အမေရိကန်ပြည်၊ ဖလော်ရီဒါပြည်နယ်တွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ထားသော ရဲတိုက်ကြီးသို့ လာရောက်လည်ပတ်သူ များပြားလျက်ရှိ

အမေရိကန်ပြည်၊ ဖလော်ရီဒါပြည်နယ်တွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ထားသော ရဲတိုက်ကြီးသို့ လာရောက်လည်ပတ်သူ များပြားလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
5 Feb 2024 12:47 pm တွင် တင်ခဲ့သည်
522 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်တွင် အိမ်တွင်း ဒီဇိုင်နာတစ်ဦးက ရဲတိုက်ကြီးတစ်ခုကို စွန့်ပစ်ပစ္စည်းများကို အသုံးပြုကာ လက်ချည်းသက်သက်ဖြင့် ဆောက်လုပ်ခဲ့ပြီး ၎င်းအား စွန့်ပစ်ပစ္စည်းများ၏ Da Vinci ဟု တင်စားခေါ်ဝေါ်ကြ လျက် ရှိသည်။

ဟောင်းဝပ် ဆော်လမွန်အမည်ရှိ အမျိုးသားတစ်ဦးက အဆိုပါရဲတိုက်ကြီးအား ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

အလယ်ခေတ် ရဲတိုက်ကြီးအသွင် ဆောက်လုပ်ထားသော ၃ ထပ်အဆောက်အအုံကြီးဖြစ်ပြီး ဖလော်ရီဒါ ပြည်နယ်၊ Hardee ခရိုင်၊ Ona အရပ်တွင် တည်ရှိသည်။

Sarasota မြို့၏ အရှေ့ဘက် မိုင် ၅၀ ခန့်အကွာတွင် ရှိသည်။

ဒေသတွင်း သတင်းစာတိုက်တစ်ခုက စွန့်ပစ်တော့မည့် အလူမီနီယံပြားများကို အသုံးပြုကာ ဆောက်လုပ်ထား ခြင်း ဖြစ်သည်။

 

 

(အလယ်ခေတ် သွင်ပြင်များစွာ ပေါင်းစည်းအသုံးပြု ဆောက်လုပ်ထားသည်။ ဓာတ်ပုံ-WBBH)

 

(ဟောင်းဝပ် ဆော်လမွန်က ဤရဲတိုက်ကြီးကို ၁၉၇၄ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့သည်။ ဓာတ်ပုံ-Facebook/ Solomon’s Castle)

 

(ဆော်လမွန်သက်ရှိထင်ရှားရှိစဉ်က ဤရဲတိုက်ကြီးတွင် နေထိုင်သွားခဲ့သည်။ ဓာတ်ပုံ-WBBH)

ဆော်လမွန်သည် စွန့်ပစ်ထားသော ကားပစ္စည်းအစိတ်အပိုင်းများ၊ ရုပ်တုများ၊ သတ္တုဖြတ်စများ၊ ဆိုင်းဘုတ်များ အပါအဝင် အခြားသော စွန့်ပစ်ပစ္စည်းများစွာကို အသုံးပြုကာ ဆောက်လုပ်ခဲ့သည်။

ဆော်လမွန်၏ ရဲတိုက်ကြီးမှာ အကျယ်အဝန်း စတုရန်းပေ ၁၂၀၀၀ ကျော်အထိ ကြီးမားသည်။

ရဲတိုက်၏ ကျုံးထဲတွင် လှေတစ်စင်းရှိပြီး ကျုံးထဲမှလှေဟု အမည်ပေးထားသည်။

အဆိုပါလှေသည် အိမ်ချက် အစားအစာမျိုး ရနိုင်သော စားသောက်ဆိုင်လည်း ဖြစ်သည်။

ဆော်လမွန်က သူ၏ ရဲတိုက်ကြီးကို လက်ချည်းသက်သက်ဖြင့် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

