ဒူဘိုင်းနဲ့ အဘူဒါဘီက အိမ်ခြံမြေ ဆောက်လုပ်ရေးစီမံကိန်းတွေ ဘာကြောင့် နာရီအနည်းငယ်အတွင်း အကုန် ရောင်းထွက်တာလဲ

ဒူဘိုင်းနဲ့ အဘူဒါဘီက အိမ်ခြံမြေ ဆောက်လုပ်ရေးစီမံကိန်းတွေ ဘာကြောင့် နာရီအနည်းငယ်အတွင်း အကုန် ရောင်းထွက်တာလဲ - Property News in Myanmar from iMyanmarHouse.com
2 Apr 2024 10:20 am တွင် တင်ခဲ့သည်
378 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အာရပ်စော်ဘွားများပြည်ထောင်စုရှိ အိမ်ခြံမြေစီမံကိန်းများမှာ ကိတ်မုန့်များသဖွယ် နာရီအနည်းငယ်အတွင်း အကုန်ရောင်းထွက်နေသည်။

လွန်ခဲ့သော ၃ နှစ်အတွင်း အိမ်ခြံမြေဈေးကွက် အခြေအနေကောင်းခဲ့ပြီးနောက် ယခုနှစ်တွင် တိုးတက်မှု နှေးကွေးမည်ဟု ဟောကိန်းများရှိနေသော်လည်း ယူအေအီး၏ အိမ်ခြံမြေဈေးကွက် အလွန်အားကောင်းနေခြင်း လည်း ဖြစ်သည်။

ယူအေအီး အိမ်ခြံမြေဈေးကွက်တွင် ဝယ်လိုအားကို အဓိက မောင်းနှင်ပေးနေသည်မှာ ချမ်းသာကြွယ်ဝသူများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများနှင့် ဒေသခံပြည်သူများ ဖြစ်ကြသည်။

ကမ္ဘာတဝန်းရှိ အခြားမြို့ကြီးများမှ အိမ်ခြံမြေဈေးနှုန်းများနှင့် နှိုင်းယှဉ်လျှင် ဈေးသက်သာသောကြောင့် ယူအေအီး luxury စီမံကိန်းများ အလွန်ရောင်းအားကောင်းနေခြင်းလည်း ဖြစ်သည်။

ယူအေအီးမှ ထိပ်တန်း အိမ်ခြံမြေ developer ဖြစ်သော Wasl သည် Park Views Residences စီမံကိန်းရှိ Tower A မှ အခန်းပေါင်း ၆၀၀ လုံးကို အရောင်းစဖွင့်ပြီးနောက် ၃၆ နာရီအတွင်း အကုန်ရောင်းထွက်သွားသည်။

Park Views Residences မှ ၄၂ ထပ်မြင့်မားသော Tower A သည် ဒူဘိုင်းမှ Al Kifaf အရပ်တွင် တည်ရှိပြီး Zabeel Park ပန်းခြံကို အပေါ်စီးက တွေ့မြင်ရသည်။

“အရည်အသွေးမြင့် စီမံကိန်းတွေဟာ နေရာကောင်း၊ ဆွဲဆောင်နိုင်မှုရှိမယ့် ဈေးနှုန်းတွေနဲ့ ပေါင်းစပ်လိုက်မယ် ဆိုရင် ဝယ်လက်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်တယ်ဆိုတာ Park Views Residences ရဲ့ အခန်း အကုန် ရောင်းထွက်သွားမှုက သက်သေပြနေပါတယ်”ဟု Wasl ၏ စီးပွားရေးစီမံခန့်ခွဲမှှုဌာန အကြီးအကဲ Mohammad Al Bahar က ပြောသည်။

Wasl 1 တွင် ဘက်စုံသုံး Tower 13 ခု ပါဝင်ပြီး လူနေခန်းပေါင်း ၃၅၀၀ ကျော်အပြင် လက်လီအရောင်းနေရာ အတွက် စတုရန်းပေ ၁၅၀,၀၀၀ ပါဝင်သည်။

အဘူဒါဘီ အခြေစိုက် Aldar Properties ကလည်း Haven by Aldar စီမံကိန်းပထမ ၂ ဆင့်ကို အချိန်တို အတွင်း ရောင်းထွက်ခဲ့ကြောင်း ထုတ်ပြန်လာသည်။

