ကနေဒါလုပ်ငန်းရှင်တစ်ဦးက မိမိ၏ ကုမ္ပဏီကို ရောင်းချကာ အိမ်ရာမဲ့များအတွက် အိမ်ငယ်လေးပေါင်း ၉၉ လုံး ဆောက်လုပ်
ကနေဒါလုပ်ငန်းရှင်တစ်ဦးက မိမိ၏ ကုမ္ပဏီကို ရောင်းချကာ အိမ်ရာမဲ့များအတွက် အိမ်ငယ်လေးပေါင်း ၉၉ လုံး ဆောက်လုပ် - Property News in Myanmar from iMyanmarHouse.com
15 Nov 2023 10:16 am တွင် တင်ခဲ့သည်
17151 ကြိမ် ကြည့်ရှု့ပြီး
ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း (iMyanmarHouse.com)
[Unicode]
ကနေဒါလုပ်ငန်းရှင်တစ်ဦးသည် သူ၏ ကုမ္ပဏီကို ပြိုင်ဘက်တစ်ဦးထံ ဒေါ်လာ သန်း ဆယ်ဂဏန်းဖြင့် ရောင်းချ ကာ ရရှိလာသော အမြတ်အစွန်းများဖြင့် နေစရာအလိုအပ်ဆုံးဖြစ်နေသူများအတွက် ရည်ရွယ်ကာ အိမ်ငယ် ကလေးများ ဆောက်လုပ်ခဲ့သည်။
ကနေဒါနိုင်ငံအရှေ့ပိုင်း New Brunswick ပြည်နယ်၏ မြို့တော် Fredericton တွင် အိမ်ငယ်လေးပေါင်း ၉၉ လုံး ဆောက်လုပ်ရန်အတွက် ၄ ရက်လျှင် အိမ်တစ်လုံးနှုန်း ဆောက်လုပ်လျှက်ရှိပြီး အိမ်ရာမဲ့များအား ဒုတိယအခွင့်အရေးပေးရန် စီးပွားရေးလုပ်ငန်းစင်တာတစ်ခုလည်း တည်ထောင်ထားသည်။
မာဆယ် လီဘရန်း (Marcel LeBrun) သည် လူမှုကွန်ရက်စောင့်ကြည့်ရေးကုမ္ပဏီတစ်ခု တည်ထောင်ခဲ့ရာ အလွန်အောင်မြင်ခဲ့ပြီး နောက်ပိုင်းတွင် ပြိုင်ဘက်ဖြစ်သူ အမေရိကန်လုပ်ငန်းရှင်ထံ ရောင်းချခဲ့သည်။
ရရှိလာသော ငွေကြေးအမြတ်အစွန်းများဖြင့် လီဘရန်းက စီမံကိန်းတစ်ခု လုပ်ဆောင်လျက်ရှိသည်။
၎င်းက ပြောသည်မှာ မြို့တွင်းရှိ အိမ်ရာမဲ့များနှင့် စပ်လျဉ်းပြီး တစ်ခုခု လုပ်ရန်လိုကြောင်း မကြာခဏ ပြောလေ့ရှိသည်။
CBC သတင်းဌာန၏ ဖော်ပြချက်အရ New Brunswick ပြည်နယ်တွင် ပြီးခဲ့သောနှစ်အတွင်း အိမ်ရာမဲ့ပေါင်း ၁၆၀၀ ဝန်းကျင်ခန့်ရှိသည်ဟု ဆိုသည်။
မာဆယ် လီဘရန်းသည် 12 Neighbours Community ဟု အမည်ပေးထားသော အိမ်ငယ်လေးများ အသိုက်အဝန်းကို ၂၀၂၁ ခုနှစ်ကတည်းက စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
(မာဆယ် လီဘရန်းက အိမ်ငယ်လေးပေါင်း ၉၉ လုံး ဆောက်လုပ်ရန် ရည်မှန်းထားသည်။ ဓာတ်ပုံ-Global News)
ဆမန်သာ ဆီမော်သည် ဤအိမ်ငယ်လေးများ အသိုက်အဝန်းတွင် နေထိုင်လျက်ရှိသည်မှာ တစ်နှစ်ခန့် ရှိပြီဖြစ်သည်။
(Screen Printing ဟုခေါ်သော အဝတ်အထည်၊ သစ်၊ သတ္တု၊ ပလတ်စတစ်နှင့် ဖန်ထည်တို့ ပေါ်တွင် ပုံနှိပ်သော လုပ်ငန်းတစ်ခု လည်ပတ်လျက်ရှိသည်။ ဓာတ်ပုံ-Global News)
လီဘရန်း တည်ထောင်လျက်ရှိသော အိမ်ငယ်လေးများ အသိုက်အဝန်းသည် မြေအကျယ်အဝန်း ဧက ၆၀ ခန့်ပေါ်တွင် အကောင်အထည်ဖော်လျက်ရှိခြင်း ဖြစ်သည်။
၄ ရက်လျှင် အိမ်တစ်လုံးနှုန်း ဆောက်လုပ်လျက်ရှိပြီး လက်ရှိတွင် အိမ်အလုံး ၇၀ ဆောက်လုပ်ပြီးစီးပြီ ဖြစ်သည်။
