ဝန်ထမ်းပေါင်း ၃၈၃၀၀၀ ရှိသော Berkshire Hathaway ၏ ပိုင်ရှင် ၊ ကန်ဒေါ်လာ ၁၂၀ ဘီလီယံ ချမ်းသာကြွယ်ဝသူ Warren Buffett က သူ၏ ပိုင်ဆိုင်မှု ၉၉ ရာခိုင်နှုန်းကျော်ကို လှူဒါန်းခဲ့မည်ဟု သေတမ်းစာတွင် ရေးသား
ဝန်ထမ်းပေါင်း ၃၈၃၀၀၀ ရှိသော Berkshire Hathaway ၏ ပိုင်ရှင် ၊ ကန်ဒေါ်လာ ၁၂၀ ဘီလီယံ ချမ်းသာကြွယ်ဝသူ Warren Buffett က သူ၏ ပိုင်ဆိုင်မှု ၉၉ ရာခိုင်နှုန်းကျော်ကို လှူဒါန်းခဲ့မည်ဟု သေတမ်းစာတွင် ရေးသား - Property News in Myanmar from iMyanmarHouse.com
28 Nov 2023 10:27 am တွင် တင်ခဲ့သည်
1465 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
(Berkshire Hathaway ဘာလဲ)
Berkshire Hathaway သည် အမေရိကန်ပြည်ထောင်စု၊ နီဘရာစကာပြည်နယ်၊ Omaha မြို့အခြေစိုက် နိုင်ငံစုံ၊ လုပ်ငန်းစုံကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး အဓိကလုပ်ငန်းမှာ အာမခံလုပ်ငန်းဖြစ်သည်။
၁၉၆၅ ခုနှစ်ကတည်းက ဘီလျံနာ Warren Buffett က ဥက္ကဌ၊ စီအီးအိုအဖြစ် ကွပ်ကဲခဲ့ပြီး ဒုတိယဥက္ကဌမှာ Charlie Munger ဖြစ်သည်။
၂၀၂၂ ခုနှစ်အချက်အလက်များအရ Berkshire Hathaway တွင် ဝန်ထမ်းပေါင်း ၃၈၃၀၀၀ ဦးရှိသည်။
Warren Buffett က Berkshire Hathaway နှင့် သူ၏ ပိုင်ဆိုင်မှုများကို ကွယ်လွန်ချိန်တွင် မည်သို့ပြုလုပ်ရမည် ဟူသော အစီအစဉ်များနှင့် စပ်လျဉ်းသည့် စာတစ်စောင်ကို ကုမ္ပဏီဝက်ဘ်ဆိုက်တွင် တင်ခဲ့သည်။
Berkshire Hathaway ၏ ရှယ်ယာသန်းပေါင်းများစွာကို သူ၏ မိသားစုနှင့်ဆက်နွှယ်သော ပရဟိတအဖွဲ့ ၄ ခု ထံ လှူဒါန်းသည့် သတင်းများနှင့်အတူ အဆိုပါစာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အသက် ၉၃ နှစ်ရှိပြီဖြစ်သော Warren Buffett သည် သူ၏ A အဆင့်ရှယ်ယာ ၁၆၀၀ ကို B အဆင့် ရှယ်ယာ ၂,၄၀၀,၀၀၀ အဖြစ် ပြောင်းလဲခဲ့သည်။
ထိုသို့ပြောင်းလဲခဲ့သော ရှယ်ယာများအနက် ရှယ်ယာပေါင်း ၁,၅၀၀,၀၀၀ ကို Susan Thompson Buffett ဖောင်ဒေးရှင်းသို့လည်းကောင်း ၊ Sherwood ဖောင်ဒေးရှင်း ၊ Howard G. Buffett ဖောင်ဒေးရှင်းနှင့် No Vo ဖောင်ဒေးရှင်းများသို့ ရှယ်ယာပေါင်း ၃၀၀,၀၀၀ စီလည်းကောင်း လှူဒါန်းခဲ့သည်။
ရိုက်တာသတင်းဌာန၏ တွက်ချက်မှုများအရ လှူဒါန်းခဲ့သော ရှယ်ယာများ၏ တန်ဖိုးမှာ ကန်ဒေါ်လာ ၈၆၆ သန်း ရှိသည်ဟု ဆိုသည်။
Berkshire Hathaway ၏ ရှယ်ယာရှင်များထံသို့ ပေးပို့ခဲ့သောစာတွင် Warren Buffett က ၎င်းသေဆုံးပြီး နောက် လုပ်ဆောင်ရမည့် အကြောင်းရပ်များအကြောင်း ဖော်ပြလာခြင်း ဖြစ်သည်။
Bloomberg ၏ ဘီလျံနာညွှန်းကိန်းအရ Warren Buffett ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၂၁ ဘီလီယံရှိသည်။
ပုံမှန်အားဖြင့် Warren Buffett က ရှယ်ယာရှင်များထံ နှစ်စဉ်ပေးပို့သော စာများမှာ ရှယ်ယာရှင်များသာ ဖတ်ရှုခွင့် ကန့်သတ်ထားသည်။
Warren Buffett သည် နှစ်စဉ် ခရီးသွားလေ့ရှိသည်။
ယခုနွေရာသီက Warren Buffett သည် ဂျပန်သို့ အလည်အပတ်သွားရောက်ခဲ့ပြီး ဂျပန်၏ အထင်ကရ ကုမ္ပဏီ ကြီးများဖြစ်သော Itochu , Mitsubishi Corp, Mitsui & Co, Sumitomo Corp, Marubeni တို့နှင့် ဆွေးနွေး ခြင်းများ ပြုလုပ်ခဲ့သည်။
