Burger King တွင် ၂၇ နှစ်တာကာလအတွင်း တစ်ရက်မှ အလုပ်မပျက်ခဲ့သော ဝန်ထမ်းတစ်ဦးအား ကုမ္ပဏီက ရုပ်ရှင်လက်မှတ်တစ်စောင် ၊ ကော်ဖီတစ်ခွက် ၊ ချိုချဉ် ၊ ဘောပင် ၂ ချောင်းနှင့် သော့ချိတ်အချို့ ဆုချ

Burger King တွင် ၂၇ နှစ်တာကာလအတွင်း တစ်ရက်မှ အလုပ်မပျက်ခဲ့သော ဝန်ထမ်းတစ်ဦးအား ကုမ္ပဏီက ရုပ်ရှင်လက်မှတ်တစ်စောင် ၊ ကော်ဖီတစ်ခွက် ၊ ချိုချဉ် ၊ ဘောပင် ၂ ချောင်းနှင့် သော့ချိတ်အချို့ ဆုချ - Property Knowledge in Myanmar from iMyanmarHouse.com
26 Jan 2024 11:22 am တွင် တင်ခဲ့သည်
732 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

Burger King ၏ ဝန်ထမ်းတစ်ဦးဖြစ်သူ ကီဗင်ဖို့ဒ်သည် ၂၇ နှစ်တာအတွင်း တစ်ရက်မှ အလုပ်မပျက်ခဲ့ချေ။

သူ၏ ရည်မှန်းချက်မှာ အိမ်လခ မှန်မှန်ပေးနိုင်ရန်နှင့် Single ဖခင်တစ်ဦးအနေဖြင့် သမီး ၂ ဦးအား ပျိုးထောင်ပေးနိုင်ရန်သာ ဖြစ်သည်။

“ကျွန်တော် အိမ်လခတောင် အနိုင်နိုင် ရပ်တည်ခဲ့ရပါတယ်”ဟု ကီဗင်ဖို့ဒ်က သူ၏ဘဝ ဇာတ်ကြောင်းကို USA Today သတင်းဌာနသို့ ပြောပြသည်။

အသက် ၅၆ နှစ်အရွယ်ရှိပြီဖြစ်သူ ကီဗင်ဖို့ဒ်သည် လာ့စ်ဗီးဂပ်စ်မြို့တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး Harry Reid နိုင်ငံတကာလေဆိပ်ရှိ Buger King ဆိုင်တွင် ၁၉၉၅ ခုနှစ်ကတည်းက စတင်အလုပ်လုပ်ခဲ့သူ ဖြစ်သည်။

နှစ် ၃၀ နီးပါး ပျက်ရက်မရှိ တာဝန်ထမ်းဆောင်ခဲ့သောကြောင့် ကီဗင်ဖို့ဒ်ကို ၂၀၂၂ ခုနှစ်တွင် ကုမ္ပဏီက လက်ဆောင်အိတ်တစ်ခု ဆုချီးမြှင့်ခဲ့ရာ ရုပ်ရှင်လက်မှတ်တစ်စောင် ၊ Starbucks ကော်ဖီတစ်ခွက် ၊ ချိုချဉ် ၊ ဘောပင် ၂ ချောင်းနှင့် သော့ချိတ်အချို့ ပါဝင်ခဲ့သည်။

ကီဗင်ဖို့ဒ်က မန်နေဂျာထံမှ ရရှိသော လက်ဆောင်များကို ကျေးဇူးတင်စွာဖြင့် TikTok ဗွီဒီယိုဖိုင် တစ်ခုတွင် ချပြခဲ့ရာ သူ၏ ဗွီဒီယိုမှာ တဟုန်ထိုး ပျံ့နှံ့သွားခဲ့သည်။

သူ၏ သမီးများမှ တစ်ဦးက GoFundMe ဝက်ဘ်ဆိုက်တွင် ဖခင်ကြီးအတွက် အလှူခံမှုတစ်ရပ်ပြုလုပ်ခဲ့မှုနှင့် ကီဗင်ဖို့ဒ်၏ ဗွီဒီယိုကို ကြည့်ရှုရသူတို့က ၎င်း၏ အလုပ်ကြိုးစားမှုနှင့် ရိုးသားမှုတို့ကို နှစ်သက်သောကြောင့် လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြသည်။

