အမေရိကန်ပြည်တွင် အဘိုးအိုတစ်ဦးက သူ၏နေအိမ်ကို နှစ်ရှည်ပြန်ငှားပေးမည်ဟု ကတိပြုသည့် ကုမ္ပဏီ တစ်ခုထံ ရောင်းချလိုက်ပြီးနောက် ထိုကုမ္ပဏီက အိမ်လခ ဆက်တိုက်တိုးမြှင့်‌တောင်းခံကာ အိမ်လခ မပေးနိုင်ချိန်တွင် နှင်ထုတ်လိုက်သောကြောင့် အဘိုးအိုမှာ အိမ်ရာမဲ့ဘဝသို့ ရောက်ရှိ

အမေရိကန်ပြည်တွင် အဘိုးအိုတစ်ဦးက သူ၏နေအိမ်ကို နှစ်ရှည်ပြန်ငှားပေးမည်ဟု ကတိပြုသည့် ကုမ္ပဏီ တစ်ခုထံ ရောင်းချလိုက်ပြီးနောက် ထိုကုမ္ပဏီက အိမ်လခ ဆက်တိုက်တိုးမြှင့်‌တောင်းခံကာ အိမ်လခ မပေးနိုင်ချိန်တွင် နှင်ထုတ်လိုက်သောကြောင့် အဘိုးအိုမှာ အိမ်ရာမဲ့ဘဝသို့ ရောက်ရှိ - Property News in Myanmar from iMyanmarHouse.com
7 Jun 2024 12:02 pm တွင် တင်ခဲ့သည်
1022 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းအိုးပြည်နယ်၊ စင်စင်နတီမြို့တွင် ဖရက်ဒ် မိုက်စ်ဘာဂါ (Fred Meisberger) အမည်ရှိ အသက် ၈၀ အရွယ် အဘိုးအိုသည် ၂၇ နှစ်ကြာ နေထိုင်ခဲ့သောနေအိမ်ကို နှစ်ရှည်ပြန်ငှားပေးမည်ဟု ကတိပြုသည့် ကုမ္ပဏီတစ်ခုထံ ရောင်းချလိုက်ပြီးနောက်ပိုင်း နေအိမ်မှ နှင်ထုတ်ခံလိုက်ရသည်။

အရောင်း-ပြန်လည်အငှားချ အစီအစဉ်မှာ အိမ်ပိုင်ရှင်အနေဖြင့် မိမိ၏ အိမ်ကို ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်ထံ ရောင်းချလိုက်ပြီးနောက် အဆိုပါလုပ်ငန်းရှင်က နေအိမ်ရောင်းချသူအား ပြန်လည်အငှားချထားကာ နေထိုင်ခွင့် ပေးခြင်းဖြစ်ပြီး အများအားဖြင့် ကာလရှည် အငှားချထားပေးသည်။

နေအိမ်အခွန်ပေးဆောင်ရခြင်း၊ မွမ်းမံထိန်းသိမ်းရခြင်းကဲ့သို့ ငွေကြေးကုန်ကျရမှုများဖြင့် ရုန်းကန်နေရသော အိမ်ရှင်များအတွက် ယခုအစီအစဉ်မှာ များစွာအထောက်အကူပြုသည်။

သို့သော် ကုမ္ပဏီတို့သည် နေအိမ်များကို ပေါက်ဈေးအောက် ဈေးနှိမ်ဝယ်ယူကြကာ နေအိမ်ရောင်းချပေးသူ ကိုလည်း ကာလတိုသာ ပြန်လည်ငှားရမ်းပေးခြင်း (သို့မဟုတ်) အိမ်ငှားခများ မတန်တဆ တောင်းခံခြင်းများ ပြုလုပ်လေ့ရှိသည်။

“သူတို့တွေ အဘပိုင်ဆိုင်သမျှ အားလုံးနီးပါး ယူသွားကြပါပြီ” ဟု မိုက်စ်ဘာဂါက သူပိုင်ဆိုင်ခဲ့သော နေအိမ်ရှေ့ တွင် ရပ်နေရင်း NBC 24 သတင်းဌာနသို့ပြောသည်။

