ကာရစ်ဘီယံရှိ နိုင်ငံများတွင် လှူဒါန်းခြင်း၊ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းတို့ဖြင့် နိုင်ငံသားအဖြစ် ရရှိမည်ဟုဆို

ကာရစ်ဘီယံရှိ နိုင်ငံများတွင် လှူဒါန်းခြင်း၊ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းတို့ဖြင့် နိုင်ငံသားအဖြစ် ရရှိမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
10 Jun 2024 11:35 am တွင် တင်ခဲ့သည်
946 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ကာရစ်ဘီယံဒေသရှိ နိုင်ငံ ၅ ခုက အိမ်ခြံမြေနှင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သူများကို နိုင်ငံသားအဖြစ် လက်ခံ ပေးမည်ဟု ကမ်းလှမ်းလာသည်။

နေသာသော ကျွန်းကလေးတစ်ကျွန်းတွင် အေးချမ်းဆိတ်ငြိမ်သောဘဝဖြင့် နေထိုင်ရေးမှာ များစွာသောလူတို့၏ အိပ်မက်တစ်ခု ဖြစ်သည်။

သို့သော် သင့်တွင် ငွေအလုံအလောက်ရှိပြီး ထိုသို့ သွားရောက်နေထိုင်ရန် လွတ်လပ်မှုလည်း ရှိသည်ဆိုလျှင်ပင် နိုင်ငံတစ်ခုတွင် အမြဲတမ်းအခြေနေထိုင်ခွင့် ရရှိရေးမှာ စည်းကမ်းချက် အမျိုးမျိုးရှိနေသည်။

ယခုအခါ ကာရစ်ဘီယံဒေသရှိ နိုင်ငံ ၅ ခုက ထိုသို့သော သူများကို ကူညီပေးနိုင်ရန် စီစဉ်လာသည်။

၎င်းတို့၏ နိုင်ငံများတွင် နေအိမ်တစ်လုံး ဝယ်ယူခြင်း (သို့မဟုတ်) ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်း အစရှိသည်တို့ဖြင့် နိုင်ငံသားအဖြစ် ရယူနိုင်သည်ဟု ဆိုသည်။

ခမ်းနားလှသော နိုင်ငံများအတွက် အချို့နိုင်ငံတို့တွင် ပေါင် ၁၇၅၀၀၀ (ကန်ဒေါ်လာ ၂၁၂၀၀၀) တန် နေအိမ် တစ်လုံး ဝယ်ယူယုံမျှဖြင့် နိုင်ငံသားအဖြစ် ရရှိနိုင်သည်။……………

အဆိုပါ ဈေးနှုန်းမှာ ဗြိတိန်ရှိ ပျမ်းမျှနေအိမ်ဈေးနှုန်းအောက် ပေါင် ၁၀၀,၀၀၀ ခန့် သက်သာသည်။

 

(ပုံတွင် ဖော်ပြထားသော စိန့်လူစီယာ အပါအဝင် ကာရစ်ဘီယံရှိ နိုင်ငံများက ရင်းနှီးမြှုပ်နှံသူများကို နိုင်ငံသား ပေးမည်ဟု ကမ်းလှမ်းထားသည်။)

 

လိုင်စင်ရ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးမှတဆင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ကာ အဆိုပါ နိုင်ငံများတွင် နိုင်ငံသား အဖြစ် ရရှိနိုင်မည် ဖြစ်သည်။

အိမ်ခြံမြေနှင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သူများကို နိုင်ငံသားအဖြစ် ပေးမည်ဟု ကမ်းလှမ်းထားသော ကာရစ်ဘီယံ ဒေသမှ နိုင်ငံ ၅ ခုမှာ ဒိုမီနီကာ၊ ဂရီနာဒါ၊ စိန့်လူစီယာ၊ Antigua & Barbuda နှင့် Saint Kitts and Nevis တို့ ဖြစ်ကြသည်။

အဆိုပါနိုင်ငံများတွင် နိုင်ငံသား ခံယူလိုပါက အိမ်ခြံမြေဝယ်ယူခြင်း၊ ခွင့်ပြုထားသော လုပ်ငန်းတစ်ခုခုတွင် ရင်းနှီးမြှုပ်နှံခြင်း၊ သတ်မှတ်ထားသော အစိုးရ ရန်ပုံငွေအဖွဲ့တစ်ခုထံ လှူဒါန်းခြင်းများ ပြုလုပ်ခြင်းအားဖြင့် ရရှိနိုင်သည်။

