စင်္ကာပူမှ ကြယ်ငါးပွင့်ဟိုတယ်ကြီးတစ်လုံးကို ဝယ်ယူထားသည့်ဈေးအောက် ၃၀ ရာခိုင်နှုန်းအထိ အရှုံးခံကာ ရောင်းချရန် စီစဉ်နေ

စင်္ကာပူမှ ကြယ်ငါးပွင့်ဟိုတယ်ကြီးတစ်လုံးကို ဝယ်ယူထားသည့်ဈေးအောက် ၃၀ ရာခိုင်နှုန်းအထိ အရှုံးခံကာ ရောင်းချရန် စီစဉ်နေ - Property News in Myanmar from iMyanmarHouse.com
20 Nov 2023 11:48 am တွင် တင်ခဲ့သည်
1357 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ထောင်ဒဏ်ချမှတ်ခံလိုက်ရသော ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးကြီးဖြစ်သော ထရုန် မိုင်လန်းနှင့် ဆက်နွှယ်သော ကုမ္ပဏီတစ်ခုသည် စင်္ကာပူနိုင်ငံ၊ ရော်ဘင်ဆန်လမ်းရှိ ကြယ်ငါးပွင့်အဆင့် ဟိုတယ်ကြီးတစ်လုံး ကို ပြီးခဲ့သောနှစ်က ဝယ်ယူထားခဲ့သည့်ဈေးအောက် ၃၀ ရာခိုင်နှုန်း အရှုံးခံကာ ရောင်းချရန် စီစဉ်လျက်ရှိကြောင်း Mingtiandi သတင်းတစ်ရပ်တွင် ဖော်ပြသည်။

အဆိုပါဟိုတယ်ကြီးကို ဝယ်ယူမည့်ဝယ်လက်မှာ စင်္ကာပူမှ Tan Teng Huat နှင့် မိသားစုပိုင် Sunray Woodcraft ဆောက်လုပ်ရေးကုမ္ပဏီ ဖြစ်သည်။

Robinson လမ်းနှင့် Boon Tat လမ်းထောင့်ရှိ Hotel Telegraph ဟုအမည်ရသော အခန်း ၁၃၄ ခန်းပါ ဟိုတယ်ကြီးကို Sunray Woodcraft က Viva Land ကုမ္ပဏီထံမှ စင်္ကာပူဒေါ်လာ သန်း ၁၇၀ မှ သန်း ၁၈၀ ဝန်းကျင် (ကန်ဒေါ်လာ ၁၂၅ သန်းမှ ၁၃၃ သန်း) ဖြင့် ဝယ်ယူရန် စီစဉ်နေကြောင်း အဆိုပါလုပ်ငန်းစဉ်ကို သိရှိထားသူတို့က Mingtiandi သတင်းဌာနသို့ ယခုရက်သတ္တပတ်အတွင်း ပြောကြားသည်။

စင်္ကာပူအခြေစိုက် Viva Land သည် Hotel Telegraph ကို ၂၀၂၂ ခုနှစ် ၊ မေလအတွင်း So/Singapore ဟိုတယ်ထံမှ စင်္ကာပူဒေါ်လာ သန်း ၂၄၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ရာ ယခုဈေးနှုန်းဖြင့် ရောင်းချမည်ဆိုပါက စင်္ကာပူဒေါ်လာ သန်း ၇၀ ခန့် အရှုံးပေါ်မည် ဖြစ်သည်။

Viva Land ကို ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးကြီး ထရုန်မိုင်လန်းက သူမ၏ Va Thinh Phat လုပ်ငန်းအုပ်စု၏ ကုမ္ပဏီခွဲအနေဖြင့် ဟိုချီမင်းမြို့တော်တွင် စီမံကွပ်ကဲသည်။

ထရုန်မိုင်လမ်းသည် ရင်းနှီးမြှပ်နှံသူများအား လိမ်လည်မှုဖြင့် ပြီးခဲ့သောနှစ် အောက်တိုဘာလတွင် ထောင်ဒဏ် ချမှတ်ခြင်း ခံခဲ့ရသည်။

လက်ရှိအားဖြင့် အရောင်းအဝယ်အတွက် ဈေးနှုန်းညှိုနှိုင်းလျက်ရှိပြီး ယခုဈေးနှုန်းအရဆိုလျှင် တစ်ခန်းလျှင် စင်္ကာပူဒေါ်လာ ၁ ဒသမ ၂၇ သန်းမျှသာ ကျသင့်မည် ဖြစ်သည်။

