အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်၊ Newark မြို့အုပ်ချုပ်ရေးအဖွဲ့က ပထမဆုံးအကြိမ်အဖြစ် နေအိမ်များကို ၁ ဒေါ်လာဖြင့် မဲဖောက်ရောင်းချပေးမည်ဟုဆို

အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်၊ Newark မြို့အုပ်ချုပ်ရေးအဖွဲ့က ပထမဆုံးအကြိမ်အဖြစ် နေအိမ်များကို ၁ ဒေါ်လာဖြင့် မဲဖောက်ရောင်းချပေးမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
6 Feb 2024 2:05 pm တွင် တင်ခဲ့သည်
611 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်၊ Newark မြို့တွင် နေအိမ်များကို ၁ ဒေါ်လာမျှဖြင့် ဝယ်ယူလိုသူ တို့အား မြို့အုပ်ချုပ်ရေးကောင်စီက အိမ်ခြံမြေထီအဖြစ် ပထမဆုံးအကြိမ် မဲဖောက်ရောင်းချပေးရန် စီစဉ်လျက် ရှိကြောင်း Fox Business သတင်းတစ်ရပ်တွင် ဖော်ပြသည်။

Newark မြို့တော်ခန်းမတွင် ကျင်းပခဲ့သော “Newark မြို့ အိမ်ပိုင်ဆိုင်မှု ပြန်လည်ရှင်သန်ရေး အစီအစဉ် (NHRP)” သို့ အိမ်ဝယ်လိုသော မြို့သူမြို့သားများ တက်ရောက်ခဲ့ကြကြောင်း Newark မြို့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

“NHRP ဟာ Newark မှာ ကာလကြာရှည်နေထိုင်နေတဲ့ ဒေသခံတွေကို သူတို့ တတ်နိုင်တဲ့ငွေ ပမာဏနဲ့ အိမ်ပိုင်ရှင်တွေဖြစ်လာအောင် ကူညီပေးမယ့် နည်းလမ်းသစ်တစ်ခု ဖြစ်ပါတယ်”ဟု အဆိုပါ အစီအစဉ်ကို ပြီးခဲ့သော ၂၀၂၃ ခုနှစ်၊ မေလတွင် စတင်ကြေညာခဲ့ချိန်က မြို့တော်ဝန် Ras J. Baraka က သတင်း ထုတ်ပြန်ချက်တစ်ရပ်တွင် ထည့်သွင်းပြောကြားခဲ့ဖူးသည်။

အဆိုပါ ထီအစီအစဉ်သို့ ဝင်ရောက်ကံစမ်းရန်အတွက် စည်းကမ်းချက်များ ရှိသည်။

“Newark မြို့တွင် ၅ နှစ်ဆက်တိုက် နေထိုင်သူ (သို့မဟုတ်) မကြာသေးမီက အိုးအိမ်မဲ့ ဖြစ်ခဲ့သူ ဖြစ်ရမည်”ဟု NHRP ၏ FAQ ကဏ္ဍတွင် ဖော်ပြသည်။

“အိုးအိမ်မဲ့ ဖြစ်ခဲ့သူတို့သည် လျှောက်ထားချိန်တွင် Newark မြို့၌ လွန်ခဲ့သော ၁၀ နှစ်တာ ကာလအတွင်း အနည်းဆုံး ၅ နှစ်ဆက်တိုက် နေထိုင်ခဲ့သူ ဖြစ်ရမည်။”

နေအိမ်များကို တစ်ဒေါ်လာဖြင့် ဝယ်ယူပိုင်ဆိုင်မည့်သူများသည် အဆိုပါအိမ်တွင် အနည်းဆုံး ၁၀ နှစ် နေထိုင် မည်ဟု ကတိပြုရမည်ဟု ဆိုသည်။ အကယ်၍ ၁၀ နှစ်မပြည့်မီ ပြန်လည်ရောင်းချပါက မြို့ကောင်စီက အဆိုပါအိမ်ကို ပြန်လည်သိမ်းယူမည် ဖြစ်သည်။

