အမှုအမျိုးအစားပေါ်မှုတည်၍ ရုံးခွန်တော်ထမ်းဆောင်နိုင်ရန် အမှုတန်ဖိုးသတ်မှတ်ပုံအကြောင်း ဥပဒဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

အမှုအမျိုးအစားပေါ်မှုတည်၍ ရုံးခွန်တော်ထမ်းဆောင်နိုင်ရန် အမှုတန်ဖိုးသတ်မှတ်ပုံအကြောင်း ဥပဒဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
20 Jan 2024 10:59 am တွင် တင်ခဲ့သည်
991 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

ရုံးခွန်အတွက် သတ်မှတ် ကောက်ခံနှုန်းထားများအတိုင်း လျှောက်ထားသူမှ ထမ်းဆောင်ခြင်းမပြုလျှင် (သို့) လျော့နည်း၍ ထမ်းဆောင်လျှင် အဆိုပါကိစ္စရပ်အတွက် တင်ပြလာသည့် စာရွက်စာတမ်းများအား အမှုတွဲ၌ တွဲခြင်း၊ သက်သေခံအဖြစ် လက်ခံခြင်း၊ မှတ်တမ်းတင်ကာ ပြီးမြောက်စေရန် ဒီကရီအမိန့်တစ်ရပ် ချမှတ်ခြင်းအား သက်ဆိုင်ရာအရာရှိမှ ဆောင်ရွက်ပေးခွင့်ရှိမှာမဟုတ်ပါဘူး။ တရားမမှုများတွင် ရုံးခွန်‌တော်ထမ်းဆောင်ရပြီး အမှုအမျိုးအစားပေါ် မူတည်၍ ရုံးခွန်တော် ထမ်းဆောင်နိုင်ရန် အောက်ပါအတိုင်း အမှုတန်ဖိုး သတ်မှတ်သုံးသပ်ပါတယ်။

ငွေရလိုမှုအတွက် စွဲဆိုသော တရားမမှုများအား အမှုတန်ဖိုးသတ်မှတ်ရာတွင် (နှစ်စဉ်ပေးရန် ကြွေးကျန်များ၊ နစ်နာကြေး၊လျော်ကြေးများ) ပါလျှင် ၎င်းတို့ပါပေါင်းပြီး လျှောက်ထားသူ တရားလိုသည် ရုံးခွန်တော် ထမ်းဆောင်ရန် လိုအပ်သည်။

အမွေခွဲဝေသော တရားမမှုများတွင် အငြင်းပွှားသည့်ပစ္စည်း၊ မိသားစုပူးတွဲ ပိုင်ဆိုင်မှုအပေါ် ခွဲဝေမည့် ပစ္စည်းအပေါ်၌ ၎င်းမှတောင်းဆိုသည့် သက်သာခွင့်အတိုင်း အမှုတန်ဖိုးပမာဏအား သတ်မှတ်၍ ရုံးခွန်ထမ်းဆောင်ရမည် ဖြစ်သည်။

စာရင်းရှင်းလင်းပေးရန်စွဲဆိုသော အမှုများ၌ အဆိုလွှာတွင် ၎င်းတောင်းဆိုသည့် သက်သာခွင့် ငွေပမာဏအပေါ်တွင် ရုံးခွန်တော်တွက်ချက်ပြီး ထမ်းဆောင်ရပါမည်။

ရွှေ့ပြောင်းနိုင်သောပစ္စည်းများအား တောင်းဆိုသော တရားမမှုများတွင် အဆိုလွှာ တင်သွင်းသည့်ရက်နေ့ ကာလပေါက်ဈေးပေါ်မူတည်၍ ၎င်းတန်ဖိုးငွေပမာဏအပေါ် ရုံးခွန်တော် ထမ်းဆောင်ရပါမည်။

မရွှေ့မပြောင်းနိုင်သော အိမ်၊ခြံမြေများနှင့် စပ်လျဉ်းသည့် လက်ရောက်ရလိုသော အမှုတွင် အခွန်မှာ အမြဲတမ်း သတ်မှတ်ထားခြင်း မဟုတ်ပါက ၎င်းတန်ဖိုးမှာ အဆိုပါထမ်းဆောင်ရန် အခွန်၏ (၅) ဆ ထမ်းဆောင်ရမည်။

