ဗြိတိန်၏ အထီးကျန်ဆုံးအိမ် အရောင်းဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွားခြင်း၏ ကြေကွဲဖွယ် အကြောင်းရင်း

ဗြိတိန်၏ အထီးကျန်ဆုံးအိမ် အရောင်းဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွားခြင်း၏ ကြေကွဲဖွယ် အကြောင်းရင်း - Property News in Myanmar from iMyanmarHouse.com
14 Mar 2024 11:59 am တွင် တင်ခဲ့သည်
1188 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

သင်သည် အလွန်စာနာတတ်သူတစ်ဦး ဖြစ်ပါသလား။ ယင်းသို့ဆိုလျှင် မျက်ရည်သုတ်ရန် လက်ကိုင်ပုဝါတစ်ခု ထုတ်ထားလိုက်ပါ။

ဗြိတိန်၏ အထီးကျန်ဆုံးအိမ်ဟု ခေါ်ဆိုနေကြသော ဝေးလံခေါင်သီလှသည့် ဒေသမှ အိမ်တစ်လုံး အရောင်းဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွားခြင်းတွင် ကြေကွဲဖွယ် အကြောင်းရင်းတစ်ခု ရှိနေသည်။

အကြောင်းကား…..ထိုအိမ်အား မည်သူမျှ မဝယ်လိုသောကြောင့် ဖြစ်သည်။

သင့်အနေဖြင့် မျက်ရည်သုတ်နိုင်ပါပြီ။

အင်္ဂလန်နိုင်ငံ၊ မြောက်ရော့ရှိုင်းယားခရိုင် ၊ Whernside တောင်တန်းတွင် တည်ရှိသော စွန့်ပစ်ခံ အိမ်တစ်လုံးဖြစ်ပြီး အိပ်ခန်း ၃ ခန်းပါဝင်သည်။

သို့သော် ရေမီးမရှိ။

၂၀၂၂ ခုနှစ် ၊ နွေရာသီက ပေါင် ၃၀၀၀၀၀ ဖြင့် အရောင်းဈေးကွက်တင်ခဲ့သည်။

သို့သော် ရောင်းမထွက်သောကြောင့် ၂၀၂၃ ခုနှစ် ၊ မေလတွင် ပေါင် ၂၅၀၀၀၀ သို့ လျှော့ချပေးခဲ့သည်။

သို့သော်လည်း ဝယ်သူမရှိချေ။

အနီးဆုံး ကားရပ်နားရာနေရာမှ နေအိမ်ရှိရာသို့ မိနစ် ၂၀ ခန့် လမ်းလျှောက်ရသည်။

 

(မူလက ပေါင် ၃၀၀,၀၀၀ ဈေးခေါ်ခဲ့သည်။ ဓာတ်ပုံ-Fisher Hopper/SWNS)

 

(လျှပ်စစ်မီးနှင့် ရေမရှိ။ ဓာတ်ပုံ-Fisher Hopper/SWNS)

 

၁၉၄၀ ပြည့်လွန်ကာလများတွင် London Midland and Scottish Railway ကုမ္ပဏီက အလုပ်သမားများ နေထိုင်ရန် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

၃ လုံးတန်း ဆောက်လုပ်ခဲ့သည့်အနက် အိမ်တစ်လုံးတည်းသာ ကျန်ရှိတော့ခြင်းဖြစ်ကာ ၂၀၁၀ ပြည့်နှစ် ကတည်းက နေထိုင်သူ မရှိတော့ခြင်း ဖြစ်သည်။

အထီးကျန် ဤအိမ် အဘယ်ကြောင့် စွန့်ပစ်ခံခဲ့ရသနည်း။

ယခင်ပိုင်ရှင်သည် ကားပျက်များစွာ သိုလှောင်ထားသောကြောင့် Yorkshire Dales အမျိုးသားဥယျာဉ် အာဏာပိုင်အဖွဲ့က သတိပေးခဲ့သည်ဟု ဆိုသည်။