နေအိမ်များ၏ ၄ ပုံ ၃ ပုံကျော်ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ယူအေအီးတွင် လာရောက်အခြေချသူတို့ ဝယ်ယူခဲ့ကြခြင်း ဖြစ်သည်။

Aldar Properties သည် စီမံကိန်း ပထမဆင့်တွင် အိမ်ပေါင်း ၄၆၈ လုံးနှင့် ဒုတိယဆင့်တွင် အိမ်ပေါင်း ၃၄၈ လုံးရောင်းချခဲ့သည်။

စုစုပေါင်း အိမ်အလုံးပေါင်း ၇၈၆ လုံး ရောင်းချခဲ့ရာ အာရပ်ငွေ ၃ ဒသမ ၁ ဘီလီယံ ရရှိခဲ့သည်။

အဆိုပါ စီမံကိန်းသည် ဒူဘိုင်းတွင် Aldar Properties ၏ ပထမဆုံးလူနေအိမ်ရာ စီမံကိန်းလည်း ဖြစ်သည်။

Binghatti Holding ၏ စီအီးအို Muhammad Binghatti က Khaleej Times သတင်းဌာနသို့ ပြောသည်မှာ ၎င်းတို့၏ နောက်ဆုံး စီမံကိန်းဖြစ်သော Luxury လူနေခန်းများကို အောင်အောင်မြင်မြင်ရောင်းချနိုင်ခဲ့ကြောင်း၊ ဈေးနှုန်းမှာ အာရပ်ငွေ သန်း ၂၀ ကျော်မှ စကြောင်း ပြောသည်။

အလားတူပင် Danube Properties ကလည်း ၎င်း၏ စီမံကိန်းတစ်ခုဖြစ်သော Oceans ကို အရောင်းတင်ပြီး မကြာမီတွင်ပင် ရောင်းထွက်သွားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: UAE: Why property projects in Abu Dhabi, Dubai sell out in hours (khaleejtimes)

[Zawgyi]

ဒူဘိုင္းနဲ႔ အဘူဒါဘီက အိမ္ျခံေျမ ေဆာက္လုပ္ေရးစီမံကိန္းေတြ ဘာေၾကာင့္ နာရီအနည္းငယ္အတြင္း အကုန္ ေရာင္းထြက္တာလဲ

အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စုရွိ အိမ္ျခံေျမစီမံကိန္းမ်ားမွာ ကိတ္မုန္႔မ်ားသဖြယ္ နာရီအနည္းငယ္အတြင္း အကုန္ေရာင္းထြက္ေနသည္။

လြန္ခဲ့ေသာ ၃ ႏွစ္အတြင္း အိမ္ျခံေျမေစ်းကြက္ အေျခအေနေကာင္းခဲ့ျပီးေနာက္ ယခုႏွစ္တြင္ တိုးတက္မႈ ေႏွးေကြးမည္ဟု ေဟာကိန္းမ်ားရွိေနေသာ္လည္း ယူေအအီး၏ အိမ္ျခံေျမေစ်းကြက္ အလြန္အားေကာင္းေနျခင္း လည္း ျဖစ္သည္။

ယူေအအီး အိမ္ျခံေျမေစ်းကြက္တြင္ ဝယ္လိုအားကို အဓိက ေမာင္းႏွင္ေပးေနသည္မွာ ခ်မ္းသာၾကြယ္ဝသူမ်ား၊ ႏိုင္ငံျခား ရင္းႏွီးျမွဳပ္ႏွံသူမ်ားႏွင့္ ေဒသခံျပည္သူမ်ား ျဖစ္ၾကသည္။

ကမၻာတဝန္းရွိ အျခားျမိဳ႕ၾကီးမ်ားမွ အိမ္ျခံေျမေစ်းႏႈန္းမ်ားႏွင့္ ႏႈိင္းယွဥ္လွ်င္ ေစ်းသက္သာေသာေၾကာင့္ ယူေအအီး luxury စီမံကိန္းမ်ား အလြန္ေရာင္းအားေကာင္းေနျခင္းလည္း ျဖစ္သည္။

ယူေအအီးမွ ထိပ္တန္း အိမ္ျခံေျမ developer ျဖစ္ေသာ Wasl သည္ Park Views Residences စီမံကိန္းရွိ Tower A မွ အခန္းေပါင္း ၆၀၀ လံုးကို အေရာင္းစဖြင့္ျပီးေနာက္ ၃၆ နာရီအတြင္း အကုန္ေရာင္းထြက္သြားသည္။

