နှစ်သစ်မှာ ချမှတ်ရမယ့် အလုပ်သန္နိဋ္ဌာန်များ

နှစ်သစ်မှာ ချမှတ်ရမယ့် အလုပ်သန္နိဋ္ဌာန်များ - Property Knowledge in Myanmar from iMyanmarHouse.com
3 Jan 2024 2:51 pm တွင် တင်ခဲ့သည်
407 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

 

နှစ်သစ်ရောက်ပြီဆိုတော့ အလုပ်မှာ လုပ်ဆောင်နိုင်ပြီး ဘဝတစ်ခုလုံးအတွက်လည်း အကျိုးရှိစေမယ့် သန္နိဋ္ဌာန်ချတွေချကာ အရင်နဲ့ မတူကွဲပြားတာတွေ စတင်ဖို့အချိန်ပါပဲ။ ဒါပေမဲ့ ဘယ်လို အလုပ်အကိုင်သန္နိဋ္ဌာန်ချတွေကို ချမှတ်ပြီး တစ်စိုက်မတ်မတ်အကောင်အထည်ဖော်ရမှာပါလိမ့်။

အောက်မှာဖော်ပြထားတဲ့ သံန္နိဋ္ဌာန်တွေကတော့ သင့်နေ့စဉ်ဘဝထဲ အလွယ်တကူထည့်သွင်းပေါင်းစပ်နိုင်ပြီး သင့်ရဲ့ ၂၀၂၄ ခုနှစ်ကို ပိုမိုကောင်းမွန်တဲ့ နှစ်တစ်နှစ်ဖြစ်စေမယ့် သန္နိဋ္ဌာန်တွေပဲ ဖြစ်ပါတယ်။

 

 

 

 

၁။ ဆိုရှယ်မီဒီယာတွေပေါ်က သင့်အပေါ် အများအမြင်တွေကို မိတ်ကပ်လိမ်းပေးပါ

အွန်လိုင်းပေါ်က သင့်အပေါ် အများရဲ့အမြင်တွေကို တစ်ချက်ကြည့်လိုက်ပါဦး၊ သင့်သက်မွေးမှု လုပ်ငန်းပိုင်းဆိုင်ရာ ပုံရိပ်နဲ့ တစ်ပြေးညီဖြစ်ပါရဲ့လား။ မဖြစ်ရင် သင့်ရဲ့လူမှုကွန်ရက်စာမျက်နှာတွေကို မိတ်ကပ်လေးခြယ်သပေးလိုက်ပါဦး။ အထူးသဖြင့်တော့ လူမှုကွန်ရက်ပေါ်မှာ ပြုလုပ်မိတတ်တဲ့ အမှားတွေ (စာလုံးပေါင်းအမှား၊ ဆဲလ်ဖီပုံခဏခဏ တင်ခြင်း၊ ရှက်စရာကောင်းတဲ့ ဓာတ်ပုံများတင်ခြင်း၊ အမုန်းပွားစရာ မှတ်ချက်ပြုခြင်းများ စသဖြင့်) ကို ပြင်ရမှာဖြစ်ပါတယ်။

 

၂။ နေ့တိုင်း သင့်အတွက် တစ်စုံတစ်ခုပြုလုပ်ပါ

အခြားသူတွေအတွက် ဟိုဟိုဒီဒီလုပ်ဆောင်ပေးရင်း အချိန်တွေကုန်မိပြီး သင့်အတွက် သင်တစ်ခုခုပြုလုပ်ဖို့ မေ့လျော့နေတတ်တာဟာ လူ့သဘာဝပါပဲ။ ဒီနှစ်ကတော့ နေ့စဉ်နေ့တိုင်း သင့်အတွက် တစ်စုံတစ်ခု လုပ်ဆောင်ပြီး အပြောင်းအလဲလုပ်ဖို့ရာ သင့်ရဲ့နှစ်ပဲ ဖြစ်ပါတယ်။ နံနက်ခင်း/ညနေခင်းတိုင်း လမ်းလျှောက်ထွက်တာဖြစ်ဖြစ် ကော်ဖီဆိုင်ထိုင်တာဖြစ်ဖြစ် ဒါမှမဟုတ် တစ်နေ့တာကုန်ဆုံးချိန်မှာ အချိန်ငါးမိနစ်လောက်ယူပြီး သင့်စိတ်အာရုံတွေကို စုစည်းဖြေလျှော့ခြင်းဖြစ်ဖြစ်၊ သင့်နေ့တွေကို ပိုကောင်းစေမယ်လို့ သင်မျှော်လင့်ရတဲ့ တစ်စုံတစ်ခုပေါ့။

 

၃။ ပို၍အကောင်းမြင်ပါ

အခြားသူတွေရဲ့ ဘဝအခြေအနေတွေက သင့်ရဲ့ဘဝအခြေအနေတွေထက် ပိုကောင်းတယ်လို့ ထင်တတ်သူတွေထဲ သင်ပါဝင်ပါသလား။ ပါဝင်တယ်ဆိုရင်တော့ သင့်ရဲ့ အဲဒီပုံစံကျနေတဲ့ အတွေးအမြင်ကို ပိုပြီးကောင်းအောင် ပြောင်းလဲဖို့ အချိန်ရောက်ပါပြီ။ သင်ရရှိထားတဲ့အလုပ်နဲ့ သင်ရောက်နေတဲ့နေရာအတွက် ကျေဇူးတင်ပါ။ တစ်နေရာရာမှာ သင်အဲဒါကို တကယ့်ကို စိတ်ထက်သန်တက်ကြွခဲ့တာကြောင့် သင်အဲဒီမှာ ရောက်ရှိနေတာပါ၊ ဒါကြောင့် သင့်အတွင်းစိတ်ထဲက အဲဒီစိတ်အားထက်သန်မှုကို ရှာဖွေလိုက်ပါ၊ ပြီးတော့ သင့်ရဲ့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး ကောင်းတဲ့အချက်တွေကို စာရင်းပြုစုပါ။ အဲဒီအခါ ပြောင်းလဲရရှိလာမယ့်အတွေးအမြင်ကို သင် အံ့သြသွားရပါလိမ့်မယ်။