အချို့သောနိုင်ငံများတွင်မူ သတ်မှတ်ထားသော အိမ်ခြံမြေစီမံကိန်းများကိုသာ ဝယ်ယူနိုင်သည်။

နိုင်ငံသားအဖြစ် လျှောက်ထားရန် လိုအပ်သော သတ်မှတ်ချက်စည်းမျဉ်းနှင့် အကျိုးခံစားခွင့်များမှာ အမျိုးမျိုး ကွဲပြားနိုင်သည်။

သာဓကအားဖြင့် Antigua နိုင်ငံတွင်ဆိုလျှင် နိုင်ငံသားအဖြစ် ရရှိပါက ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ သို့ ဗီဇာမရှိဘဲ ခရီးသွားလာနိုင်သည်။

Antigua တွင် နိုင်ငံသားအဖြစ် ရရှိရန် ဝယ်ယူထားသော မည်သည့်အိမ်ခြံမြေကိုမဆို ဝယ်ယူပြီး ၅ နှစ်ကြာမှ ပြန်လည်ရောင်းချခွင့် ရှိသည်။

ထိုကာလအတွင်း အငှားချထားခြင်းအားဖြင့် ဝင်ငွေရရှိနိုင်သည်။

ယခုအစီအစဉ်တွင် ပါဝင်သော အခြားနိုင်ငံများမှာ ကွဲပြားသော စည်းမျဉ်းများ ရှိသည်။

Antigua and Barbuda တွင် အနည်းဆုံး ဒေါ်လာ ၂၀၀,၀၀၀ တန် နေအိမ်ဝယ်ယူရန် သတ်မှတ်ထားပြီး ဒိုမီနီကာနှင့် စိန့်လူစီယာတို့တွင်လည်း ထိုပမာဏအတိုင်း သတ်မှတ်ထားကြောင်း Henley & Partners မှ ကျွမ်းကျင်ပညာရှင်တို့က dailymail သတင်းဌာနသို့ ပြောသည်။

Grenada တွင် အနည်းဆုံး ဝယ်ယူရမည့်တန်ဖိုးမှာ ကန်ဒေါ်လာ ၂၇၀,၀၀၀ ဖြစ်ပြီး St Kitts and Nevis မှာ အနည်းဆုံး ဒေါ်လာ ၄၀၀,၀၀၀ သတ်မှတ်ထားသည်။

 

((ဒိုမီနီကာမှ ဒေါ်လာ ၂၁၂၀၀၀ တန် နေအိမ်တစ်လုံး))

 

(1)

 

(2)

 

(3)

 

(4)

(ဒိုမီနီကာတွင် အေးငြိမ်းရာ နိဗ္ဗာန်ဘုံတစ်ခုကို ဒေါ်လာ ၂၁၂၀၀၀ ဖြင့် ဝယ်ယူနိုင်သည်။)

 

 

 

((Antigua မှ ဒေါ်လာ ၂၅၀,၀၀၀ တန် နေအိမ်တစ်လုံး ))

 

(1)

 

 (2)

 

 

(3)

 

(4)

(Antigua တွင်လည်း နေအိမ်တစ်လုံး ဝယ်ယူခြင်းဖြင့် နိုင်ငံသား ရရှိနိုင်သည်။)

 

 

 

((St Kitts and Nevis မှ ဒေါ်လာ ၄၉၅,၀၀၀ တန်နေအိမ်))

 

(1)

   

(2)

 

(3)

  

(4)

(အိပ်ခန်း ၂ ခန်းပါ နေအိမ်တစ်လုံးကို St Kitts Nevis Realty က ဒေါ်လာ ၄၉၅,၀၀၀ ဖြင့် အရောင်းဈေးကွက် တင်ပေးထားသည်။)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: How buying a property for £175k could get you citizenship in the Caribbean (dailymail)

Photo Credit-dailymail

 

 

[Zawgyi]

ကာရစ္ဘီယံရွိ ႏိုင္ငံမ်ားတြင္ လွဴဒါန္းျခင္း၊ အိမ္ျခံေျမ ရင္းႏွီးျမွဳပ္ႏွံမႈ ျပဳလုပ္ျခင္းတို႔ျဖင့္ ႏိုင္ငံသားအျဖစ္ ရရွိမည္ဟုဆို

 