ယခုအခါ မိုက်စ်ဘာဂါသည် အဝတ်လျှော်ဌာန အဆောက်အအုံနောက်ဘက်တွင် ကားတစ်စီးအတွင်း၌ သမီး၊ မယားပါသား ၊ ခွေး ၂ ကောင်နှင့်အတူ နေထိုင်ရလျက် ရှိသည်။

ကားမှာ အိမ်ရောင်းရာမှ ရရှိသော ကျန်ငွေများဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဒေါ်လာ ၂၀၀၀ ပေးရသည်။

အိမ်ရောင်းရသော ကျန်ငွေများမှာ ခရက်ဒစ်ကဒ် အကြွေးများဆပ်ခြင်း၊ ရှေ့နေခနှင့် အခွန်ပေးဆောင်ရခြင်း တို့အတွက် သုံးခဲ့ရသည်။

“အဘ ခြေကုန်လက်ပန်းကျနေပါပြီ။ အခုခါမှာ အိမ်ရာမဲ့ဖြစ်သွားပါပြီ။ သွားစရာနေရာလည်း မရှိပါဘူး”

မိုက်စ်ဘာဂါသည် သူ၏ အိပ်ခန်း ၃ ခန်းပါအိမ်ကို ၂၀၂၂ ခုနှစ်အတွင်း အမည်မဖော်သော ကုမ္ပဏီတစ်ခုထံ ရောင်းချခဲ့ခြင်းဖြစ်သည်။

အဆိုပါကုမ္ပဏီက မိုက်စ်ဘာဂါကို ပြောခဲ့သည်မှာ ပေါက်ဈေးအတိုင်း ဈေးပေးမည်ဖြစ်ကြောင်း၊ မိုက်စ် ဘာဂါ အနေဖြင့် အိမ်ခွန်၊ အာမခံကြေး၊ ထိန်းသိမ်းစရိတ်တို့ ကုန်ကျတော့မည် မဟုတ်ကြောင်း၊ ယင်းအပြင် အိမ်ကို ပြန်လည်ငှားရမ်းပေးမည်ဖြစ်ပြီး ဆန္ဒရှိသရွေ့ နေထိုင်နိုင်ကြောင်း ပြောခဲ့သည်။

ယင်းနောက် ထိုကုမ္ပဏီက မိုက်စ်ဘာဂါ၏အိမ်ကို ဒေါ်လာ ၁၄၇,၀၀၀ ဖြင့် ဝယ်ယူခဲ့သည်။

Zillow အိမ်ခြံမြေဝက်ဘ်ဆိုက်၏ ခန့်မှန်းချက်အရမူ မိုက်စ်ဘာဂါ၏ အိမ်မှာ ဒေါ်လာ ၂၁၂,၀၀၀ ခန့် တန်ကြေးှရှိ ကြောင်း ဖော်ပြသည်။

ထိုကုမ္ပဏီက မိုက်စ်ဘာဂါအား ၆ လစာ အိမ်လခနှုတ်ကာ အိမ်ဖိုးပေးချေခဲ့သည်။

မိုက်စ်ဘာဂါက ပြောသည်မှာ ၆ လပြည့်ပြီးသည့်နောက်ပိုင်းတွင် ကုမ္ပဏီက အိမ်လခများ တိုးမြှင့် တောင်းခံလာ ခဲ့ရာ နောက်ဆုံးတွင် မိမိမှာ အိမ်လခ မပေးနိုင်တော့သည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့ကြောင်း ပြောသည်။

“ဒီအခြေအနေမျိုး ရောက်သွားခဲ့ရတာ အဘ ယူကြုံးမရ ဖြစ်ရပါတယ်။ အဘ ဘယ်လိုလုပ်လိုက်မိတယ် မသိပါဘူး။ ဒါပေမယ့် အဘလုပ်လိုက်ပြီး ပါပြီ”