နေထိုင်သူများကို ဝင်ငွေ၏ ၃၀ ရာခိုင်နှုန်းထက်မပိုသော ငွေအား အိမ်ငှားခအဖြစ် ကောက်ခံကာ အိမ်ငယ်လေး များ အသိုက်အဝန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်လျက် ရှိသည်။
ဆမန်သာ ဆီမော် (Samantha Seymour)သည် ယခင်က အိမ်ရာမဲ့စခန်းတစ်ခုတွင် နေထိုင်ခဲ့သူတစ်ဦးဖြစ်ပြီး နောက်ပိုင်းတွင် 12 Neighbours အသိုက်အဝန်းသို့ ပြောင်းရွှေ့လာခဲ့သည်။
လီဘရန်းသည် အိမ်ငယ်လေးပေါင်း ၉၉ လုံး ဆောက်လုပ်ရန် စီမံကိန်းကို သူ၏ ကိုယ်ပိုင်ငွေ ဒေါ်လာ ၄ သန်း ဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်အစိုးရနှင့် New Brunswick ပြည်နယ်အစိုးရတို့ထံမှ ထောက်ပံ့ငွေ စုစုပေါင်း ဒေါ်လာ ၁၂ သန်း လည်း ရရှိထားသည်။
အိမ်ငယ်ကလေးများတွင် မီးဖိုဆောင်၊ ဧည့်ခန်း၊ အိပ်ခန်းနှင့် ရေချိုးခန်းတို့ ပါဝင်သည်။
ထို့အပြင် အိမ်ငယ်လေးတစ်ခုချင်းစီတွင် စားပွဲငယ်တစ်လုံးလည်း ထည့်သွင်းပေးထားပြီး အမိုးပေါ်တွင် ဆိုလာပြားများ တပ်ဆင်ထားကာ နှစ်လိုဖွယ် ဆေးရောင်များ သုတ်ထားသည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများအပြင် ထိုင်း၊ စင်ကာပူ၊ မလေးရှား အစရှိသော ပြည်ပနိုင်ငံများမှ အိမ်ခြံမြေစီမံကိန်းများကိုလည်း ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Millionaire Builds 99 Tiny Homes to Cut Homelessness in His Community–He Even Provides Jobs On Site for Them (goodnewsnetwork)
[Zawgyi]
၎ ရက်လျှင် အိမ်တစ်လုံးနှုန်း ဆောက်လုပ်လျက်ရှိပြီး လက်ရှိတွင် အိမ်အလုံး ၇၀ ဆောက်လုပ်ပြီးစီးပြီ ဖြစ်သည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညီအစ်မမြို့တော်သတ်မှတ်ထားသော တရုတ်ကူမင်းမြို့နှင့် ရန်ကုန်မြို့တို့ နှစ်နိုင်ငံ ကုန်သွယ်မှုပိုင်းဆိုင်ရာ မြှင့်တင်မည်...
ညီအစ်မမြို့တော်သတ်မှတ်ထားသော တရုတ်ကူမင်းမြို့နှင့် ရန်ကုန်မြို့တို့ နှစ်နိုင်ငံ ကုန်သွယ်မှုပိုင်းဆိုင်ရာ မြှင့်တင်မည်...
မိမိခင်ပွန်းအပြင် ချစ်သူယောက်ျားလေးနှင့် ၃ ဦးအတူနေထိုင်ကြကာ ၃ ဦးပေါင်း ဝင်ငွေဖြင့် အိမ်တစ်လုံး ဝယ်ယူရန် ကြိုးစားသည့် အမေရိကန်က မိန်းကလေး...
မိမိခင်ပွန်းအပြင် ချစ်သူယောက်ျားလေးနှင့် ၃ ဦးအတူနေထိုင်ကြကာ ၃ ဦးပေါင်း ဝင်ငွေဖြင့် အိမ်တစ်လုံး ဝယ်ယူရန် ကြိုးစားသည့် အမေရိကန်က မိန်းကလေး...
ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ခြံမြေ ကာလတန်ဖိုးသတ်မှတ်ပေးခြင်း လျှောက်လွှာများကို မတ်လ (၁၅) ရက်နေ့ နောက်ဆုံးထား လျှောက်လွှာလက်ခံမည်။...
ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ခြံမြေ ကာလတန်ဖိုးသတ်မှတ်ပေးခြင်း လျှောက်လွှာများကို မတ်လ (၁၅) ရက်နေ့ နောက်ဆုံးထား လျှောက်လွှာလက်ခံမည်။...
ဗြိတိန်ကို ကျောခိုင်းကာ ဂျပန်ကို ရွှေ့ပြောင်းခဲ့ကြသော မိသားစု ၊ ဂျပန်တွင် ကလေးငယ်များ ဘေးကင်း လုံခြုံမှုကို အလွန်နှစ်သက်သဘောကျ...
ဗြိတိန်ကို ကျောခိုင်းကာ ဂျပန်ကို ရွှေ့ပြောင်းခဲ့ကြသော မိသားစု ၊ ဂျပန်တွင် ကလေးငယ်များ ဘေးကင်း လုံခြုံမှုကို အလွန်နှစ်သက်သဘောကျ...
နယူးယောက်ရှိ ဟိုတယ်ကြီးတစ်ခုတွင် ၅ နှစ်ကြာ အခမဲ့ နေထိုင်ခဲ့သူ လိမ်လည်မှု ပေါ်ပေါက်လာပြီး ယခုအခါ ဟိုတယ်မှ ထွက်ခွာပေးရဖွယ်ရှိ...
နယူးယောက်ရှိ ဟိုတယ်ကြီးတစ်ခုတွင် ၅ နှစ်ကြာ အခမဲ့ နေထိုင်ခဲ့သူ လိမ်လည်မှု ပေါ်ပေါက်လာပြီး ယခုအခါ ဟိုတယ်မှ ထွက်ခွာပေးရဖွယ်ရှိ...
အင်္ဂလန်နိုင်ငံတောင်ပိုင်း Basingstoke မြို့တွင် အိမ်တစ်လုံးရောင်းထွက်ရန် ၂၄ ရက်သာ ကြာမြင့်
အင်္ဂလန်နိုင်ငံတောင်ပိုင်း Basingstoke မြို့တွင် အိမ်တစ်လုံးရောင်းထွက်ရန် ၂၄ ရက်သာ ကြာမြင့်
ပေါ့ပ်အဖွဲ့ Backstreet Boys မှ အဆိုတော် AJ McLean က ဇနီးနှင့် ကွာရှင်းပြီးနောက် ကယ်လီဖိုးနီးယားမှ နေအိမ်ကို အရောင်းဈေးကွက်တင်...
ပေါ့ပ်အဖွဲ့ Backstreet Boys မှ အဆိုတော် AJ McLean က ဇနီးနှင့် ကွာရှင်းပြီးနောက် ကယ်လီဖိုးနီးယားမှ နေအိမ်ကို အရောင်းဈေးကွက်တင်...
ကရင်ပြည်နယ် ဘားအံမြို့ပေါ်နှင့် အနီးတစ်ဝိုက် သိန်း (၁၀၀) ဝန်းကျင်ခြံမြေများသာ အရောင်းအဝယ်ရှိနေ...
ကရင်ပြည်နယ် ဘားအံမြို့ပေါ်နှင့် အနီးတစ်ဝိုက် သိန်း (၁၀၀) ဝန်းကျင်ခြံမြေများသာ အရောင်းအဝယ်ရှိနေ...
စိန့်တိုင်းမှ နွေးထွေးသော ကမ်းလင့်လက်များ (သို့မဟုတ်) ရေခဲမှတ်အောက် ၂၀ ဒီဂရီအထိ သွေးခဲမတတ် အေးလှသည့် တရုတ်ပြည် ဟာဘင်းမြို့မှ ဆောင်းရာသီ ရေခဲပန်းပုပွဲတော်သို့ (၃) ရက်အတွင်း လာရောက်လည်ပတ်သူ ၃ သန်းရှိခဲ့...
နယူးယောက်မြို့တွင် အခမဲ့နေထိုင်နိုင်မည့် အိမ်ငယ်လေးများကျေးရွာ ဆောက်လုပ်ရန် စီစဉ်နေပြီး ၂၀၂၅ ခုနှစ်တွင် နေထိုင်မည့်သူများ စတင်လက်ခံမည်...