 

၄။ အသစ်တစ်ခုခု လေ့လာပါ

Microsoft Word ရဲ့ ဗားရှင်းအသစ်ကို သင်ကောင်းကောင်းမသုံးတတ်သေးဘူးလား။ Outlook မှာ လုပ်ဆောင်ချက် အကုန်ကို နားမလည်နိုင် ဖြစ်နေသေးပါသလား။ အသစ်တစ်ခုခုကို လေ့လာပြီး သင့်ရဲ့တတ်ကျွမ်းမှုတွေကို တိုးတက်စေဖို့ အချိန်ကျတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အဲဒါက သင့်လက်ရှိအလုပ်ကို ပိုကောင်းမွန်စေမယ့်အရာဆိုရင် အဲဒါအတွက် သင့်ကုမ္ပဏီက အကုန်အကျခံချင်စိတ်/ ငွေကြေးထောက်ပံ့ပေးချင်စိတ်တောင် ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ မဟုတ်ရင်လည်း သင့်သုတပညာ ထွန်းကားစေနိုင်ဖို့ အခမဲ့ ဒါမှမဟုတ် ဈေးသက်သာတဲ့ အွန်လိုင်းသင်တန်းတွေ အများကြီးရှိပါတယ်။ သင့်ရဲ့ အထူးပြုပညာရပ်နယ်ပယ် ဒါမှမဟုတ် လေ့လာမှုအသစ်နဲ့ပတ်သက်တဲ့ ပညာရေး ဆောင်းပါးတစ်ပုဒ်ဖတ်ဖို့ တစ်နေ့တာရဲ့ အချိန် ၁၅ မိနစ်စာလောက် မြှုပ်နှံတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။

 

 

 

၅။ အဆက်အသွယ်သစ်များ ပြုလုပ်ပါ

သင်က အလုပ်သစ်ရှာနေတာမဟုတ်ဘူးဆိုရင်တောင်မှ လုပ်ငန်းတူမိတ်ဆွေချင်း ချိတ်ဆက်ရေးဆိုတာဟာ သင့် အနေနဲ့ ဆက်လက် ကြိုးပမ်းအားထုတ်နေရဦးမယ့် အရာတစ်ခုဖြစ်ပါတယ်။ ချိတ်ဆက်ပွဲအခမ်းအနားများ တက်ခြင်း၊ အချင်းချင်းအွန်လိုင်းမှ အဆက်အသွယ်ပြုလုပ်ခြင်းတွေဟာ သင့်အတွက် အဖိုးတန်ဆက်ဆံရေးတွေ ဖန်တီးပေးဖို့ အကူအညီဖြစ်စေပါလိမ့်မယ်။ သင်ဟာ အသစ်အသစ်သောအရာတွေကို သင်ယူလေ့လာပြီး သင့်ရဲ့လူမှုရေးနဲ့ သက်မွေးမှုလုပ်ငန်းပိုင်းဆိုင်ရာ တတ်ကျွမ်းမှုတွေကို တိုးတက်စေပါလိမ့်မယ်။

 

၆။ လုပ်ဆောင်ရန်စာရင်းကို ပိုမိုကောင်းမွန်စေပါ

သင့်ရဲ့လုပ်ဆောင်ရန်စာရင်းဆိုတာ မှတ်စုစာရွက်ပေါ်မှာ ဟိုခြစ်ဒီခြစ်လုပ်ထားပြီး နောက်ဆုံးကျ အမြဲတမ်း ပျောက်ဆုံးပျက်စီးသွားတတ်ပါသလား။ အခုက သင့်ရဲ့စာရင်းကို တိုးမြှင့်ပြီး သင့်အချိန်ကို ပိုကောင်းစွာ စီမံရမယ့်အချိန်ရောက်နေပါပြီ။ သင့်အတွက် အလုပ်အဖြစ်ဆုံးနည်းလမ်းနဲ့ သင်ပြီးဆုံးအောင် ဆောင်ရွက်မယ့် တစ်စုံတစ်ခုကို ရှာဖွေဖို့ လိုပါတယ်။

သင့်ရဲ့လုပ်ဆောင်ရန်စာရင်းကို အွန်လိုင်းပေါ် ရွှေ့လိုက်ပါလား။ သင့်ဖုန်းထဲမှာ လုပ်ဆောင်ရန်စာရင်း အပလီကေးရှင်း (to-do list app) တစ်ခုဒေါင်းလုတ်ဆွဲနိုင်သလို စမတ်ဖုန်းတိုင်းမှာပါဝင်တဲ့ Calendar (ပြက္ခဒိန် အပလီကေးရှင်း) အပလီကေးရှင်းမှာ alert (သတိပေးချက်) တွေနဲ့ note (မှတ်စု) လေးတွေ ဖြည့်သွင်းလို့ရပါတယ်။ သင်က အွန်လိုင်းသမား မဟုတ်ဘူးဆိုရင်တော့ သမားရိုးကျနည်းလမ်းအတိုင်းပဲ ဒိုင်ယာရီစာအုပ်လေးဝယ်ပြီး တစ်နေ့တာကုန်ဆုံးတိုင်း နောက်တစ်နေ့တာအတွက် လုပ်ဆောင်ရန် စာရင်းကို ဖန်တီးကာ နံနက်ခင်းတိုင်းကို သစ်လွင်လန်းဆန်းစွာစတင်ဖို့ အသင့်ရှိလိုက်ပါနော်။

 

 

