အင်္ဂလန်တွင် ကိုယ်ပိုင်ရထားလမ်းပါသော အံ့ဖွယ်စံအိမ်တစ်လုံး ပေါင် ၁ ဒသမ ၃ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

အင်္ဂလန်တွင် ကိုယ်ပိုင်ရထားလမ်းပါသော အံ့ဖွယ်စံအိမ်တစ်လုံး ပေါင် ၁ ဒသမ ၃ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
30 May 2024 2:20 pm တွင် တင်ခဲ့သည်
779 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

နေအိမ်ခြံဝန်းအတွင်း ကိုယ်ပိုင်ရထားလမ်းငယ်တစ်ခုပါဝင်သော ခမ်းနားထည်ဝါသည့် ကျေးလက်စံအိမ်တစ်လုံး ပေါင် ၁ ဒသမ ၃၉၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

Foxcombe House အမည်ရှိ ဤစံအိမ်ကို ဂရေဟမ်နှင့် ဝင်ဒီမိုင်စ်တို့စုံတွဲက ၁၉၉၉ ခုနှစ်တွင် ဆောက်လုပ် ခဲ့ခြင်း ဖြစ်သည်။

စံအိမ်ဆောက်လုပ်ပြီး ၈ နှစ်အကြာတွင် ရထားဝါသနာပါသူ ဝင်ဒီမိုင်စ်က သားဖြစ်သူ၏ အကူအညီဖြင့် ရထားလမ်းတစ်ခု စတင်ဆောက်လုပ်ခဲ့သည်။

 

(Foxcombe House အမည်ရှိ ဤစံအိမ်ကို ဂရေဟမ်နှင့် ဝင်ဒီမိုင်စ်တို့စုံတွဲက ၁၉၉၉ ခုနှစ်တွင် ဆောက်လုပ် ခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-BNPS)

 

(ရထားလမ်းမှာ လမ်းတစ်ခုနှင့်တစ်ခုကြား ၅ လက်မကွာသော ရထားလမ်းငယ်ဖြစ်ပြီး လက်ရှိအားဖြင့် ဘက်ထရီ ရထားခေါင်းနှင့် ရေနွေးငွေ့သုံး ရထားခေါင်းတို့ အသုံးပြုထားသည်။ ဓာတ်ပုံ-BNPS)

 

(ဂရေဟမ်တို့စုံတွဲ၏ အသက် ၁၀ နှစ်နှင့် ၆ နှစ်အရွယ် မြေးများ နေအိမ်ပန်းဥယျာဉ်အတွင်း ရထားစီးနေကြပုံ။ ဓာတ်ပုံ-BNPS)

 

(ပန်းဥယျာဉ်အတွင်း လှပသော နွေရာသီနေအိမ်တစ်လုံးရှိပြီး လက်ရှိအားဖြင့် ဘူတာရုံအဖြစ် အသုံးပြုထား သည်။ ဓာတ်ပုံ-BNPS)

 

 

အဆိုပါ ရထားလမ်းကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ခဲ့ရပြီး နောက်ဘက်ပန်းခြံနေအိမ်ဘေးနှင့် အိမ်ရှေ့ ပန်းခြံတို့ဆီသို့ ဖောက်လုပ်ထားကာ အလျား ပေ ၇၅၀ ရှိသည်။

နေအိမ်တည်နေရာမှာ အင်္ဂလန်နိုင်ငံ၊ အောက်စဖို့ရှိုင်းယားခရိုင်၊ Sparsholt ကျေးရွာတွင် တည်ရှိပြီး အိပ်ခန်း ၅ ခန်းပါ နေအိမ်ဖြစ်သည်။

နေအိမ်ဝယ်ယူမည့် ပိုင်ရှင်သစ်အနေဖြင့် ရထားလမ်းကို ဆက်လက်ထိန်းသိမ်း ပိုင်ဆိုင်လိုသည်ဆိုပါက ဂရေဟမ်တို့စုံတွဲက ညှိနှိုင်းရောင်းချပေးသွားမည် ဖြစ်သည်။

၅ လက်မအကျယ်ရှိသော ရထားလမ်းကို မစ္စတာ ဝင်ဒီမိုင်စ်ကိုယ်တိုင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ခရီးသည်များ လိုက်ပါနိုင်သည့် ရထားတွဲ ၅ ခုလည်း ပါဝင်သည်။

“ကျွန်တော်တို့ ဒီမှာနေတာ ၂၅ နှစ်ရှိပါပြီ။ ဒီမှာနေရတာ တကယ့်ကို နှစ်သက်ကျေနပ်ခဲ့ပါတယ်။”

စံအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၃၄၄၆ ရှိပြီး အဝင်ခန်းမ၊ မီးဖိုဆောင်၊ ညစာစားခန်း၊ နားနေခန်း၊ ဧည့်ခန်း၊ အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၃ ခန်းတို့ ပါဝင်သည်။

