Amazon တည်ထောင်သူ ဂျက်ဘေဇော့စ် ၂၀၂၃ ခုနှစ်အတွင်း တစ်နာရီလျှင် ကန်ဒေါ်လာ ၇ ဒသမ ၉ သန်း ဝင်ငွေရှိခဲ့ ၊ သူ၏ ၁၃ မိနစ်ဝင်ငွေမှာ သာမန်လူတစ်ဦး တစ်ဘဝလုံး ရှာဖွေရမည့် ဝင်ငွေနှင့် ညီမျှ

Amazon တည်ထောင်သူ ဂျက်ဘေဇော့စ် ၂၀၂၃ ခုနှစ်အတွင်း တစ်နာရီလျှင် ကန်ဒေါ်လာ ၇ ဒသမ ၉ သန်း ဝင်ငွေရှိခဲ့ ၊ သူ၏ ၁၃ မိနစ်ဝင်ငွေမှာ သာမန်လူတစ်ဦး တစ်ဘဝလုံး ရှာဖွေရမည့် ဝင်ငွေနှင့် ညီမျှ - Property Knowledge in Myanmar from iMyanmarHouse.com
19 Jan 2024 11:04 am တွင် တင်ခဲ့သည်
551 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

Amazon.com Inc.တည်ထောင်သူ ဂျက်ဘေဇော့စ်သည် ခေတ်သစ်စီးပွားရေးလောကတွင် အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

ဂျက်ဘေဇော့စ်သည် ၂၀၂၃ နှစ်စပိုင်းတွင် ကြွယ်ဝမှု ကန်ဒေါ်လာ ၁၀၇ ဘီလီယံ ရှိခဲ့ရာမှ နှစ်ကုန်တွင် ၁၇၇ ဘီလီယံအထိ မြင့်တက်လာရာ ကန်ဒေါ်လာ ၇၀ ဘီလီယံ ပိုမိုကြွယ်ဝလာကြောင်း Fortune က ဖော်ပြသည်။

ထိုပမာဏမှာ တစ်ရက်လျှင် ကန်ဒေါ်လာ ၁၉၁,၇၈၀,၈၂၂ (သို့မဟုတ်) တစ်နာရီလျှင် ကန်ဒေါ်လာ ၇,၉၉၀,၈၆၈ ဝင်ငွေရခဲ့ခြင်းလည်း ဖြစ်သည်။

အမေရိကန်မှ သာမန်အလုပ်သမားတစ်ဦး၏ တစ်သက်တာလုံး ရရှိမည့် ဝင်ငွေ ကန်ဒေါ်လာ ၁ ဒသမ ၇ သန်း မှာ ဂျက်ဘေဇော့စ်၏ ၀ ဒသမ ၂၁ နာရီ (သို့မဟုတ်) ၁၂ ဒသမ ၇၆ မိနစ် ဝင်ငွေနှင့် ညီမျှသည်။

တနည်းဆိုရလျှင် သာမန်အလုပ်သမားတစ်ဦး တစ်သက်လုံးရှာရမည့် ငွေပမာဏကို ဂျက်ဘေဇော့စ်က ၁၃ မိနစ် အောက်မျှဖြင့် ရရှိနေခြင်းလည်း ဖြစ်သည်။

ဂျက်ဘေဇော့စ်၏ ကြွယ်ဝမှု မြင့်တက်လာခြင်းမှာ အဓိကအားဖြင့် ၎င်းပိုင်ဆိုင်ထားသော Amazon ရှယ်ယာများ ကြောင့် ဖြစ်သည်။

၁၉၉၇ ခုနှစ်တွင် Amazon ကို အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲခဲ့ပြီးနောက်ပိုင်း ကုမ္ပဏီအလွန်ကြီးထွားလာ ခဲ့ရာ အွန်လိုင်းလက်လီကဏ္ဍသာမကဘဲ Amazon Web Services ဖြင့် Cloud Computing နှင့် Digital Streaming နယ်ပယ်များအထိ ချဲ့ထွင်လာခဲ့သည်။

