ရုပ်ချောသော အမျိုးသားများသည် အမျိုးသမီးများနှင့် ယှဉ်လျှင် ပိုမိုကောင်းမွန်သောအလုပ် ၊ ပိုမိုကောင်းမွန်သော ဝင်ငွေရလေ့ရှိကြောင်း အော့စလိုတက္ကသိုလ်မှ ပြုလုပ်ခဲ့သော သုတေသနတစ်ရပ်တွင် တွေ့ရှိ

ရုပ်ချောသော အမျိုးသားများသည် အမျိုးသမီးများနှင့် ယှဉ်လျှင် ပိုမိုကောင်းမွန်သောအလုပ် ၊ ပိုမိုကောင်းမွန်သော ဝင်ငွေရလေ့ရှိကြောင်း အော့စလိုတက္ကသိုလ်မှ ပြုလုပ်ခဲ့သော သုတေသနတစ်ရပ်တွင် တွေ့ရှိ - Property Knowledge in Myanmar from iMyanmarHouse.com
8 Feb 2024 3:01 pm တွင် တင်ခဲ့သည်
876 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

အမျိုးသမီးများသည် လုပ်ငန်းနယ်ပယ်တွင် တိုးတက်မှုရစေရန် ၎င်းတို့၏ ရုပ်ရည်ကို အသုံးပြုကြသည်ဟူသော စကားမှာ ယခုသုတေသနသစ်တွင် တွေ့ရှိချက်အရ ဇောက်ထိုးမိုးမျှော် ဖြစ်သွားခဲ့သည်။

ယခုတွေ့ရှိချက်အရ မိမိတို့၏ ရုပ်ရည်ကြောင့် အလုပ်အကိုင် နယ်ပယ်တွင် ပိုမိုကြီးမားသော အကျိုးကျေးဇူးများ အမှန်တကယ်ရနေသည်မှာ အမျိုးသားများဖြစ်ကြောင်း တွေ့ရှိလာရသည်။

ယခုလေ့လာချက်မှာ အသက် ၂၀ အထက် အမေရိကန်နိုင်ငံသား ၁၁၀၀၀ ကျော်ကို လေ့လာခဲ့ခြင်း ဖြစ်သည်။

လေ့လာတွေ့ရှိချက်အရ ရုပ်ရည်ချောမောသော အမျိုးသားများသည် အလားတူ စွဲဆောင်မှုရှိကာ လှပသော အမျိုးသမီးများထက် ပိုမိုကောင်းမွန်သော အလုပ်အကိုင်များ ရရှိကာ ဝင်ငွေ ပိုမိုကောင်းမွန်ကြလေ့ရှိကြောင်း တွေ့ရှိခဲ့သည်။

၁၉၉၃ ခုနှစ်တွင် အော့စလိုတက္ကသိုလ်နှင့် ပိုလန်သိပ္ပံအကယ်ဒမီမှ လူမှုဗေဒ ပညာရှင် ၂ ဦးသည် အသက် ၁၂ နှစ်မှ ၁၈ နှစ်အကြားရှိ အမေရိကန်လူငယ်များကို စတင် စုစည်းလေ့လာခဲ့သည်။

အဆိုပါ လေ့လာမှုကို ပြုလုပ်ခဲ့သော လူမှုဗေဒပညာရှင် ၂ ဦးမှာ အလက်ဇီ ဂူးဂုရှ်ဗီလီ (Alexi Gugushvili) နှင့် ရှက်ဂေါ့ ဘူးချက်ခ် (Grzegorz Bulczak) တို့ ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် အဆိုပါလူငယ်တို့၏ အသက်အရွယ်၊ လူမျိုး၊ ပညာရေး၊ ဝင်ငွေ အစရှိသည့် demographic အချက်အလက်များ၊ လူမှုစီးပွားအဆင့်အတန်းအစရှိသည်တို့ကို မှတ်သားထားခဲ့ကြသည်။

ယင်းနောက် ထိုသို့ ရွေးချယ်ထားသော လူငယ်များ၏ ရုပ်ရည်စွဲဆောင်မှုရှိပုံကို အဆင့် ၄ ဆင့် ပိုင်းခြားကာ အခြားသူတို့အား လိုက်လံမေးမြန်းမှတ်တမ်းတင်ထားခဲ့သည်။

