အမေရိကန်တွင် အိမ်ခြံမြေဈေးနှုန်းများနှင့် ချေးငွေအတိုးနှုန်းများ မြင့်တက်မှုကြောင့် အမေရိကန် နိုင်ငံသား များမှာ သယ်ဆောင်သွားနိုင်သော အိမ်ငယ်လေးများဆီသို့ ဦးလှည့်လာကြ

အမေရိကန်တွင် အိမ်ခြံမြေဈေးနှုန်းများနှင့် ချေးငွေအတိုးနှုန်းများ မြင့်တက်မှုကြောင့် အမေရိကန် နိုင်ငံသား များမှာ သယ်ဆောင်သွားနိုင်သော အိမ်ငယ်လေးများဆီသို့ ဦးလှည့်လာကြ - Property News in Myanmar from iMyanmarHouse.com
20 Feb 2024 11:02 am တွင် တင်ခဲ့သည်
1102 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စုတွင် အိမ်ခြံမြေချေးငွေအတိုးနှုန်းများ မြင့်တက်နေပြီး အိမ်ခြံမြေဈေးနှုန်းများမှာလည်း ခေါင်ခိုက်လျက်ရှိသောကြောင့် အမေရိကန်နိုင်ငံသားများမှာ အလွန်တကူ သယ်ယူသွားနိုင်သော အိမ်ငယ်လေး များအား ဝယ်ယူနေထိုင်လာကြသည့် ခေတ်ရေစီးကြောင်း ပေါ်ပေါက်လျက်ရှိသည်။

Companies That Buy Houses ၏ ပိုင်ရှင် အိမ်ခြံမြေအကျိုးဆောင် Riley Annen က ပြောသည်မှာ သူမ အနေဖြင့် ယခုရေစီးကြောင်းမှာ ခေတ္တမျှသာမဟုတ်ဘဲ အကြောင်းရပ်များစွာက တွန်းပို့ခဲ့သော ဘဝနေထိုင်မှု အရွေ့တစ်ခုဖြစ်သည်ဟု ယုံကြည်ကြောင်း ပြောသည်။

 

 

“အိမ်ခြံမြေဈေးနှုန်းတွေက ခေါင်ခိုက်နေပြီး ရတဲ့ဝင်ငွေနဲ့ ကာမိဖို့ မနည်းရုန်းကန်နေရချိန်မျိုးမှာ အကုန်အကျ သက်သာမယ့်လမ်းကြောင်းကို ရွေးချယ်လာကြတာ အံ့အားသင့်စရာ မရှိပါဘူး။”ဟု Riley က Fox News Digital သတင်းဌာနသို့ ပြောသည်။

“အိမ်ငယ်လေးတွေဟာ ကုန်ကျစရိတ်သက်သာတဲ့အပြင် နှစ်လိုဖွယ်ကောင်းတဲ့ အဖြေတစ်ခုပေးစွမ်းပါတယ်”

အဆိုပါလမ်းကြောင်းတွင် စီးပွားရေးအကြောင်းရပ်များထက်ပိုသည့် အကြောင်းများရှိကြောင်း Riley က ပြောသည်။

“ဒါက ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုတစ်ခုဖြစ်လာပါတယ်။ လူတွေဟာ ရိုးရှင်းမှုနဲ့ အမြဲရှင်သန်ရပ်တည်နိုင်ရေး အပေါ် စိတ်ဝင်စားလာတယ်ဆိုတာ ပြသနေပါတယ်”

 

(လူမှုကွန်ရက်တွင် နာမည်ကျော်သူတစ်ဦးက Amazon မှ မှာယူခဲ့သော ဒေါ်လာ ၂၆၀၀၀ တန် အိမ်ငယ် ကလေး။ ဓာတ်ပုံ-TikTok/BoC/Screenshot)

“အိမ်ငယ်လေးတွေမှာ ပစ္စည်းပစ္စယနည်းနည်းနဲ့ နေထိုင်မှုဟာ မယုံနိုင်ဖွယ် လွတ်လပ်မှု ရှိပါတယ်။ ကိုယ့်ရဲ့အိမ် ကို ကောက်သယ်ပြီး ကြိုက်တဲ့နေရာကို ရွှေ့သွားမယ်ဆိုတဲ့ စိတ်ကူးက တကယ့်လွတ်လပ်မှုပါပဲ”ဟု သူမက ဖြည့်စွက် ပြောကြားသည်။

