ကယ်လီဖိုးနီးယားပြည်နယ်တွင် အိမ်ရာမဲ့များအတွက် ကန်ဒေါ်လာ ၁ ဘီလီယံ သုံးစွဲကာ အိမ်ငယ်လေးများ ထောင်နှင့်ချီကာ ဆောက်လုပ်ရန် စီစဉ်

ကယ်လီဖိုးနီးယားပြည်နယ်တွင် အိမ်ရာမဲ့များအတွက် ကန်ဒေါ်လာ ၁ ဘီလီယံ သုံးစွဲကာ အိမ်ငယ်လေးများ ထောင်နှင့်ချီကာ ဆောက်လုပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
27 Feb 2024 1:27 pm တွင် တင်ခဲ့သည်
663 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အချို့သူတို့အတွက် သေးငယ်သည်ဟု ယူဆသောအရာတို့မှာ အချို့သူတို့အတွက်မူ ကြီးမားလှသောအရာများ ဖြစ်နေနိုင်သည်။

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မှ အုပ်ချုပ်ရေးအဖွဲ့က အမိုးအကာမရှိသော အိမ်ရာမဲ့တို့ အတွက် ထောင်နှင့်ချီသော အိမ်ငယ်လေးများ ဆောက်လုပ်ကာ အခမဲ့နေထိုင်ခွင့်ပေးမည်ဟု လွန်ခဲ့သော တစ်နှစ်နီးပါးက ကတိပြုထားခဲ့သည်။

ကယ်လီဖိုးနီးယားပြည်နယ်၏ အိမ်ရာမဲ့ပြဿနာကို ဖြေရှင်းရန် လော့စ်အိန်ဂျလိ၊ စခရာမန်တို၊ ဆန်ဒီယေဂိုနှင့် ဆန်ဂျို့စ်တို့တွင် ကန်ဒေါ်လာ ၁ ဘီလီယံ သုံးစွဲကာ အိမ်ငယ်လေးများ ဆောက်လုပ်သွားမည်ဟု ပြည်နယ် အုပ်ချုပ်ရေးမှူး Gavin Newsom က ကတိပြုထားသည်။

နောက်ဆုံးရနိုင်သည့် အချက်အလက်ဖြစ်သော ၂၀၂၃ ခုနှစ် အချက်အလက်များအရ ကယ်လီဖိုးနီးယား ပြည်နယ်တွင် အိမ်ရာမဲ့ပေါင်း ၁၈၀၀၀၀ ကျော် ရှိနေသည်။

ထိုပမာဏမှာ အမေရိကန်ပြည်ထောင်စုရှိ စုစုပေါင်းအိမ်ရာမဲ့ပမာဏ၏ ၂၈ ရာခိုင်နှုန်းအထိ ရှိနေသည်။

 

(အိမ်ရာမဲ့များအတွက် နေအိမ်ငယ်များဆောက်လုပ်ပေးရန် ပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom ပြောကြားခဲ့ပုံ။ ဓာတ်ပုံ-Plugin House Company)

၂၀၂၃ ခုနှစ်အတွင်း အုပ်ချုပ်ရေးမှူး Newsom က ကြေညာခဲ့သည်မှာ ပြည်နယ်တဝန်းတွင် အိမ်ငယ်လေး ပေါင်း ၁၂၀၀ ဆောက်လုပ်ရန် ကုန်ကျစရိတ်ကို ပြည်နယ်ငွေမှ ကျခံမည်ဖြစ်ကြောင်း ပြောခဲ့သည်။