အဆိုပါ လုပ်ငန်းချဲ့ထွင်မှုများက Amazon ၏ ရှယ်ယာဈေးနှုန်း ထိုးတက်စေခဲ့ရာ ဂျက်ဘေဇော့စ်၏ ပိုင်ဆိုင်မှု မှာလည်း မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

၂၀၂၃ ခုနှစ်အတွင်း Amazon ၏ ကမ္ဘာတဝန်း အရောင်းအဝယ် ပမာဏမှာ ကန်ဒေါ်လာ ၇၄၆ ဒသမ ၂၂ ဘီလီယံအထိ ရှိခဲ့သည်။

ထို့ကြောင့် Amazon သည် e-commerce ကဏ္ဍတွင် ဦးဆောင်နေသည့် အနေအထားရှိသည်။

နှစ်ပေါင်းများစွာကာလအတွင်း ဂျက်ဘေဇော့စ်သည် ကန်ဒေါ်လာ ၂၇ ဘီလီယံ ဖိုးခန့်ရှိ Amazon ရှယ်ယာများ ရောင်းချခဲ့ရာ ၂၀၁၀ ပြည့်နှစ်အတွင်း ဒေါ်လာ ၇၉၃ သန်းဖိုးရှိ ရှယ်ယာပေါင်း ၆ သန်း ရောင်းချခဲ့မှုလည်း အပါအဝင် ဖြစ်သည်။

ဂျက်ဘေဇော့စ်သည် Amazon အပြင် အခြားရင်းနှီးမြှုပ်နှံမှုများလည်း ပြုလုပ်ထားသည်။

Blue Origin Enterprises အမည်ရှိ အာကာသကုမ္ပဏီတစ်ခုလည်း တည်ထောင်ထားပြီး အာကာသတွင် ဟိုတယ်များနှင့် ကစားကွင်းများ ဆောက်လုပ်ရန် ရည်မှန်းထားသည်။

၂၀၁၃ ခုနှစ်တွင် ဝါရှင်တန်ပို့စ် သတင်းစာကိုလည်း ဝယ်ယူခဲ့သည်။ ထို့အပြင် Arrived Homes အမည်ရှိ ကုမ္ပဏီတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသည်။

ထိုကုမ္ပဏီသည် အများပြည်သူတို့ကို ဒေါ်လာ ၁၀၀ မျှဖြင့် အငှားအိမ်ခြံမြေတို့တွင် ရင်းနှီးမြှုပ်နှံနိုင်ရန် စီစဉ်ပေးသော ကုမ္ပဏီလည်း ဖြစ်သည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Jeff Bezos Made Over $7.9 Million An Hour Every Hour In 2023 — In Under 13 Minutes, He Brought In The Equivalent Of What The Typical Person Earns In A Lifetime (finance)

Photo Credit: finance

[Zawgyi]

Amazon တည္ေထာင္သူ ဂ်က္ေဘေဇာ့စ္ ၂၀၂၃ ခုႏွစ္အတြင္း တစ္နာရီလွ်င္ ကန္ေဒၚလာ ၇ ဒသမ ၉ သန္း ဝင္ေငြရွိခဲ့ ၊ သူ၏ ၁၃ မိနစ္ဝင္ေငြမွာ သာမန္လူတစ္ဦး တစ္ဘဝလံုး ရွာေဖြရမည့္ ဝင္ေငြႏွင့္ ညီမွ်

Amazon.com Inc.တည္ေထာင္သူ ဂ်က္ေဘေဇာ့စ္သည္ ေခတ္သစ္စီးပြားေရးေလာကတြင္ အေရးပါေသာ ပုဂၢိဳလ္တစ္ဦး ျဖစ္သည္။

ဂ်က္ေဘေဇာ့စ္သည္ ၂၀၂၃ ႏွစ္စပိုင္းတြင္ ၾကြယ္ဝမႈ ကန္ေဒၚလာ ၁၀၇ ဘီလီယံ ရွိခဲ့ရာမွ ႏွစ္ကုန္တြင္ ၁၇၇ ဘီလီယံအထိ ျမင့္တက္လာရာ ကန္ေဒၚလာ ၇၀ ဘီလီယံ ပိုမိုၾကြယ္ဝလာေၾကာင္း Fortune က ေဖာ္ျပသည္။

