ဘီလျံနာသူဌေးကြီး Ken Griffin က သူ၏ ဝန်ထမ်းများနှင့် မိသားစုဝင် ၁၂၀၀ ဦးကို တိုကျိုရှိ Disneyland သို့ ကိုယ်ပိုင်ငွေဖြင့် အကုန်အကျခံ ပို့ဆောင်ပေးခဲ့သည့်အပြင် ကမ္ဘာကျော် တေးဂီတအဖွဲ့ကြီး Maroon 5 ၊ ကမ္ဘာကျော် DJ ဖြစ်သူ Calvin Harris တို့ကို ငှားရမ်းကာ သီးသန့် ဖျော်ဖြေ
ဘီလျံနာသူဌေးကြီး Ken Griffin က သူ၏ ဝန်ထမ်းများနှင့် မိသားစုဝင် ၁၂၀၀ ဦးကို တိုကျိုရှိ Disneyland သို့ ကိုယ်ပိုင်ငွေဖြင့် အကုန်အကျခံ ပို့ဆောင်ပေးခဲ့သည့်အပြင် ကမ္ဘာကျော် တေးဂီတအဖွဲ့ကြီး Maroon 5 ၊ ကမ္ဘာကျော် DJ ဖြစ်သူ Calvin Harris တို့ကို ငှားရမ်းကာ သီးသန့် ဖျော်ဖြေ - Property News in Myanmar from iMyanmarHouse.com
28 Nov 2023 10:48 am တွင် တင်ခဲ့သည်
756 ကြိမ် ကြည့်ရှု့ပြီး
ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော် (iMyanmarHouse.com)
[Unicode]
(Citadel ဘာလဲ)
Citadel LLC သည် အမေရိကန်အခြေစိုက် နိုင်ငံစုံ ဘဏ္ဍာရေးဝန်ဆောင်မှု ကုမ္ပဏီကြီးဖြစ်ပြီး ၁၉၉၀ ပြည့်နှစ် တွင် Ken Griffin က တည်ထောင်ခဲ့သည်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအထိ အချက်အလက်များအရ Citadel က စီမံခန့်ခွဲပေးနေသော assets များ၏ စုစုပေါင်း တန်ဖိုးမှာ ကန်ဒေါ်လာ ၆၂ ဘီလီယံခန့်ရှိသည်။
အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ မိုင်အမ်မီတွင် ရုံးချုပ်အခြေစိုက်ပြီး မြောက်အမေရိက၊ အာရှနှင့် ဥရောပတို့တွင် ရုံးခွဲများရှိကာ ဝန်ထမ်းပေါင်း ၂၆၀၀ ကျော်ရှိသည်။
တည်ထောင်သူ၊ စီအီးအို Ken Griffin က ကုမ္ပဏီ၏ ၈၅ ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်သည်။
ဘီလျံနာသူဌေးကြီး ကန် ဂရစ်ဖင် (Ken Griffin) သည် အာရှ-ပစိဖိတ်ဒေသရုံးခွဲများရှိ သူ၏ဝန်ထမ်းများကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Disneyland သို့ ကုန်ကျစရိတ်အားလုံး ကိုယ်ပိုင်ငွေဖြင့် အကုန်အကျခံကာ ပြီးခဲ့သော အောက်တိုဘာ လကုန်ပိုင်းတွင် ပို့ဆောင်ပေးခဲ့သည်။
ထို့အပြင် ကမ္ဘာကျော် အမေရိကန် ပေါ့ပ်-ရော့ခ် တေးဂီတအဖွဲ့ကြီး Maroon 5 (အဆိုတော် Adam Levine ၏ အဖွဲ့) နှင့် နာမည်ကြီး စကော့တလန် DJ ၊ အဆိုတော်ဖြစ်သူ Calvin Harris တို့ကို ငှားရမ်းကာ သီးသန့် ဖျော်ဖြေတင်ဆက်ပေးမှုလည်း ပြုလုပ်ပေးခဲ့သည်။