“ကယ်လီဖိုးနီးယားမှာ ကျွန်တော်တို့ဟာ ရနိုင်သမျှ နည်းလမ်းအကုန်သုံးပြီး ကြိုးပမ်းနေပါတယ်။ လမ်းပေါ်က လူတွေကို အိမ်တွေထဲ ရောက်ကြစေဖို့အတွက် ပြည်နယ်တလွှား အိမ်ငယ်လေးတွေ ဖြန့်ကျက် ဆောက်လုပ်တဲ့ နည်းလမ်းလည်း အပါအဝင်ဖြစ်ပြီး သမိုင်းတလျှောက် အကြီးမားဆုံး စီမံကိန်းလည်း ဖြစ်ပါတယ်” ဟု Newsom က ပြီးခဲ့သောနှစ် မတ်လက ပြောခဲ့သည်။

 

(Plugin House ကုမ္ပဏီမှ ထုတ်လုပ်သော အိမ်ငယ်လေး ၂ လုံး။ ဓာတ်ပုံ-Plugin House Company)

Plugin House ၏ ပူးတွဲတည်ထောင်သူ James Shen က Business Insider သတင်းဌာနသို့ ပြောသည်မှာ ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးအဖွဲ့က လုပ်ငန်းစာချုပ်ကမ်းလှမ်းခဲ့သော ကုမ္ပဏီ ၆ ခုအနက် မိမိတို့မှာ ပထမဆုံးဖြစ်ကြောင်း ပြောသည်။

“ဓာတ်ပုံတွေမှာ မြင်ရတဲ့အတိုင်းပါပဲ။ ကျွန်တော်တို့ ထုတ်လုပ်ပေးတဲ့အိမ်တွေဟာ နေထိုင်မယ့်သူတွေ သိက္ခာရှိ စွာ နေထိုင်နိုင်ဖို့အတွက် ယာယီခိုလှုံရာနေရာမျိုးဆိုတာထက် အိမ်တစ်လုံးအသွင်မျိုး ထုတ်လုပ်ခဲ့ တာပါ” ဟု James Shen က ပြောသည်။

 

(Plugin House မှ ထုတ်လုပ်သော အိမ်ငယ်တစ်လုံး။ ဓာတ်ပုံ- Plugin House Company)

 

(Plugin House မှ ထုတ်လုပ်သော အိမ်ငယ်တစ်လုံး၏ အတွင်းပိုင်း။ဓာတ်ပုံ- Plugin House Company)

 

(အိမ်ရာမဲ့များ ခိုလှုံရာကျေးရွာတစ်ခုရှိ Pallet ကုမ္ပဏီမှ ထုတ်လုပ်သော အိမ်ငယ်လေးများ။ ဓာတ်ပုံ-Jim Meyers/ Vertizon Photo)

ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့က အိမ်ငယ်လေးများ ဆောက်လုပ်မည့် ကန်ထရိုက်တာတို့ကို ကွဲပြားသော အိမ်ငယ် လေးများ ဆောက်လုပ်ပေးရန် တောင်းဆိုထားရာ လူတစ်ဦးနေထိုင်နိုင်သောအိမ်နှင့် နှစ်ဦးနေထိုင်နိုင်သော အိမ်များ အပါအဝင် ဖြစ်သည်။

တစ်ဦးနေ အိမ်များမှာ စတုရန်းပေ ၇၀ အောက် မငယ်ရန်နှင့် ၂ ဦးနေ အိမ်များမှာ အနည်းဆုံး စတုရန်းပေ ၁၂၀ ရှိရမည်ဟု သတ်မှတ်ထားသည်။

 

(Pallet ကုမ္ပဏီမှ ထုတ်လုပ်သော နမူနာအိမ်ငယ်တစ်လုံး၏ အတွင်းပိုင်း။ ဓာတ်ပုံ-Jim Meyers/ Vertizon Photo)

အခြား ကန်ထရိုက်တာကုမ္ပဏီတစ်ခုဖြစ်သော Pallet က ခိုလှုံရာကျေးရွာများတွင် အဝတ်လျှော်နေရာများပါ ထည့်သွင်းပေးထားသည်။

 

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: California plans to build 1,200 tiny homes for the homeless. Here's what they look like. (businessinsider)

Photo Credit: Plugin House Company

 

 

 

[Zawgyi]

 


 

























 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service