ထီအစီအစဉ်တွင် လျှောက်ထားမည့်သူသည် လက်ရှိအားဖြင့် နေအိမ်ပိုင်ဆိုင်ထားသူ မဖြစ်စေရဟုလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ လျှောက်ထားသူတို့သည် Neighborhood Assistance Corporation of America (NACA) တွင် စာရင်းပေးသွင်းရမည် ဖြစ်သည်။

NACA သည် အိမ်ပိုင်ဆိုင်မှုမှတဆင့် စီးပွားရေးမျှတမှုရှိစေရန် ကြိုးစားပေးနေသော အကျိုးအမြတ်အတွက် မဟုတ်သည့် အဖွဲ့အစည်းဖြစ်ကြောင်း ၎င်း၏ Linkedin Profile တွင် ဖော်ပြသည်။

(Newark မြို့တော်ခန်းမတွင် ပထမဆုံး အိမ်ခြံမြေထီကို ဖွင့်လှစ်ခဲ့ပြီး နေအိမ်များကို ၁ ဒေါ်လာဖြင့် ရောင်းချပေးခဲ့သည်။ ဓာတ်ပုံ-iStock)

အိမ်အရေအတွက်မှာ အကန့်အသတ်သာ ရှိသော်လည်း မြို့အာဏာပိုင်တို့က ယခုအစီအစဉ် ဆက်လက် ဖော်ဆောင်နေသည်နှင့်အမျှ နေအိမ်များနှင့် မြေနေရာများ ဆက်လက်ရရှိရန် မျှော်မှန်းထားသည်။

မြေနေရာများကို မိသားစု ၁ စု ၊ ၂ စု ၊ ၃ စု ၊ ၄ စုနေထိုင်နိုင်သောအိမ်များ ဆောက်လုပ်ရန် အသုံးပြုသွားမည် ဟု ဆိုသည်။

(လက်ရှိ အိမ်ပိုင်ဆိုင်ထားသူများအနေဖြင့် ယခုအစီအစဉ်တွင် ပါဝင်ခွင့် မရှိချေ။ ဓာတ်ပုံ-iStock)

နေအိမ်မွမ်းမံမှု ကုန်ကျစရိတ်ကို ဝယ်ယူသူတို့က ကျခံရမည် ဖြစ်သော်လည်း အတိုးနှုန်းနည်းပါးစွာဖြင့် အိမ်ခြံမြေချေးငွေ ထုတ်ချေးပေးမည်လည်း ဖြစ်သည်။

Newark မြို့တွင် အိမ်ပိုင်ဆိုင်သူ ၂၅ ရာခိုင်နှုန်းသာ ရှိသည်။ Zillow ဝက်ဘ်ဆိုက်၏ အချက်အလက်များအရ Newark မြို့တွင် နေအိမ်တစ်လုံး၏ ပျမ်းမျှဈေးနှုန်းမှာ ကန်ဒေါ်လာ ၄၂၈၉၈၅ ဖြစ်ကြောင်း ဖော်ပြသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: New Jersey city holds first housing lottery with homes selling for $1 (foxbusiness) Photo Credit: iStock

[Zawgyi] အေမရိကန္ျပည္ေထာင္စု၊ နယူးဂ်ာစီျပည္နယ္၊ Newark ျမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႔က ပထမဆံုးအၾကိမ္အျဖစ္ ေနအိမ္မ်ားကို ၁ ေဒၚလာျဖင့္ မဲေဖာက္ေရာင္းခ်ေပးမည္ဟုဆို

အေမရိကန္ျပည္ေထာင္စု၊ နယူးဂ်ာစီျပည္နယ္၊ Newark ျမိဳ႕တြင္ ေနအိမ္မ်ားကို ၁ ေဒၚလာမွ်ျဖင့္ ဝယ္ယူလိုသူ တို႔အား ျမိဳ႕အုပ္ခ်ဳပ္ေရးေကာင္စီက အိမ္ျခံေျမထီအျဖစ္ ပထမဆံုးအၾကိမ္ မဲေဖာက္ေရာင္းခ်ေပးရန္ စီစဥ္လ်က္ ရွိေၾကာင္း Fox Business သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