ကမ္ဘာပေါ်တွင် အိမ်ငယ်လေးများဈေးကွက်မှာ ကန်ဒေါ်လာ ၄ ဒသမ ၈၂ ဘီလီယံအထိ ကြီးထွားလာနေသည်။

ဈေးကွက်သုတေသန ကုမ္ပဏီတစ်ခုဖြစ်သော Technavio မှ ထုတ်ပြန်ချက်တစ်ရပ်အရ ၂၀၂၃ ခုနှစ်မှ ၂၀၂၈ ခုနှစ်အကြား အိမ်ငယ်လေးများဈေးကွက် နှစ်စဉ်တိုးတက်နှုန်း ၅ ဒသမ ၃၇ ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းထားသည်။

 

 

အဆိုပါ အိမ်ငယ်ကလေးများ ဝယ်ယူနေထိုင်မှုမှာ အမေရိကန်တွင် မြင့်တက်လျှက် ရှိနေသည်။

ပြီးခဲ့သော သီတင်းပတ်အတွင်း လော့စ်အိန်ဂျလိမြို့တွင် နေထိုင်သော အသက် ၂၃ နှစ်အရွယ် TikTok နာမည်ကြီးတစ်ဦးက Amazon ထံမှ ဝယ်ယူခဲ့သည့် ခေါက်သိမ်းနိုင်သော နေအိမ်တစ်လုံးကို လူမှုကွန်ရက်တွင် ချပြခဲ့ရာ အလွန်ကျော်ကြားပျံ့နှံ့သွားသည်။

“ကျွန်တော် Amazon ကနေ အိမ်တစ်လုံး ဝယ်လိုက်ပါတယ်။ ဒါကို ဝယ်ဖို့ ၂ ခါ မစဉ်းစားခဲ့ပါဘူး”ဟု ဂျက်ဖရီ ဘရိုင်းယန့်ဆိုသူက သူ၏ အိမ်ကို ပြသရင်း ပြောကြားသည်။

 

 

ဝယ်ယူလိုက်သောအိမ်တွင် ခေါက်နံရံများနှင့် မျက်နှာကြက်များရှိပြီး မီးဖိုဆောင်တွင် အိပ်ခန်းနှင့် ဧည့်ခန်းတို့ ပါဝင်ကာ အိမ်အကျယ်မှာ ၁၆ ဒသမ ၅ ပေ×ပေ ၂၀ ဖြစ်သည်။

အခွန်ဆောင်ပြီးချိန်တွင် နေအိမ်တန်ကြေးမှာ ကန်ဒေါ်လာ ၂၆၀၀၀ ဝန်းကျင်ရှိသည်။

နေအိမ်အတွင်း Built-in အိမ်သာနှင့် ရေပန်းတို့လည်း ပါဝင်သည်။

၎င်းအနေဖြင့် ရေမီးလိုင်းများ ထပ်မံသွယ်တန်းရန် လိုအပ်မည်ဖြစ်ပြီး အိမ်အတွက် ကုန်ကျစရိတ် ထပ်မံ မြင့်တက်လာဦးမည် ဖြစ်သည်။

 

(လူမှုကွန်ရက် နာမည်ကြီးတစ်ဦးက Amazon မှ ဝယ်ယူခဲ့သော အိမ်ကို ပြသနေပုံ။ ဓာတ်ပုံ-TikTok/ Unspeakable Fans/screenshot)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

‌Ref: Americans turn to tiny, portable homes to combat unaffordable prices, mortgage rates: My 'dream shed’ (foxbusiness)

Photo Credit: (TikTok/BoC/Screenshot)

 

 

 

[Zawgyi]

