲ))

ရှင်တို့ အချိုကြိုက်သလို ပုရွက်ဆိတ်တွေလည်း အချိုကြိုက်တယ်ဆိုတာ သိထားပါ။

“သကြားမှုန့်က ပုရွက်ဆိတ်တွေကို စွဲဆောင်ပါတယ်။ ပုရွက်ဆိတ်တွေဟာ ရေနဲ့ စွမ်းအင်ရင်းမြစ်တွေကို အမြဲလိုက်ရှာနေကြတယ်”ဟု Mosquito Joe ကုမ္ပဏီမှ ကိမိလဗေဒ ပညာရှင် David Price က ပြောသည်။

သကြားမှုန့်ကို မုန့်ဖုတ်ဆော်ဒါနဲ့ ရောစပ်ထားတာမို့လို့ ပုရွက်ဆိတ်တွေက သကြားတင် မကဘဲ ဆိုဒီယမ် ဟိုက်ဒရိုဂျင် ကာဗွန်နိတ်ကိုလည်း စားမိသွားပါတယ်။

“ဆိုဒီယမ်ဟာ ပုရွက်ဆိတ်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အက်စစ်တွေနဲ့ ဓာတ်ပြုမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဓာတု တုန့်ပြန်မှုတွေ ဖြစ်ပေါ်ပြီး ခန္ဓာကိုယ်ရဲ့ အပေါ်ခွံကို ရေဓာတ်ခမ်းခြောက်မှု ဖြစ်စေပြီး နောက်ဆုံးမှာ ပုရွက်ဆိတ် တွေကို နိဂုံးချုပ်စေမှာ ဖြစ်ပါတယ်”ဟု David Price က ပြောသည်။

ပုရွက်ဆိတ်ကို သကြားဖြင့် စွဲဆောင်ပြီး ဆော်ဒါဖြင့် နှိမ်နင်းခြင်း ဖြစ်သည်။

 

 

((ပုရွက်ဆိတ် နှိမ်နင်းနိုင်သည့် အခြားနည်းလမ်းများ))

- ရှာလကာရည်

ရှာလကာရည်နှင့် ရေ ဆတူရောပြီး ပုရွက်ဆိတ်ရှိသော နေရာများကို ဖြန်းပက်ပေးပါ။ ထိုနေရာတို့ကို နာရီအနည်းငယ် စိုနေစေရန် ရေအနည်းငယ်ဖြင့် ထပ်မံ ဖြန်းပက်နိုင်ပါသည်။ ရှာလကာရည်၏ ပြင်းထန်သောအနံ့က ပုရွက်ဆိတ်များကို နှင်ထုတ်နိုင်ပါသည်။

‌- ‌ရှောက်ရည်

ရှာလကာရည်နည်းတူ ရှောက်ရည်ဖြင့်လည်း ပုရွက်ဆိတ်များ နှင်ထုတ်နိုင်ပါသည်။ ရှာလကာရည်နှင့် ရှောက်ရည် ရောစပ်၍လည်း အသုံးပြုနိုင်သည်။

- လက်ချား

လက်ချား ၁ ဆ၊ သကြား ၃ ဆကို ရေဖြင့် ဖျော်ပါ။ ပုရွက်ဆိတ်များရှိသောနေရာတွင် ပုဂံတစ်ခုဖြင့် ထည့်ကာ ထောင်ချောက်လုပ်ထားနိုင်ပါသည်။

သကြားက ပုရွက်ဆိတ်များကို စွဲဆောင်ပေးပြီး လက်ချားမှာ ပုရွက်ဆိတ်များအတွက် အဆိပ်ဖြစ်သောကြောင့် ထိရောက်စွာ နှိမ်နင်းပေးနိုင်ပါသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: I Got Rid of the Ants in My House Using Just Two Ingredients (apartmenttherapy)

 

 

[Zawgyi]

ေဆာင္းပါးရွင္ Ashley Poskin ေျပာျပေသာ “အိမ္သံုးပစၥည္း ၂ မ်ဳိးတည္းျဖင့္ ပုရြက္ဆိတ္ ႏွိမ္နင္းနည္း”

ပုရြက္ဆိတ္ေတြေၾကာင့္ စိတ္ညစ္ေနလား။

ကၽြန္မမွာ မုန္႔ဖုတ္ေဆာ္ဒါနဲ႔လုပ္တဲ့ အရမ္းကို လြယ္ကူတဲ့ ပုရြက္ဆိတ္ ႏွိမ္နင္းနည္း ရွိပါတယ္။

ဒီနည္းက အဆိပ္အေတာက္လဲ မျဖစ္ဘူးေလ။

ကၽြန္မဆိုရင္ အဲဒီနည္းနဲ႔ ပုရြက္ဆိတ္ ေထာင္ေခ်ာက္ ၃ ခု လုပ္ထားလုိက္တာ မီးဖုိေဆာင္ထဲမွာ ပုရြက္ဆိတ္ေတြ ေတာ္ေတာ္ကို ရွင္းသြားတယ္။

အိမ္သံုးပစၥည္း ၂ မ်ဳိးတည္း သံုးျပီး ပုရြက္ဆိတ္ေတြ ဘယ္လိုႏွိမ္နင္းရတယ္ဆိုတာ ေျပာျပမယ္ေနာ္။

((လုိအပ္ေသာ ပစၥည္းမ်ား))

၁။ မုန္႔ဖုတ္ဆိုဒါ ၂။ သၾကားမႈန္႔ ၃။ ပန္းကန္လံုး ၄။ ျခင္တြယ္ရန္ဇြန္း

((ပုရြက္ဆိတ္ေဆး ကိုယ္တိုင္လုပ္နည္း))

