ဘရစ်တနေ စပီးယားစ် ကိုယ်တိုင်ရေးဆွဲခဲ့သည့် ယေရှုခရစ်ပုံ ပန်းချီကားနှင့် ကိုယ်တိုင်အလှဆင်ထားသည့် ပရိဘောဂများ ပါဝင်သော ကလေးဘဝအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် ရောင်းမည်

ဘရစ်တနေ စပီးယားစ် ကိုယ်တိုင်ရေးဆွဲခဲ့သည့် ယေရှုခရစ်ပုံ ပန်းချီကားနှင့် ကိုယ်တိုင်အလှဆင်ထားသည့် ပရိဘောဂများ ပါဝင်သော ကလေးဘဝအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
9 Nov 2023 10:15 am တွင် တင်ခဲ့သည်
691 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဘရစ်တနေ စပီးယားစ် ကလေးဘဝက နေထိုင်ခဲ့ဖူးသော အမေရိကန်ပြည်ထောင်စု၊ လူဝီစီယားနားပြည်နယ်မှ သာမန်အိမ်ကလေးတစ်လုံး အရောင်းဈေးကွက်ဝင်နေပြီး ကန်ဒေါ်လာ ၁ ဒသမ ၂ သန်း ဈေးခေါ်ထားသည်။

ပေါ့ပ်ကြယ်ပွင့် ဘရစ်တနေ စပီးယားစ်၏ ကလေးဘဝအိမ်မှာ လူဝီစီယားနားပြည်နယ်၊ Kentwood မြို့၊ Greenlaw Church လမ်း၊ အမှတ် ၁၄၅၅၀ တွင် တည်ရှိသည်။

အဆိုပါအိမ်ကို ဘရစ်တနေ၏ ဖခင် Jamie က ၂၀၂၁ ခုနှစ်အတွင်း လက်ရှိပိုင်ရှင်ထံ ကန်ဒေါ်လာ ၂၇၅၀၀၀ မျှဖြင့် ရောင်းချခဲ့ခြင်းဖြစ်ရာ ယခုခေါ်ဈေးဖြင့် ရောင်းထွက်မည်ဆိုပါက လက်ရှိပိုင်ရှင်များအတွက် များစွာ မြတ်စွန်းမည် ဖြစ်သည်။

ပေါ့ပ်ဂီတသမိုင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သော နှစ်လိုဖွယ် ဤမွေးမြူရေးခြံအိမ်ကလေးသည် အကျယ်အဝန်း စတုရန်းပေ ၂၂၉၉ ရှိပြီး အိပ်ခန်း ၃ ခန်းနှင့် ရေချိုးခန်း ၂ ခန်းပါဝင်သည်။

ဘရစ်တနေ စပီးယားစ်၏ ဖခင်ဖြစ်သူ Jamie Spears က ဤစံအိမ်ကို ၂၀၂၁ ခုနှစ်အတွင်းက ကန်ဒေါ်လာ ၂၈၉၀၀၀ ဖြင့် အရောင်းဈေးကွက်တင်ခဲ့သည်။

အိမ်ခြံမြေမှတ်တမ်းများအရ ၁၉၈၈ ခုနှစ်တွင် ယခုစံအိမ်မှာ Jamie ၏ အမည်ပေါက် စတင်ဖြစ်လာခဲ့သည်ဟု ဆိုသည်။

ဘရစ်တနေ၏ မိခင် Lynne နှင့် ၂၀၀၂ ခုနှစ်တွင် ကွာရှင်းပြီးနောက်ပိုင်း Jamie သည် ဤစံအိမ်တွင် အမြဲအခြေချ နေထိုင်ခဲ့သည်။

 

(နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၃၀၀၀ နီးပါးရှိသည်။ ဓာတ်ပုံ-Nicole Pittman)

 

 

(ဘရစ်တနေ စပီးယားစ်၏ ကလေးဘဝကတည်းက အသုံးပြုခဲ့သော ပရိဘောဂများ ယနေ့တိုင်ရှိနေဆဲ ဖြစ်သည်။ ဓာတ်ပုံ-Nicole Pittman)

 

 

(ဘရစ်တနေ စပီးယားစ် အိပ်ခဲ့သော အိပ်ခန်း။ ဓာတ်ပုံ-Nicole Pittman)

 

 