ဇန်နဝါရီလ ၁၇ ရက်နေ့အထိ အလှူငွေစုစုပေါင်း ကန်ဒေါ်လာ ၄၅၀,၀၀၀ ရရှိထားပြီ ဖြစ်သည်။

ကီဗင်ဖို့ဒ်က သူ၏ဘဝကို ပြောင်းလဲစေလောက်သော အဆိုပါငွေဖြင့် ကြွေးမြီများ ပေးဆပ်ခဲ့သည်။

ထို့အပြင် မြေးများရှိရာသို့ သွားရောက်လည်ပတ်ရန် လေယာဉ်လက်မှတ်များ ဝယ်ယူခြင်း ၊ အလုပ်မှ အနားယူ ချိန်တွင် သုံးစွဲနိုင်ရန် စုဆောင်းထားခြင်း ၊ လာ့စ်ဗီးဂပ်စ်မြို့ပြင် ၁၅ မိနစ်ခရီးအကွာတွင် နေအိမ်တစ်လုံး ဝယ်ယူခြင်းများ ပြုလုပ်ခဲ့ကြောင်း USA Today သတင်းဌာနက ဖော်ပြသည်။

“ဒီအိမ်က ခမ်းနားတဲ့ စံအိမ်ကြီးတစ်လုံး မဟုတ်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ဒါက ကျွန်တော့် ကိုယ်ပိုင်အိမ်ပါ”ဟု ကီဗင်ဖို့ဒ်က ဒီဇင်ဘာလ ၂၉ ရက်တွင် သူ၏ နေအိမ်ကို ရိုက်ကူးပြသထားသည့် ဗွီဒီယိုဖိုင် တစ်ခု၌ ပြောကြားခဲ့သည်။

“ကျွန်တော့်အတွက် လှူဒါန်း ထောက်ပံ့မှုတွေ ပြုလုပ်ပေးတဲ့ တကမ္ဘာလုံးက တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ အိမ်ပိုင်ဆိုင်ဖို့ဆိုတာ ကျွန်တော့်အတွက် ဘယ်တော့မှ မဖြစ်နိုင်တဲ့အရာ လို့ ယူဆထားခဲ့တာ ဖြစ်ပါတယ်။”

ကီဗင်ဖို့ဒ်သည် လေဆိပ်ရှိ Buger King ဆိုင်တွင် စတင်လုပ်ကိုင်ချိန်၌ ယခု ဒုတိယဇနီးဖြစ်သူနှင့် လက်ထပ်ခဲ့သည်။

ဒုတိယဇနီးနှင့် သမီး ၂ ဦး ထွန်းကားထားသည်။

ငွေအချို့ကို ကလေးများအတွက် စုဆောင်းထားကြောင်း USA Today သတင်းဌာနက ဖော်ပြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A Burger King employee who never missed a day of work in 27 years got a goodie bag for his service. The internet gave him $450K. How to meet your financial goals without relying on strangers (finance)

Photo Credit: finance

[Zawgyi]

Burger King တြင္ ၂၇ ႏွစ္တာကာလအတြင္း တစ္ရက္မွ အလုပ္မပ်က္ခဲ့ေသာ ဝန္ထမ္းတစ္ဦးအား ကုမၸဏီက ရုပ္ရွင္လက္မွတ္တစ္ေစာင္ ၊ ေကာ္ဖီတစ္ခြက္ ၊ ခ်ဳိခ်ဥ္ ၊ ေဘာပင္ ၂ ေခ်ာင္းႏွင့္ ေသာ့ခ်ိတ္အခ်ဳိ႕ ဆုခ်

Burger King ၏ ဝန္ထမ္းတစ္ဦးျဖစ္သူ ကီဗင္ဖို႔ဒ္သည္ ၂၇ ႏွစ္တာအတြင္း တစ္ရက္မွ အလုပ္မပ်က္ခဲ့ေခ်။