မုန္႔ဖုတ္ေဆာ္ဒါနဲ႔ သၾကားမႈန္႔ေတြကို ဆတူအသံုးျပဳရမွာ ျဖစ္ပါတယ္။

ကၽြန္မကေတာ့ မုန္႔ဖုတ္ေဆာ္ဒါ စားပြဲဇြန္း ၃ ဇြန္း၊ သၾကားမႈန္႔ ၄ ဇြန္း သံုးပါတယ္။

အဲဒီ ၂ မ်ဳိးကို ပန္းကန္ထဲထည့္ ေရာေမႊပါ။

ျပီးရင္ ပုရြက္ဆိတ္ေတြ လာတတ္တ့ဲ ေနရာေတြမွာ ခ်ထားျပီး မုန္႔ဖုတ္ေဆာ္ဒါရဲ႕ အစြမ္းကို ေစာင့္ၾကည့္ယံုပါပဲ။

((ဒီနည္းက ဘာေၾကာင့္ အလုပ္ျဖစ္တာလဲ))

ရွင္တို႔ အခ်ဳိၾကိဳက္သလို ပုရြက္ဆိတ္ေတြလည္း အခ်ဳိၾကိဳက္တယ္ဆိုတာ သိထားပါ။

“သၾကားမႈန္႔က ပုရြက္ဆိတ္ေတြကို စြဲေဆာင္ပါတယ္။ ပုရြက္ဆိတ္ေတြဟာ ေရနဲ႔ စြမ္းအင္ရင္းျမစ္ေတြကို အျမဲလိုက္ရွာေနၾကတယ္”ဟု Mosquito Joe ကုမၸဏီမွ ကိမိလေဗဒ ပညာရွင္ David Price က ေျပာသည္။

သၾကားမႈန္႔ကို မုန္႔ဖုတ္ေဆာ္ဒါနဲ႔ ေရာစပ္ထားတာမို႔လို႔ ပုရြက္ဆိတ္ေတြက သၾကားတင္ မကဘဲ ဆိုဒီယမ္ ဟိုက္ဒရိုဂ်င္ ကာဗြန္နိတ္ကိုလည္း စားမိသြားပါတယ္။

“ဆိုဒီယမ္ဟာ ပုရြက္ဆိတ္ရဲ႕ ခႏၶာကိုယ္ထဲမွာ ရွိတဲ့ အက္စစ္ေတြနဲ႔ ဓာတ္ျပဳမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဓာတု တုန္႔ျပန္မႈေတြ ျဖစ္ေပၚျပီး ခႏၶာကိုယ္ရဲ႕ အေပၚခြံကို ေရဓာတ္ခမ္းေျခာက္မႈ ျဖစ္ေစျပီး ေနာက္ဆံုးမွာ ပုရြက္ဆိတ္ ေတြကို နိဂံုးခ်ဳပ္ေစမွာ ျဖစ္ပါတယ္”ဟု David Price က ေျပာသည္။

ပုရြက္ဆိတ္ကို သၾကားျဖင့္ စြဲေဆာင္ျပီး ေဆာ္ဒါျဖင့္ ႏွိမ္နင္းျခင္း ျဖစ္သည္။

((ပုရြက္ဆိတ္ ႏွိမ္နင္းႏိုင္သည့္ အျခားနည္းလမ္းမ်ား))

- ရွာလကာရည္ ရွာလကာရည္ႏွင့္ ေရ ဆတူေရာျပီး ပုရြက္ဆိတ္ရွိေသာ ေနရာမ်ားကို ျဖန္းပက္ေပးပါ။ ထိုေနရာတို႔ကို နာရီအနည္းငယ္ စိုေနေစရန္ ေရအနည္းငယ္ျဖင့္ ထပ္မံ ျဖန္းပက္ႏိုင္ပါသည္။ ရွာလကာရည္၏ ျပင္းထန္ေသာအနံ႔က ပုရြက္ဆိတ္မ်ားကို ႏွင္ထုတ္ႏိုင္ပါသည္။

‌- ‌ေရွာက္ရည္

ရွာလကာရည္နည္းတူ ေရွာက္ရည္ျဖင့္လည္း ပုရြက္ဆိတ္မ်ား ႏွင္ထုတ္ႏိုင္ပါသည္။ ရွာလကာရည္ႏွင့္ ေရွာက္ရည္ ေရာစပ္၍လည္း အသံုးျပဳႏိုင္သည္။

- လက္ခ်ား

လက္ခ်ား ၁ ဆ၊ သၾကား ၃ ဆကို ေရျဖင့္ ေဖ်ာ္ပါ။ ပုရြက္ဆိတ္မ်ားရွိေသာေနရာတြင္ ပုဂံတစ္ခုျဖင့္ ထည့္ကာ ေထာင္ေခ်ာက္လုပ္ထားႏိုင္ပါသည္။

သၾကားက ပုရြက္ဆိတ္မ်ားကို စြဲေဆာင္ေပးျပီး လက္ခ်ားမွာ ပုရြက္ဆိတ္မ်ားအတြက္ အဆိပ္ျဖစ္ေသာေၾကာင့္ ထိေရာက္စြာ ႏွိမ္နင္းေပးႏိုင္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: I Got Rid of the Ants in My House Using Just Two Ingredients (apartmenttherapy)

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
လယ်ယာမြေဥပဒေနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
လယ်ယာမြေဥပဒေနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service