Newark ျမိဳ႕ေတာ္ခန္းမတြင္ က်င္းပခဲ့ေသာ “Newark ျမိဳ႕ အိမ္ပိုင္ဆိုင္မႈ ျပန္လည္ရွင္သန္ေရး အစီအစဥ္ (NHRP)” သုိ႔ အိမ္ဝယ္လိုေသာ ျမိဳ႕သူျမိဳ႕သားမ်ား တက္ေရာက္ခဲ့ၾကေၾကာင္း Newark ျမိဳ႕၏ ဝက္ဘ္ဆိုက္တြင္ ေဖာ္ျပသည္။

“NHRP ဟာ Newark မွာ ကာလၾကာရွည္ေနထိုင္ေနတဲ့ ေဒသခံေတြကို သူတို႔ တတ္ႏိုင္တဲ့ေငြ ပမာဏနဲ႔ အိမ္ပိုင္ရွင္ေတြျဖစ္လာေအာင္ ကူညီေပးမယ့္ နည္းလမ္းသစ္တစ္ခု ျဖစ္ပါတယ္”ဟု အဆိုပါ အစီအစဥ္ကို ျပီးခဲ့ေသာ ၂၀၂၃ ခုႏွစ္၊ ေမလတြင္ စတင္ေၾကညာခဲ့ခ်ိန္က ျမိဳ႕ေတာ္ဝန္ Ras J. Baraka က သတင္း ထုတ္ျပန္ခ်က္တစ္ရပ္တြင္ ထည့္သြင္းေျပာၾကားခဲ့ဖူးသည္။

အဆိုပါ ထီအစီအစဥ္သို႔ ဝင္ေရာက္ကံစမ္းရန္အတြက္ စည္းကမ္းခ်က္မ်ား ရွိသည္။

“Newark ျမဳိ႕တြင္ ၅ ႏွစ္ဆက္တိုက္ ေနထိုင္သူ (သို႔မဟုတ္) မၾကာေသးမီက အိုးအိမ္မဲ့ ျဖစ္ခဲ့သူ ျဖစ္ရမည္”ဟု NHRP ၏ FAQ က႑တြင္ ေဖာ္ျပသည္။

“အိုးအိမ္မဲ့ ျဖစ္ခဲ့သူတို႔သည္ ေလွ်ာက္ထားခ်ိန္တြင္ Newark ျမဳိ႕၌ လြန္ခဲ့ေသာ ၁၀ ႏွစ္တာ ကာလအတြင္း အနည္းဆံုး ၅ ႏွစ္ဆက္တုိက္ ေနထုိင္ခဲ့သူ ျဖစ္ရမည္။”

ေနအိမ္မ်ားကို တစ္ေဒၚလာျဖင့္ ဝယ္ယူပိုင္ဆိုင္မည့္သူမ်ားသည္ အဆုိပါအိမ္တြင္ အနည္းဆံုး ၁၀ ႏွစ္ ေနထိုင္ မည္ဟု ကတိျပဳရမည္ဟု ဆိုသည္။ အကယ္၍ ၁၀ ႏွစ္မျပည့္မီ ျပန္လည္ေရာင္းခ်ပါက ျမဳိ႕ေကာင္စီက အဆုိပါအိမ္ကို ျပန္လည္သိမ္းယူမည္ ျဖစ္သည္။

ထီအစီအစဥ္တြင္ ေလွ်ာက္ထားမည့္သူသည္ လက္ရွိအားျဖင့္ ေနအိမ္ပိုင္ဆိုင္ထားသူ မျဖစ္ေစရဟုလည္း သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။ ေလွ်ာက္ထားသူတို႔သည္ Neighborhood Assistance Corporation of America (NACA) တြင္ စာရင္းေပးသြင္းရမည္ ျဖစ္သည္။

NACA သည္ အိမ္ပိုင္ဆုိင္မႈမွတဆင့္ စီးပြားေရးမွ်တမႈရွိေစရန္ ၾကိဳးစားေပးေနေသာ အက်ဳိးအျမတ္အတြက္ မဟုတ္သည့္ အဖြဲ႔အစည္းျဖစ္ေၾကာင္း ၎၏ Linkedin Profile တြင္ ေဖာ္ျပသည္။