အလွန်စွဲဆောင်မှုရှိသောအဆင့်၊ စွဲဆောင်မှုရှိသောအဆင့်၊ စွဲဆောင်မှုမရှိသောအဆင့်နှင့် အလွန်စွဲဆောင်မှု မရှိသောအဆင့်ဟူ၍ ၄ မျိုးခွဲခြားကာ မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ဂူးဂုရှ်ဗီလီနှင့် ဘူးချက်ခ်တို့က ပြောသည်မှာ ဆယ်ကျော်သက်အရွယ်ကတည်းက ရုပ်ရှည်စွဲဆောင်မှုရှိခြင်းကို စတင်ခြေရာခံထားခြင်းမှာ လူတို့သည် အရွယ်ရောက်လာလျှင် ပလတ်စတစ် ဆာဂျရီနည်းများအပါအဝင် နည်းအမျိုးမျိုးဖြင့် ရုပ်ရည်ပြောင်းလဲမှုများ ပြုလုပ်တတ်ကြခြင်းကြောင့်ဖြစ်ရာ အချက်အလက်များ အမှန်တကယ် မှန်ကန်ကြောင်း သက်သေပြနိုင်ရန် ဆယ်ကျော်သက်အရွယ်ကတည်းက ခြေရာခံထားခြင်း ဖြစ်ကြောင်း ပြောသည်။

နောင် ဆယ်စုနှစ် ၂ ခုကြာသောအခါ အဆိုပါ လူငယ်တို့မှာ အသက် ၃၀ ကျော် အရွယ်များ ရှိနေကြပြီ ဖြစ်သည်။

ထိုအချိန်တွင် ဂူးဂုရှ်ဗီလီတို့ ၂ ဦးက ထိုသူတို့၏ ဆယ်ကျော်သက်အရွယ်က ရုပ်ရည်ချောမောမှု အဆင့်အတန်း နှင့် လက်ရှိ အလုပ်အကိုင်အဆင့်အတန်းကို နှိုင်းယှဉ်အကဲဖြတ်ခဲ့ကြသည်။

အဆိုပါလေ့လာချက်အရ ဆယ်ကျော်သက်အရွယ်တွင် “အလွန်စွဲဆောင်မှုရှိသောအဆင့်”၌ အများရွေးချယ် ခြင်းခံခဲ့ရသော အမျိုးသားတို့သည် လုပ်ငန်းနယ်ပယ်သို့ဝင်ချိန်တွင် ရာထူးတိုးတက်မှု အမြန်ဆုံးနှင့် ဝင်ငွေ အများဆုံးသူများဖြစ်လာကြကြောင်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ရုပ်ရည်ချောမောသော အမျိုးသားတို့သည် ဝင်ငွေနည်းပါးသော မိသားစု (သို့မဟုတ်) အန္တရာယ်များသော ပတ်ဝန်းကျင်တွင် ကြီးပြင်းခဲ့စေကာမူ ဘဝအောင်မြင်မှုများ ရရှိကြသည်။

ရုပ်ရည်လှပသော မိန်းကလေးများသည်လည်း ရုပ်ရည်မလှပသော မိန်းကလေးများထက် လုပ်ငန်းနယ်ပယ်တွင် အနည်းငယ် အခွင့်အလမ်း ပိုသာကြသည်။

သို့သော် အမျိုးသားများနှင့် နှိုင်းယှဉ်လျှင် အမျိုးသားများမှာ ရုပ်ရည်ချောမောမှုကြောင့် အကျိုးကျေးဇူး အကြီးမားဆုံး ရရှိကြကြောင်း အဆိုပါ လေ့လာချက်တွင် တွေ့ရှိခဲ့သည်။

“ရုပ်ရည်စွဲဆောင်မှု ရှိခြင်းဟာ အမျိုးသားတွေအတွက် လုပ်ငန်းအောင်မြင်မှုမှာ ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ရာထူးတက်တာ (ဒါမှမဟုတ်) ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်တွေ ရတာမျိုး ဖြစ်ပါတယ်”ဟု ဂူးဂုရှ်ဗီလီက ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Men benefit more from their looks at work than women do, new research shows (cnbc)

Photo Credit: Getty Images

 

 

 

 

[Zawgyi]

ရုပ္ေခ်ာေသာ အမ်ဳိးသားမ်ားသည္ အမ်ဳိးသမီးမ်ားႏွင့္ ယွဥ္လွ်င္ ပိုမိုေကာင္းမြန္ေသာအလုပ္ ၊ ပိုမိုေကာင္းမြန္ ေသာ ဝင္ေငြရေလ့ရွိေၾကာင္း ေအာ့စလိုတကၠသိုလ္မွ ျပဳလုပ္ခဲ့ေသာ သုေတသနတစ္ရပ္တြင္ ေတြ႔ရွိ

 