ဝယ်ယူစဉ်က ပေးခဲ့ရသည်မှာ တစ်ခန်းလျှင် စင်္ကာပူဒေါ်လာ ၁ ဒသမ ၈ သန်းကျသင့်ခဲ့သည်။

အဆိုပါ ဟိုတယ်သည် သမိုင်းဝင် အဆောက်အအုံစာရင်းတွင် ပါဝင်ရာ ပိုင်ရှင်အနေဖြင့် ပြန်လည်မွမ်းမံခြင်းများ ပြုလုပ်ရန် အကန့်အသတ်များ ရှိသည်။

 

 

(ထရုန်မိုင်လန်းမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရသည်။ ဓာတ်ပုံ-Ministry of Public Security DSRV)

 

 

ဝယ်ယူမည့် Sunray ဆောက်လုပ်ရေးကုမ္ပဏီသည် ၃၆ နှစ်သက်တမ်းရှိပြီဖြစ်ပြီး ဟိုတယ်များ၊ စားသောက်ဆိုင် များ၊ ဘဏ်များနှင့် ပြတိုက်များ ဆောက်လုပ်ခဲ့သည်။

ဈေးကွက် စောင့်ကြည့်သူတို့၏ ခန့်မှန်းချက်အရ ဤဟိုတယ် အရောင်းအဝယ် ဖြစ်ခဲ့ပါက Sunray အနေဖြင့် Hotel Telegraph ကို အမည်ပြောင်းလဲဖွယ်ရာ ရှိသည်ဟု ခန့်မှန်းကြသည်။

အရောင်းအဝယ်မှာ အပြီးသတ်အတည်မဖြစ်သေးသည့်အပြင် အရောင်းအဝယ်ဖြစ်ရန်မှာလည်း မသေချာ သေးချေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: VIVA LAND NEARS DEAL TO SELL SINGAPORE HOTEL TO LOCAL CONSTRUCTION FIRM AT 30% LOSS (mingtiandi)

 

 

 

 

 

[Zawgyi]

 

စကၤာပူမွ ၾကယ္ငါးပြင့္ဟိုတယ္ၾကီးတစ္လံုးကို ဝယ္ယူထားသည့္ေစ်းေအာက္ ၃၀ ရာခိုင္ႏႈန္းအထိ အရံႈးခံကာ ေရာင္းခ်ရန္ စီစဥ္ေန

 

ေထာင္ဒဏ္ခ်မွတ္ခံလိုက္ရေသာ ဗီယက္နမ္စီးပြားေရးလုပ္ငန္းရွင္အမ်ဳိးသမီးၾကီးျဖစ္ေသာ ထရုန္ မိုင္လန္းႏွင့္ ဆက္ႏႊယ္ေသာ ကုမၸဏီတစ္ခုသည္ စကၤာပူႏိုင္ငံ၊ ေရာ္ဘင္ဆန္လမ္းရွိ ၾကယ္ငါးပြင့္အဆင့္ ဟိုတယ္ၾကီးတစ္လံုး ကို ျပီးခဲ့ေသာႏွစ္က ဝယ္ယူထားခဲ့သည့္ေစ်းေအာက္ ၃၀ ရာခိုင္ႏႈန္း အရံႈးခံကာ ေရာင္းခ်ရန္ စီစဥ္လ်က္ရွိေၾကာင္း Mingtiandi သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

အဆိုပါဟိုတယ္ၾကီးကို ဝယ္ယူမည့္ဝယ္လက္မွာ စကၤာပူမွ Tan Teng Huat ႏွင့္ မိသားစုပိုင္ Sunray Woodcraft ေဆာက္လုပ္ေရးကုမၸဏီ ျဖစ္သည္။

Robinson လမ္းႏွင့္ Boon Tat လမ္းေထာင့္ရွိ Hotel Telegraph ဟုအမည္ရေသာ အခန္း ၁၃၄ ခန္းပါ ဟိုတယ္ၾကီးကို Sunray Woodcraft က Viva Land ကုမၸဏီထံမွ စကၤာပူေဒၚလာ သန္း ၁၇၀ မွ သန္း ၁၈၀ ဝန္းက်င္ (ကန္ေဒၚလာ ၁၂၅ သန္းမွ ၁၃၃ သန္း) ျဖင့္ ဝယ္ယူရန္ စီစဥ္ေနေၾကာင္း အဆိုပါလုပ္ငန္းစဥ္ကို သိရွိထားသူတို႔က Mingtiandi သတင္းဌာနသို႔ ယခုရက္သတၱပတ္အတြင္း ေျပာၾကားသည္။