(Newark ျမဳိ႕ေတာ္ခန္းမတြင္ ပထမဆံုး အိမ္ျခံေျမထီကို ဖြင့္လွစ္ခဲ့ျပီး ေနအိမ္မ်ားကို ၁ ေဒၚလာျဖင့္ ေရာင္းခ်ေပးခဲ့သည္။ ဓာတ္ပံု-iStock)

အိမ္အေရအတြက္မွာ အကန္႔အသတ္သာ ရွိေသာ္လည္း ျမဳိ႕အာဏာပိုင္တုိ႔က ယခုအစီအစဥ္ ဆက္လက္ ေဖာ္ေဆာင္ေနသည္ႏွင့္အမွ် ေနအိမ္မ်ားႏွင့္ ေျမေနရာမ်ား ဆက္လက္ရရွိရန္ ေမွ်ာ္မွန္းထားသည္။

ေျမေနရာမ်ားကို မိသားစု ၁ စု ၊ ၂ စု ၊ ၃ စု ၊ ၄ စုေနထိုင္ႏိုင္ေသာအိမ္မ်ား ေဆာက္လုပ္ရန္ အသံုးျပဳသြားမည္ ဟု ဆိုသည္။

(လက္ရွိ အိမ္ပိုင္ဆိုင္ထားသူမ်ားအေနျဖင့္ ယခုအစီအစဥ္တြင္ ပါဝင္ခြင့္ မရွိေခ်။ ဓာတ္ပံု-iStock)

ေနအိမ္မြမ္းမံမႈ ကုန္က်စရိတ္ကုိ ဝယ္ယူသူတို႔က က်ခံရမည္ ျဖစ္ေသာ္လည္း အတုိးႏႈန္းနည္းပါးစြာျဖင့္ အိမ္ျခံေျမေခ်းေငြ ထုတ္ေခ်းေပးမည္လည္း ျဖစ္သည္။

(Newark ျမဳိ႕တြင္ အိမ္ပိုင္ဆိုင္သူ ၂၅ ရာခိုင္ႏႈန္းသာ ရွိသည္။ ဓာတ္ပံု-iStock)

Zillow ဝက္ဘ္ဆိုက္၏ အခ်က္အလက္မ်ားအရ Newark ျမဳိ႕တြင္ ေနအိမ္တစ္လံုး၏ ပ်မ္းမွ်ေစ်းႏႈန္းမွာ ကန္ေဒၚလာ ၄၂၈၉၈၅ ျဖစ္ေၾကာင္း ေဖာ္ျပသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: New Jersey city holds first housing lottery with homes selling for $1 (foxbusiness) Photo Credit: iStock