သူ၏ ရည္မွန္းခ်က္မွာ အိမ္လခ မွန္မွန္ေပးႏိုင္ရန္ႏွင့္ Single ဖခင္တစ္ဦးအေနျဖင့္ သမီး ၂ ဦးအား ပ်ဳိးေထာင္ေပးႏိုင္ရန္သာ ျဖစ္သည္။

“ကၽြန္ေတာ္ အိမ္လခေတာင္ အႏိုင္ႏိုင္ ရပ္တည္ခဲ့ရပါတယ္”ဟု ကီဗင္ဖို႔ဒ္က သူ၏ဘဝ ဇာတ္ေၾကာင္းကို USA Today သတင္းဌာနသို႔ ေျပာျပသည္။

အသက္ ၅၆ ႏွစ္အရြယ္ရွိျပီျဖစ္သူ ကီဗင္ဖုိ႔ဒ္သည္ လာ့စ္ဗီးဂပ္စ္ျမဳိ႕တြင္ ေနထုိင္သူတစ္ဦးျဖစ္ျပီး Harry Reid ႏိုင္ငံတကာေလဆိပ္ရွိ Buger King ဆိုင္တြင္ ၁၉၉၅ ခုႏွစ္ကတည္းက စတင္အလုပ္လုပ္ခဲ့သူ ျဖစ္သည္။

ႏွစ္ ၃၀ နီးပါး ပ်က္ရက္မရွိ တာဝန္ထမ္းေဆာင္ခဲ့ေသာေၾကာင့္ ကီဗင္ဖို႔ဒ္ကုိ ၂၀၂၂ ခုႏွစ္တြင္ ကုမၸဏီက လက္ေဆာင္အိတ္တစ္ခု ဆုခ်ီးျမွင့္ခဲ့ရာ ရုပ္ရွင္လက္မွတ္တစ္ေစာင္ ၊ Starbucks ေကာ္ဖီတစ္ခြက္ ၊ ခ်ဳိခ်ဥ္ ၊ ေဘာပင္ ၂ ေခ်ာင္းႏွင့္ ေသာ့ခ်ိတ္အခ်ဳိ႕ ပါဝင္ခဲ့သည္။

ကီဗင္ဖုိ႔ဒ္က မန္ေနဂ်ာထံမွ ရရွိေသာ လက္ေဆာင္မ်ားကို ေက်းဇူးတင္စြာျဖင့္ TikTok ဗီြဒီယိုဖိုင္ တစ္ခုတြင္ ခ်ျပခဲ့ရာ သူ၏ ဗြီဒီယိုမွာ တဟုန္ထိုး ပ်ံ႕ႏွံ႔သြားခဲ့သည္။

သူ၏ သမီးမ်ားမွ တစ္ဦးက GoFundMe ဝက္ဘ္ဆိုက္တြင္ ဖခင္ၾကီးအတြက္ အလွဴခံမႈတစ္ရပ္ျပဳလုပ္ခဲ့မႈႏွင့္ ကီဗင္ဖုိ႔ဒ္၏ ဗြီဒီယိုကို ၾကည့္ရႈရသူတို႔က ၎၏ အလုပ္ၾကိဳးစားမႈႏွင့္ ရိုးသားမႈတို႔ကုိ ႏွစ္သက္ေသာေၾကာင့္ လွဴဒါန္းမႈမ်ား ျပဳလုပ္ခဲ့ၾကသည္။

ဇန္နဝါရီလ ၁၇ ရက္ေန႔အထိ အလွဴေငြစုစုေပါင္း ကန္ေဒၚလာ ၄၅၀,၀၀၀ ရရွိထားျပီ ျဖစ္သည္။

ကီဗင္ဖုိ႔ဒ္က သူ၏ဘဝကို ေျပာင္းလဲေစေလာက္ေသာ အဆိုပါေငြျဖင့္ ေၾကြးျမီမ်ား ေပးဆပ္ခဲ့သည္။