ထိုပမာဏမွာ တစ္ရက္လွ်င္ ကန္ေဒၚလာ ၁၉၁,၇၈၀,၈၂၂ (သို႔မဟုတ္) တစ္နာရီလွ်င္ ကန္ေဒၚလာ ၇,၉၉၀,၈၆၈ ဝင္ေငြရခဲ့ျခင္းလည္း ျဖစ္သည္။

အေမရိကန္မွ သာမန္အလုပ္သမားတစ္ဦး၏ တစ္သက္တာလံုး ရရွိမည့္ ဝင္ေငြ ကန္ေဒၚလာ ၁ ဒသမ ၇ သန္း မွာ ဂ်က္ေဘေဇာ့စ္၏ ၀ ဒသမ ၂၁ နာရီ (သို႔မဟုတ္) ၁၂ ဒသမ ၇၆ မိနစ္ ဝင္ေငြႏွင့္ ညီမွ်သည္။

တနည္းဆိုရလွ်င္ သာမန္အလုပ္သမားတစ္ဦး တစ္သက္လံုးရွာရမည့္ ေငြပမာဏကို ဂ်က္ေဘေဇာ့စ္က ၁၃ မိနစ္ ေအာက္မွ်ျဖင့္ ရရွိေနျခင္းလည္း ျဖစ္သည္။

ဂ်က္ေဘေဇာ့စ္၏ ၾကြယ္ဝမႈ ျမင့္တက္လာျခင္းမွာ အဓိကအားျဖင့္ ၎ပိုင္ဆိုင္ထားေသာ Amazon ရွယ္ယာမ်ား ေၾကာင့္ ျဖစ္သည္။

၁၉၉၇ ခုႏွစ္တြင္ Amazon ကို အမ်ားပိုင္ကုမၸဏီအျဖစ္ ေျပာင္းလဲခဲ့ျပီးေနာက္ပိုင္း ကုမၸဏီအလြန္ၾကီးထြားလာ ခဲ့ရာ အြန္လိုင္းလက္လီက႑သာမကဘဲ Amazon Web Services ျဖင့္ Cloud Computing ႏွင့္ Digital Streaming နယ္ပယ္မ်ားအထိ ခ်ဲ႕ထြင္လာခဲ့သည္။

အဆုိပါ လုပ္ငန္းခ်ဲ႕ထြင္မႈမ်ားက Amazon ၏ ရွယ္ယာေစ်းႏႈန္း ထိုးတက္ေစခဲ့ရာ ဂ်က္ေဘေဇာ့စ္၏ ပိုင္ဆိုင္မႈ မွာလည္း ျမင့္တက္လာခဲ့ျခင္း ျဖစ္သည္။

၂၀၂၃ ခုႏွစ္အတြင္း Amazon ၏ ကမၻာတဝန္း အေရာင္းအဝယ္ ပမာဏမွာ ကန္ေဒၚလာ ၇၄၆ ဒသမ ၂၂ ဘီလီယံအထိ ရွိခဲ့သည္။

ထို႔ေၾကာင့္ Amazon သည္ e-commerce က႑တြင္ ဦးေဆာင္ေနသည့္ အေနအထားရွိသည္။

ႏွစ္ေပါင္းမ်ားစြာကာလအတြင္း ဂ်က္ေဘေဇာ့စ္သည္ ကန္ေဒၚလာ ၂၇ ဘီလီယံ ဖုိးခန္႔ရွိ Amazon ရွယ္ယာမ်ား ေရာင္းခ်ခဲ့ရာ ၂၀၁၀ ျပည့္ႏွစ္အတြင္း ေဒၚလာ ၇၉၃ သန္းဖုိးရွိ ရွယ္ယာေပါင္း ၆ သန္း ေရာင္းခ်ခဲ့မႈလည္း အပါအဝင္ ျဖစ္သည္။