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

နှစ်ပေါင်း ၅၀၀ နီးပါး ပျောက်ဆုံးနေသော သင်္ဘောကြီးတစ်စင်းကို အာဖရိကရှိ သဲကန္တာရတစ်ခုထဲတွင် ရွှေဒင်္ဂါးများအပြည့်ဖြင့် ပြန်လည်တွေ့ရှိမှု...
နှစ်ပေါင်း ၅၀၀ နီးပါး ပျောက်ဆုံးနေသော သင်္ဘောကြီးတစ်စင်းကို အာဖရိကရှိ သဲကန္တာရတစ်ခုထဲတွင် ရွှေဒင်္ဂါးများအပြည့်ဖြင့် ပြန်လည်တွေ့ရှိမှု...
စီရော်နယ်ဒို ပေါ်တူဂီတွင် ကြီးမားလှသော စံအိမ်ကြီး ဆောက်လုပ်နေမှု အခြေအနေ၊ တစ်နိုင်ငံလုံးတွင် တန်ကြေးအကြီးဆုံး စံအိမ်ကြီး ဖြစ်လာဖွယ်ရှိ...
စီရော်နယ်ဒို ပေါ်တူဂီတွင် ကြီးမားလှသော စံအိမ်ကြီး ဆောက်လုပ်နေမှု အခြေအနေ၊ တစ်နိုင်ငံလုံးတွင် တန်ကြေးအကြီးဆုံး စံအိမ်ကြီး ဖြစ်လာဖွယ်ရှိ...
မိုနာလီဆာ၏ မိသားစု တချိန်က ပိုင်ဆိုင်ခဲ့ဖူးသော အီတလီမှ စံအိမ် ကန်ဒေါ်လာ ၁၉ ဒသမ ၆၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
မိုနာလီဆာ၏ မိသားစု တချိန်က ပိုင်ဆိုင်ခဲ့ဖူးသော အီတလီမှ စံအိမ် ကန်ဒေါ်လာ ၁၉ ဒသမ ၆၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာ့အံ့ဖွယ် ၇ ပါးရှိရာ နေရာများသို့ ၆ ရက်အတွင်း လည်ပတ်ခဲ့သည့် အီဂျစ်နိုင်ငံသား ဂင်းနက်စ် စံချိန်တင်...
ကမ္ဘာ့အံ့ဖွယ် ၇ ပါးရှိရာ နေရာများသို့ ၆ ရက်အတွင်း လည်ပတ်ခဲ့သည့် အီဂျစ်နိုင်ငံသား ဂင်းနက်စ် စံချိန်တင်...
ဗီယက်နမ်တွင် အိမ်အတွက် အစစအရာရာ ဦးဆောင်ကြိုးစားပေးခဲ့သော သားကြီးကို အမွေတစ်ပြားတစ်ချပ်မှ မပေးခဲ့ဘဲ အငယ်ဆုံးသားကို အမွေအားလုံး ပေးခဲ့သည့်ဖြစ်ရပ်...
ဗီယက်နမ်တွင် အိမ်အတွက် အစစအရာရာ ဦးဆောင်ကြိုးစားပေးခဲ့သော သားကြီးကို အမွေတစ်ပြားတစ်ချပ်မှ မပေးခဲ့ဘဲ အငယ်ဆုံးသားကို အမွေအားလုံး ပေးခဲ့သည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် ရိုးသားသော အမျိုးသမီးကြီးတစ်ဦးက ၎င်းထံ မှားယွင်းငွေလွှဲပို့လိုက်သော ယွမ်ငွေ ၂ ဒသမ ၂၆ သန်း (ကန်ဒေါ်လာ ၃၁၀,၀၀၀) ကို ပိုင်ရှင်ထံ ပြန်ပို့ပေးခဲ့မှု တရုတ်လူမှုကွန်ရက်တွင် အလွန်ဂယက်ရိုက်...
တရုတ်ပြည်တွင် ရိုးသားသော အမျိုးသမီးကြီးတစ်ဦးက ၎င်းထံ မှားယွင်းငွေလွှဲပို့လိုက်သော ယွမ်ငွေ ၂ ဒသမ ၂၆ သန်း (ကန်ဒေါ်လာ ၃၁၀,၀၀၀) ကို ပိုင်ရှင်ထံ ပြန်ပို့ပေးခဲ့မှု တရုတ်လူမှုကွန်ရက်တွင် အလွန်ဂယက်ရိုက်...
ဒေါ်နယ်ထရမ့်၏ ကွယ်လွန်သွားပြီဖြစ်သော ဇနီး အီဗားနား ထရမ့် နေထိုင်ခဲ့သော နယူးယောက်မှ ရွှေချထား သော စံအိမ်၊ ကွယ်လွန်ချိန် ၂၀၂၂ ကတည်းက အရောင်းဈေးကွက်တင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သောကြောင့် ဒေါ်လာ ၇ သန်း ဈေးလျှော့ပေးလာ...