၁၉၇၄ ခုနှစ်မှ စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်းများစွာ အချိန်ယူဆောက်လုပ်ခဲ့ရသည်။

ဆော်လမွန်၏ ရဲတိုက်သည် အများပြည်သူများကို လာရောက်လည်ပတ်ကြည့်ရှုခွင့်ပေးထားပြီး စားသောက်ဆိုင်တွင် အပန်းဖြေစားသောက်နိုင်သည်။

ဤရဲတိုက်ကြီးကို လူတိုင်းသဘောကျကြရာ ဆော်လမွန်မှာ ရဲတိုက်ကြီးတွင် နေထိုုင်ရန် ဆုံးဖြတ်ခဲ့ကြောင်း သမီးဖြစ်သူ Elaine Soloman က ပြောသည်။

မိမိ၏ ဖခင်ကို စွန့်ပစ်ပစ္စည်းများ၏ ဒါဗင်ချီ၊ တိုလီမိုလီ မှော်ဆရာဟု လူအများက အမည်ပေးခေါ်ဝေါ် ကြကြောင်း Elaine က ပြောသည်။

ဆော်လမွန်သည် လွန်ခဲ့သော ၈ နှစ်ခန့်က ကွယ်လွန်ခဲ့ကြောင်း Elaine က ပြောပြချိန်တွင် အနည်းငယ် ဆို့နစ်ကြေကွဲနေခဲ့သည်။

ဆော်လမွန် တည်ဆောက်ခဲ့သော ရဲတိုက်ကြီးအကြောင်း လူမှုကွန်ရက်သုံးစွဲသူတို့က မှတ်ချက်ပြုရာတွင် “တကယ့်ကို အံ့ဖွယ်ပါပဲ။ သူက တကယ့် ပါရမီရှင်ပဲ”ဟု တစ်ဦးက မှတ်ချက်ပြုသည်။

အခြားတစ်ဦးကလည်း “ကျွန်တော် ဆော်လမွန်ရဲ့ ရဲတိုက်ကို ရောက်ဖူးတယ်။ ပြီးခဲ့တဲ့ ၁၂ နှစ်လောက်ကပေါ့။ အဲ့တုန်းက မစ္စတာ ဆော်လမွန်ကိုယ်တိုင် လိုက်ပြခဲ့တာ။ သူက အရမ်းရယ်ရတယ်”ဟု ဆိုသည်။

“စားသောက်ဆိုင်က စားဖွယ်တွေက အံ့အားသင့်ဖွယ်ပါပဲ။ လည်ပတ်ရမယ့် နေရာတစ်ခုပါ။ ခင်ဗျားတို့အနေနဲ့ စိတ်ပျက်ရလိမ့်မှာ မဟုတ်ပါဘူး”

 

(ရဲတိုက်ကြီး၏ နံရံများမှာ ဒေသတွင်း သတင်းစာတိုက်တစ်ခုက စွန့်ပစ်ရန် စီစဉ်ထားသော အလူမီနီယံပြားများ ဖြင့် ပြုလုပ်ထားသည်။ ဓာတ်ပုံ-WBBH)

 

ဆော်လမွန်က သူ၏ရဲတိုက်ကြီးကို ကန်ဒေါ်လာ ၂ ဒသမ ၅ သန်းဈေးခေါ်ကာ ၁၅ နှစ်ခန့် အရောင်းဈေးကွက် တင်ခဲ့ဖူးသော်လည်း ရောင်းမထွက်ခဲ့ချေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: TRASH FORT My dad built 12,000ft home entirely out of trash – it took him decades, now it’s a ‘castle’ people come for miles to see (the-sun) Photo Credit: WBBH

 

 

[Zawgyi]

အေမရိကန္ျပည္၊ ဖေလာ္ရီဒါျပည္နယ္တြင္ စြန္႔ပစ္ပစၥည္းမ်ားျဖင့္ ေဆာက္လုပ္ထားေသာ ရဲတိုက္ၾကီးသို႔ လာေရာက္လည္ပတ္သူ မ်ားျပားလ်က္ရွိ