ဂ်က္ေဘေဇာ့စ္သည္ Amazon အျပင္ အျခားရင္းႏွီးျမွဳပ္ႏွံမႈမ်ားလည္း ျပဳလုပ္ထားသည္။

Blue Origin Enterprises အမည္ရွိ အာကာသကုမၸဏီတစ္ခုလည္း တည္ေထာင္ထားျပီး အာကာသတြင္ ဟိုတယ္မ်ားႏွင့္ ကစားကြင္းမ်ား ေဆာက္လုပ္ရန္ ရည္မွန္းထားသည္။

၂၀၁၃ ခုႏွစ္တြင္ ဝါရွင္တန္ပို႔စ္ သတင္းစာကိုလည္း ဝယ္ယူခဲ့သည္။ ထုိ႔အျပင္ Arrived Homes အမည္ရွိ ကုမၸဏီတြင္လည္း ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ျပဳလုပ္ထားသည္။

ထိုကုမၸဏီသည္ အမ်ားျပည္သူတို႔ကို ေဒၚလာ ၁၀၀ မွ်ျဖင့္ အငွားအိမ္ျခံေျမတို႔တြင္ ရင္းႏွီးျမွဳပ္ႏွံႏိုင္ရန္ စီစဥ္ေပးေသာ ကုမၸဏီလည္း ျဖစ္သည္။

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစရွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္ရွိသည့္ အိမ္ၿခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Jeff Bezos Made Over $7.9 Million An Hour Every Hour In 2023 — In Under 13 Minutes, He Brought In The Equivalent Of What The Typical Person Earns In A Lifetime (finance)

Photo Credit: finance

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကမ္ဘာအနှံ့က စုန်းမများဈေးဝယ်ထွက်ကြသည့် Bolivia နိုင်ငံမှ ထူးဆန်းသော စုန်းဈေး
ကမ္ဘာအနှံ့က စုန်းမများဈေးဝယ်ထွက်ကြသည့် Bolivia နိုင်ငံမှ ထူးဆန်းသော စုန်းဈေး
မြေတိုင်းတာခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
မြေတိုင်းတာခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
အာဖရိက၏ အချမ်းသာဆုံးပုဂ္ဂိုလ် Dangote က ပြည်ပနိုင်ငံများတွင် အိမ်ခြံမြေများ ပိုင်ဆိုင်မထားသည့် အကြောင်းရင်းကို ရှင်းပြ...
အာဖရိက၏ အချမ်းသာဆုံးပုဂ္ဂိုလ် Dangote က ပြည်ပနိုင်ငံများတွင် အိမ်ခြံမြေများ ပိုင်ဆိုင်မထားသည့် အကြောင်းရင်းကို ရှင်းပြ...
ရွှန်းဆကု ဆဂမိ၏ အောင်မြင်မှု (သို့မဟုတ်) ကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံ ချမ်းသာသော ဂျပန်၏ အသက်အငယ်ဆုံး ဘီလျံနာ...
ရွှန်းဆကု ဆဂမိ၏ အောင်မြင်မှု (သို့မဟုတ်) ကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံ ချမ်းသာသော ဂျပန်၏ အသက်အငယ်ဆုံး ဘီလျံနာ...
သန်းကြွယ်သူဌေးများ ဖြစ်လာလျက်ရှိသော ထိုင်း ဒူးရင်းစိုက်ပျိုးသူများနှင့် တင်ပို့သူများ
သန်းကြွယ်သူဌေးများ ဖြစ်လာလျက်ရှိသော ထိုင်း ဒူးရင်းစိုက်ပျိုးသူများနှင့် တင်ပို့သူများ
အမျိုးသမီးများသာ ဝင်ခွင့်ပြုသော အိန္ဒိယမှ ဘုရားကျောင်းများ
အမျိုးသမီးများသာ ဝင်ခွင့်ပြုသော အိန္ဒိယမှ ဘုရားကျောင်းများ
တရုတ်ပြည်တွင် သခင်တို့ အလုပ်သွားနေချိန်အတွင်း အိမ်မွေးတိရ စ္ဆာန်ကလေးများအား Pet မူကြိုသို့ ပို့ဆောင်ထားမှု ခေတ်စားနေ၊ Pet မူကြိုတွင် အိမ်မွေးတိရ စ္ဆာန်လေးများအား ခေါင်းညိတ်၊ ခေါင်းခါ၊ လက်ဝါးရိုက် နှုတ်ဆက်နည်း၊ သေချင်ဟန်ဆေ...