ဆိုဗီယက်ခေတ် စတာလင်၏ လမ်းညွှန်မှုဖြင့် ဆောက်လုပ်ခဲ့သော ပင်လယ်ထဲမှ မြို့ကြီးမှာ ယခုအခါ စွန့်ပစ်ခံထားရပြီး မကြာမီ ပင်လယ်ရေအောက်သို့ ရောက်ရှိသွားတော့မည့် အလားအလာရှိနေ...
ဆိုဗီယက်ခေတ် စတာလင်၏ လမ်းညွှန်မှုဖြင့် ဆောက်လုပ်ခဲ့သော ပင်လယ်ထဲမှ မြို့ကြီးမှာ ယခုအခါ စွန့်ပစ်ခံထားရပြီး မကြာမီ ပင်လယ်ရေအောက်သို့ ရောက်ရှိသွားတော့မည့် အလားအလာရှိနေ...
အမေရိကန်တွင် ကန်ဒေါ်လာ ၃၁၄ သန်း ထီပေါက်ခဲ့သူက ထီဆုငွေကြောင့် မိမိဘဝ ပျက်စီးခဲ့ရကြောင်း၊ ထီလက်မှတ်ကို စုတ်ဖြဲခဲ့သင့်ကြောင်းထုတ်ဖော် ပြောကြားလာ...
အမေရိကန်တွင် ကန်ဒေါ်လာ ၃၁၄ သန်း ထီပေါက်ခဲ့သူက ထီဆုငွေကြောင့် မိမိဘဝ ပျက်စီးခဲ့ရကြောင်း၊ ထီလက်မှတ်ကို စုတ်ဖြဲခဲ့သင့်ကြောင်းထုတ်ဖော် ပြောကြားလာ...
တရုတ်ပြည် ဟူနန်ပြည်နယ်တွင် အကြီးအကျယ် ရေလွှမ်းမိုးမှု ဖြစ်ပွားရာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အား ရင်စို့ခန့်ရှိသော ရေထဲ၌ ၃ နာရီခန့် ချီမထားခဲ့သော အမျိုးသား ၃ ဦးအား တရုတ်လူမှုကွန်ရက်တ...
တရုတ်ပြည် ဟူနန်ပြည်နယ်တွင် အကြီးအကျယ် ရေလွှမ်းမိုးမှု ဖြစ်ပွားရာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အား ရင်စို့ခန့်ရှိသော ရေထဲ၌ ၃ နာရီခန့် ချီမထားခဲ့သော အမျိုးသား ၃ ဦးအား တရုတ်လူမှုကွန်ရက်တ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗီယက်နမ်တွင် အိမ်အတွက် အစစအရာရာ ဦးဆောင်ကြိုးစားပေးခဲ့သော သားကြီးကို အမွေတစ်ပြားတစ်ချပ်မှ မပေးခဲ့ဘဲ အငယ်ဆုံးသားကို အမွေအာ
ဗီယက်နမ်တွင် အိမ်အတွက် အစစအရာရာ ဦးဆောင်ကြိုးစားပေးခဲ့သော သားကြီးကို အမွေတစ်ပြားတစ်ချပ်မှ မပေးခဲ့ဘဲ အငယ်ဆုံးသားကို အမွေအာ
တရုတ်ပြည်တွင် ရိုးသားသော အမျိုးသမီးကြီးတစ်ဦးက ၎င်းထံ မှားယွင်းငွေလွှဲပို့လိုက်သော ယွမ်ငွေ ၂ ဒသမ ၂၆ သန်း (ကန်ဒေါ်လာ ၃၁၀,၀
တရုတ်ပြည်တွင် ရိုးသားသော အမျိုးသမီးကြီးတစ်ဦးက ၎င်းထံ မှားယွင်းငွေလွှဲပို့လိုက်သော ယွမ်ငွေ ၂ ဒသမ ၂၆ သန်း (ကန်ဒေါ်လာ ၃၁၀,၀
ဘောလိဝုဒ်ထိပ်သီးကြယ်ပွင့် ကာဂျိုးနှင့် အဂျေးဒေ့ဗ်ဂန်တို့စုံတွဲ၏ ရူပီး ကုဋေ ၆၀ တန်ကြေးရှိ သီဝရှက်တီ စံအိမ်ကြီး
ဘောလိဝုဒ်ထိပ်သီးကြယ်ပွင့် ကာဂျိုးနှင့် အဂျေးဒေ့ဗ်ဂန်တို့စုံတွဲ၏ ရူပီး ကုဋေ ၆၀ တန်ကြေးရှိ သီဝရှက်တီ စံအိမ်ကြီး