၇။ သင့်သက်မွေးမှုလုပ်ငန်းပိုင်းဆိုင်ရာ ပန်းတိုင်များအား ပြန်စဉ်းစားပါ

ရှေ့ဆက်ဆောင်ရွက်ဖို့ သက်မွေးမှုလုပ်ငန်းပိုင်းဆိုင်ရာ ပန်းတိုင်တွေ ထားရှိခြင်းက သင့်အလုပ်အကိုင် ပိုမိုကောင်း မွန်တိုးတက်စေဖို့အတွက် သင့်ကို တကယ်ကိုပဲ အကူအညီပေးပါတယ်။ သင့်အလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်ပြီး ရာထူးတိုးချင်ပါသလား။ ဒါမှမဟုတ် အလုပ်အကိုင် လမ်းကြောင်းသစ်တစ်ခုကို လျှောက်လှမ်းချင်ပါသလား။ နှစ်သစ်မှာ သင်ဘာလုပ်ချင်တယ်ဆိုတာကို စဉ်းစားပြီး သင့်ရည်မှန်းချက်ဆီ ရှေးရှုတဲ့ ပန်းတိုင်တချို့သင်ကိုယ်တိုင် သတ်မှတ်ပါ။ တကယ်လို့ သင်က အလုပ်အကိုင်သစ်တစ်ခုကို စတင်ချင်တယ်ဆိုရင် အဲဒီနယ်ပယ်ဆီ ထိုးဖောက် ဝင်ရောက်လို့ရဖို့ သင်ယူလေ့လာရမယ့် ပညာရေးကို အရယူပါ။

 

၈။ သင့်တစ်ကိုယ်ရည်အမှတ်တံဆိပ် တည်ဆောက်ပါ

သင့်ရဲ့တစ်ကိုယ်ရည်အမှတ်တံဆိပ်ဆိုတာ သင်ကိုယ်တိုင်၊ သင့်အတွေ့အကြုံနဲ့ သင်ပိုင်ဆိုင်တဲ့ အသိပညာတွေရဲ့ ရောင်ပြန်ထင်ဟပ်မှုတစ်ခုပါ။ သင့်မှာအမှတ်တံဆိပ်တစ်ခု မရှိဘူးဆိုရင် အမှတ်တံဆိပ်တစ်ခု စတင်တည်ဆောက်ဖို့ရာ အချိန်ရောက်ပါပြီ။ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကို သင့်ရဲ့အနေအထားအကောင်းဆုံးမှ အသုံးချကာ သင့်လုပ်ငန်းအတွက် ခြေခြေမြစ်မြစ်ရှိပြီး အသုံးဝင်တဲ့ အဆက်အသွယ်တစ်ခု ဖန်တီးပါ။

 

၉။ မကျေမနပ်ပြောခြင်းအား တာ့တာဘိုင်းဘိုင်လုပ်လိုက်ပါ

အကြောင်းအရာတစ်ခုခုနဲ့ပတ်သက်ပြီး အမြဲတမ်း မကျေမနပ်ပြောနေတတ်သူဆိုရင် အဲဒီမကျေမနပ်ပြောခြင်းကို ဖြတ်ပစ်ဖို့ရာ အချိန်ရောက်ပါပြီ။ သင့်ကို လူတွေက ရောဂန္တရကပ်တစ်ခုလိုမျိုး ရှောင်ရှားနေကြတာကို သတိပြုမိပြီဆိုရင် အခုချိန်က ဒါဟာဘာကြောင့်လဲဆိုတာကို အလေးအနက်စဉ်းစားပြီး အသိတရားရရမယ့်အချိန်ပဲ ဖြစ်ပါတယ်။

 

၁၀။ ရုံးတွင်းခြေရှုပ်မှုများနှင့် ဝေးဝေးနေပါ

ရုံးတွင်းအတင်းအဖျင်းစကားပြောခြင်းဟာ သင့်ကိုအကျိုးအမြတ်မဖြစ်စေရုံသာမက ပြဿနာပါ တက်စေနိုင် ပါတယ်။ ဒါကြောင့် လုပ်ဖော်ကိုင်ဖက်တစ်ဦးဦးက အတင်းအဖျင်းစကားဝိုင်းထဲ သင့်ကို ပါဝင်စေဖို့ ကြိုးပမ်းလာပြီ၊ ဒါမှမဟုတ် အတင်းအဖျင်းပြောကြဖို့ စကားစလာပြီဆိုရင် အခုကစပြီး သင်က အဲဒီအတင်းအဖျင်း အကြောင်းအရာနဲ့ပတ်သက်လို့ မှတ်ချက်တစ်စုံတစ်ရာ ပြန်မပြုမိစေဘဲ အာမေဋိတ်သံသာပြုကာ သင်တကယ်ကိုပဲ အလုပ်များနေကြောင်း၊ နောက်မှနားထောင်မယ့်အကြောင်း စသဖြင့် တုံ့ပြန်ကာ ရှောင်ထွက်/ရှောင်တိမ်းပါ။

 

၁၁။ လုပ်ငန်းခွင်၌လည်း ကျန်းမာရေးနှင့်လျော်ညီစွာ စားသုံးပါ

သင့်ရဲ့လုပ်ဖော်ကိုင်ဖက်က သူ့မွေးနေ့အတွက် ချောကလက်ချိစ်ကိတ် ယူလာလို့ဖြစ်စေ အမှုသည်က ကျေးဇူးတင်တဲ့အနေနဲ့ ဒိုးနတ်တွေ ပို့လိုက်လို့ဖြစ်စေ ကျွန်မတို့တွေဟာ အာဟာရမမြောက်တဲ့ အလွယ်ပြင် အစားအစာတွေကို လုပ်ငန်းခွင်မှာ အလွန်အကျွံအရသာတွေ့ကြပါတယ်။ ဒီအတွက် ကျွန်မတို့တွေ စိတ်မသိုးမသန့်ဖြစ်ကြရပါတယ်။ ဒီ ၂၀၂၄ ခုနှစ်ကတော့ အဲဒီဖြားယောင်းဆွဲဆောင်တဲ့အရာတွေကို ခုခံတွန်းလှန်ပြီး သင့်ရဲ့ အလုပ်ခွင်တစ်နေ့တာလုံး သင့်ကို စိတ်ကျေနပ်နေစေမယ့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆာပြေ အစားအသောက်တွေကို ပြောင်းလဲရွေးချယ်ဖို့ လေ့လာအကောင်အထည်ဖော်လိုက်ပါတော့။

 

 

 

 