တရုတ်ပြည်တွင် အညတရ သတင်းစာ အလုပ်သင်ဝန်ထမ်းမလေးတစ်ဦးဘဝမှ လူမှုကွန်ရက်တွင် follower သန်း ၂၀ ရှိ ဆယ်လီဖြစ်လာသော မိန်းကလေးတစ်ဦး၊ ပဲရစ်မြို့ အီဖဲမျှော်စင်ကြီးအောက်တွင် ချစ်သူ၏ ချစ်ရေးဆိုခြင်းခံရသော ဗွီဒီယို အွန်လိုင်းတွင် ကြည့်ရှုမှု အကြိမ်ရေ သန်း ၆၀ ရ...

အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
1970 ပြည့်နှစ်များဆီက ဆောက်လုပ်ခဲ့သော သဘာဝဆန်ဆန်ဖန်တီးမှု မှိုပွင့်ပုံစံ အိမ်ထူးဆန်း
1970 ပြည့်နှစ်များဆီက ဆောက်လုပ်ခဲ့သော သဘာဝဆန်ဆန်ဖန်တီးမှု မှိုပွင့်ပုံစံ အိမ်ထူးဆန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီနိုင်ငံ၊ စစ္စလီကျွန်းရှိ နေအိမ် ၁၀ လုံးကို တစ်လုံးလျှင် ၃ ယူရိုမျှဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ဒေသခံ အုပ်ချုပ်ရေ
အီတလီနိုင်ငံ၊ စစ္စလီကျွန်းရှိ နေအိမ် ၁၀ လုံးကို တစ်လုံးလျှင် ၃ ယူရိုမျှဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ဒေသခံ အုပ်ချုပ်ရေ
ဘောလိဝုဒ်ထိပ်သီးကြယ်ပွင့် ကာဂျိုးနှင့် အဂျေးဒေ့ဗ်ဂန်တို့စုံတွဲ၏ ရူပီး ကုဋေ ၆၀ တန်ကြေးရှိ သီဝရှက်တီ စံအိမ်ကြီး
ဘောလိဝုဒ်ထိပ်သီးကြယ်ပွင့် ကာဂျိုးနှင့် အဂျေးဒေ့ဗ်ဂန်တို့စုံတွဲ၏ ရူပီး ကုဋေ ၆၀ တန်ကြေးရှိ သီဝရှက်တီ စံအိမ်ကြီး
နာမကျန်းဖြစ်ချိန်တွင် သားသမီးများ လုံးဝမလာသောကြောင့် ကြောင်နှင့် ခွေးများအတွက်သာ ယွမ်ငွေ သန်း ၂၀ (ဒေါ်လာ ၄ ဒသမ ၃ သန်း) အ
နာမကျန်းဖြစ်ချိန်တွင် သားသမီးများ လုံးဝမလာသောကြောင့် ကြောင်နှင့် ခွေးများအတွက်သာ ယွမ်ငွေ သန်း ၂၀ (ဒေါ်လာ ၄ ဒသမ ၃ သန်း) အ
တရုတ်ပြည် ဟူနန်ပြည်နယ်တွင် အကြီးအကျယ် ရေလွှမ်းမိုးမှု ဖြစ်ပွားရာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အား ရင်စို့ခန့်ရှိသော ရေထဲ
တရုတ်ပြည် ဟူနန်ပြည်နယ်တွင် အကြီးအကျယ် ရေလွှမ်းမိုးမှု ဖြစ်ပွားရာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အား ရင်စို့ခန့်ရှိသော ရေထဲ