အမ်ဳိးသမီးမ်ားသည္ လုပ္ငန္းနယ္ပယ္တြင္ တိုးတက္မႈရေစရန္ ၎တို႔၏ ရုပ္ရည္ကို အသံုးျပဳၾကသည္ဟူေသာ စကားမွာ ယခုသုေတသနသစ္တြင္ ေတြ႔ရွိခ်က္အရ ေဇာက္ထုိးမိုးေမွ်ာ္ ျဖစ္သြားခဲ့သည္။

ယခုေတြ႔ရွိခ်က္အရ မိမိတို႔၏ ရုပ္ရည္ေၾကာင့္ အလုပ္အကိုင္ နယ္ပယ္တြင္ ပိုမိုၾကီးမားေသာ အက်ဳိးေက်းဇူးမ်ား အမွန္တကယ္ရေနသည္မွာ အမ်ိဳးသားမ်ားျဖစ္ေၾကာင္း ေတြ႔ရွိလာရသည္။

ယခုေလ့လာခ်က္မွာ အသက္ ၂၀ အထက္ အေမရိကန္ႏိုင္ငံသား ၁၁၀၀၀ ေက်ာ္ကို ေလ့လာခဲ့ျခင္း ျဖစ္သည္။

ေလ့လာေတြ႔ရွိခ်က္အရ ရုပ္ရည္ေခ်ာေမာေသာ အမ်ဳိးသားမ်ားသည္ အလားတူ စြဲေဆာင္မႈရွိကာ လွပေသာ အမ်ဳိးသမီးမ်ားထက္ ပိုမိုေကာင္းမြန္ေသာ အလုပ္အကိုင္မ်ား ရရွိကာ ဝင္ေငြ ပိုမိုေကာင္းမြန္ၾကေလ့ရွိေၾကာင္း ေတြ႔ရွိခဲ့သည္။

၁၉၉၃ ခုႏွစ္တြင္ ေအာ့စလိုတကၠသိုလ္ႏွင့္ ပိုလန္သိပၸံအကယ္ဒမီမွ လူမႈေဗဒ ပညာရွင္ ၂ ဦးသည္ အသက္ ၁၂ ႏွစ္မွ ၁၈ ႏွစ္အၾကားရွိ အေမရိကန္လူငယ္မ်ားကို စတင္ စုစည္းေလ့လာခဲ့သည္။

အဆိုပါ ေလ့လာမႈကို ျပဳလုပ္ခဲ့ေသာ လူမႈေဗဒပညာရွင္ ၂ ဦးမွာ အလက္ဇီ ဂူးဂုရွ္ဗီလီ (Alexi Gugushvili) ႏွင့္ ရွက္ေဂါ့ ဘူးခ်က္ခ္ (Grzegorz Bulczak) တို႔ ျဖစ္သည္။

၎တို႔ႏွစ္ဦးသည္ အဆိုပါလူငယ္တို႔၏ အသက္အရြယ္၊ လူမ်ဳိး၊ ပညာေရး၊ ဝင္ေငြ အစရွိသည့္ demographic အခ်က္အလက္မ်ား၊ လူမႈစီးပြားအဆင့္အတန္းအစရွိသည္တို႔ကို မွတ္သားထားခဲ့ၾကသည္။

ယင္းေနာက္ ထိုသို႔ ေရြးခ်ယ္ထားေသာ လူငယ္မ်ား၏ ရုပ္ရည္စြဲေဆာင္မႈရွိပံုကို အဆင့္ ၄ ဆင့္ ပိုင္းျခားကာ အျခားသူတို႔အား လိုက္လံေမးျမန္းမွတ္တမ္းတင္ထားခဲ့သည္။

အလြန္စြဲေဆာင္မႈရွိေသာအဆင့္၊ စြဲေဆာင္မႈရွိေသာအဆင့္၊ စြဲေဆာင္မႈမရွိေသာအဆင့္ႏွင့္ အလြန္စြဲေဆာင္မႈ မရွိေသာအဆင့္ဟူ၍ ၄ မ်ဳိးခြဲျခားကာ ေမးျမန္းခဲ့ျခင္း ျဖစ္သည္။

ဂူးဂုရွ္ဗီလီႏွင့္ ဘူးခ်က္ခ္တို႔က ေျပာသည္မွာ ဆယ္ေက်ာ္သက္အရြယ္ကတည္းက ရုပ္ရွည္စြဲေဆာင္မႈရွိျခင္းကို စတင္ေျခရာခံထားျခင္းမွာ လူတို႔သည္ အရြယ္ေရာက္လာလွ်င္ ပလတ္စတစ္ ဆာဂ်ရီနည္းမ်ားအပါအဝင္ နည္းအမ်ဳိးမ်ဳိးျဖင့္ ရုပ္ရည္ေျပာင္းလဲမႈမ်ား ျပဳလုပ္တတ္ၾကျခင္းေၾကာင့္ျဖစ္ရာ အခ်က္အလက္မ်ား အမွန္တကယ္ မွန္ကန္ေၾကာင္း သက္ေသျပႏိုင္ရန္ ဆယ္ေက်ာ္သက္အရြယ္ကတည္းက ေျခရာခံထားျခင္း ျဖစ္ေၾကာင္း ေျပာသည္။

