ဂျက်လေယာဉ်ကြီးတစ်စင်း ခြံဝန်းအတွင်း ပါဝင်ကာ ခြံအကျယ် ၁၀ ဧကရှိသော ဆန်းကြယ်သည့် စံအိမ် တစ်လုံး ပေါင် ၃ ဒသမ ၉ သန်းဖြင့် ရောင်းမည်

ဂျက်လေယာဉ်ကြီးတစ်စင်း ခြံဝန်းအတွင်း ပါဝင်ကာ ခြံအကျယ် ၁၀ ဧကရှိသော ဆန်းကြယ်သည့် စံအိမ် တစ်လုံး ပေါင် ၃ ဒသမ ၉ သန်းဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
25 Jan 2024 10:29 am တွင် တင်ခဲ့သည်
656 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

စံအိမ်နောက်ဘက် ခြံဝန်းအတွင်း ဂျက်လေယာဉ်ကြီးတစ်စင်းရှိနေသော ဆန်းကြယ်သည့် စံအိမ်တစ်လုံး ပေါင် ၄ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်နေသည်။

အင်္ဂလန်နိုင်ငံ ဟမ့်ပ်ရှိုင်းယားခရိုင်၊ ပို့စ်မောက်မြို့၏ မြောက်ဘက် ၁၅ မိုင်အကွာ Petersfield မြို့တွင် တည်ရှိသည်။

Rightmove အိမ်ခြံမြေဝက်ဘ်ဆိုက်မှတဆင့် အရောင်းဈေးကွက်တင်လာခြင်းဖြစ်ပြီး ပေါင် ၃ ဒသမ ၉၅ သန်း ဈေးခေါ်ထားသည်။

(Petersfield မြို့တွင် တည်ရှိပြီး စံအိမ်ခြံဝန်းအတွင်း ဂျက်လေယာဉ်ကြီးတစ်စင်းရှိသည်။ ဓာတ်ပုံ-Savills/ Rightmove)

(ကြီးမားသော အိပ်ခန်းကြီး ၆ ခန်းပါဝင်သည်။ ဓာတ်ပုံ-Savills/ Rightmove)

(အံ့ဖွယ်စံအိမ်ကို ပေါင် ၃ ဒသမ ၉၅ သန်းဖြင့် ဝယ်ယူပိုင်ဆိုင်နိုင်မည်။ ဓာတ်ပုံ-Savills/ Rightmove)

စံအိမ်ကို Durford Edge ဟုအမည်ပေးထားပြီး ရေကန်တစ်ခု၊ ဧည့်ဂေဟာအိမ်တို့လည်း ပါဝင်ကာ ခြံအကျယ် မှာ ၁၀ ဧကကျော်ရှိကာ ငွေကြေးသုံးစွဲနိုင်မည့် ပိုင်ရှင်သစ်ကို ရှာဖွေလျက် ရှိသည်။

ဝယ်လက်များ ကြိုက်လောက်စေမည့် အချက်များစွာရှိသော်လည်း အထူးခြားဆုံးအချက်မှာ မြောက်ဘက်ရှိ မြက်ခင်းပြင်အတွင်း Harrier ဂျက်လေယာဉ်ကြီး ရှိနေခြင်း ဖြစ်သည်။

ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြထားချက်အရ “ဂုဏ်သတင်းကြီးတဲ့ Duford Wood ကျေးရွာမှာ တည်ရှိ ပါတယ်”ဟု ဖော်ပြသည်။

“အံ့မခန်းအိမ်နဲ့ ကျယ်ဝန်းတဲ့ ဥယျာဉ်တွေကို မြေယာအလှပြင်ဆင်ရေး ဒီဇိုင်နာတွေဖြစ်တဲ့ Inigo Triggs နှင့် Gertrude Jekyll တို့က ၁၉၂၃ ခုနှစ်မှာ ဒီဇိုင်းဆွဲ ပေးခဲ့ပါတယ်။”

“သူတို့ဟာ ၂၀ ရာစု ဗြိတိန်ရဲ့ အရေးအပါဆုံး မြေယာအလှပြင်ဆင်ရေး ဒီဇိုင်နာတွေထဲမှာ ပါဝင်ပါတယ်။”