နယူးယောက်မြို့တွင် အခမဲ့နေထိုင်နိုင်မည့် အိမ်ငယ်လေးများကျေးရွာ ဆောက်လုပ်ရန် စီစဉ်နေပြီး ၂၀၂၅ ခုနှစ်တွင် နေထိုင်မည့်သူများ စတင်လက်ခံမည်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
Warren Buffett နှင့် နေ့လည်စာ ၂ ကြိမ် စားခွင့်ရရန် ဒေါ်လာ ၅ သန်းသုံးစွဲခဲ့သူအား Warren Buffett က Berkshire Hathaway တွင်
Warren Buffett နှင့် နေ့လည်စာ ၂ ကြိမ် စားခွင့်ရရန် ဒေါ်လာ ၅ သန်းသုံးစွဲခဲ့သူအား Warren Buffett က Berkshire Hathaway တွင်
ပြီးစီးတော့မည့် သန်လျင်တံတားအမှတ်(၃) စီမံကိန်းကြောင့် သန်လျင်မြေဈေးများတက်ရိပ်ပြ
ပြီးစီးတော့မည့် သန်လျင်တံတားအမှတ်(၃) စီမံကိန်းကြောင့် သန်လျင်မြေဈေးများတက်ရိပ်ပြ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ၏ အသက် ၇၅ နှစ်အရွယ် မိခင်ကြီး သားဖြစ်သူ၏ အိမ်သို့ အလည်သွားရာတွင် ကြမ်းပြင်ပေါ်၌ စေ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ၏ အသက် ၇၅ နှစ်အရွယ် မိခင်ကြီး သားဖြစ်သူ၏ အိမ်သို့ အလည်သွားရာတွင် ကြမ်းပြင်ပေါ်၌ စေ
ပြည်ပရောက်မြန်မာများရင်းနှီးမြှုပ်နှံမှုများသည့် တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်းမြေနေရာသည် ကရင်ပြည်နယ်တွင်း ဝယ်လ
ပြည်ပရောက်မြန်မာများရင်းနှီးမြှုပ်နှံမှုများသည့် တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်းမြေနေရာသည် ကရင်ပြည်နယ်တွင်း ဝယ်လ
ကနေဒါမှ လှေအိမ်တစ်လုံး ကန်ဒေါ်လာ ၁၈၇၀၀၀ ဖြင့် ရောင်းမည်
ကနေဒါမှ လှေအိမ်တစ်လုံး ကန်ဒေါ်လာ ၁၈၇၀၀၀ ဖြင့် ရောင်းမည်
အမေရိကန်တွင် ဒေါ်လာ ၁ သန်းဆု ထီပေါက်သူတစ်ဦး လောင်းကစားစွဲလမ်းမှုကြောင့် ၈ နှစ်အကြာတွင် တစ်ပြားမှ မရှိတော့သည့်ဘဝဆိုက်ရောက
အမေရိကန်တွင် ဒေါ်လာ ၁ သန်းဆု ထီပေါက်သူတစ်ဦး လောင်းကစားစွဲလမ်းမှုကြောင့် ၈ နှစ်အကြာတွင် တစ်ပြားမှ မရှိတော့သည့်ဘဝဆိုက်ရောက
Gucci ပိုင်ရှင်က နယူးယောက်မြို့ ပဉ္စမရိပ်သာလမ်းရှိ အဆောက်အအုံကြီးကို အိမ်ခြံမြေ Developer ဘီလျံနာ သူဌေးကြီး Jeff Sutton
Gucci ပိုင်ရှင်က နယူးယောက်မြို့ ပဉ္စမရိပ်သာလမ်းရှိ အဆောက်အအုံကြီးကို အိမ်ခြံမြေ Developer ဘီလျံနာ သူဌေးကြီး Jeff Sutton
ဒလတံတားဟာ မြန်မာနိုင်ငံတွင် တံတားကြမ်းခင်းအမြင့်ဆုံးတံတားဖြစ်
ဒလတံတားဟာ မြန်မာနိုင်ငံတွင် တံတားကြမ်းခင်းအမြင့်ဆုံးတံတားဖြစ်
သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှ နေအိမ်တစ်ခု၏ ဧည့်ခန်းထောင့်တွင် ခင်းထားသော မွေ့ယာတစ်နေရာစာကို တစ်ပတ်လျှင် ၁၈၅ ဒေါ်လာဖြင့်
သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှ နေအိမ်တစ်ခု၏ ဧည့်ခန်းထောင့်တွင် ခင်းထားသော မွေ့ယာတစ်နေရာစာကို တစ်ပတ်လျှင် ၁၈၅ ဒေါ်လာဖြင့်
ဂျက်လေယာဉ်ကြီးတစ်စင်း ခြံဝန်းအတွင်း ပါဝင်ကာ ခြံအကျယ် ၁၀ ဧကရှိသော ဆန်းကြယ်သည့် စံအိမ် တစ်လုံး ပေါင် ၃ ဒသမ ၉ သန်းဖြင့် ရော
ဂျက်လေယာဉ်ကြီးတစ်စင်း ခြံဝန်းအတွင်း ပါဝင်ကာ ခြံအကျယ် ၁၀ ဧကရှိသော ဆန်းကြယ်သည့် စံအိမ် တစ်လုံး ပေါင် ၃ ဒသမ ၉ သန်းဖြင့် ရော
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
maha
innocity
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service