ယခု နေအိမ်ရောင်းချမှုကြောင့် ထိခိုက်ခဲ့ရသည်မှာ မိမိတို့ မိသားစုသာ မဟုတ်ဘဲ အခြားသူများလည်း ထိခိုက် နစ်နာမှုများရှိကြောင်း မိုက်စ်ဘာဂါက ပြောသည်။

မိုက်စ်ဘာဂါက သူ၏နေအိမ်တွင်ရှိသော အခန်းတစ်ခန်းကို စုံတွဲတစ်တွဲအား အငှားချထားခဲ့သည်။

ထိုစုံတွဲမှာ လွန်ခဲ့သော တစ်နှစ်ခန့်မှစပြီး လစဉ်ပေးရမည့် အိမ်လခ မပေးတော့ချေ။

သို့သော် မိုက်စ်ဘာဂါက အဆိုပါစုံတွဲအား အိမ်ရာမဲ့ မဖြစ်စေလိုသောကြောင့် ဆက်လက်နေထိုင်ခွင့် ပေးခဲ့သည်။

ယခုအခါ အဆိုပါစုံတွဲလည်း မိုက်စ်ဘာဂါ အိမ်ရောင်းလိုက်သောကြောင့် လမ်းပေါ်တွင် နေထိုင်ရလျက် ရှိသည်။

အရောင်း-ပြန်လည်အငှားချမှု ပြုလုပ်သည့် ကုမ္ပဏီကမူ NBC 24 သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းလုပ်ရန် ငြင်းပယ်ခဲ့ပြီး ၎င်းတို့၏ လုပ်ဆောင်မှုမှာ အိုဟိုင်းအိုးပြည်နယ်၏ ဥပဒေများအား ချိုးဖောက်ခြင်းမရှိကြောင်း ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: ‘They took almost everything’: Cincinnati veteran, 80, is living in his car after selling his home to a company that offered sale leasebacks. Here’s what you can learn from his situation (moneywise)

 

 

[Zawgyi]

အေမရိကန္ျပည္တြင္ အဘိုးအိုတစ္ဦးက သူ၏ေနအိမ္ကို ႏွစ္ရွည္ျပန္ငွားေပးမည္ဟု ကတိျပဳသည့္ ကုမၸဏီ တစ္ခုထံ ေရာင္းခ်လိုက္ျပီးေနာက္ ထိုကုမၸဏီက အိမ္လခ ဆက္တိုက္တိုးျမွင့္‌ေတာင္းခံကာ အိမ္လခ မေပးႏိုင္ခ်ိန္တြင္ ႏွင္ထုတ္လုိက္ေသာေၾကာင့္ အဘိုးအိုမွာ အိမ္ရာမဲ့ဘဝသို႔ ေရာက္ရွိ

 

အေမရိကန္ျပည္ေထာင္စု၊ အိုဟိုင္းအိုးျပည္နယ္၊ စင္စင္နတီျမိဳ႕တြင္ ဖရက္ဒ္ မိုက္စ္ဘာဂါ (Fred Meisberger) အမည္ရွိ အသက္ ၈၀ အရြယ္ အဘိုးအိုသည္ ၂၇ ႏွစ္ၾကာ ေနထိုင္ခဲ့ေသာေနအိမ္ကို ႏွစ္ရွည္ျပန္ငွားေပးမည္ဟု ကတိျပဳသည့္ ကုမၸဏီတစ္ခုထံ ေရာင္းခ်လုိက္ျပီးေနာက္ပိုင္း ေနအိမ္မွ ႏွင္ထုတ္ခံလိုက္ရသည္။

အေရာင္း-ျပန္လည္အငွားခ် အစီအစဥ္မွာ အိမ္ပိုင္ရွင္အေနျဖင့္ မိမိ၏ အိမ္ကို ရင္းႏွီးျမွဳပ္ႏွံသူ လုပ္ငန္းရွင္ထံ ေရာင္းခ်လိုက္ျပီးေနာက္ အဆိုပါလုပ္ငန္းရွင္က ေနအိမ္ေရာင္းခ်သူအား ျပန္လည္အငွားခ်ထားကာ ေနထိုင္ခြင့္ ေပးျခင္းျဖစ္ျပီး အမ်ားအားျဖင့္ ကာလရွည္ အငွားခ်ထားေပးသည္။