 

(နေအိမ် အကျယ်အဝန်း စတုရန်းပေ ၃၄၄၆ ရှိသည်။ ဓာတ်ပုံ-BNPS)

 

(ပထမထပ်တွင် အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ပါဝင်သည်။ ဓာတ်ပုံ-BNPS)

 

(အောက်စဖို့ဒ်ရှိုင်းယားခရိုင် Sparsholt ကျေးရွာတွင် တည်ရှိသည်။ ဓာတ်ပုံ-BNPS)

 

(ကျယ်ဝန်းသော ဂိုဒေါင်နှင့် ကပ်လျက်တွင် စတူဒီယိုတစ်ခုရှိပြီး အိမ်အခြေစိုက် ရုံးခန်းအဖြစ် အသုံးပြုနိုင်သည်။ ဓာတ်ပုံ-BNPS)

 

(ဂရေဟမ်တို့စုံတွဲက ပြန်လည်ရောင်းထုတ်ရန် ဈေးကွက်တင်လာခြင်း ဖြစ်သည်။ ဓာတ်ပုံ-BNPS)

 

(ကျေးရွာဘေးတွင် သာယာလှပသော ကျေးလက်ရှုခင်းတို့က ဝန်းပတ်ထားသည်။ ဓာတ်ပုံ-BNPS)

 

(နေအိမ်မှ အခန်းတစ်ခန်း။ ဓာတ်ပုံ-BNPS)

 

(ဝန်းကျင်ကျေးလက်ဒေသတွင် လမ်းလျှောက်ခြင်း ၊ စက်ဘီးစီးခြင်း ၊ မြင်းစီးခြင်းများ လုပ်ဆောင်နိုင်သည်။ ဓာတ်ပုံ-BNPS)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: Incredible mansion with its very own RAILWAY hits the market for £1.3million (thesun)

Photo Credit-BNPS

 

 

 

[Zawgyi]

 

အဂၤလန္တြင္ ကိုယ္ပိုင္ရထားလမ္းပါေသာ အံ့ဖြယ္စံအိမ္တစ္လံုး ေပါင္ ၁ ဒသမ ၃ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာ

 

ေနအိမ္ျခံဝန္းအတြင္း ကိုယ္ပိုင္ရထားလမ္းငယ္တစ္ခုပါဝင္ေသာ ခမ္းနားထည္ဝါသည့္ ေက်းလက္စံအိမ္တစ္လံုး ေပါင္ ၁ ဒသမ ၃၉၅ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာသည္။

Foxcombe House အမည္ရွိ ဤစံအိမ္ကို ဂေရဟမ္ႏွင့္ ဝင္ဒီမိုင္စ္တို႔စံုတြဲက ၁၉၉၉ ခုႏွစ္တြင္ ေဆာက္လုပ္ ခဲ့ျခင္း ျဖစ္သည္။

စံအိမ္ေဆာက္လုပ္ျပီး ၈ ႏွစ္အၾကာတြင္ ရထားဝါသနာပါသူ ဝင္ဒီမိုင္စ္က သားျဖစ္သူ၏ အကူအညီျဖင့္ ရထားလမ္းတစ္ခု စတင္ေဆာက္လုပ္ခဲ့သည္။

 

(Foxcombe House အမည္ရွိ ဤစံအိမ္ကို ဂေရဟမ္ႏွင့္ ဝင္ဒီမိုင္စ္တို႔စံုတြဲက ၁၉၉၉ ခုႏွစ္တြင္ ေဆာက္လုပ္ ခဲ့ျခင္း ျဖစ္သည္။ ဓာတ္ပံု-BNPS)

(ရထားလမ္းမွာ လမ္းတစ္ခုႏွင့္တစ္ခုၾကား ၅ လက္မကြာေသာ ရထားလမ္းငယ္ျဖစ္ျပီး လက္ရွိအားျဖင့္ ဘက္ထရီ ရထားေခါင္းႏွင့္ ေရေႏြးေငြ႔သံုး ရထားေခါင္းတို႔ အသံုးျပဳထားသည္။ ဓာတ္ပံု-BNPS)

(ဂေရဟမ္တို႔စံုတြဲ၏ အသက္ ၁၀ ႏွစ္ႏွင့္ ၆ ႏွစ္အရြယ္ ေျမးမ်ား ေနအိမ္ပန္းဥယ်ာဥ္အတြင္း ရထားစီးေနၾကပံု။ ဓာတ္ပံု-BNPS)

(ပန္းဥယ်ာဥ္အတြင္း လွပေသာ ေႏြရာသီေနအိမ္တစ္လံုးရွိျပီး လက္ရွိအားျဖင့္ ဘူတာရံုအျဖစ္ အသံုးျပဳထား သည္။ ဓာတ္ပံု-BNPS)

 