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့် အမ်ဘာနီ၏ မင်္ဂလာဆောင်သို့ ဧည့်သည်တော်များ ကြိုဆိုခေါ်ဆောင်ပေးရန် လေယာဉ်ပျံပေါင်း အစင်
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့် အမ်ဘာနီ၏ မင်္ဂလာဆောင်သို့ ဧည့်သည်တော်များ ကြိုဆိုခေါ်ဆောင်ပေးရန် လေယာဉ်ပျံပေါင်း အစင်
ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသို့ လည်ပတ်ခဲ့ပြီးဖြစ်သော အမေရိကန်အမျိုးသားက လည်ပတ်ရန် အကောင်းဆုံးနှင့် အဆိုးဆုံးနိုင်ငံ ၂ ခုအ
ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသို့ လည်ပတ်ခဲ့ပြီးဖြစ်သော အမေရိကန်အမျိုးသားက လည်ပတ်ရန် အကောင်းဆုံးနှင့် အဆိုးဆုံးနိုင်ငံ ၂ ခုအ
နာမကျန်းဖြစ်ချိန်တွင် သားသမီးများ လုံးဝမလာသောကြောင့် ကြောင်နှင့် ခွေးများအတွက်သာ ယွမ်ငွေ သန်း ၂၀ (ဒေါ်လာ ၄ ဒသမ ၃ သန်း) အ
နာမကျန်းဖြစ်ချိန်တွင် သားသမီးများ လုံးဝမလာသောကြောင့် ကြောင်နှင့် ခွေးများအတွက်သာ ယွမ်ငွေ သန်း ၂၀ (ဒေါ်လာ ၄ ဒသမ ၃ သန်း) အ
အင်္ဂလန်နိုင်ငံ သိမ်းမြစ်အတွင်းရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ပေါင် ၇၅၀၀၀ မျှဖြင့် ရောင်းမည်၊ ကိုယ်ပိုင်ကျွန်း တစ်ခု
အင်္ဂလန်နိုင်ငံ သိမ်းမြစ်အတွင်းရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ပေါင် ၇၅၀၀၀ မျှဖြင့် ရောင်းမည်၊ ကိုယ်ပိုင်ကျွန်း တစ်ခု
ဆိုဗီယက်တိုက်လေယာဉ်မှူးတစ်ဦး ပုန်းခိုနေထိုင်ခဲ့ဖူးသော အမေရိကန်ပြည်ထောင်စု၊ မွန်တားနားပြည်နယ်မှ မွေးမြူရေးခြံကြီး ကန်ဒေါ်
ဆိုဗီယက်တိုက်လေယာဉ်မှူးတစ်ဦး ပုန်းခိုနေထိုင်ခဲ့ဖူးသော အမေရိကန်ပြည်ထောင်စု၊ မွန်တားနားပြည်နယ်မှ မွေးမြူရေးခြံကြီး ကန်ဒေါ်
တရုတ်ဘီလျံနာကြီးတစ်ဦးက ကန်ဒေါ်လာ ၇၅ သန်းသုံးစွဲကာ ဆောက်လုပ်ခဲ့ပြီးနောက် စွန့်ပစ်ထားခဲ့သော ကပ်လျက် စံအိမ်ကြီး ၂ လုံး လေလံ
တရုတ်ဘီလျံနာကြီးတစ်ဦးက ကန်ဒေါ်လာ ၇၅ သန်းသုံးစွဲကာ ဆောက်လုပ်ခဲ့ပြီးနောက် စွန့်ပစ်ထားခဲ့သော ကပ်လျက် စံအိမ်ကြီး ၂ လုံး လေလံ
မင်းသားကြီး Johnny Depp ရဲ့ ၃၇ ဧကအထိကျယ်ဝန်းတဲ့ ၁၉ ရာစုစတိုင် အပန်းဖြေ ပြင်သစ်ရွာ
မင်းသားကြီး Johnny Depp ရဲ့ ၃၇ ဧကအထိကျယ်ဝန်းတဲ့ ၁၉ ရာစုစတိုင် အပန်းဖြေ ပြင်သစ်ရွာ
shwe-wutthmone
sweet-dream

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service