စံအိမ်တည်ရှိသည့် သီးသန့်လူနေအိမ်ယာဝန်းသည် Petersfield မြို့၏ မြောက်ဘက် ၂ မိုင်ခန့်အကွာတွင် ရှိပြီး ကြီးမားသော ခြံဝန်းကြီးများနှင့် ကြီးမားသော စံအိမ်ကြီးများဖြင့် ဖွဲ့စည်းထားသည်။

ယခုစံအိမ်ကြီးနှင့် စပ်လျဉ်းပြီး လူမှုကွန်ရက်သုံးစွဲသူတို့က အမျိုးမျိုးအဖုံဖုံ မှတ်ချက်ပြုကြသည်။

တစ်ဦးက မှတ်ချက်ပြုသည်မှာ “သူတို့ အိမ်ပြောင်းမယ်ဆိုရင် ဂျက်လေယာဉ်ကြီးအတွက် ထားဖို့နေရာ ရှိမှာ မဟုတ်ဘူး”ဟု ဆိုသည်။

အခြားတစ်ဦးက မှတ်ချက်ပြုသည်မှာ “အချစ်ရေ..။ ကိုယ် eBay ကနေ ပန်းခြံထဲမှာ အလှထားဖို့ ဝယ်ထားတာ တစ်ခုရှိတယ်။ ကိုယ်အပြင်ရောက်နေတုန်း သူတို့လာပို့တယ်ဆိုရင် တောင်ဘက်က မြက်ခင်းပေါ်မှာ ထားခိုင်း လိုက်ပါ”ဟု ရေးသားထားသည်။

(စံအိမ်အတွင်းပိုင်းမြင်ကွင်း။ ဓာတ်ပုံ-Savills/Rightmove)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Mysterious mansion with its own JET in 10 acres of land is up for sale for £3.9million (thesun)

Photo Credit: Savills/Rightmove

[Zawgyi]

ဂ်က္ေလယာဥ္ၾကီးတစ္စင္း ျခံဝန္းအတြင္း ပါဝင္ကာ ျခံအက်ယ္ ၁၀ ဧကရွိေသာ ဆန္းၾကယ္သည့္ စံအိမ္ တစ္လံုး ေပါင္ ၃ ဒသမ ၉ သန္းျဖင့္ ေရာင္းမည္

စံအိမ္ေနာက္ဘက္ ျခံဝန္းအတြင္း ဂ်က္ေလယာဥ္ၾကီးတစ္စင္းရွိေနေသာ ဆန္းၾကယ္သည့္ စံအိမ္တစ္လံုး ေပါင္ ၄ သန္းနီးပါးျဖင့္ အေရာင္းေစ်းကြက္ဝင္ေနသည္။

အဂၤလန္ႏိုင္ငံ ဟမ့္ပ္ရႈိင္းယားခရိုင္၊ ပို႔စ္ေမာက္ျမိဳ႕၏ ေျမာက္ဘက္ ၁၅ မိုင္အကြာ Petersfield ျမိဳ႕တြင္ တည္ရွိသည္။

Rightmove အိမ္ျခံေျမဝက္ဘ္ဆိုက္မွတဆင့္ အေရာင္းေစ်းကြက္တင္လာျခင္းျဖစ္ျပီး ေပါင္ ၃ ဒသမ ၉၅ သန္း ေစ်းေခၚထားသည္။

(Petersfield ျမိဳ႕တြင္ တည္ရွိျပီး စံအိမ္ျခံဝန္းအတြင္း ဂ်က္ေလယာဥ္ၾကီးတစ္စင္းရွိသည္။ ဓာတ္ပံု-Savills/ Rightmove)

(ၾကီးမားေသာ အိပ္ခန္းၾကီး ၆ ခန္းပါဝင္သည္။ ဓာတ္ပံု-Savills/ Rightmove)

(အံ့ဖြယ္စံအိမ္ကို ေပါင္ ၃ ဒသမ ၉၅ သန္းျဖင့္ ဝယ္ယူပိုင္ဆိုင္ႏိုင္မည္။ ဓာတ္ပံု-Savills/ Rightmove)

စံအိမ္ကို Durford Edge ဟုအမည္ေပးထားျပီး ေရကန္တစ္ခု၊ ဧည့္ေဂဟာအိမ္တို႔လည္း ပါဝင္ကာ ျခံအက်ယ္ မွာ ၁၀ ဧကေက်ာ္ရွိကာ ေငြေၾကးသံုးစြဲႏိုင္မည့္ ပိုင္ရွင္သစ္ကို ရွာေဖြလ်က္ ရွိသည္။