ထိုပိုင်ရှင်သည် နောက်တွဲပါ လူနေယာဉ်တစ်စင်း ၊ အသုံးမပြုတော့သော ဆီကန် ၅ ခု ၊ မြေတူးစက်ငယ်တစ်ခု နှင့် သင်္ဘောကွန်တိန်နာ ၂ ခုတို့ ခြံဝန်းအတွင်း ထားရှိသည်ဟု ဆိုသည်။

တည်နေရာမှာ ဝေးလံခေါင်သီသော်လည်း မီးရထားစက်ခေါင်းနံပါတ်များ မှတ်တမ်းတင်သည့် ဝါသနာရှိသူ များအဖို့ သင့်လျော်သည့်နေရာ ဖြစ်နိုင်သည်။

ဤအိမ်သည် Settle မြို့မှ Carlisle သို့ဆက်သွယ်သည့် ရထားလမ်းကို တွေ့မြင်နိုင်သည့် အကွာအဝေးတွင် ရှိသည်။

ဝိတိုရိယ ဗိသုကာလက်ရာဖြင့် ဆောက်လုပ်ထားပြီး Grade II အဆင့် သမိုင်းဝင်အိမ်အဖြစ် သတ်မှတ်ခံ ထားရကာ Settle မြို့မှ Carlisle ရထားလမ်းပိုင်းတွင် အရှည်လျားဆုံးနှင့် တတိယအမြင့်မားဆုံး အဆောက်အအုံ ဖြစ်သည်။

 

(ဤအခန်းမှာ ကောင်းမွန်သည့် အနေအထား မရှိချေ။ ဓာတ်ပုံ-Fisher Hopper/SWNS)

 

(အနီးဆုံး ကားရပ်နားရန်နေရာမှ မိနစ် ၂၀ ခန့် လမ်းလျှောက်ရသည်။ ဓာတ်ပုံ-Fisher Hopper/SWNS)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: UK’s ‘loneliest home’ taken off the market for one heartbreaking reason (metro)

Photo Credit- Fisher Hopper/SWNS

 

 

[Zawgyi]

ျဗိတိန္၏ အထီးက်န္ဆံုးအိမ္ အေရာင္းေစ်းကြက္မွ ျပန္လည္ရုပ္သိမ္းသြားျခင္း၏ ေၾကကြဲဖြယ္ အေၾကာင္းရင္း

 

သင္သည္ အလြန္စာနာတတ္သူတစ္ဦး ျဖစ္ပါသလား။ ယင္းသို႔ဆိုလွ်င္ မ်က္ရည္သုတ္ရန္ လက္ကိုင္ပုဝါတစ္ခု ထုတ္ထားလိုက္ပါ။

ျဗိတိန္၏ အထီးက်န္ဆံုးအိမ္ဟု ေခၚဆိုေနၾကေသာ ေဝးလံေခါင္သီလွသည့္ ေဒသမွ အိမ္တစ္လံုး အေရာင္းေစ်းကြက္မွ ျပန္လည္ရုပ္သိမ္းသြားျခင္းတြင္ ေၾကကြဲဖြယ္ အေၾကာင္းရင္းတစ္ခု ရွိေနသည္။

အေၾကာင္းကား…..ထိုအိမ္အား မည္သူမွ် မဝယ္လိုေသာေၾကာင့္ ျဖစ္သည္။

သင့္အေနျဖင့္ မ်က္ရည္သုတ္ႏိုင္ပါျပီ။

အဂၤလန္ႏိုင္ငံ၊ ေျမာက္ေရာ့ရိႈင္းယားခရိုင္ ၊ Whernside ေတာင္တန္းတြင္ တည္ရွိေသာ စြန္႔ပစ္ခံ အိမ္တစ္လံုးျဖစ္ျပီး အိပ္ခန္း ၃ ခန္းပါဝင္သည္။

သို႔ေသာ္ ေရမီးမရွိ။

၂၀၂၂ ခုႏွစ္ ၊ ေႏြရာသီက ေပါင္ ၃၀၀၀၀၀ ျဖင့္ အေရာင္းေစ်းကြက္တင္ခဲ့သည္။

သို႔ေသာ္ ေရာင္းမထြက္ေသာေၾကာင့္ ၂၀၂၃ ခုႏွစ္ ၊ ေမလတြင္ ေပါင္ ၂၅၀၀၀၀ သို႔ ေလွ်ာ့ခ်ေပးခဲ့သည္။