Park Views Residences မွ ၄၂ ထပ္ျမင့္မားေသာ Tower A သည္ ဒူဘိုင္းမွ Al Kifaf အရပ္တြင္ တည္ရွိျပီး Zabeel Park ပန္းျခံကို အေပၚစီးက ေတြ႔ျမင္ရသည္။

“အရည္အေသြးျမင့္ စီမံကိန္းေတြဟာ ေနရာေကာင္း၊ ဆြဲေဆာင္ႏိုင္မႈရွိမယ့္ ေစ်းႏႈန္းေတြနဲ႔ ေပါင္းစပ္လိုက္မယ္ ဆိုရင္ ဝယ္လက္ေတြနဲ႔ ရင္းႏွီးျမွဳပ္ႏွံသူေတြကို ဆြဲေဆာင္ႏိုင္တယ္ဆိုတာ Park Views Residences ရဲ႕ အခန္း အကုန္ ေရာင္းထြက္သြားမႈက သက္ေသျပေနပါတယ္”ဟု Wasl ၏ စီးပြားေရးစီမံခန္႔ခြဲမႈွဌာန အၾကီးအကဲ Mohammad Al Bahar က ေျပာသည္။

Wasl 1 တြင္ ဘက္စံုသံုး Tower 13 ခု ပါဝင္ျပီး လူေနခန္းေပါင္း ၃၅၀၀ ေက်ာ္အျပင္ လက္လီအေရာင္းေနရာ အတြက္ စတုရန္းေပ ၁၅၀,၀၀၀ ပါဝင္သည္။

အဘူဒါဘီ အေျခစိုက္ Aldar Properties ကလည္း Haven by Aldar စီမံကိန္းပထမ ၂ ဆင့္ကို အခ်ိန္တို အတြင္း ေရာင္းထြက္ခဲ့ေၾကာင္း ထုတ္ျပန္လာသည္။

ေနအိမ္မ်ား၏ ၄ ပုံ ၃ ပံုေက်ာ္ကို ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံသူမ်ားႏွင့္ ယူေအအီးတြင္ လာေရာက္အေျခခ်သူတို႔ ဝယ္ယူခဲ့ၾကျခင္း ျဖစ္သည္။

Aldar Properties သည္ စီမံကိန္း ပထမဆင့္တြင္ အိမ္ေပါင္း ၄၆၈ လံုးႏွင့္ ဒုတိယဆင့္တြင္ အိမ္ေပါင္း ၃၄၈ လံုးေရာင္းခ်ခဲ့သည္။

စုစုေပါင္း အိမ္အလံုးေပါင္း ၇၈၆ လံုး ေရာင္းခ်ခဲ့ရာ အာရပ္ေငြ ၃ ဒသမ ၁ ဘီလီယံ ရရွိခဲ့သည္။

အဆိုပါ စီမံကိန္းသည္ ဒူဘိုင္းတြင္ Aldar Properties ၏ ပထမဆံုးလူေနအိမ္ရာ စီမံကိန္းလည္း ျဖစ္သည္။

Binghatti Holding ၏ စီအီးအို Muhammad Binghatti က Khaleej Times သတင္းဌာနသို႔ ေျပာသည္မွာ ၎တို႔၏ ေနာက္ဆံုး စီမံကိန္းျဖစ္ေသာ Luxury လူေနခန္းမ်ားကို ေအာင္ေအာင္ျမင္ျမင္ေရာင္းခ်ႏိုင္ခဲ့ေၾကာင္း၊ ေစ်းႏႈန္းမွာ အာရပ္ေငြ သန္း ၂၀ ေက်ာ္မွ စေၾကာင္း ေျပာသည္။

အလားတူပင္ Danube Properties ကလည္း ၎၏ စီမံကိန္းတစ္ခုျဖစ္ေသာ Oceans ကို အေရာင္းတင္ျပီး မၾကာမီတြင္ပင္ ေရာင္းထြက္သြားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: UAE: Why property projects in Abu Dhabi, Dubai sell out in hours (khaleejtimes)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အသင့်နေထိုင်နိုင်သော အိမ်ခြံမြေ များပိုမိုရောင်းအားကောင်းနေ
အသင့်နေထိုင်နိုင်သော အိမ်ခြံမြေ များပိုမိုရောင်းအားကောင်းနေ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
taunggyi-garden-city
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service