၁၂။ သင့်အလုပ်နှင့်ဘဝအား ပို၍ဟန်ချက်ညီစေပါ

နေ့တိုင်းရုံးဆင်းနောက်ကျလို့ ညစာမချက်နိုင်တော့ဘဲ အိမ်ကို အပြင်စာတွေဝယ်လာရတာကြောင့် စိတ်မသိုးမသန့် ဖြစ်ပါသလား။ အလုပ်-ဘဝမျှခြေဟာ အရေးကြီးပါတယ်၊ သင့်အနေနဲ့ ဘယ်အချိန်မှာ ရပ်နားရမယ်ဆိုတာကိုသိဖို့၊ ဘယ်အလုပ်တွေကိုတော့ဖြင့် နောက်နေ့မှဆက်လုပ်လို့ရတယ်ဆိုတာကို တွက်ဆတတ်ဖို့ လိုပါတယ်။ အကယ်၍ သင်က ကြီးကြပ်ရေးမှူးတစ်ယောက်ဆိုရင် သင့်အလုပ်တွေကို သင့်လက်အောက်က ဝန်ထမ်းတွေဆီ တာဝန်ခွဲ ဝေပေးပြီး သင့်အပေါ် မလိုအပ်ဘဲ ပိနေတဲ့အလုပ်ဝန်ကို ပေါ့စေလိုက်ပါ။

 

၁၃။ သင့်ဆက်ဆံပြောဆိုမှု အတတ်ပညာပိုင်း ကျွမ်းကျင်မှုများအား တိုးတက်စေပါ

သင်က တင်ပြမှုတွေ ပြုလုပ်ရခြင်း ဒါမှမဟုတ် သင့်အထက်လူကြီးနဲ့ အပြန်အလှန်ပြောဆိုရခြင်းကို ကြောက်ရွံ့ တယ်ဆိုရင် သင့်ရဲ့ဆက်ဆံပြောဆိုမှုအတတ်ပညာပိုင်း ကျွမ်းကျင်မှုတွေ တိုးတက်ကောင်းမွန်စေဖို့ သင်တန်းတွေ တက်ကြည့်ပါ။ ဒါဟာ သင့်ကို လုပ်ငန်းခွင်မှာ အထောက်အကူဖြစ်စေရုံသာမက သင့်ရဲ့ယေဘုယျယုံကြည်မှုကိုပါ တည်ဆောက်ပေးမှာပါ။

 

 

 

 

 

၁၄။ စေတနာ့ဝန်များ ပိုမိုထမ်းရွက်ပါ

စေတနာ့ဝန်ထမ်းခြင်းဟာ သင့်ကိုယ်သင်နဲ့ပတ်သက်ပြီး ခံစားရအဆင်ပြေကောင်းမွန်စေဖို့ နည်းလမ်းကောင်း တစ်ခုဖြစ်ပြီး သင့်ရဲ့ ကိုယ်ရေးရာဇဝင် (CV) နဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေမှာလည်း ကြည့်ကောင်းစေ ပါလိမ့်မယ်။ သင့်နှလုံးသားနဲ့ နီးစပ်တဲ့အရေးတစ်ခုကို ရှာဖွေပြီး အဲဒီအရေးမှာ စေတနာ့ဝန်ထမ်းဖို့အတွက် သင့်လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းမိတ်ဆွေတွေကိုပါ ကူညီပါဝင်ဝန်းဝိုင်းစေလိုက်ပါ။

 

၁၅။ သင့်စိတ်ပိုင်းဆိုင်ရာအရည်အချင်းကို တိုးတက်စေပါ

သင့်ရဲ့စိတ်ပိုင်းဆိုင်ရာအရည်အချင်းအား တိုးတက်စေခြင်းက သင့်ကို တစ်နေကုန် နိုးကြားဖျတ်လတ်စေကာ အာရုံ ပိုစိုက်နိုင်စေပါတယ်။ ဒါကြောင့် သင်က သင့်ဦးနှောက်ကို စတင်လေ့ကျင့်ချင်တယ်ဆိုရင် သင့်အနေနဲ့ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာလုပ်ဆောင်နိုင်စွမ်းကို မြင့်မားစေနိုင်တဲ့ သိမြင်တတ်တဲ့စဉ်းစားတွေးခေါ်မှု စမ်းသပ်ချက်တွေ၊ ဦးနှောက်လေ့ကျင့်ရေး ဂိမ်းတွေ၊ ဆေးဖက်ဝင်အပင်တွေနဲ့ ဖော်စပ်ထားတဲ့ ကုစားမှုတွေကို အသုံးပြုနိုင်ပါတယ်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 30 New Year’s Resolutions to Inspire You at Work (http://careeraddict.com) "‌")

 

 

 

[Zawgyi]

ႏွစ္သစ္မွာ ခ်မွတ္ရမယ့္ အလုပ္သႏၷိ႒ာန္မ်ား

 

ႏွစ္သစ္ေရာက္ၿပီဆိုေတာ့ အလုပ္မွာ လုပ္ေဆာင္ႏိုင္ၿပီး ဘဝတစ္ခုလုံးအတြက္လည္း အက်ိဳး႐ွိေစမယ့္ သႏၷိ႒ာန္ခ်ေတြခ်ကာ အရင္နဲ႔ မတူကြဲျပားတာေတြ စတင္ဖို႔အခ်ိန္ပါပဲ။ ဒါေပမဲ့ ဘယ္လို အလုပ္အကိုင္သႏၷိ႒ာန္ခ်ေတြကို ခ်မွတ္ၿပီး တစ္စိုက္မတ္မတ္အေကာင္အထည္ေဖာ္ရမွာပါလိမ့္။

ေအာက္မွာေဖာ္ျပထားတဲ့ သံႏၷိ႒ာန္ေတြကေတာ့ သင့္ေန႔စဥ္ဘဝထဲ အလြယ္တကူထည့္သြင္းေပါင္းစပ္ႏိုင္ၿပီး သင့္ရဲ႕ ၂၀၂၄ ခုႏွစ္ကို ပိုမိုေကာင္းမြန္တဲ့ ႏွစ္တစ္ႏွစ္ျဖစ္ေစမယ့္ သႏၷိ႒ာန္ေတြပဲ ျဖစ္ပါတယ္။