 

အေမရိကန္ျပည္တြင္ အိမ္တြင္း ဒီဇိုင္နာတစ္ဦးက ရဲတိုက္ၾကီးတစ္ခုကို စြန္႔ပစ္ပစၥည္းမ်ားကို အသံုးျပဳကာ လက္ခ်ည္းသက္သက္ျဖင့္ ေဆာက္လုပ္ခဲ့ျပီး ၎အား စြန္႔ပစ္ပစၥည္းမ်ား၏ Da Vinci ဟု တင္စားေခၚေဝၚၾက လ်က္ ရွိသည္။

ေဟာင္းဝပ္ ေဆာ္လမြန္အမည္ရွိ အမ်ဳိးသားတစ္ဦးက အဆိုပါရဲတိုက္ၾကီးအား ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

အလယ္ေခတ္ ရဲတိုက္ၾကီးအသြင္ ေဆာက္လုပ္ထားေသာ ၃ ထပ္အေဆာက္အအံုၾကီးျဖစ္ျပီး ဖေလာ္ရီဒါ ျပည္နယ္၊ Hardee ခရိုင္၊ Ona အရပ္တြင္ တည္ရွိသည္။

Sarasota ျမိဳ႕၏ အေရွ႕ဘက္ မိုင္ ၅၀ ခန္႔အကြာတြင္ ရွိသည္။

ေဒသတြင္း သတင္းစာတိုက္တစ္ခုက စြန္႔ပစ္ေတာ့မည့္ အလူမီနီယံျပားမ်ားကို အသံုးျပဳကာ ေဆာက္လုပ္ထား ျခင္း ျဖစ္သည္။ 

(အလယ္ေခတ္ သြင္ျပင္မ်ားစြာ ေပါင္းစည္းအသံုးျပဳ ေဆာက္လုပ္ထားသည္။ ဓာတ္ပံု-WBBH)

(ေဟာင္းဝပ္ ေဆာ္လမြန္က ဤရဲတိုက္ၾကီးကို ၁၉၇၄ ခုႏွစ္တြင္ စတင္ေဆာက္လုပ္ခဲ့သည္။ ဓာတ္ပံု-Facebook/ Solomon’s Castle)

(ေဆာ္လမြန္သက္ရွိထင္ရွားရွိစဥ္က ဤရဲတိုက္ၾကီးတြင္ ေနထုိင္သြားခဲ့သည္။ ဓာတ္ပံု-WBBH)

ေဆာ္လမြန္သည္ စြန္႔ပစ္ထားေသာ ကားပစၥည္းအစိတ္အပိုင္းမ်ား၊ ရုပ္တုမ်ား၊ သတၱဳျဖတ္စမ်ား၊ ဆိုင္းဘုတ္မ်ား အပါအဝင္ အျခားေသာ စြန္႔ပစ္ပစၥည္းမ်ားစြာကို အသံုးျပဳကာ ေဆာက္လုပ္ခဲ့သည္။

ေဆာ္လမြန္၏ ရဲတုိက္ၾကီးမွာ အက်ယ္အဝန္း စတုရန္းေပ ၁၂၀၀၀ ေက်ာ္အထိ ၾကီးမားသည္။

ရဲတိုက္၏ က်ံဳးထဲတြင္ ေလွတစ္စင္းရွိျပီး က်ံဳးထဲမွေလွဟု အမည္ေပးထားသည္။

အဆိုပါေလွသည္ အိမ္ခ်က္ အစားအစာမ်ဳိး ရႏိုင္ေသာ စားေသာက္ဆိုင္လည္း ျဖစ္သည္။

ေဆာ္လမြန္က သူ၏ ရဲတိုက္ၾကီးကို လက္ခ်ည္းသက္သက္ျဖင့္ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

၁၉၇၄ ခုႏွစ္မွ စတင္ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး ႏွစ္ေပါင္းမ်ားစြာ အခ်ိန္ယူေဆာက္လုပ္ခဲ့ရသည္။