စကၤာပူအေျခစိုက္ Viva Land သည္ Hotel Telegraph ကို ၂၀၂၂ ခုႏွစ္ ၊ ေမလအတြင္း So/Singapore ဟိုတယ္ထံမွ စကၤာပူေဒၚလာ သန္း ၂၄၀ ျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ရာ ယခုေစ်းႏႈန္းျဖင့္ ေရာင္းခ်မည္ဆိုပါက စကၤာပူေဒၚလာ သန္း ၇၀ ခန္႔ အရံႈးေပၚမည္ ျဖစ္သည္။

Viva Land ကို ဗီယက္နမ္စီးပြားေရးလုပ္ငန္းရွင္ အမ်ဳိးသမီးၾကီး ထရုန္မုိင္လန္းက သူမ၏ Va Thinh Phat လုပ္ငန္းအုပ္စု၏ ကုမၸဏီခြဲအေနျဖင့္ ဟိုခ်ီမင္းျမဳိ႕ေတာ္တြင္ စီမံကြပ္ကဲသည္။

ထရုန္မိုင္လမ္းသည္ ရင္းႏွီးျမွပ္ႏွံသူမ်ားအား လိမ္လည္မႈျဖင့္ ျပီးခဲ့ေသာႏွစ္ ေအာက္တိုဘာလတြင္ ေထာင္ဒဏ္ ခ်မွတ္ျခင္း ခံခဲ့ရသည္။

လက္ရွိအားျဖင့္ အေရာင္းအဝယ္အတြက္ ေစ်းႏႈန္းညိႈႏိႈင္းလ်က္ရွိျပီး ယခုေစ်းႏႈန္းအရဆိုလွ်င္ တစ္ခန္းလွ်င္ စကၤာပူေဒၚလာ ၁ ဒသမ ၂၇ သန္းမွ်သာ က်သင့္မည္ ျဖစ္သည္။

ဝယ္ယူစဥ္က ေပးခဲ့ရသည္မွာ တစ္ခန္းလွ်င္ စကၤာပူေဒၚလာ ၁ ဒသမ ၈ သန္းက်သင့္ခဲ့သည္။

အဆိုပါ ဟိုတယ္သည္ သမိုင္းဝင္ အေဆာက္အအံုစာရင္းတြင္ ပါဝင္ရာ ပိုင္ရွင္အေနျဖင့္ ျပန္လည္မြမ္းမံျခင္းမ်ား ျပဳလုပ္ရန္ အကန္႔အသတ္မ်ား ရွိသည္။

(ထရုန္မိုင္လန္းမွာ ေထာင္ဒဏ္ခ်မွတ္ျခင္း ခံထားရသည္။ ဓာတ္ပံု-Ministry of Public Security DSRV)

ဝယ္ယူမည့္ Sunray ေဆာက္လုပ္ေရးကုမၸဏီသည္ ၃၆ ႏွစ္သက္တမ္းရွိျပီျဖစ္ျပီး ဟိုတယ္မ်ား၊ စားေသာက္ဆိုင္ မ်ား၊ ဘဏ္မ်ားႏွင့္ ျပတုိက္မ်ား ေဆာက္လုပ္ခဲ့သည္။

ေစ်းကြက္ ေစာင့္ၾကည့္သူတို႔၏ ခန္႔မွန္းခ်က္အရ ဤဟိုတယ္ အေရာင္းအဝယ္ ျဖစ္ခဲ့ပါက Sunray အေနျဖင့္ Hotel Telegraph ကို အမည္ေျပာင္းလဲဖြယ္ရာ ရွိသည္ဟု ခန္႔မွန္းၾကသည္။

အေရာင္းအဝယ္မွာ အျပီးသတ္အတည္မျဖစ္ေသးသည့္အျပင္ အေရာင္းအဝယ္ျဖစ္ရန္မွာလည္း မေသခ်ာ ေသးေခ်။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: VIVA LAND NEARS DEAL TO SELL SINGAPORE HOTEL TO LOCAL CONSTRUCTION FIRM AT 30% LOSS (mingtiandi)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...
ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service