 

၁။ ဆို႐ွယ္မီဒီယာေတြေပၚက သင့္အေပၚ အမ်ားအျမင္ေတြကို မိတ္ကပ္လိမ္းေပးပါ

အြန္လိုင္းေပၚက သင့္အေပၚ အမ်ားရဲ႕အျမင္ေတြကို တစ္ခ်က္ၾကည့္လိုက္ပါဦး၊ သင့္သက္ေမြးမႈ လုပ္ငန္းပိုင္းဆိုင္ရာ ပုံရိပ္နဲ႔ တစ္ေျပးညီျဖစ္ပါရဲ႕လား။ မျဖစ္ရင္ သင့္ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာေတြကို မိတ္ကပ္ေလးျခယ္သေပးလိုက္ပါဦး။ အထူးသျဖင့္ေတာ့ လူမႈကြန္ရက္ေပၚမွာ ျပဳလုပ္မိတတ္တဲ့ အမွားေတြ (စာလုံးေပါင္းအမွား၊ ဆဲလ္ဖီပုံခဏခဏ တင္ျခင္း၊ ႐ွက္စရာေကာင္းတဲ့ ဓာတ္ပုံမ်ားတင္ျခင္း၊ အမုန္းပြားစရာ မွတ္ခ်က္ျပဳျခင္းမ်ား စသျဖင့္) ကို ျပင္ရမွာျဖစ္ပါတယ္။

 

၂။ ေန႔တိုင္း သင့္အတြက္ တစ္စုံတစ္ခုျပဳလုပ္ပါ

အျခားသူေတြအတြက္ ဟိုဟိုဒီဒီလုပ္ေဆာင္ေပးရင္း အခ်ိန္ေတြကုန္မိၿပီး သင့္အတြက္ သင္တစ္ခုခုျပဳလုပ္ဖို႔ ေမ့ေလ်ာ့ေနတတ္တာဟာ လူ႕သဘာဝပါပဲ။ ဒီႏွစ္ကေတာ့ ေန႔စဥ္ေန႔တိုင္း သင့္အတြက္ တစ္စုံတစ္ခု လုပ္ေဆာင္ၿပီး အေျပာင္းအလဲလုပ္ဖို႔ရာ သင့္ရဲ႕ႏွစ္ပဲ ျဖစ္ပါတယ္။ နံနက္ခင္း/ညေနခင္းတိုင္း လမ္းေလွ်ာက္ထြက္တာျဖစ္ျဖစ္ ေကာ္ဖီဆိုင္ထိုင္တာျဖစ္ျဖစ္ ဒါမွမဟုတ္ တစ္ေန႔တာကုန္ဆုံးခ်ိန္မွာ အခ်ိန္ငါးမိနစ္ေလာက္ယူၿပီး သင့္စိတ္အာ႐ုံေတြကို စုစည္းေျဖေလွ်ာ့ျခင္းျဖစ္ျဖစ္၊ သင့္ေန႔ေတြကို ပိုေကာင္းေစမယ္လို႔ သင္ေမွ်ာ္လင့္ရတဲ့ တစ္စုံတစ္ခုေပါ့။

 

၃။ ပို၍အေကာင္းျမင္ပါ

အျခားသူေတြရဲ႕ ဘဝအေျခအေနေတြက သင့္ရဲ႕ဘဝအေျခအေနေတြထက္ ပိုေကာင္းတယ္လို႔ ထင္တတ္သူေတြထဲ သင္ပါဝင္ပါသလား။ ပါဝင္တယ္ဆိုရင္ေတာ့ သင့္ရဲ႕ အဲဒီပုံစံက်ေနတဲ့ အေတြးအျမင္ကို ပိုၿပီးေကာင္းေအာင္ ေျပာင္းလဲဖို႔ အခ်ိန္ေရာက္ပါၿပီ။ သင္ရ႐ွိထားတဲ့အလုပ္နဲ႔ သင္ေရာက္ေနတဲ့ေနရာအတြက္ ေက်ဇူးတင္ပါ။ တစ္ေနရာရာမွာ သင္အဲဒါကို တကယ့္ကို စိတ္ထက္သန္တက္ႂကြခဲ့တာေၾကာင့္ သင္အဲဒီမွာ ေရာက္႐ွိေနတာပါ၊ ဒါေၾကာင့္ သင့္အတြင္းစိတ္ထဲက အဲဒီစိတ္အားထက္သန္မႈကို ႐ွာေဖြလိုက္ပါ၊ ၿပီးေတာ့ သင့္ရဲ႕လက္႐ွိအေျခအေနနဲ႔ပတ္သက္ၿပီး ေကာင္းတဲ့အခ်က္ေတြကို စာရင္းျပဳစုပါ။ အဲဒီအခါ ေျပာင္းလဲရ႐ွိလာမယ့္အေတြးအျမင္ကို သင္ အံ့ၾသသြားရပါလိမ့္မယ္။

 

၄။ အသစ္တစ္ခုခု ေလ့လာပါ

Microsoft Word ရဲ႕ ဗား႐ွင္းအသစ္ကို သင္ေကာင္းေကာင္းမသုံးတတ္ေသးဘူးလား။ Outlook မွာ လုပ္ေဆာင္ခ်က္ အကုန္ကို နားမလည္ႏိုင္ ျဖစ္ေနေသးပါသလား။ အသစ္တစ္ခုခုကို ေလ့လာၿပီး သင့္ရဲ႕တတ္ကြၽမ္းမႈေတြကို တိုးတက္ေစဖို႔ အခ်ိန္က်တာ ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ အဲဒါက သင့္လက္႐ွိအလုပ္ကို ပိုေကာင္းမြန္ေစမယ့္အရာဆိုရင္ အဲဒါအတြက္ သင့္ကုမၸဏီက အကုန္အက်ခံခ်င္စိတ္/ ေငြေၾကးေထာက္ပံ့ေပးခ်င္စိတ္ေတာင္ ျဖစ္ခ်င္ျဖစ္ႏိုင္ပါတယ္။ မဟုတ္ရင္လည္း သင့္သုတပညာ ထြန္းကားေစႏိုင္ဖို႔ အခမဲ့ ဒါမွမဟုတ္ ေဈးသက္သာတဲ့ အြန္လိုင္းသင္တန္းေတြ အမ်ားႀကီး႐ွိပါတယ္။ သင့္ရဲ႕ အထူးျပဳပညာရပ္နယ္ပယ္ ဒါမွမဟုတ္ ေလ့လာမႈအသစ္နဲ႔ပတ္သက္တဲ့ ပညာေရး ေဆာင္းပါးတစ္ပုဒ္ဖတ္ဖို႔ တစ္ေန႔တာရဲ႕ အခ်ိန္ ၁၅ မိနစ္စာေလာက္ ျမႇဳပ္ႏွံတာမ်ိဳးလည္း ျပဳလုပ္ႏိုင္ပါတယ္။