ဇနီးဖြစ်သူ ကွယ်လွန်သွားပြီးနောက် ခင်ပွန်းက ဇနီး၏ အုတ်ဂူသို့ တစ်ပတ်လျှင် ၃ ကြိမ်နှုန်းဖြင့် ၃၇ နှစ်တိုင် နှင်းဆီပန်း ၆ ပွ
ဇနီးဖြစ်သူ ကွယ်လွန်သွားပြီးနောက် ခင်ပွန်းက ဇနီး၏ အုတ်ဂူသို့ တစ်ပတ်လျှင် ၃ ကြိမ်နှုန်းဖြင့် ၃၇ နှစ်တိုင် နှင်းဆီပန်း ၆ ပွ
အမေရိကန်တွင် ကန်ဒေါ်လာ ၃၁၄ သန်း ထီပေါက်ခဲ့သူက ထီဆုငွေကြောင့် မိမိဘဝ ပျက်စီးခဲ့ရကြောင်း၊ ထီလက်မှတ်ကို စုတ်ဖြဲခဲ့သင့်ကြောင
အမေရိကန်တွင် ကန်ဒေါ်လာ ၃၁၄ သန်း ထီပေါက်ခဲ့သူက ထီဆုငွေကြောင့် မိမိဘဝ ပျက်စီးခဲ့ရကြောင်း၊ ထီလက်မှတ်ကို စုတ်ဖြဲခဲ့သင့်ကြောင
တရုတ်ပြည်တွင် ရထားပေါ်၌ ‘မာဖီ၏ နိယာမ’ အမည်ရှိ အဆင့်မြင့် စိတ်ပညာစာအုပ်ဖတ်နေသော ၇ နှစ် သားလေးတစ်ဦးကို တွေ့သော ပါမောက္ခကြီ
တရုတ်ပြည်တွင် ရထားပေါ်၌ ‘မာဖီ၏ နိယာမ’ အမည်ရှိ အဆင့်မြင့် စိတ်ပညာစာအုပ်ဖတ်နေသော ၇ နှစ် သားလေးတစ်ဦးကို တွေ့သော ပါမောက္ခကြီ
ဆိုဗီယက်တိုက်လေယာဉ်မှူးတစ်ဦး ပုန်းခိုနေထိုင်ခဲ့ဖူးသော အမေရိကန်ပြည်ထောင်စု၊ မွန်တားနားပြည်နယ်မှ မွေးမြူရေးခြံကြီး ကန်ဒေါ်
ဆိုဗီယက်တိုက်လေယာဉ်မှူးတစ်ဦး ပုန်းခိုနေထိုင်ခဲ့ဖူးသော အမေရိကန်ပြည်ထောင်စု၊ မွန်တားနားပြည်နယ်မှ မွေးမြူရေးခြံကြီး ကန်ဒေါ်
မင်းသားကြီး Johnny Depp ရဲ့ ၃၇ ဧကအထိကျယ်ဝန်းတဲ့ ၁၉ ရာစုစတိုင် အပန်းဖြေ ပြင်သစ်ရွာ
မင်းသားကြီး Johnny Depp ရဲ့ ၃၇ ဧကအထိကျယ်ဝန်းတဲ့ ၁၉ ရာစုစတိုင် အပန်းဖြေ ပြင်သစ်ရွာ
ဗြိတိန်ရှိ ကုမ္ပဏီကြီးတစ်ခု၏ စီအီးအိုက ဝန်ထမ်းများထံမှ မကြားလိုသော စကားများကို ဝှိုက်ဘုတ်တွင် ရေးသားထားသည့် ဖြစ်ရပ် လူမှ
ဗြိတိန်ရှိ ကုမ္ပဏီကြီးတစ်ခု၏ စီအီးအိုက ဝန်ထမ်းများထံမှ မကြားလိုသော စကားများကို ဝှိုက်ဘုတ်တွင် ရေးသားထားသည့် ဖြစ်ရပ် လူမှ
shwe-wutthmone
Pan Swal Taw Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service