မြွတ်ဟကြေညာခြင်းပေးစေလိုမှုများတွင် ၎င်းတောင်းဆိုသည့် သက်သာခွင့် တန်ဖိုးငွေပမာဏအပေါ် ရုံးခွန်တော် ထမ်းဆောင်ရမည်။

အပေါင်ပစ္စည်းအတွက် စွဲဆိုသောတရားမမှုများတွင် စာချုပ်တွင် ရောင်းချခွင့်ရှိကြောင်း စည်းကမ်းချက်လဲပါရှိပါက အပေါင်ပစ္စည်းအပေါ် စာချုပ်အရ နှစ်ဦးနှစ်ဖက်သတ်မှတ်သည့် အာမခံငွေရင်းအတိုင်း ရုံးခွန်တော် ထမ်းဆောင်ရန်လိုအပ်သည်။

မြေရှင်မြေငှား ဖြစ်ပွားလေ့ရှိသော မြေငှားရမ်းခြင်းဆိုင်ရာ အငြင်းပွားမှုများတွင် ကျန်ခဲ့သောတစ်နှစ်အတွင်း မြေငှားရမ်းသူမှ ငှားရမ်းခပေးချေသော တန်ဖိုးငွေပမာဏအပေါ်တွင် ရုံးခွန်တော် ထမ်းဆောင်ရကြောင်း ဖော်ပြရေးသားပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 

အမႈအမ်ိဳးအစားေပၚမႈတည္၍ ႐ုံးခြန္ေတာ္ထမ္းေဆာင္ႏိုင္ရန္ အမႈတန္ဖိုးသတ္မွတ္ပုံအေၾကာင္း ဥပဒဗဟုသုတအေနျဖင့္ ေရးသား ေဖာ္ျပေပးလိုက္ပါတယ္။

 

႐ုံးခြန္အတြက္ သတ္မွတ္ ေကာက္ခံႏႈန္းထားမ်ားအတိုင္း ေလွ်ာက္ထားသူမွ ထမ္းေဆာင္ျခင္းမျပဳလွ်င္ (သို႔) ေလ်ာ့နည္း၍ ထမ္းေဆာင္လွ်င္ အဆိုပါကိစၥရပ္အတြက္ တင္ျပလာသည့္ စာ႐ြက္စာတမ္းမ်ားအား အမႈတြဲ၌တြဲျခင္း၊ သက္ေသခံအျဖစ္ လက္ခံျခင္း၊ မွတ္တမ္းတင္ကာ ၿပီးေျမာက္ေစရန္ ဒီကရီ အမိန္႔တစ္ရပ္ ခ်မွတ္ျခင္းအား သက္ဆိုင္ရာအရာ႐ွိမွ ေဆာင္႐ြက္ေပးခြင့္႐ွိမွာမဟုတ္ပါဘူး။ တရားမမႈမ်ားတြင္ ႐ုံးခြန္‌ေတာ္ထမ္းေဆာင္ရၿပီး အမႈအမ်ိဳး အစားေပၚ မူတည္၍ ႐ုံးခြန္ေတာ္ ထမ္းေဆာင္ႏိုင္ရန္ ေအာက္ပါအတိုင္း အမႈတန္ဖိုး သတ္မွတ္သုံးသပ္ပါတယ္။

ေငြရလိုမႈအတြက္ စြဲဆိုေသာ တရားမမႈမ်ားအား အမႈတန္ဖိုးသတ္မွတ္ရာတြင္ (ႏွစ္စဥ္ေပးရန္ ေႂကြးက်န္မ်ား၊ နစ္နာေၾကး၊ေလ်ာ္ေၾကးမ်ား) ပါလွ်င္ ၎တို႔ပါေပါင္းၿပီး ေလွ်ာက္ထားသူ တရားလိုသည္ ႐ုံးခြန္ေတာ္ ထမ္းေဆာင္ရန္ လိုအပ္သည္။