အေမရိကန္တြင္ အိမ္ျခံေျမေစ်းႏႈန္းမ်ားႏွင့္ ေခ်းေငြအတိုးႏႈန္းမ်ား ျမင့္တက္မႈေၾကာင့္ အေမရိကန္ ႏိုင္ငံသား မ်ားမွာ သယ္ေဆာင္သြားႏိုင္ေသာ အိမ္ငယ္ေလးမ်ားဆီသို႔ ဦးလွည့္လာၾက

 

အေမရိကန္ျပည္ေထာင္စုတြင္ အိမ္ျခံေျမေခ်းေငြအတိုးႏႈန္းမ်ား ျမင့္တက္ေနျပီး အိမ္ျခံေျမေစ်းႏႈန္းမ်ားမွာလည္း ေခါင္ခိုက္လ်က္ရွိေသာေၾကာင့္ အေမရိကန္ႏိုင္ငံသားမ်ားမွာ အလြန္တကူ သယ္ယူသြားႏိုင္ေသာ အိမ္ငယ္ေလး မ်ားအား ဝယ္ယူေနထိုင္လာၾကသည့္ ေခတ္ေရစီးေၾကာင္း ေပၚေပါက္လ်က္ရွိသည္။

Companies That Buy Houses ၏ ပိုင္ရွင္ အိမ္ျခံေျမအက်ဳိးေဆာင္ Riley Annen က ေျပာသည္မွာ သူမ အေနျဖင့္ ယခုေရစီးေၾကာင္းမွာ ေခတၱမွ်သာမဟုတ္ဘဲ အေၾကာင္းရပ္မ်ားစြာက တြန္းပို႔ခဲ့ေသာ ဘဝေနထိုင္မႈ အေရြ႕တစ္ခုျဖစ္သည္ဟု ယံုၾကည္ေၾကာင္း ေျပာသည္။

“အိမ္ျခံေျမေစ်းႏႈန္းေတြက ေခါင္ခိုက္ေနျပီး ရတဲ့ဝင္ေငြနဲ႔ ကာမိဖို႔ မနည္းရုန္းကန္ေနရခ်ိန္မ်ဳိးမွာ အကုန္အက် သက္သာမယ့္လမ္းေၾကာင္းကို ေရြးခ်ယ္လာၾကတာ အံ့အားသင့္စရာ မရွိပါဘူး။”ဟု Riley က Fox News Digital သတင္းဌာနသို႔ ေျပာသည္။

“အိမ္ငယ္ေလးေတြဟာ ကုန္က်စရိတ္သက္သာတဲ့အျပင္ ႏွစ္လိုဖြယ္ေကာင္းတဲ့ အေျဖတစ္ခုေပးစြမ္းပါတယ္”

အဆိုပါလမ္းေၾကာင္းတြင္ စီးပြားေရးအေၾကာင္းရပ္မ်ားထက္ပိုသည့္ အေၾကာင္းမ်ားရွိေၾကာင္း Riley က ေျပာသည္။

“ဒါက ယဥ္ေက်းမႈဆိုင္ရာ လႈပ္ရွားမႈတစ္ခုျဖစ္လာပါတယ္။ လူေတြဟာ ရိုးရွင္းမႈနဲ႔ အျမဲရွင္သန္ရပ္တည္ႏိုင္ေရး အေပၚ စိတ္ဝင္စားလာတယ္ဆိုတာ ျပသေနပါတယ္”

 

(လူမႈကြန္ရက္တြင္ နာမည္ေက်ာ္သူတစ္ဦးက Amazon မွ မွာယူခဲ့ေသာ ေဒၚလာ ၂၆၀၀၀ တန္ အိမ္ငယ္ ကေလး။ ဓာတ္ပံု-TikTok/BoC/Screenshot)

“အိမ္ငယ္ေလးေတြမွာ ပစၥည္းပစၥယနည္းနည္းနဲ႔ ေနထိုင္မႈဟာ မယံုႏိုင္ဖြယ္ လြတ္လပ္မႈ ရွိပါတယ္။ ကိုယ့္ရဲ႕အိမ္ ကို ေကာက္သယ္ျပီး ၾကိဳက္တဲ့ေနရာကို ေရႊ႕သြားမယ္ဆုိတဲ့ စိတ္ကူးက တကယ့္လြတ္လပ္မႈပါပဲ”ဟု သူမက ျဖည့္စြက္ ေျပာၾကားသည္။