 

၅။ အဆက္အသြယ္သစ္မ်ား ျပဳလုပ္ပါ

သင္က အလုပ္သစ္႐ွာေနတာမဟုတ္ဘူးဆိုရင္ေတာင္မွ လုပ္ငန္းတူမိတ္ေဆြခ်င္း ခ်ိတ္ဆက္ေရးဆိုတာဟာ သင့္ အေနနဲ႔ ဆက္လက္ ႀကိဳးပမ္းအားထုတ္ေနရဦးမယ့္ အရာတစ္ခုျဖစ္ပါတယ္။ ခ်ိတ္ဆက္ပြဲအခမ္းအနားမ်ား တက္ျခင္း၊ အခ်င္းခ်င္းအြန္လိုင္းမွ အဆက္အသြယ္ျပဳလုပ္ျခင္းေတြဟာ သင့္အတြက္ အဖိုးတန္ဆက္ဆံေရးေတြ ဖန္တီးေပးဖို႔ အကူအညီျဖစ္ေစပါလိမ့္မယ္။ သင္ဟာ အသစ္အသစ္ေသာအရာေတြကို သင္ယူေလ့လာၿပီး သင့္ရဲ႕လူမႈေရးနဲ႔ သက္ေမြးမႈလုပ္ငန္းပိုင္းဆိုင္ရာ တတ္ကြၽမ္းမႈေတြကို တိုးတက္ေစပါလိမ့္မယ္။

 

၆။ လုပ္ေဆာင္ရန္စာရင္းကို ပိုမိုေကာင္းမြန္ေစပါ

သင့္ရဲ႕လုပ္ေဆာင္ရန္စာရင္းဆိုတာ မွတ္စုစာ႐ြက္ေပၚမွာ ဟိုျခစ္ဒီျခစ္လုပ္ထားၿပီး ေနာက္ဆုံးက် အၿမဲတမ္း ေပ်ာက္ဆုံးပ်က္စီးသြားတတ္ပါသလား။ အခုက သင့္ရဲ႕စာရင္းကို တိုးျမႇင့္ၿပီး သင့္အခ်ိန္ကို ပိုေကာင္းစြာ စီမံရမယ့္အခ်ိန္ေရာက္ေနပါၿပီ။ သင့္အတြက္ အလုပ္အျဖစ္ဆုံးနည္းလမ္းနဲ႔ သင္ၿပီးဆုံးေအာင္ ေဆာင္႐ြက္မယ့္ တစ္စုံတစ္ခုကို ႐ွာေဖြဖို႔ လိုပါတယ္။

သင့္ရဲ႕လုပ္ေဆာင္ရန္စာရင္းကို အြန္လိုင္းေပၚ ေ႐ႊ႕လိုက္ပါလား။ သင့္ဖုန္းထဲမွာ လုပ္ေဆာင္ရန္စာရင္း အပလီေကး႐ွင္း (to-do list app) တစ္ခုေဒါင္းလုတ္ဆြဲႏိုင္သလို စမတ္ဖုန္းတိုင္းမွာပါဝင္တဲ့ Calendar (ျပကၡဒိန္ အပလီေကး႐ွင္း) အပလီေကး႐ွင္းမွာ alert (သတိေပးခ်က္) ေတြနဲ႔ note (မွတ္စု) ေလးေတြ ျဖည့္သြင္းလို႔ရပါတယ္။ သင္က အြန္လိုင္းသမား မဟုတ္ဘူးဆိုရင္ေတာ့ သမား႐ိုးက်နည္းလမ္းအတိုင္းပဲ ဒိုင္ယာရီစာအုပ္ေလးဝယ္ၿပီး တစ္ေန႔တာကုန္ဆုံးတိုင္း ေနာက္တစ္ေန႔တာအတြက္ လုပ္ေဆာင္ရန္စာရင္းကို ဖန္တီးကာ နံနက္ခင္းတိုင္းကို သစ္လြင္လန္းဆန္းစြာစတင္ဖို႔ အသင့္႐ွိလိုက္ပါေနာ္။

 

၇။ သင့္သက္ေမြးမႈလုပ္ငန္းပိုင္းဆိုင္ရာ ပန္းတိုင္မ်ားအား ျပန္စဥ္းစားပါ

ေ႐ွ႕ဆက္ေဆာင္႐ြက္ဖို႔ သက္ေမြးမႈလုပ္ငန္းပိုင္းဆိုင္ရာ ပန္းတိုင္ေတြ ထား႐ွိျခင္းက သင့္အလုပ္အကိုင္ ပိုမိုေကာင္း မြန္တိုးတက္ေစဖို႔အတြက္ သင့္ကို တကယ္ကိုပဲ အကူအညီေပးပါတယ္။ သင့္အလုပ္အကိုင္ ဖြံ႕ၿဖိဳးတိုးတက္ၿပီး ရာထူးတိုးခ်င္ပါသလား။ ဒါမွမဟုတ္ အလုပ္အကိုင္ လမ္းေၾကာင္းသစ္တစ္ခုကို ေလွ်ာက္လွမ္းခ်င္ပါသလား။ ႏွစ္သစ္မွာ သင္ဘာလုပ္ခ်င္တယ္ဆိုတာကို စဥ္းစားၿပီး သင့္ရည္မွန္းခ်က္ဆီ ေ႐ွး႐ႈတဲ့ ပန္းတိုင္တခ်ိဳ႕သင္ကိုယ္တိုင္ သတ္မွတ္ပါ။ တကယ္လို႔ သင္က အလုပ္အကိုင္သစ္တစ္ခုကို စတင္ခ်င္တယ္ဆိုရင္ အဲဒီနယ္ပယ္ဆီ ထိုးေဖာက္ ဝင္ေရာက္လို႔ရဖို႔ သင္ယူေလ့လာရမယ့္ ပညာေရးကို အရယူပါ။