ဘဏ္ဍာရေးဝန်ဆောင်မှုကုမ္ပဏီကြီး Citael ၏ နှစ် ၃၀ ပြည့်နှင့် Capital Markets ကုမ္ပဏီဖြစ်သော Citadel Securities ၏ နှစ် ၂၀ ပြည့်အထိမ်းအမှတ် အောင်ပွဲအတွက် ဟောင်ကောင်၊ စင်္ကာပူ၊ ဆစ်ဒနီ၊ ရှန်ဟိုင်း၊ တိုကျိုနှင့် Gurugram တို့ရှိ ကုမ္ပဏီရုံးခွဲများမှ ဝန်ထမ်းပေါင်း ၁၂၀၀ ခန့်နှင့် ၎င်းတို့၏ မိသားစုဝင်များကို ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။
ကန်ဂရစ် ဖင်သည် ထိုခရီးစဉ်တွင် ပါဝင်သူတိုင်းအတွက် ခရီးသွားစရိတ် ၊ ကလေးစောင့်ရှောက်မှု ၊ ဝင်ရောက် သူ များပြားသော Splash Mountain နှင့် Pirates of the Caribbean တို့ကဲ့သို့ နေရာမျိုးတွင် စောင့်ဆိုင်းရမှု မရှိစေရန် အမြန်ဝင်ရောက်ခတို့ အပါအဝင် အသုံးစရိတ်အားလုံး ကိုယ်ပိုင်ငွေဖြင့် ပံ့ပိုးခဲ့ခြင်း ဖြစ်သည်။
Disneyland ကို Citadel ဝန်ထမ်းများအတွက် အထူးသီးသန့်အသုံးပြုခွင့် ရမရ မသိရချေ။
အဆိုပါ ကစားကွင်းသို့ ဝင်ကြေးမှာ တစ်ရက်လျှင် ယန်းငွေ ၁၀၉၀၀ (၇၄ ဒေါ်လာ) အထက်ရှိရာ ဝင်ကြေး တစ်ခုတည်း အတွက်ပင်လျှင် ကန် ဂရစ်ဖင်အနေဖြင့် ကန်ဒေါ်လာ ၈၈၈၀၀ ပေးချေရမည် ဖြစ်သည်။
Maroon 5 ဂီတအဖွဲ့အား စင်ပေါ်သို့ မဖိတ်ခေါ်မီ ကန်ဂရစ်ဖင်က “ဒီကနေ့ ကျွန်တော်တို့ ဆောင်ကြဉ်းလာခဲ့တဲ့ အရည်အသွေးတွေက အံ့ဖွယ်ပါပဲ။ ကျွန်တော်တို့ဟာ ဒီလုပ်ငန်းနယ်ရဲ့ ထိပ်တန်းမှာရှိတဲ့ ကုမ္ပဏီတစ်ခုသာ မဟုတ်ဘဲ ၂ ခု တည်ထောင်ခဲ့တာ ဖြစ်ပါတယ်”ဟု ကြေညာခဲ့သည်။
ကန် ဂရစ်ဖင်က သူ၏ ဝန်ထမ်းများကို ယခုကဲ့သို့ ခမ်းခမ်းနားနား ပံ့ပိုးပေးခဲ့သည်မှာ ပထမအကြိမ်မျှသာ မဟုတ်။
ပြီးခဲ့သောနှစ်ကလည်း Citaden ၏ ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်ဦးရေ ၁၀၀၀၀ ကို Walt Disney World သို့ ၃ ရက် ခရီးစဉ် ပို့ပေးခဲ့ဖူးသည်။
ထိုစဉ်ကလည်း ဂီတဖျော်ဖြေပွဲများ ပါဝင်ခဲ့သည်။
 မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများအပြင် ထိုင်း၊ စင်ကာပူ၊ မလေးရှား အစရှိသော ပြည်ပနိုင်ငံများမှ အိမ်ခြံမြေစီမံကိန်းများကိုလည်း ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Billionaire Citadel boss Ken Griffin paid for 1,200 employees and their families to go to Disneyland—and threw in a private concert with Maroon 5 and Calvin Harris (dailymail)
[Zawgyi]
(Citadel ဘာလဲ)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညီအစ်မမြို့တော်သတ်မှတ်ထားသော တရုတ်ကူမင်းမြို့နှင့် ရန်ကုန်မြို့တို့ နှစ်နိုင်ငံ ကုန်သွယ်မှုပိုင်းဆိုင်ရာ မြှင့်တင်မည်...