သို႔ေသာ္လည္း ဝယ္သူမရွိေခ်။

အနီးဆံုး ကားရပ္နားရာေနရာမွ ေနအိမ္ရွိရာသို႔ မိနစ္ ၂၀ ခန္႔ လမ္းေလွ်ာက္ရသည္။

 

(မူလက ေပါင္ ၃၀၀,၀၀၀ ေစ်းေခၚခဲ့သည္။ ဓာတ္ပုံ-Fisher Hopper/SWNS)

(လွ်ပ္စစ္မီးႏွင့္ ေရမရွိ။ ဓာတ္ပုံ-Fisher Hopper/SWNS)

၁၉၄၀ ျပည့္လြန္ကာလမ်ားတြင္ London Midland and Scottish Railway ကုမၸဏီက အလုပ္သမားမ်ား ေနထုိင္ရန္ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

၃ လံုးတန္း ေဆာက္လုပ္ခဲ့သည့္အနက္ အိမ္တစ္လံုးတည္းသာ က်န္ရွိေတာ့ျခင္းျဖစ္ကာ ၂၀၁၀ ျပည့္ႏွစ္ ကတည္းက ေနထိုင္သူ မရွိေတာ့ျခင္း ျဖစ္သည္။

အထီးက်န္ ဤအိမ္ အဘယ္ေၾကာင့္ စြန္႔ပစ္ခံခဲ့ရသနည္း။

ယခင္ပိုင္ရွင္သည္ ကားပ်က္မ်ားစြာ သိုေလွာင္ထားေသာေၾကာင့္ Yorkshire Dales အမ်ဳိးသားဥယ်ာဥ္ အာဏာပိုင္အဖြဲ႔က သတိေပးခဲ့သည္ဟု ဆိုသည္။

ထိုပိုင္ရွင္သည္ ေနာက္တြဲပါ လူေနယာဥ္တစ္စင္း ၊ အသံုးမျပဳေတာ့ေသာ ဆီကန္ ၅ ခု ၊ ေျမတူးစက္ငယ္တစ္ခု ႏွင့္ သေဘၤာကြန္တိန္နာ ၂ ခုတို႔ ျခံဝန္းအတြင္း ထားရွိသည္ဟု ဆိုသည္။

တည္ေနရာမွာ ေဝးလံေခါင္သီေသာ္လည္း မီးရထားစက္ေခါင္းနံပါတ္မ်ား မွတ္တမ္းတင္သည့္ ဝါသနာရွိသူ မ်ားအဖို႔ သင့္ေလ်ာ္သည့္ေနရာ ျဖစ္ႏိုင္သည္။

ဤအိမ္သည္ Settle ျမိဳ႕မွ Carlisle သို႔ဆက္သြယ္သည့္ ရထားလမ္းကို ေတြ႔ျမင္ႏိုင္သည့္ အကြာအေဝးတြင္ ရွိသည္။

ဝိတုိရိယ ဗိသုကာလက္ရာျဖင့္ ေဆာက္လုပ္ထားျပီး Grade II အဆင့္ သမိုင္းဝင္အိမ္အျဖစ္ သတ္မွတ္ခံ ထားရကာ Settle ျမိဳ႕မွ Carlisle ရထားလမ္းပိုင္းတြင္ အရွည္လ်ားဆံုးႏွင့္ တတိယအျမင့္မားဆံုး အေဆာက္အအံု ျဖစ္သည္။

 

(ဤအခန္းမွာ ေကာင္းမြန္သည့္ အေနအထား မရိွေခ်။ ဓာတ္ပုံ-Fisher Hopper/SWNS)

(အနီးဆံုး ကားရပ္နားရန္ေနရာမွ မိနစ္ ၂၀ ခန္႔ လမ္းေလွ်ာက္ရသည္။ ဓာတ္ပုံ-Fisher Hopper/SWNS)

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

  Ref: UK’s ‘loneliest home’ taken off the market for one heartbreaking reason (metro)

Photo Credit- Fisher Hopper/SWNS

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service