ေနအိမ္အခြန္ေပးေဆာင္ရျခင္း၊ မြမ္းမံထိန္းသိမ္းရျခင္းကဲ့သို႔ ေငြေၾကးကုန္က်ရမႈမ်ားျဖင့္ ရုန္းကန္ေနရေသာ အိမ္ရွင္မ်ားအတြက္ ယခုအစီအစဥ္မွာ မ်ားစြာအေထာက္အကူျပဳသည္။

သို႔ေသာ္ ကုမၸဏီတို႔သည္ ေနအိမ္မ်ားကို ေပါက္ေစ်းေအာက္ ေစ်းႏွိမ္ဝယ္ယူၾကကာ ေနအိမ္ေရာင္းခ်ေပးသူ ကိုလည္း ကာလတုိသာ ျပန္လည္ငွားရမ္းေပးျခင္း (သို႔မဟုတ္) အိမ္ငွားခမ်ား မတန္တဆ ေတာင္းခံျခင္းမ်ား ျပဳလုပ္ေလ့ရွိသည္။

“သူတို႔ေတြ အဘပိုင္ဆိုင္သမွ် အားလံုးနီးပါး ယူသြားၾကပါျပီ” ဟု မိုက္စ္ဘာဂါက သူပိုင္ဆိုင္ခဲ့ေသာ ေနအိမ္ေရွ႕ တြင္ ရပ္ေနရင္း NBC 24 သတင္းဌာနသို႔ေျပာသည္။

ယခုအခါ မိုက္စ္ဘာဂါသည္ အဝတ္ေလွ်ာ္ဌာန အေဆာက္အအံုေနာက္ဘက္တြင္ ကားတစ္စီးအတြင္း၌ သမီး၊ မယားပါသား ၊ ေခြး ၂ ေကာင္ႏွင့္အတူ ေနထိုင္ရလ်က္ ရွိသည္။

ကားမွာ အိမ္ေရာင္းရာမွ ရရွိေသာ က်န္ေငြမ်ားျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ေဒၚလာ ၂၀၀၀ ေပးရသည္။

အိမ္ေရာင္းရေသာ က်န္ေငြမ်ားမွာ ခရက္ဒစ္ကဒ္ အေၾကြးမ်ားဆပ္ျခင္း၊ ေရွ႕ေနခႏွင့္ အခြန္ေပးေဆာင္ရျခင္း တို႔အတြက္ သံုးခဲ့ရသည္။

“အဘ ေျခကုန္လက္ပန္းက်ေနပါျပီ။ အခုခါမွာ အိမ္ရာမဲ့ျဖစ္သြားပါျပီ။ သြားစရာေနရာလည္း မရွိပါဘူး”

မိုက္စ္ဘာဂါသည္ သူ၏ အိပ္ခန္း ၃ ခန္းပါအိမ္ကို ၂၀၂၂ ခုႏွစ္အတြင္း အမည္မေဖာ္ေသာ ကုမၸဏီတစ္ခုထံ ေရာင္းခ်ခဲ့ျခင္းျဖစ္သည္။

အဆိုပါကုမၸဏီက မိုက္စ္ဘာဂါကို ေျပာခဲ့သည္မွာ ေပါက္ေစ်းအတိုင္း ေစ်းေပးမည္ျဖစ္ေၾကာင္း၊ မိုက္စ္ ဘာဂါ အေနျဖင့္ အိမ္ခြန္၊ အာမခံေၾကး၊ ထိန္းသိမ္းစရိတ္တို႔ ကုန္က်ေတာ့မည္ မဟုတ္ေၾကာင္း၊ ယင္းအျပင္ အိမ္ကို ျပန္လည္ငွားရမ္းေပးမည္ျဖစ္ျပီး ဆႏၵရွိသေရြ႕ ေနထုိင္ႏိုင္ေၾကာင္း ေျပာခဲ့သည္။