ညီအစ်မမြို့တော်သတ်မှတ်ထားသော တရုတ်ကူမင်းမြို့နှင့် ရန်ကုန်မြို့တို့ နှစ်နိုင်ငံ ကုန်သွယ်မှုပိုင်းဆိုင်ရာ မြှင့်တင်မည်...
မိမိခင်ပွန်းအပြင် ချစ်သူယောက်ျားလေးနှင့် ၃ ဦးအတူနေထိုင်ကြကာ ၃ ဦးပေါင်း ဝင်ငွေဖြင့် အိမ်တစ်လုံး ဝယ်ယူရန် ကြိုးစားသည့် အမေရိကန်က မိန်းကလေး...
မိမိခင်ပွန်းအပြင် ချစ်သူယောက်ျားလေးနှင့် ၃ ဦးအတူနေထိုင်ကြကာ ၃ ဦးပေါင်း ဝင်ငွေဖြင့် အိမ်တစ်လုံး ဝယ်ယူရန် ကြိုးစားသည့် အမေရိကန်က မိန်းကလေး...
ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ခြံမြေ ကာလတန်ဖိုးသတ်မှတ်ပေးခြင်း လျှောက်လွှာများကို မတ်လ (၁၅) ရက်နေ့ နောက်ဆုံးထား လျှောက်လွှာလက်ခံမည်။...
ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ခြံမြေ ကာလတန်ဖိုးသတ်မှတ်ပေးခြင်း လျှောက်လွှာများကို မတ်လ (၁၅) ရက်နေ့ နောက်ဆုံးထား လျှောက်လွှာလက်ခံမည်။...
ဗြိတိန်ကို ကျောခိုင်းကာ ဂျပန်ကို ရွှေ့ပြောင်းခဲ့ကြသော မိသားစု ၊ ဂျပန်တွင် ကလေးငယ်များ ဘေးကင်း လုံခြုံမှုကို အလွန်နှစ်သက်သဘောကျ...
ဗြိတိန်ကို ကျောခိုင်းကာ ဂျပန်ကို ရွှေ့ပြောင်းခဲ့ကြသော မိသားစု ၊ ဂျပန်တွင် ကလေးငယ်များ ဘေးကင်း လုံခြုံမှုကို အလွန်နှစ်သက်သဘောကျ...
နယူးယောက်ရှိ ဟိုတယ်ကြီးတစ်ခုတွင် ၅ နှစ်ကြာ အခမဲ့ နေထိုင်ခဲ့သူ လိမ်လည်မှု ပေါ်ပေါက်လာပြီး ယခုအခါ ဟိုတယ်မှ ထွက်ခွာပေးရဖွယ်ရှိ...
နယူးယောက်ရှိ ဟိုတယ်ကြီးတစ်ခုတွင် ၅ နှစ်ကြာ အခမဲ့ နေထိုင်ခဲ့သူ လိမ်လည်မှု ပေါ်ပေါက်လာပြီး ယခုအခါ ဟိုတယ်မှ ထွက်ခွာပေးရဖွယ်ရှိ...