ဝယ္လက္မ်ား ၾကိဳက္ေလာက္ေစမည့္ အခ်က္မ်ားစြာရွိေသာ္လည္း အထူးျခားဆံုးအခ်က္မွာ ေျမာက္ဘက္ရွိ ျမက္ခင္းျပင္အတြင္း Harrier ဂ်က္ေလယာဥ္ၾကီး ရွိေနျခင္း ျဖစ္သည္။

ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပထားခ်က္အရ “ဂုဏ္သတင္းၾကီးတဲ့ Duford Wood ေက်းရြာမွာ တည္ရွိ ပါတယ္”ဟု ေဖာ္ျပသည္။

“အံ့မခန္းအိမ္နဲ႔ က်ယ္ဝန္းတဲ့ ဥယ်ာဥ္ေတြကို ေျမယာအလွျပင္ဆင္ေရး ဒီဇိုင္နာေတြျဖစ္တဲ့ Inigo Triggs ႏွင့္ Gertrude Jekyll တုိ႔က ၁၉၂၃ ခုႏွစ္မွာ ဒီဇိုင္းဆြဲ ေပးခဲ့ပါတယ္။”

“သူတို႔ဟာ ၂၀ ရာစု ျဗိတိန္ရဲ႕ အေရးအပါဆံုး ေျမယာအလွျပင္ဆင္ေရး ဒီဇိုင္နာေတြထဲမွာ ပါဝင္ပါတယ္။”

စံအိမ္တည္ရွိသည့္ သီးသန္႔လူေနအိမ္ယာဝန္းသည္ Petersfield ျမဳိ႕၏ ေျမာက္ဘက္ ၂ မိုင္ခန္႔အကြာတြင္ ရွိျပီး ၾကီးမားေသာ ျခံဝန္းၾကီးမ်ားႏွင့္ ၾကီးမားေသာ စံအိမ္ၾကီးမ်ားျဖင့္ ဖြဲ႔စည္းထားသည္။

ယခုစံအိမ္ၾကီးႏွင့္ စပ္လ်ဥ္းျပီး လူမႈကြန္ရက္သံုးစြဲသူတို႔က အမ်ဳိးမ်ဳိးအဖံုဖံု မွတ္ခ်က္ျပဳၾကသည္။

တစ္ဦးက မွတ္ခ်က္ျပဳသည္မွာ “သူတို႔ အိမ္ေျပာင္းမယ္ဆိုရင္ ဂ်က္ေလယာဥ္ၾကီးအတြက္ ထားဖို႔ေနရာ ရွိမွာ မဟုတ္ဘူး”ဟု ဆိုသည္။

အျခားတစ္ဦးက မွတ္ခ်က္ျပဳသည္မွာ “အခ်စ္ေရ..။ ကိုယ္ eBay ကေန ပန္းျခံထဲမွာ အလွထားဖို႔ ဝယ္ထားတာ တစ္ခုရွိတယ္။ ကိုယ္အျပင္ေရာက္ေနတုန္း သူတို႔လာပို႔တယ္ဆိုရင္ ေတာင္ဘက္က ျမက္ခင္းေပၚမွာ ထားခိုင္း လိုက္ပါ”ဟု ေရးသားထားသည္။

(စံအိမ္အတြင္းပိုင္းျမင္ကြင္း။ ဓာတ္ပံု-Savills/Rightmove)

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Mysterious mansion with its own JET in 10 acres of land is up for sale for £3.9million (thesun)