 

၈။ သင့္တစ္ကိုယ္ရည္အမွတ္တံဆိပ္ တည္ေဆာက္ပါ

သင့္ရဲ႕တစ္ကိုယ္ရည္အမွတ္တံဆိပ္ဆိုတာ သင္ကိုယ္တိုင္၊ သင့္အေတြ႕အၾကဳံနဲ႔ သင္ပိုင္ဆိုင္တဲ့ အသိပညာေတြရဲ႕ ေရာင္ျပန္ထင္ဟပ္မႈတစ္ခုပါ။ သင့္မွာအမွတ္တံဆိပ္တစ္ခု မ႐ွိဘူးဆိုရင္ အမွတ္တံဆိပ္တစ္ခု စတင္တည္ေဆာက္ဖို႔ရာ အခ်ိန္ေရာက္ပါၿပီ။ ဆို႐ွယ္မီဒီယာပလက္ေဖာင္းေတြကို သင့္ရဲ႕အေနအထားအေကာင္းဆုံးမွ အသုံးခ်ကာ သင့္လုပ္ငန္းအတြက္ ေျခေျချမစ္ျမစ္႐ွိၿပီး အသုံးဝင္တဲ့ အဆက္အသြယ္တစ္ခု ဖန္တီးပါ။

 

၉။ မေက်မနပ္ေျပာျခင္းအား တာ့တာဘိုင္းဘိုင္လုပ္လိုက္ပါ

အေၾကာင္းအရာတစ္ခုခုနဲ႔ပတ္သက္ၿပီး အၿမဲတမ္း မေက်မနပ္ေျပာေနတတ္သူဆိုရင္ အဲဒီမေက်မနပ္ေျပာျခင္းကို ျဖတ္ပစ္ဖို႔ရာ အခ်ိန္ေရာက္ပါၿပီ။ သင့္ကို လူေတြက ေရာဂႏၲရကပ္တစ္ခုလိုမ်ိဳး ေ႐ွာင္႐ွားေနၾကတာကို သတိျပဳမိၿပီဆိုရင္ အခုခ်ိန္က ဒါဟာဘာေၾကာင့္လဲဆိုတာကို အေလးအနက္စဥ္းစားၿပီး အသိတရားရရမယ့္အခ်ိန္ပဲ ျဖစ္ပါတယ္။

 

၁၀။ ႐ုံးတြင္းေျခ႐ႈပ္မႈမ်ားႏွင့္ ေဝးေဝးေနပါ

႐ုံးတြင္းအတင္းအဖ်င္းစကားေျပာျခင္းဟာ သင့္ကိုအက်ိဳးအျမတ္မျဖစ္ေစ႐ုံသာမက ျပႆနာပါ တက္ေစႏိုင္ ပါတယ္။ ဒါေၾကာင့္ လုပ္ေဖာ္ကိုင္ဖက္တစ္ဦးဦးက အတင္းအဖ်င္းစကားဝိုင္းထဲ သင့္ကို ပါဝင္ေစဖို႔ ႀကိဳးပမ္းလာၿပီ၊ ဒါမွမဟုတ္ အတင္းအဖ်င္းေျပာၾကဖို႔ စကားစလာၿပီဆိုရင္ အခုကစၿပီး သင္က အဲဒီအတင္းအဖ်င္း အေၾကာင္းအရာနဲ႔ပတ္သက္လို႔ မွတ္ခ်က္တစ္စုံတစ္ရာ ျပန္မျပဳမိေစဘဲ အာေမဋိတ္သံသာျပဳကာ သင္တကယ္ကိုပဲ အလုပ္မ်ားေနေၾကာင္း၊ ေနာက္မွနားေထာင္မယ့္အေၾကာင္း စသျဖင့္ တုံ႔ျပန္ကာ ေ႐ွာင္ထြက္/ေ႐ွာင္တိမ္းပါ။

 

၁၁။ လုပ္ငန္းခြင္၌လည္း က်န္းမာေရးႏွင့္ေလ်ာ္ညီစြာ စားသုံးပါ

သင့္ရဲ႕လုပ္ေဖာ္ကိုင္ဖက္က သူ႕ေမြးေန႔အတြက္ ေခ်ာကလက္ခ်ိစ္ကိတ္ ယူလာလို႔ျဖစ္ေစ အမႈသည္က ေက်းဇူးတင္တဲ့အေနနဲ႔ ဒိုးနတ္ေတြ ပို႔လိုက္လို႔ျဖစ္ေစ ကြၽန္မတို႔ေတြဟာ အာဟာရမေျမာက္တဲ့ အလြယ္ျပင္ အစားအစာေတြကို လုပ္ငန္းခြင္မွာ အလြန္အကြၽံအရသာေတြ႕ၾကပါတယ္။ ဒီအတြက္ ကြၽန္မတို႔ေတြ စိတ္မသိုးမသန္႔ျဖစ္ၾကရပါတယ္။ ဒီ ၂၀၂၄ ခုႏွစ္ကေတာ့ အဲဒီျဖားေယာင္းဆြဲေဆာင္တဲ့အရာေတြကို ခုခံတြန္းလွန္ၿပီး သင့္ရဲ႕ အလုပ္ခြင္တစ္ေန႔တာလုံး သင့္ကို စိတ္ေက်နပ္ေနေစမယ့္ က်န္းမာေရးနဲ႔ညီၫြတ္တဲ့ အဆာေျပ အစားအေသာက္ေတြကို ေျပာင္းလဲေ႐ြးခ်ယ္ဖို႔ ေလ့လာအေကာင္အထည္ေဖာ္လိုက္ပါေတာ့။