အင်္ဂလန်နိုင်ငံတောင်ပိုင်း Basingstoke မြို့တွင် အိမ်တစ်လုံးရောင်းထွက်ရန် ၂၄ ရက်သာ ကြာမြင့်
အင်္ဂလန်နိုင်ငံတောင်ပိုင်း Basingstoke မြို့တွင် အိမ်တစ်လုံးရောင်းထွက်ရန် ၂၄ ရက်သာ ကြာမြင့်
ပေါ့ပ်အဖွဲ့ Backstreet Boys မှ အဆိုတော် AJ McLean က ဇနီးနှင့် ကွာရှင်းပြီးနောက် ကယ်လီဖိုးနီးယားမှ နေအိမ်ကို အရောင်းဈေးကွက်တင်...
ပေါ့ပ်အဖွဲ့ Backstreet Boys မှ အဆိုတော် AJ McLean က ဇနီးနှင့် ကွာရှင်းပြီးနောက် ကယ်လီဖိုးနီးယားမှ နေအိမ်ကို အရောင်းဈေးကွက်တင်...
ကရင်ပြည်နယ် ဘားအံမြို့ပေါ်နှင့် အနီးတစ်ဝိုက် သိန်း (၁၀၀) ဝန်းကျင်ခြံမြေများသာ အရောင်းအဝယ်ရှိနေ...
ကရင်ပြည်နယ် ဘားအံမြို့ပေါ်နှင့် အနီးတစ်ဝိုက် သိန်း (၁၀၀) ဝန်းကျင်ခြံမြေများသာ အရောင်းအဝယ်ရှိနေ...
စိန့်တိုင်းမှ နွေးထွေးသော ကမ်းလင့်လက်များ (သို့မဟုတ်) ရေခဲမှတ်အောက် ၂၀ ဒီဂရီအထိ သွေးခဲမတတ် အေးလှသည့် တရုတ်ပြည် ဟာဘင်းမြို့မှ ဆောင်းရာသီ ရေခဲပန်းပုပွဲတော်သို့ (၃) ရက်အတွင်း လာရောက်လည်ပတ်သူ ၃ သန်းရှိခဲ့...
နယူးယောက်မြို့တွင် အခမဲ့နေထိုင်နိုင်မည့် အိမ်ငယ်လေးများကျေးရွာ ဆောက်လုပ်ရန် စီစဉ်နေပြီး ၂၀၂၅ ခုနှစ်တွင် နေထိုင်မည့်သူများ စတင်လက်ခံမည်...
နယူးယောက်မြို့တွင် အခမဲ့နေထိုင်နိုင်မည့် အိမ်ငယ်လေးများကျေးရွာ ဆောက်လုပ်ရန် စီစဉ်နေပြီး ၂၀၂၅ ခုနှစ်တွင် နေထိုင်မည့်သူများ စတင်လက်ခံမည်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဂျက်လေယာဉ်ကြီးတစ်စင်း ခြံဝန်းအတွင်း ပါဝင်ကာ ခြံအကျယ် ၁၀ ဧကရှိသော ဆန်းကြယ်သည့် စံအိမ် တစ်လုံး ပေါင် ၃ ဒသမ ၉ သန်းဖြင့် ရော
ဂျက်လေယာဉ်ကြီးတစ်စင်း ခြံဝန်းအတွင်း ပါဝင်ကာ ခြံအကျယ် ၁၀ ဧကရှိသော ဆန်းကြယ်သည့် စံအိမ် တစ်လုံး ပေါင် ၃ ဒသမ ၉ သန်းဖြင့် ရော
ပြည်ပရောက်မြန်မာများရင်းနှီးမြှုပ်နှံမှုများသည့် တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်းမြေနေရာသည် ကရင်ပြည်နယ်တွင်း ဝယ်လ
ပြည်ပရောက်မြန်မာများရင်းနှီးမြှုပ်နှံမှုများသည့် တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်းမြေနေရာသည် ကရင်ပြည်နယ်တွင်း ဝယ်လ
ပုသိမ်လေဆိပ်အဆင့်မြှင့်တင်မည့်သတင်းများကြောင့် ပုသိမ်အိမ်ခြံမြေဈေးနှုန်းများ အနည်းငယ်မြင့်တက်