ကာရစ္ဘီယံေဒသရွိ ႏိုင္ငံ ၅ ခုက အိမ္ျခံေျမႏွင့္ ရင္းႏွီးျမွဳပ္ႏွံမႈ ျပဳလုပ္သူမ်ားကို ႏိုင္ငံသားအျဖစ္ လက္ခံ ေပးမည္ဟု ကမ္းလွမ္းလာသည္။

ေနသာေသာ ကၽြန္းကေလးတစ္ကၽြန္းတြင္ ေအးခ်မ္းဆိတ္ျငိမ္ေသာဘဝျဖင့္ ေနထိုင္ေရးမွာ မ်ားစြာေသာလူတို႔၏ အိပ္မက္တစ္ခု ျဖစ္သည္။

သို႔ေသာ္ သင့္တြင္ ေငြအလံုအေလာက္ရွိျပီး ထိုသို႔ သြားေရာက္ေနထုိင္ရန္ လြတ္လပ္မႈလည္း ရွိသည္ဆုိလွ်င္ပင္ ႏိုင္ငံတစ္ခုတြင္ အျမဲတမ္းအေျခေနထိုင္ခြင့္ ရရွိေရးမွာ စည္းကမ္းခ်က္ အမ်ဳိးမ်ဳိးရွိေနသည္။

ယခုအခါ ကာရစ္ဘီယံေဒသရွိ ႏိုင္ငံ ၅ ခုက ထိုသို႔ေသာ သူမ်ားကို ကူညီေပးႏိုင္ရန္ စီစဥ္လာသည္။

၎တုိ႔၏ ႏိုင္ငံမ်ားတြင္ ေနအိမ္တစ္လံုး ဝယ္ယူျခင္း (သို႔မဟုတ္) ရင္းႏွီးျမွဳပ္ႏွံမႈ ျပဳလုပ္ျခင္း အစရွိသည္တုိ႔ျဖင့္ ႏိုင္ငံသားအျဖစ္ ရယူႏိုင္သည္ဟု ဆိုသည္။

ခမ္းနားလွေသာ ႏိုင္ငံမ်ားအတြက္ အခ်ဳိ႕ႏိုင္ငံတို႔တြင္ ေပါင္ ၁၇၅၀၀၀ (ကန္ေဒၚလာ ၂၁၂၀၀၀) တန္ ေနအိမ္ တစ္လံုး ဝယ္ယူယံုမွ်ျဖင့္ ႏိုင္ငံသားအျဖစ္ ရရွိႏိုင္သည္။……………

အဆုိပါ ေစ်းႏႈန္းမွာ ျဗိတိန္ရွိ ပ်မ္းမွ်ေနအိမ္ေစ်းႏႈန္းေအာက္ ေပါင္ ၁၀၀,၀၀၀ ခန္႔ သက္သာသည္။

 

(ပံုတြင္ ေဖာ္ျပထားေသာ စိန္႔လူစီယာ အပါအဝင္ ကာရစ္ဘီယံရွိ ႏိုင္ငံမ်ားက ရင္းႏွီးျမွဳပ္ႏွံသူမ်ားကို ႏိုင္ငံသား ေပးမည္ဟု ကမ္းလွမ္းထားသည္။)

လိုင္စင္ရ အိမ္ျခံေျမအက်ဳိးေဆာင္တစ္ဦးမွတဆင့္ ရင္းႏွီးျမွဳပ္ႏွံမႈျပဳလုပ္ကာ အဆုိပါ ႏိုင္ငံမ်ားတြင္ ႏိုင္ငံသား အျဖစ္ ရရွိႏိုင္မည္ ျဖစ္သည္။

အိမ္ျခံေျမႏွင့္ ရင္းႏွီးျမွဳပ္ႏွံမႈ ျပဳလုပ္သူမ်ားကို ႏိုင္ငံသားအျဖစ္ ေပးမည္ဟု ကမ္းလွမ္းထားေသာ ကာရစ္ဘီယံ ေဒသမွ ႏိုင္ငံ ၅ ခုမွာ ဒိုမီနီကာ၊ ဂရီနာဒါ၊ စိန္႔လူစီယာ၊ Antigua & Barbuda ႏွင့္ Saint Kitts and Nevis တို႔ ျဖစ္ၾကသည္။