 

၁၂။ သင့္အလုပ္ႏွင့္ဘဝအား ပို၍ဟန္ခ်က္ညီေစပါ

ေန႔တိုင္း႐ုံးဆင္းေနာက္က်လို႔ ညစာမခ်က္ႏိုင္ေတာ့ဘဲ အိမ္ကို အျပင္စာေတြဝယ္လာရတာေၾကာင့္ စိတ္မသိုးမသန္႔ ျဖစ္ပါသလား။ အလုပ္-ဘဝမွ်ေျခဟာ အေရးႀကီးပါတယ္၊ သင့္အေနနဲ႔ ဘယ္အခ်ိန္မွာ ရပ္နားရမယ္ဆိုတာကိုသိဖို႔၊ ဘယ္အလုပ္ေတြကိုေတာ့ျဖင့္ ေနာက္ေန႔မွဆက္လုပ္လို႔ရတယ္ဆိုတာကို တြက္ဆတတ္ဖို႔ လိုပါတယ္။ အကယ္၍ သင္က ႀကီးၾကပ္ေရးမႉးတစ္ေယာက္ဆိုရင္ သင့္အလုပ္ေတြကို သင့္လက္ေအာက္က ဝန္ထမ္းေတြဆီ တာဝန္ခြဲ ေဝေပးၿပီး သင့္အေပၚ မလိုအပ္ဘဲ ပိေနတဲ့အလုပ္ဝန္ကို ေပါ့ေစလိုက္ပါ။

 

၁၃။ သင့္ဆက္ဆံေျပာဆိုမႈ အတတ္ပညာပိုင္း ကြၽမ္းက်င္မႈမ်ားအား တိုးတက္ေစပါ

သင္က တင္ျပမႈေတြ ျပဳလုပ္ရျခင္း ဒါမွမဟုတ္ သင့္အထက္လူႀကီးနဲ႔ အျပန္အလွန္ေျပာဆိုရျခင္းကို ေၾကာက္႐ြံ႕ တယ္ဆိုရင္ သင့္ရဲ႕ဆက္ဆံေျပာဆိုမႈအတတ္ပညာပိုင္း ကြၽမ္းက်င္မႈေတြ တိုးတက္ေကာင္းမြန္ေစဖို႔ သင္တန္းေတြ တက္ၾကည့္ပါ။ ဒါဟာ သင့္ကို လုပ္ငန္းခြင္မွာ အေထာက္အကူျဖစ္ေစ႐ုံသာမက သင့္ရဲ႕ေယဘုယ်ယုံၾကည္မႈကိုပါ တည္ေဆာက္ေပးမွာပါ။

 

၁၄။ ေစတနာ့ဝန္မ်ား ပိုမိုထမ္း႐ြက္ပါ

ေစတနာ့ဝန္ထမ္းျခင္းဟာ သင့္ကိုယ္သင္နဲ႔ပတ္သက္ၿပီး ခံစားရအဆင္ေျပေကာင္းမြန္ေစဖို႔ နည္းလမ္းေကာင္း တစ္ခုျဖစ္ၿပီး သင့္ရဲ႕ ကိုယ္ေရးရာဇဝင္ (CV) နဲ႔ ဆို႐ွယ္မီဒီယာပလက္ေဖာင္းေတြမွာလည္း ၾကည့္ေကာင္းေစ ပါလိမ့္မယ္။ သင့္ႏွလုံးသားနဲ႔ နီးစပ္တဲ့အေရးတစ္ခုကို ႐ွာေဖြၿပီး အဲဒီအေရးမွာ ေစတနာ့ဝန္ထမ္းဖို႔အတြက္ သင့္လုပ္ေဖာ္ကိုင္ဖက္သူငယ္ခ်င္းမိတ္ေဆြေတြကိုပါ ကူညီပါဝင္ဝန္းဝိုင္းေစလိုက္ပါ။

 

၁၅။ သင့္စိတ္ပိုင္းဆိုင္ရာအရည္အခ်င္းကို တိုးတက္ေစပါ

သင့္ရဲ႕စိတ္ပိုင္းဆိုင္ရာအရည္အခ်င္းအား တိုးတက္ေစျခင္းက သင့္ကို တစ္ေနကုန္ ႏိုးၾကားဖ်တ္လတ္ေစကာ အာ႐ုံ ပိုစိုက္ႏိုင္ေစပါတယ္။ ဒါေၾကာင့္ သင္က သင့္ဦးေႏွာက္ကို စတင္ေလ့က်င့္ခ်င္တယ္ဆိုရင္ သင့္အေနနဲ႔ သင့္ရဲ႕ စိတ္ပိုင္းဆိုင္ရာလုပ္ေဆာင္ႏိုင္စြမ္းကို ျမင့္မားေစႏိုင္တဲ့ သိျမင္တတ္တဲ့စဥ္းစားေတြးေခၚမႈ စမ္းသပ္ခ်က္ေတြ၊ ဦးေႏွာက္ေလ့က်င့္ေရး ဂိမ္းေတြ၊ ေဆးဖက္ဝင္အပင္ေတြနဲ႔ ေဖာ္စပ္ထားတဲ့ ကုစားမႈေတြကို အသုံးျပဳႏိုင္ပါတယ္။

 

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 30 New Year’s Resolutions to Inspire You at Work (http://careeraddict.com) "‌")

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
ဂရန်ပေးစီမံချက်မြေအား ဂရန်လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
ဂရန်ပေးစီမံချက်မြေအား ဂရန်လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
စည်ပင်သာယာရေး ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
စည်ပင်သာယာရေး ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
အပူချိန်မြင့်တဲ့နွေရက်များကို အန္တရာယ်ကင်းကင်းဖြတ်ကျော်နိုင်ဖို့ နည်းလမ်း (၅) သွယ်
အပူချိန်မြင့်တဲ့နွေရက်များကို အန္တရာယ်ကင်းကင်းဖြတ်ကျော်နိုင်ဖို့ နည်းလမ်း (၅) သွယ်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
119-mdy
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service