ေနာင္ ဆယ္စုႏွစ္ ၂ ခုၾကာေသာအခါ အဆိုပါ လူငယ္တို႔မွာ အသက္ ၃၀ ေက်ာ္ အရြယ္မ်ား ရွိေနၾကျပီ ျဖစ္သည္။

ထိုအခ်ိန္တြင္ ဂူးဂုရွ္ဗီလီတို႔ ၂ ဦးက ထိုသူတုိ႔၏ ဆယ္ေက်ာ္သက္အရြယ္က ရုပ္ရည္ေခ်ာေမာမႈ အဆင့္အတန္း ႏွင့္ လက္ရွိ အလုပ္အကိုင္အဆင့္အတန္းကို ႏႈိင္းယွဥ္အကဲျဖတ္ခဲ့ၾကသည္။

အဆိုပါေလ့လာခ်က္အရ ဆယ္ေက်ာ္သက္အရြယ္တြင္ “အလြန္စြဲေဆာင္မႈရွိေသာအဆင့္”၌ အမ်ားေရြးခ်ယ္ ျခင္းခံခဲ့ရေသာ အမ်ဳိးသားတို႔သည္ လုပ္ငန္းနယ္ပယ္သို႔ဝင္ခ်ိန္တြင္ ရာထူးတိုးတက္မႈ အျမန္ဆံုးႏွင့္ ဝင္ေငြ အမ်ားဆံုးသူမ်ားျဖစ္လာၾကေၾကာင္း ေတြ႔ရွိခဲ့သည္ဟု ဆိုသည္။

ရုပ္ရည္ေခ်ာေမာေသာ အမ်ဳိးသားတို႔သည္ ဝင္ေငြနည္းပါးေသာ မိသားစု (သို႔မဟုတ္) အႏၱရာယ္မ်ားေသာ ပတ္ဝန္းက်င္တြင္ ၾကီးျပင္းခဲ့ေစကာမူ ဘဝေအာင္ျမင္မႈမ်ား ရရွိၾကသည္။

ရုပ္ရည္လွပေသာ မိန္းကေလးမ်ားသည္လည္း ရုပ္ရည္မလွပေသာ မိန္းကေလးမ်ားထက္ လုပ္ငန္းနယ္ပယ္တြင္ အနည္းငယ္ အခြင့္အလမ္း ပိုသာၾကသည္။

သု႔ိေသာ္ အမ်ိဳးသားမ်ားႏွင့္ ႏိႈင္းယွဥ္လွ်င္ အမ်ိဳးသားမ်ားမွာ ရုပ္ရည္ေခ်ာေမာမႈေၾကာင့္ အက်ိဳးေက်းဇူး အၾကီးမားဆံုး ရရွိၾကေၾကာင္း အဆိုပါ ေလ့လာခ်က္တြင္ ေတြ႔ရွိခဲ့သည္။

“ရုပ္ရည္စြဲေဆာင္မႈ ရွိျခင္းဟာ အမ်ဳိးသားေတြအတြက္ လုပ္ငန္းေအာင္ျမင္မႈမွာ ၾကီးမားတဲ့ အခန္းက႑ကေန ပါဝင္ေနပါတယ္။ ရာထူးတက္တာ (ဒါမွမဟုတ္) ပိုမိုေကာင္းမြန္တဲ့ အလုပ္အကိုင္ေတြ ရတာမ်ိဳး ျဖစ္ပါတယ္”ဟု ဂူးဂုရွ္ဗီလီက ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Ref: Men benefit more from their looks at work than women do, new research shows (cnbc)

Photo Credit: Getty Images

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
အသီးအရွက်လေးတွေ ကြာရှည်ခံအောင်သိမ်းနည်း
အသီးအရွက်လေးတွေ ကြာရှည်ခံအောင်သိမ်းနည်း
သိမှတ်စရာ အိမ်ခြံမြေဥပဒေရေးရာ
သိမှတ်စရာ အိမ်ခြံမြေဥပဒေရေးရာ
ခြောက်ခြားဖွယ် လျို့ဝှက်အခန်းပေါင်းများစွာနဲ့ Winchester စံအိမ်
ခြောက်ခြားဖွယ် လျို့ဝှက်အခန်းပေါင်းများစွာနဲ့ Winchester စံအိမ်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ERC Luxury Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service