Photo Credit: Savills/Rightmove

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆောက်လုပ်ရေးဝန်ကြီးဌာနက အိမ်ရာသုံးခုအတွက် တင်ဒါခေါ်နေ
ဆောက်လုပ်ရေးဝန်ကြီးဌာနက အိမ်ရာသုံးခုအတွက် တင်ဒါခေါ်နေ
အင်္ဂလန်ကမ်းလွန်ပင်လယ်ပြင်ရှိ စစ်ဘက်ခံတပ်ဟောင်း ၂ ခု လေလံတင်ရောင်းချရန် စီစဉ်ထားရာ လုံခြုံရေး ကောင်းမွန်သည့်နေအိမ် ရှာဖွေနေသူများအတွက် အထူးသင့်တော်...
အင်္ဂလန်ကမ်းလွန်ပင်လယ်ပြင်ရှိ စစ်ဘက်ခံတပ်ဟောင်း ၂ ခု လေလံတင်ရောင်းချရန် စီစဉ်ထားရာ လုံခြုံရေး ကောင်းမွန်သည့်နေအိမ် ရှာဖွေနေသူများအတွက် အထူးသင့်တော်...
အမေရိကန်ပြည်တွင် ရထားလမ်း၊ ဘူတာရုံ၊ တံတားများ၊ ခုံးကျော်များ၊ တောင်တန်းများ၊ မြို့များ၊ ကျေးရွာများ ပုံစံငယ်ပြုလုပ်ထားသည့် မြေအောက်ခန်းကြီးပါဝင်သော စတုရန်းပေ ၂၀၀၀၀ ကျော် ကျယ်ဝန်းသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၃,၂၉၅,၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...

အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့် အရောင်းဈေးကွက်တင်လာ...
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့် အရောင်းဈေးကွက်တင်လာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ...
တိုင်းမ်မဂ္ဂဇင်းကြီး၏ ပိုင်ရှင် မာ့ခ် ဘဲနီအော့ဖ်က ၎င်းနှင့်အတူ နေ့လယ်စာစားခွင့် အခွင့်အရေးကို လေလံတင် ရောင်းချရာ ဒေါ်လာ ၂၀၀၁၀၀ ရရှိ၊ လေလံအောင်သူက အိမ်ရာမဲ့များအတွက် ကန်ဒေါ်လာ ၁ ဒသမ ၅ သန်း လှူဒါန်းမည်...

ဘတ်စ်ကားခပင် မတတ်နိုင်သောကြောင့် လမ်းလျှောက်နေရသူတို့နေထိုင်ရာ၊ ဆန္ဒမဲပေးလျှင်လည်း မိမိတို့ဘဝကို မည်သို့မှ ပြောင်းလဲပေးနိုင်မည်မဟုတ်ဟု ယုံကြည်ထားကာ မဲပေးသူအလွန်နည်းလှသော အင်္ဂလန်က မြို့ကလေး...
ဘတ်စ်ကားခပင် မတတ်နိုင်သောကြောင့် လမ်းလျှောက်နေရသူတို့နေထိုင်ရာ၊ ဆန္ဒမဲပေးလျှင်လည်း မိမိတို့ဘဝကို မည်သို့မှ ပြောင်းလဲပေးနိုင်မည်မဟုတ်ဟု ယုံကြည်ထားကာ မဲပေးသူအလွန်နည်းလှသော အင်္ဂလန်က မြို့ကလေး...
ပုဂ္ဂလိကပိုင်ဆိုင်သော အပန်းဖြေနေရာများ၊ အိမ်ခြံမြေနှင့် ဥယျာဉ်ခြံများ ခရီးသွားလုပ်ငန်းလိုင်စင် ပြုလုပ်ရမည်...
ပုဂ္ဂလိကပိုင်ဆိုင်သော အပန်းဖြေနေရာများ၊ အိမ်ခြံမြေနှင့် ဥယျာဉ်ခြံများ ခရီးသွားလုပ်ငန်းလိုင်စင် ပြုလုပ်ရမည်...
ဗြိတိန်တွင် ပေါင် ၁၇၅ သန်းတန်ကြေးအထိ ဈေးခေါ်ထားသော ဈေးအကြီးဆုံး လူနေခန်း
ဗြိတိန်တွင် ပေါင် ၁၇၅ သန်းတန်ကြေးအထိ ဈေးခေါ်ထားသော ဈေးအကြီးဆုံး လူနေခန်း
ဆန်ဖရန်စစ္စကိုမှ ဘီလျံနာသူဌေးတစ်ဦးက သူ၏ စံအိမ်အနီး ပင်လယ်ကမ်းခြေသို့ ပြည်သူများ လာရောက်နေကြသည်ကို မလိုလားသော်လည်း တရားသူကြီးက ခွင့်မပြု...
ဆန်ဖရန်စစ္စကိုမှ ဘီလျံနာသူဌေးတစ်ဦးက သူ၏ စံအိမ်အနီး ပင်လယ်ကမ်းခြေသို့ ပြည်သူများ လာရောက်နေကြသည်ကို မလိုလားသော်လည်း တရားသူကြီးက ခွင့်မပြု...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသော
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသော
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

area-one-business-complex
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service