ထို႔အျပင္ ေျမးမ်ားရွိရာသို႔ သြားေရာက္လည္ပတ္ရန္ ေလယာဥ္လက္မွတ္မ်ား ဝယ္ယူျခင္း ၊ အလုပ္မွ အနားယူ ခ်ိန္တြင္ သံုးစြဲႏိုင္ရန္ စုေဆာင္းထားျခင္း ၊ လာ့စ္ဗီးဂပ္စ္ျမဳိ႕ျပင္ ၁၅ မိနစ္ခရီးအကြာတြင္ ေနအိမ္တစ္လံုး ဝယ္ယူျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း USA Today သတင္းဌာနက ေဖာ္ျပသည္။

“ဒီအိမ္က ခမ္းနားတဲ့ စံအိမ္ၾကီးတစ္လံုး မဟုတ္ဘူးဆိုတာ ကၽြန္ေတာ္ သိပါတယ္။ ဒါေပမဲ့ ဒါက ကၽြန္ေတာ့္ ကိုယ္ပိုင္အိမ္ပါ”ဟု ကီဗင္ဖုိ႔ဒ္က ဒီဇင္ဘာလ ၂၉ ရက္တြင္ သူ၏ ေနအိမ္ကို ရုိက္ကူးျပသထားသည့္ ဗြီဒီယိုဖိုင္ တစ္ခု၌ ေျပာၾကားခဲ့သည္။

“ကၽြန္ေတာ့္အတြက္ လွဴဒါန္း ေထာက္ပံ့မႈေတြ ျပဳလုပ္ေပးတဲ့ တကမၻာလံုးက တစ္ဦးတစ္ေယာက္ခ်င္းစီတုိင္းကို ေက်းဇူးတင္ေၾကာင္း ေျပာလိုပါတယ္။ အိမ္ပိုင္ဆိုင္ဖုိ႔ဆိုတာ ကၽြန္ေတာ့္အတြက္ ဘယ္ေတာ့မွ မျဖစ္ႏိုင္တဲ့အရာ လို႔ ယူဆထားခဲ့တာ ျဖစ္ပါတယ္။”

ကီဗင္ဖုိ႔ဒ္သည္ ေလဆိပ္ရွိ Buger King ဆိုင္တြင္ စတင္လုပ္ကိုင္ခ်ိန္၌ ယခု ဒုတိယဇနီးျဖစ္သူႏွင့္ လက္ထပ္ခဲ့သည္။ ဒုတိယဇနီးႏွင့္ သမီး ၂ ဦး ထြန္းကားထားသည္။

ေငြအခ်ဳိ႕ကို ကေလးမ်ားအတြက္ စုေဆာင္းထားေၾကာင္း USA Today သတင္းဌာနက ေဖာ္ျပသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A Burger King employee who never missed a day of work in 27 years got a goodie bag for his service. The internet gave him $450K. How to meet your financial goals without relying on strangers (finance)