ေဆာ္လမြန္၏ ရဲတိုက္သည္ အမ်ားျပည္သူမ်ားကို လာေရာက္လည္ပတ္ၾကည့္ရႈခြင့္ေပးထားျပီး စားေသာက္ဆိုင္တြင္ အပန္းေျဖစားေသာက္ႏိုင္သည္။

ဤရဲတိုက္ၾကီးကို လူတိုင္းသေဘာက်ၾကရာ ေဆာ္လမြန္မွာ ရဲတိုက္ၾကီးတြင္ ေနထုိုင္ရန္ ဆံုးျဖတ္ခဲ့ေၾကာင္း သမီးျဖစ္သူ Elaine Soloman က ေျပာသည္။

မိမိ၏ ဖခင္ကို စြန္႔ပစ္ပစၥည္းမ်ား၏ ဒါဗင္ခ်ီ၊ တိုလီမိုလီ ေမွာ္ဆရာဟု လူအမ်ားက အမည္ေပးေခၚေဝၚ ၾကေၾကာင္း Elaine က ေျပာသည္။

ေဆာ္လမြန္သည္ လြန္ခဲ့ေသာ ၈ ႏွစ္ခန္႔က ကြယ္လြန္ခဲ့ေၾကာင္း Elaine က ေျပာျပခ်ိန္တြင္ အနည္းငယ္ ဆို႔နစ္ေၾကကြဲေနခဲ့သည္။

ေဆာ္လမြန္ တည္ေဆာက္ခဲ့ေသာ ရဲတိုက္ၾကီးအေၾကာင္း လူမႈကြန္ရက္သံုးစြဲသူတို႔က မွတ္ခ်က္ျပဳရာတြင္ “တကယ့္ကို အံ့ဖြယ္ပါပဲ။ သူက တကယ့္ ပါရမီရွင္ပဲ”ဟု တစ္ဦးက မွတ္ခ်က္ျပဳသည္။

အျခားတစ္ဦးကလည္း “ကၽြန္ေတာ္ ေဆာ္လမြန္ရဲ႕ ရဲတိုက္ကို ေရာက္ဖူးတယ္။ ျပီးခဲ့တဲ့ ၁၂ ႏွစ္ေလာက္ကေပါ့။ အဲ့တုန္းက မစၥတာ ေဆာ္လမြန္ကိုယ္တိုင္ လိုက္ျပခဲ့တာ။ သူက အရမ္းရယ္ရတယ္”ဟု ဆိုသည္။

“စားေသာက္ဆိုင္က စားဖြယ္ေတြက အံ့အားသင့္ဖြယ္ပါပဲ။ လည္ပတ္ရမယ့္ ေနရာတစ္ခုပါ။ ခင္ဗ်ားတို႔အေနနဲ႔ စိတ္ပ်က္ရလိမ့္မွာ မဟုတ္ပါဘူး”

(ရဲတိုက္ၾကီး၏ နံရံမ်ားမွာ ေဒသတြင္း သတင္းစာတိုက္တစ္ခုက စြန္႔ပစ္ရန္ စီစဥ္ထားေသာ အလူမီနီယံျပားမ်ား ျဖင့္ ျပဳလုပ္ထားသည္။ ဓာတ္ပံု-WBBH)

ေဆာ္လမြန္က သူ၏ရဲတိုက္ၾကီးကို ကန္ေဒၚလာ ၂ ဒသမ ၅ သန္းေစ်းေခၚကာ ၁၅ ႏွစ္ခန္႔ အေရာင္းေစ်းကြက္ တင္ခဲ့ဖူးေသာ္လည္း ေရာင္းမထြက္ခဲ့ေခ်။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: TRASH FORT My dad built 12,000ft home entirely out of trash – it took him decades, now it’s a ‘castle’ people come for miles to see (the-sun) Photo Credit: WBBH

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...
ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service