အဆိုပါႏိုင္ငံမ်ားတြင္ ႏိုင္ငံသား ခံယူလိုပါက အိမ္ျခံေျမဝယ္ယူျခင္း၊ ခြင့္ျပဳထားေသာ လုပ္ငန္းတစ္ခုခုတြင္ ရင္းႏွီးျမွဳပ္ႏွံျခင္း၊ သတ္မွတ္ထားေသာ အစိုးရ ရန္ပံုေငြအဖြဲ႔တစ္ခုထံ လွဴဒါန္းျခင္းမ်ား ျပဳလုပ္ျခင္းအားျဖင့္ ရရွိႏိုင္သည္။

အခ်ဳိ႕ေသာႏိုင္ငံမ်ားတြင္မူ သတ္မွတ္ထားေသာ အိမ္ျခံေျမစီမံကိန္းမ်ားကိုသာ ဝယ္ယူႏိုင္သည္။

ႏိုင္ငံသားအျဖစ္ ေလွ်ာက္ထားရန္ လိုအပ္ေသာ သတ္မွတ္ခ်က္စည္းမ်ဥ္းႏွင့္ အက်ဳိးခံစားခြင့္မ်ားမွာ အမ်ဳိးမ်ဳိး ကြဲျပားႏိုင္သည္။

သာဓကအားျဖင့္ Antigua ႏိုင္ငံတြင္ဆုိလွ်င္ ႏိုင္ငံသားအျဖစ္ ရရွိပါက ကမၻာ့ႏိုင္ငံေပါင္း ၁၅၀ သို႔ ဗီဇာမရွိဘဲ ခရီးသြားလာႏိုင္သည္။

Antigua တြင္ ႏိုင္ငံသားအျဖစ္ ရရွိရန္ ဝယ္ယူထားေသာ မည္သည့္အိမ္ျခံေျမကိုမဆို ဝယ္ယူျပီး ၅ ႏွစ္ၾကာမွ ျပန္လည္ေရာင္းခ်ခြင့္ ရိွသည္။

ထုိကာလအတြင္း အငွားခ်ထားျခင္းအားျဖင့္ ဝင္ေငြရရွိႏိုင္သည္။

ယခုအစီအစဥ္တြင္ ပါဝင္ေသာ အျခားႏိုင္ငံမ်ားမွာ ကြဲျပားေသာ စည္းမ်ဥ္းမ်ား ရိွသည္။

Antigua and Barbuda တြင္ အနည္းဆံုး ေဒၚလာ ၂၀၀,၀၀၀ တန္ ေနအိမ္ဝယ္ယူရန္ သတ္မွတ္ထားျပီး ဒိုမီနီကာႏွင့္ စိန္႔လူစီယာတုိ႔တြင္လည္း ထိုပမာဏအတိုင္း သတ္မွတ္ထားေၾကာင္း Henley & Partners မွ ကၽြမ္းက်င္ပညာရွင္တို႔က dailymail သတင္းဌာနသို႔ ေျပာသည္။

Grenada တြင္ အနည္းဆံုး ဝယ္ယူရမည့္တန္ဖိုးမွာ ကန္ေဒၚလာ ၂၇၀,၀၀၀ ျဖစ္ျပီး St Kitts and Nevis မွာ အနည္းဆံုး ေဒၚလာ ၄၀၀,၀၀၀ သတ္မွတ္ထားသည္။

((ဒိုမီနီကာမွ ေဒၚလာ ၂၁၂၀၀၀ တန္ ေနအိမ္တစ္လံုး))

(ဒိုမီနီကာတြင္ ေအးျငိမ္းရာ နိဗၺာန္ဘံုတစ္ခုကို ေဒၚလာ ၂၁၂၀၀၀ ျဖင့္ ဝယ္ယူႏိုင္သည္။)

((Antigua မွ ေဒၚလာ ၂၅၀,၀၀၀ တန္ ေနအိမ္တစ္လံုး ))

(Antigua တြင္လည္း ေနအိမ္တစ္လုံး ဝယ္ယူျခင္းျဖင့္ ႏိုင္ငံသား ရရွိႏိုင္သည္။)

((St Kitts and Nevis မွ ေဒၚလာ ၄၉၅,၀၀၀ တန္ေနအိမ္))

(အိပ္ခန္း ၂ ခန္းပါ ေနအိမ္တစ္လံုးကို St Kitts Nevis Realty က ေဒၚလာ ၄၉၅,၀၀၀ ျဖင့္ အေရာင္းေစ်းကြက္ တင္ေပးထားသည္။)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: How buying a property for £175k could get you citizenship in the Caribbean (dailymail)

Photo Credit-dailymail

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...
ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service