အဆိုပါ ရထားလမ္းကို ၃ ႏွစ္ၾကာ အခ်ိန္ယူေဆာက္လုပ္ခဲ့ရျပီး ေနာက္ဘက္ပန္းျခံေနအိမ္ေဘးႏွင့္ အိမ္ေရွ႕ ပန္းျခံတို႔ဆီသို႔ ေဖာက္လုပ္ထားကာ အလ်ား ေပ ၇၅၀ ရွိသည္။

ေနအိမ္တည္ေနရာမွာ အဂၤလန္ႏိုင္ငံ၊ ေအာက္စဖို႔ရိႈင္းယားခရုိင္၊ Sparsholt ေက်းရြာတြင္ တည္ရွိျပီး အိပ္ခန္း ၅ ခန္းပါ ေနအိမ္ျဖစ္သည္။

ေနအိမ္ဝယ္ယူမည့္ ပိုင္ရွင္သစ္အေနျဖင့္ ရထားလမ္းကို ဆက္လက္ထိန္းသိမ္း ပိုင္ဆုိင္လိုသည္ဆိုပါက ဂေရဟမ္တို႔စံုတြဲက ညွိႏိႈင္းေရာင္းခ်ေပးသြားမည္ ျဖစ္သည္။

၅ လက္မအက်ယ္ရွိေသာ ရထားလမ္းကို မစၥတာ ဝင္ဒီမိုင္စ္ကိုယ္တိုင္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး ခရီးသည္မ်ား လုိက္ပါႏိုင္သည့္ ရထားတြဲ ၅ ခုလည္း ပါဝင္သည္။

“ကၽြန္ေတာ္တုိ႔ ဒီမွာေနတာ ၂၅ ႏွစ္ရွိပါျပီ။ ဒီမွာေနရတာ တကယ့္ကို ႏွစ္သက္ေက်နပ္ခဲ့ပါတယ္။”

စံအိမ္အက်ယ္အဝန္းမွာ စတုရန္းေပ ၃၄၄၆ ရွိျပီး အဝင္ခန္းမ၊ မီးဖိုေဆာင္၊ ညစာစားခန္း၊ နားေနခန္း၊ ဧည့္ခန္း၊ အိပ္ခန္း ၅ ခန္းႏွင့္ ေရခ်ဳိးခန္း ၃ ခန္းတို႔ ပါဝင္သည္။

 

(ေနအိမ္ အက်ယ္အဝန္း စတုရန္းေပ ၃၄၄၆ ရွိသည္။ ဓာတ္ပံု-BNPS)

(ပထမထပ္တြင္ အိပ္ခန္း ၅ ခန္းႏွင့္ ေရခ်ိဳးခန္း ပါဝင္သည္။ ဓာတ္ပံု-BNPS)

(ေအာက္စဖုိ႔ဒ္ရိႈင္းယားခရိုင္ Sparsholt ေက်းရြာတြင္ တည္ရွိသည္။ ဓာတ္ပုံ-BNPS)

(က်ယ္ဝန္းေသာ ဂိုေဒါင္ႏွင့္ ကပ္လ်က္တြင္ စတူဒီယိုတစ္ခုရွိျပီး အိမ္အေျခစိုက္ ရံုးခန္းအျဖစ္ အသံုးျပဳႏိုင္သည္။ ဓာတ္ပံု-BNPS)

(ဂေရဟမ္တုိ႔စံုတြဲက ျပန္လည္ေရာင္းထုတ္ရန္ ေစ်းကြက္တင္လာျခင္း ျဖစ္သည္။ ဓာတ္ပံု-BNPS)

(ေက်းရြာေဘးတြင္ သာယာလွပေသာ ေက်းလက္ရႈခင္းတို႔က ဝန္းပတ္ထားသည္။ ဓာတ္ပံု-BNPS)

(ေနအိမ္မွ အခန္းတစ္ခန္း။ ဓာတ္ပုံ-BNPS)

(ဝန္းက်င္ေက်းလက္ေဒသတြင္ လမ္းေလွ်ာက္ျခင္း ၊ စက္ဘီးစီးျခင္း ၊ ျမင္းစီးျခင္းမ်ား လုပ္ေဆာင္ႏိုင္သည္။ ဓာတ္ပံု-BNPS)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Incredible mansion with its very own RAILWAY hits the market for £1.3million (thesun)

Photo Credit-BNPS

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ...
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ...
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွမ်းထက်လှကြောင်း တွေ့ရှိ...
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွမ်းထက်လှကြောင်း တွေ့ရှိ...
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျောက်ဖြစ်နေကြောင်း တွေ့ခဲ့ရသည့် ဆန်းကြယ်သော ဖြစ်ပုံ...
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျောက်ဖြစ်နေကြောင်း တွေ့ခဲ့ရသည့် ဆန်းကြယ်သော ဖြစ်ပုံ...
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...
ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service