Photo Credit: finance

Burger King တွင် ၂၇ နှစ်တာကာလအတွင်း တစ်ရက်မှ အလုပ်မပျက်ခဲ့သော ဝန်ထမ်းတစ်ဦးအား ကုမ္ပဏီက ရုပ်ရှင်လက်မှတ်တစ်စောင် ၊ ကော်ဖီတစ်ခွက် ၊ ချိုချဉ် ၊ ဘောပင် ၂ ချောင်းနှင့် သော့ချိတ်အချို့ ဆုချ - Property Knowledge in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မီးဖိုချောင်သုံးပစ္စည်းမှာ စွဲကျန်တဲ့အနံ့ကို ဘယ်လိုဖျောက်မလဲ
မီးဖိုချောင်သုံးပစ္စည်းမှာ စွဲကျန်တဲ့အနံ့ကို ဘယ်လိုဖျောက်မလဲ
အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း
အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း
မြေကွက် အတည်ပြုတိုင်းခွဲ / ပေါင်းခွဲ၊ မြေကွက်ခွဲစိတ်ခြင်းအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ဖော်ပြပေးလိုက်ပါသည်။...
မြေကွက် အတည်ပြုတိုင်းခွဲ / ပေါင်းခွဲ၊ မြေကွက်ခွဲစိတ်ခြင်းအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ဖော်ပြပေးလိုက်ပါသည်။...
ကမ္ဘာအနှံ့က စုန်းမများဈေးဝယ်ထွက်ကြသည့် Bolivia နိုင်ငံမှ ထူးဆန်းသော စုန်းဈေး
ကမ္ဘာအနှံ့က စုန်းမများဈေးဝယ်ထွက်ကြသည့် Bolivia နိုင်ငံမှ ထူးဆန်းသော စုန်းဈေး
မြေတိုင်းတာခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
မြေတိုင်းတာခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
အာဖရိက၏ အချမ်းသာဆုံးပုဂ္ဂိုလ် Dangote က ပြည်ပနိုင်ငံများတွင် အိမ်ခြံမြေများ ပိုင်ဆိုင်မထားသည့် အကြောင်းရင်းကို ရှင်းပြ...
အာဖရိက၏ အချမ်းသာဆုံးပုဂ္ဂိုလ် Dangote က ပြည်ပနိုင်ငံများတွင် အိမ်ခြံမြေများ ပိုင်ဆိုင်မထားသည့် အကြောင်းရင်းကို ရှင်းပြ...
ရွှန်းဆကု ဆဂမိ၏ အောင်မြင်မှု (သို့မဟုတ်) ကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံ ချမ်းသာသော ဂျပန်၏ အသက်အငယ်ဆုံး ဘီလျံနာ...
ရွှန်းဆကု ဆဂမိ၏ အောင်မြင်မှု (သို့မဟုတ်) ကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံ ချမ်းသာသော ဂျပန်၏ အသက်အငယ်ဆုံး ဘီလျံနာ...
သန်းကြွယ်သူဌေးများ ဖြစ်လာလျက်ရှိသော ထိုင်း ဒူးရင်းစိုက်ပျိုးသူများနှင့် တင်ပို့သူများ
သန်းကြွယ်သူဌေးများ ဖြစ်လာလျက်ရှိသော ထိုင်း ဒူးရင်းစိုက်ပျိုးသူများနှင့် တင်ပို့သူများ
အမျိုးသမီးများသာ ဝင်ခွင့်ပြုသော အိန္ဒိယမှ ဘုရားကျောင်းများ
အမျိုးသမီးများသာ ဝင်ခွင့်ပြုသော အိန္ဒိယမှ ဘုရားကျောင်းများ
တရုတ်ပြည်တွင် သခင်တို့ အလုပ်သွားနေချိန်အတွင်း အိမ်မွေးတိရ စ္ဆာန်ကလေးများအား Pet မူကြိုသို့ ပို့ဆောင်ထားမှု ခေတ်စားနေ၊ Pet မူကြိုတွင် အိမ်မွေးတိရ စ္ဆာန်လေးများအား ခေါင်းညိတ်၊ ခေါင်းခါ၊ လက်ဝါးရိုက် နှုတ်ဆက်နည်း၊ သေချင်ဟန်ဆေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်၏ ပထမဆုံးဝန်ထမ်းများတွင် ပါဝင်ခဲ့သူ စတိဗ် ဘောမား၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၅၇ ဒသမ ၂ ဘီလီယံ ရှိလာပြီး အလုပ်ရှင်ဟော