ပုသိမ်လေဆိပ်အဆင့်မြှင့်တင်မည့်သတင်းများကြောင့် ပုသိမ်အိမ်ခြံမြေဈေးနှုန်းများ အနည်းငယ်မြင့်တက်
ရန်ကုန်မြို့သစ်စီမံကိန်းမြေကွက်များ ဈေးလျှော့ရောင်းမှုများရှိနေဟုဆို
ရန်ကုန်မြို့သစ်စီမံကိန်းမြေကွက်များ ဈေးလျှော့ရောင်းမှုများရှိနေဟုဆို
ရန်ကုန်မြို့နှင့် တရုတ်နိုင်ငံကမြို့တို့ကို ချစ်ကြည်ရေးမြို့တော်အဖြစ်ဆောင်ရွက်နေ
ရန်ကုန်မြို့နှင့် တရုတ်နိုင်ငံကမြို့တို့ကို ချစ်ကြည်ရေးမြို့တော်အဖြစ်ဆောင်ရွက်နေ
အင်္ဂလန်နိုင်ငံ ၊ ဘရစ္စတိုးမြို့တွင် နေထိုင်သူတစ်ဦး အလွန်မြင့်မားသော ခြံစည်းရိုးကာရံထားကာ ခြံပေါက်ဝတွင် မိမိအိမ်အား တံခါ
အင်္ဂလန်နိုင်ငံ ၊ ဘရစ္စတိုးမြို့တွင် နေထိုင်သူတစ်ဦး အလွန်မြင့်မားသော ခြံစည်းရိုးကာရံထားကာ ခြံပေါက်ဝတွင် မိမိအိမ်အား တံခါ
ထိုင်းနိုင်ငံ ချင်းမိုင်နှင့် ဖူးခက်မြို့က မြေကွက်တွေကို မြန်မာနိုင်ငံသားလုပ်ငန်းရှင်များ စိတ်ဝင်စားနေ
ထိုင်းနိုင်ငံ ချင်းမိုင်နှင့် ဖူးခက်မြို့က မြေကွက်တွေကို မြန်မာနိုင်ငံသားလုပ်ငန်းရှင်များ စိတ်ဝင်စားနေ
မော်လမြိုင်မြို့တွင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (၁)ခုနဲ့ လေယာဉ်ကွင်း (၁)ခု တည်ဆောက်မည်
မော်လမြိုင်မြို့တွင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (၁)ခုနဲ့ လေယာဉ်ကွင်း (၁)ခု တည်ဆောက်မည်
Gucci ပိုင်ရှင်က နယူးယောက်မြို့ ပဉ္စမရိပ်သာလမ်းရှိ အဆောက်အအုံကြီးကို အိမ်ခြံမြေ Developer ဘီလျံနာ သူဌေးကြီး Jeff Sutton
Gucci ပိုင်ရှင်က နယူးယောက်မြို့ ပဉ္စမရိပ်သာလမ်းရှိ အဆောက်အအုံကြီးကို အိမ်ခြံမြေ Developer ဘီလျံနာ သူဌေးကြီး Jeff Sutton
ခရိုအေးရှားနိုင်ငံရှိ မြို့ငယ်တစ်ခုတွင် နေအိမ်များကို တစ်လုံးလျှင် ၁၅ ဆင့် (မြန်မာငွေ ၃၂၂ ကျပ်) ဖြင့် ရောင်းချလျက်ရှိ
ခရိုအေးရှားနိုင်ငံရှိ မြို့ငယ်တစ်ခုတွင် နေအိမ်များကို တစ်လုံးလျှင် ၁၅ ဆင့် (မြန်မာငွေ ၃၂၂ ကျပ်) ဖြင့် ရောင်းချလျက်ရှိ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
mann-yadanar-luxury-villa
kalaw-garden-valley
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service