ကမၻာေပၚတြင္ အိမ္ငယ္ေလးမ်ားေစ်းကြက္မွာ ကန္ေဒၚလာ ၄ ဒသမ ၈၂ ဘီလီယံအထိ ၾကီးထြားလာေနသည္။

ေစ်းကြက္သုေတသန ကုမၸဏီတစ္ခုျဖစ္ေသာ Technavio မွ ထုတ္ျပန္ခ်က္တစ္ရပ္အရ ၂၀၂၃ ခုႏွစ္မွ ၂၀၂၈ ခုႏွစ္အၾကား အိမ္ငယ္ေလးမ်ားေစ်းကြက္ ႏွစ္စဥ္တိုးတက္ႏႈန္း ၅ ဒသမ ၃၇ ရာခိုင္ႏႈန္း ရွိမည္ဟု ခန္႔မွန္းထား သည္။

အဆိုပါ အိမ္ငယ္ကေလးမ်ား ဝယ္ယူေနထိုင္မႈမွာ အေမရိကန္တြင္ ျမင့္တက္လွ်က္ ရွိေနသည္။

ျပီးခဲ့ေသာ သီတင္းပတ္အတြင္း ေလာ့စ္အိန္ဂ်လိျမဳိ႕တြင္ ေနထိုင္ေသာ အသက္ ၂၃ ႏွစ္အရြယ္ TikTok နာမည္ၾကီးတစ္ဦးက Amazon ထံမွ ဝယ္ယူခဲ့သည့္ ေခါက္သိမ္းႏိုင္ေသာ ေနအိမ္တစ္လံုးကို လူမႈကြန္ရက္တြင္ ခ်ျပခဲ့ရာ အလြန္ေက်ာ္ၾကားပ်ံ႕ႏွံ႔သြားသည္။

“ကၽြန္ေတာ္ Amazon ကေန အိမ္တစ္လံုး ဝယ္လိုက္ပါတယ္။ ဒါကို ဝယ္ဖုိ႔ ၂ ခါ မစဥ္းစားခဲ့ပါဘူး”ဟု ဂ်က္ဖရီ ဘရိုင္းယန္႔ဆိုသူက သူ၏ အိမ္ကို ျပသရင္း ေျပာၾကားသည္။

ဝယ္ယူလိုက္ေသာအိမ္တြင္ ေခါက္နံရံမ်ားႏွင့္ မ်က္ႏွာၾကက္မ်ားရွိျပီး မီးဖိုေဆာင္တြင္ အိပ္ခန္းႏွင့္ ဧည့္ခန္းတို႔ ပါဝင္ကာ အိမ္အက်ယ္မွာ ၁၆ ဒသမ ၅ ေပ×ေပ ၂၀ ျဖစ္သည္။

အခြန္ေဆာင္ျပီးခ်ိန္တြင္ ေနအိမ္တန္ေၾကးမွာ ကန္ေဒၚလာ ၂၆၀၀၀ ဝန္းက်င္ရွိသည္။

ေနအိမ္အတြင္း Built-in အိမ္သာႏွင့္ ေရပန္းတို႔လည္း ပါဝင္သည္။

၎အေနျဖင့္ ေရမီးလိုင္းမ်ား ထပ္မံသြယ္တန္းရန္ လိုအပ္မည္ျဖစ္ျပီး အိမ္အတြက္ ကုန္က်စရိတ္ ထပ္မံ ျမင့္တက္လာဦးမည္ ျဖစ္သည္။

 

(လူမႈကြန္ရက္ နာမည္ၾကီးတစ္ဦးက Amazon မွ ဝယ္ယူခဲ့ေသာ အိမ္ကို ျပသေနပံု။ ဓာတ္ပံု-TikTok/ Unspeakable Fans/screenshot)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

  Ref: Americans turn to tiny, portable homes to combat unaffordable prices, mortgage rates: My 'dream shed’ (foxbusiness)

Photo Credit: (TikTok/BoC/Screenshot)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service