Warren Buffett နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခြင်း၏ အကျိုးဆက်အနေဖြင့် ဂျပန်နိုင်ငံတဝန်း ရှယ်ယာ များ တက်သွားခဲ့သည်။
၂၀၀၆ ခုနှစ်မှစပြီး Warren Buffett သည် ပရဟိတအဖွဲ့များထံ ကန်ဒေါ်လာ ၅၂ ဘီလီယံခန့် လှူဒါန်းခဲ့ပြီး ဖြစ်ကာ ယင်းအနက် ကန်ဒေါ်လာ ၃၉ ဘီလီယံကို သူ၏ မိတ်ဆွေ ဘီလ်ဂိတ်တည်ထောင်ထားသော ဖောင်ဒေးရှင်းထံ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
Warren Buffett က သူ၏ သေတမ်းစာတွင် ပိုင်ဆိုင်မှု ၉၉ ရာခိုင်နှုန်းကျော်ကို ပရဟိတအဖွဲ့များထံ လှူဒါန်း သွားမည်ဟု ဖော်ပြထားသည်။
သူ၏ သားသမီး ၃ ဦး (ယခုအခါ အသက် ၆၅ မှ ၇၀ ကြားရှိကြ) သည် Warren Buffett ၏ သေတမ်းစာကို အတည်ပြုဆောင်ရွက်သူများအဖြစ် တာဝန်ပေးခြင်းခံထားရသည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများအပြင် ထိုင်း၊ စင်ကာပူ၊ မလေးရှား အစရှိသော ပြည်ပနိုင်ငံများမှ အိမ်ခြံမြေစီမံကိန်းများကိုလည်း ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Warren Buffett discusses will in rare letter, pledging to donate ‘99%-plus’ of fortune after gifting millions of Berkshire Hathaway shares (finance)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
ရန်ကုန်နှင့် မန္တလေးတွင် မီးပျက်ခြင်းကြောင့် ဘန်ကောက်ရှိကွန်ဒိုခန်းများ အဝယ်များနေ
ရန်ကုန်နှင့် မန္တလေးတွင် မီးပျက်ခြင်းကြောင့် ဘန်ကောက်ရှိကွန်ဒိုခန်းများ အဝယ်များနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရှားနိုင်ငံသား လူငယ်...
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရှားနိုင်ငံသား လူငယ်...
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက်ရှ် အမ်ဘာနီ၊ အဒါနီနှင့် တာတာတို့ ဒူဘိုင်းသို့ ပြောင်းရွှေ့ နေထိုင်ဖွယ်ရှိ...
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက်ရှ် အမ်ဘာနီ၊ အဒါနီနှင့် တာတာတို့ ဒူဘိုင်းသို့ ပြောင်းရွှေ့ နေထိုင်ဖွယ်ရှိ...
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ယခုနှစ်အတွင်း အခန်းပေါင်း ၁၉၀၀ ကျော် အငှားချပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ယခုနှစ်အတွင်း အခန်းပေါင်း ၁၉၀၀ ကျော် အငှားချပေးမည်
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ကျန်းမာရေးမကောင်းသော ပြင်သစ် သန်းကြွယ်သူဌေးမကြီးက ထိုင်းအိမ်အကူအမျိုးသမီးအား ဘတ်ငွေ သန်း ၁၀၀ အမွေပေးခဲ့...
ကျန်းမာရေးမကောင်းသော ပြင်သစ် သန်းကြွယ်သူဌေးမကြီးက ထိုင်းအိမ်အကူအမျိုးသမီးအား ဘတ်ငွေ သန်း ၁၀၀ အမွေပေးခဲ့...
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင
အပြာနုရောင် ရေပြာအိုင်နောက်ခံထား အပန်းဖြေစရာ ပေါများလှတဲ့ ငါးလိပ်ကျောက်လေးများချစ်စဖွယ် ကျက်စားရာ Caye Caulker ကျွန်းငယ်
အပြာနုရောင် ရေပြာအိုင်နောက်ခံထား အပန်းဖြေစရာ ပေါများလှတဲ့ ငါးလိပ်ကျောက်လေးများချစ်စဖွယ် ကျက်စားရာ Caye Caulker ကျွန်းငယ်
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
maha
platinum-garden
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service