ယင္းေနာက္ ထိုကုမၸဏီက မိုက္စ္ဘာဂါ၏အိမ္ကို ေဒၚလာ ၁၄၇,၀၀၀ ျဖင့္ ဝယ္ယူခဲ့သည္။

Zillow အိမ္ျခံေျမဝက္ဘ္ဆိုက္၏ ခန္႔မွန္းခ်က္အရမူ မိုက္စ္ဘာဂါ၏ အိမ္မွာ ေဒၚလာ ၂၁၂,၀၀၀ ခန္႔ တန္ေၾကးွရိွ ေၾကာင္း ေဖာ္ျပသည္။

ထိုကုမၸဏီက မိုက္စ္ဘာဂါအား ၆ လစာ အိမ္လခႏႈတ္ကာ အိမ္ဖိုးေပးေခ်ခဲ့သည္။

မိုက္စ္ဘာဂါက ေျပာသည္မွာ ၆ လျပည့္ျပီးသည့္ေနာက္ပိုင္းတြင္ ကုမၸဏီက အိမ္လခမ်ား တိုးျမွင့္ ေတာင္းခံလာ ခဲ့ရာ ေနာက္ဆံုးတြင္ မိမိမွာ အိမ္လခ မေပးႏိုင္ေတာ့သည့္ အေျခအေနသို႔ ဆိုက္ေရာက္ခဲ့ေၾကာင္း ေျပာသည္။

“ဒီအေျခအေနမ်ဳိး ေရာက္သြားခဲ့ရတာ အဘ ယူၾကံဳးမရ ျဖစ္ရပါတယ္။ အဘ ဘယ္လိုလုပ္လိုက္မိတယ္ မသိပါဘူး။ ဒါေပမယ့္ အဘလုပ္လိုက္ျပီး ပါျပီ”

ယခု ေနအိမ္ေရာင္းခ်မႈေၾကာင့္ ထိခိုက္ခဲ့ရသည္မွာ မိမိတို႔ မိသားစုသာ မဟုတ္ဘဲ အျခားသူမ်ားလည္း ထိခိုက္ နစ္နာမႈမ်ားရွိေၾကာင္း မိုက္စ္ဘာဂါက ေျပာသည္။

မိုက္စ္ဘာဂါက သူ၏ေနအိမ္တြင္ရွိေသာ အခန္းတစ္ခန္းကို စံုတြဲတစ္တြဲအား အငွားခ်ထားခဲ့သည္။

ထိုစံုတြဲမွာ လြန္ခဲ့ေသာ တစ္ႏွစ္ခန္႔မွစျပီး လစဥ္ေပးရမည့္ အိမ္လခ မေပးေတာ့ေခ်။

သို႔ေသာ္ မိုက္စ္ဘာဂါက အဆိုပါစံုတြဲအား အိမ္ရာမဲ့ မျဖစ္ေစလိုေသာေၾကာင့္ ဆက္လက္ေနထိုင္ခြင့္ ေပးခဲ့သည္။

ယခုအခါ အဆိုပါစံုတြဲလည္း မိုက္စ္ဘာဂါ အိမ္ေရာင္းလိုက္ေသာေၾကာင့္ လမ္းေပၚတြင္ ေနထိုင္ရလ်က္ ရွိသည္။

အေရာင္း-ျပန္လည္အငွားခ်မႈ ျပဳလုပ္သည့္ ကုမၸဏီကမူ NBC 24 သတင္းဌာနႏွင့္ ေတြ႔ဆံုေမးျမန္းခန္းလုပ္ရန္ ျငင္းပယ္ခဲ့ျပီး ၎တုိ႔၏ လုပ္ေဆာင္မႈမွာ အိုဟိုင္းအိုးျပည္နယ္၏ ဥပေဒမ်ားအား ခ်ဳိးေဖာက္ျခင္းမရွိေၾကာင္း ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: ‘They took almost everything’: Cincinnati veteran, 80, is living in his car after selling his home to a company that offered sale leasebacks. Here’s what you can learn from his situation (moneywise)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service