ဘီလ်ဂိတ်၏ ပထမဆုံးဝန်ထမ်းများတွင် ပါဝင်ခဲ့သူ စတိဗ် ဘောမား၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၅၇ ဒသမ ၂ ဘီလီယံ ရှိလာပြီး အလုပ်ရှင်ဟော
မူကက်ရှ် အမ်ဘာနီက သားငယ်၏ မင်္ဂလာပွဲအတွက် ငွေပုံအော သုံးစွဲခဲ့သော်လည်း သူ၏ ကြွယ်ဝမှု ကျဆင်း မသွားခဲ့ဘဲ မင်္ဂလာပွဲအပြီး ၁
မူကက်ရှ် အမ်ဘာနီက သားငယ်၏ မင်္ဂလာပွဲအတွက် ငွေပုံအော သုံးစွဲခဲ့သော်လည်း သူ၏ ကြွယ်ဝမှု ကျဆင်း မသွားခဲ့ဘဲ မင်္ဂလာပွဲအပြီး ၁
ဆိုဗီယက်တိုက်လေယာဉ်မှူးတစ်ဦး ပုန်းခိုနေထိုင်ခဲ့ဖူးသော အမေရိကန်ပြည်ထောင်စု၊ မွန်တားနားပြည်နယ်မှ မွေးမြူရေးခြံကြီး ကန်ဒေါ်
ဆိုဗီယက်တိုက်လေယာဉ်မှူးတစ်ဦး ပုန်းခိုနေထိုင်ခဲ့ဖူးသော အမေရိကန်ပြည်ထောင်စု၊ မွန်တားနားပြည်နယ်မှ မွေးမြူရေးခြံကြီး ကန်ဒေါ်
တရုတ်ပြည်တွင် ရထားပေါ်၌ ‘မာဖီ၏ နိယာမ’ အမည်ရှိ အဆင့်မြင့် စိတ်ပညာစာအုပ်ဖတ်နေသော ၇ နှစ် သားလေးတစ်ဦးကို တွေ့သော ပါမောက္ခကြီ
တရုတ်ပြည်တွင် ရထားပေါ်၌ ‘မာဖီ၏ နိယာမ’ အမည်ရှိ အဆင့်မြင့် စိတ်ပညာစာအုပ်ဖတ်နေသော ၇ နှစ် သားလေးတစ်ဦးကို တွေ့သော ပါမောက္ခကြီ
တရုတ်ပြည်တွင် သားဖြစ်သူ လူ့ပေါ်ကြော့ မဖြစ်စေလိုသောကြောင့် မိဘများ အလွန်ချမ်းသာကြောင်းကို ဖခင် သူဌေးကြီးက အသိမပေးဘဲ နှစ်ပ
တရုတ်ပြည်တွင် သားဖြစ်သူ လူ့ပေါ်ကြော့ မဖြစ်စေလိုသောကြောင့် မိဘများ အလွန်ချမ်းသာကြောင်းကို ဖခင် သူဌေးကြီးက အသိမပေးဘဲ နှစ်ပ
ရေခဲမုန့်ရောင်းကာ ကျောင်းတက်ခဲ့ရသောဘဝမှ ဒေါ်လာ ဘီလျံနှင့်ချီသော အိမ်ခြံမြေများ ရောင်းချပေးသည့် အိမ်ခြံမြေအကျိုးဆောင်ကုမ္
ရေခဲမုန့်ရောင်းကာ ကျောင်းတက်ခဲ့ရသောဘဝမှ ဒေါ်လာ ဘီလျံနှင့်ချီသော အိမ်ခြံမြေများ ရောင်းချပေးသည့် အိမ်ခြံမြေအကျိုးဆောင်ကုမ္
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့် အမ်ဘာနီ၏ မင်္ဂလာဆောင်သို့ ဧည့်သည်တော်များ ကြိုဆိုခေါ်ဆောင်ပေးရန် လေယာဉ်ပျံပေါင်း အစင်
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့် အမ်ဘာနီ၏ မင်္ဂလာဆောင်သို့ ဧည့်သည်တော်များ ကြိုဆိုခေါ်ဆောင်ပေးရန် လေယာဉ်ပျံပေါင်း အစင်
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
လှေဖြင့် ၆ ရက်သွားမှ ရောက်နိုင်သော ကမ္ဘာ့လူသူအလှမ်းကွာဆုံး သမုဒ္ဒရာအလယ်မှ မြို့ကလေး
လှေဖြင့် ၆ ရက်သွားမှ ရောက်နိုင်သော ကမ္ဘာ့လူသူအလှမ်းကွာဆုံး သမုဒ္ဒရာအလယ်မှ မြို့ကလေး
တရုတ်ပြည် ဟူနန်ပြည်နယ်တွင် အကြီးအကျယ် ရေလွှမ်းမိုးမှု ဖြစ်ပွားရာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အား ရင်စို့ခန့်ရှိသော ရေထဲ
တရုတ်ပြည် ဟူနန်ပြည်နယ်တွင် အကြီးအကျယ် ရေလွှမ်းမိုးမှု ဖြစ်ပွားရာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အား ရင်စို့ခန့်ရှိသော ရေထဲ
shwe-wutthmone
Pan Swal Taw Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service