အေမြခြဲေဝေသာ တရားမမႈမ်ားတြင္ အျငင္းပႊားသည့္ပစၥည္း၊ မိသားစုပူးတြဲ ပိုင္ဆိုင္မႈအေပၚ ခြဲေဝမည့္ ပစၥည္းအေပၚ၌ ၎မွေတာင္းဆိုသည့္ သက္သာခြင့္အတိုင္း အမႈတန္ဖိုးပမာဏအား သတ္မွတ္၍ ႐ုံးခြန္ ထမ္းေဆာင္ရမည္ ျဖစ္သည္။

စာရင္း႐ွင္းလင္းေပးရန္စြဲဆိုေသာ အမႈမ်ား၌ အဆိုလႊာတြင္ ၎ေတာင္းဆိုသည့္ သက္သာခြင့္ ေငြပမာဏ အေပၚတြင္ ႐ုံးခြန္ေတာ္ တြက္ခ်က္ၿပီး ထမ္းေဆာင္ရပါမည္။

ေ႐ႊ႕ေျပာင္းႏိုင္ေသာပစၥည္းမ်ားအား ေတာင္းဆိုေသာ တရားမမႈမ်ားတြင္ အဆိုလႊာ တင္သြင္းသည့္ရက္ေန႔ ကာလ ေပါက္ေဈးေပၚမူတည္၍ ၎တန္ဖိုးေငြပမာဏအေပၚ ႐ုံးခြန္ေတာ္ ထမ္းေဆာင္ရပါမည္။

မေ႐ႊ႕မေျပာင္းႏိုင္ေသာ အိမ္၊ျခံေျမမ်ားႏွင့္ စပ္လ်ဥ္းသည့္ လက္ေရာက္ရလိုေသာ အမႈတြင္ အခြန္မွာ အၿမဲတမ္း သတ္မွတ္ထားျခင္း မဟုတ္ပါက ၎တန္ဖိုးမွာ အဆိုပါထမ္းေဆာင္ရန္ အခြန္၏ (၅) ဆ ထမ္းေဆာင္ရမည္။

ႁမြတ္ဟေၾကညာျခင္းေပးေစလိုမႈမ်ားတြင္ ၎ေတာင္းဆိုသည့္ သက္သာခြင့္ တန္ဖိုးေငြပမာဏအေပၚ ႐ုံးခြန္ေတာ္ ထမ္းေဆာင္ရမည္။

အေပါင္ပစၥည္းအတြက္ စြဲဆိုေသာတရားမမႈမ်ားတြင္ စာခ်ဳပ္တြင္ ေရာင္းခ်ခြင့္႐ွိေၾကာင္း စည္းကမ္းခ်က္လဲ ပါ႐ွိပါက အေပါင္ပစၥည္းအေပၚ စာခ်ဳပ္အရ ႏွစ္ဦးႏွစ္ဖက္သတ္မွတ္သည့္ အာမခံေငြရင္းအတိုင္း ႐ုံးခြန္ေတာ္ ထမ္းေဆာင္ရန္လိုအပ္သည္။

ေျမ႐ွင္ေျမငွား ျဖစ္ပြားေလ့႐ွိေသာ ေျမငွားရမ္းျခင္းဆိုင္ရာ အျငင္းပြားမႈမ်ားတြင္ က်န္ခဲ့ေသာတစ္ႏွစ္အတြင္း ေျမငွားရမ္းသူမွ ငွားရမ္းခေပးေခ်ေသာ တန္ဖိုးေငြပမာဏအေပၚတြင္ ႐ုံးခြန္ေတာ္ ထမ္းေဆာင္ရေၾကာင္း ေဖာ္ျပေရးသား ေပးလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
အေးချမ်းသာယာတဲ့အလှအပတွေနဲ့ သဘာဝရဲ့သုခဘုံ (သို့မဟုတ်) ဗီယက်နမ်
အေးချမ်းသာယာတဲ့အလှအပတွေနဲ့ သဘာဝရဲ့သုခဘုံ (သို့မဟုတ်) ဗီယက်နမ်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service