(ဘရစ်တနေ စပီးယားစ်ကိုယ်တိုင် စတစ်ကာများဖြင့် အလှဆင်ခဲ့သော မှန်တစ်ချပ်။ ဓာတ်ပုံ-Nicole Pittman)

ယခုဈေးကွက်တင်မှုကို TMZ သတင်းဌာနက ပထမဆုံးစတင်ဖော်ပြခဲ့ခြင်းဖြစ်ပြီး လက်ရှိပိုင်ရှင်တို့မှာ နေအိမ်သစ်သို့ ပြောင်းရွှေ့အခြေချလိုသောကြောင့် ရောင်းချခြင်းဖြစ်သည်ဟု ဆိုသည်။

အရောင်းဈေးကွက်တင်ပေးသော Keller Williams Realty Services အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Yvonne Hulsey က ယခုစံအိမ်ကြီးနှင့်စပ်လျဉ်းသော စိတ်ဝင်စားဖွယ်အချက်အလက်များကို ပြောပြခဲ့သည်။

“အဲဒီအိမ်မှာ ဘရစ်တနေ စပီးယားစ် ကလေးဘဝက ပန်းချီဆွဲထားခဲ့တဲ့ ရောင်စုံပန်းချီကားချပ်ကလေးတစ်ခု ရှိပါတယ်။ အဲဒါအပြင် သူပန်းချီဆွဲခဲ့တဲ့ ယေရှုခရစ်ရဲ့ပုံ ပန်းချီကားလည်း ရှိပါတယ်”ဟု Hulsey က နယူးယောက်ပို့စ် သတင်းဌာနသို့ ပြောသည်။

နယူးယောက်ပို့စ် သတင်းဌာနမှ ရရှိခဲ့သော ဓာတ်ပုံတစ်ခုအရ ခြံနောက်ဘက်တွင် ဘရစ်တနေ စပီးယားစ်၏ အချစ်တော် ခွေးကလေးအား မြှုပ်နှံထားသောနေရာ ယနေ့တိုင် ရှိနေဆဲဖြစ်သည်ကို တွေ့ရသည်။

ယခုအိမ်ကို ပြတိုက်အဖြစ် ပြောင်းလဲလိုသူများအတွက် ပိုမိုအဖိုးတန် အသုံးဝင်ဖွယ်ရှိသည်ဟု လက်ရှိပိုင်ရှင်က သုံးသပ်ခဲ့ကြောင်း အကျိုးဆောင် Hulsey က ပြောသည်။

 

(ဘရစ်တနေ စပီးယားစ် ဆွဲခဲ့သော ပန်းချီကားတစ်ချပ်။ ဓာတ်ပုံ-Nicole Pittman)

 

(ခွေးကလေးအား မြှပ်နှံထားသည့်နေရာ။ ဓာတ်ပုံ-Nicole Pittman)

 

(ဘရစ်တနေ စပီးယားစ်၏ ပန်းချီကား နောက်တစ်ချပ်။ ဓာတ်ပုံ-Nicole Pittman)

 

(ခြံဝန်းအတွင်းရှိ ဒုတိယ အဆောက်အအုံတစ်လုံးကို စတူဒီယိုအဖြစ် ပြောင်းလဲ အသုံးပြုနိုင်သည်။ ဓာတ်ပုံ-Nicole Pittman)

 

(ခြံဝန်းအတွင်းမှ အဆောက်အအုံတစ်ခု။ ဓာတ်ပုံ-Nicole Pittman)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Britney Spears’ childhood home with buried dog, her drawings and furnishings lists for $1.2M (nypost)

 

 

 

 

[Zawgyi]

ဘရစ္တေန စပီးယားစ္ ကိုယ္တိုင္ေရးဆြဲခဲ့သည့္ ေယရႈခရစ္ပံု ပန္းခ်ီကားႏွင့္ ကိုယ္တိုင္အလွဆင္ထားသည့္ ပရိေဘာဂမ်ား ပါဝင္ေသာ ကေလးဘဝအိမ္ ကန္ေဒၚလာ ၁ ဒသမ ၂ သန္းျဖင့္ ေရာင္းမည္

 

ဘရစ္တေန စပီးယားစ္ ကေလးဘဝက ေနထုိင္ခဲ့ဖူးေသာ အေမရိကန္ျပည္ေထာင္စု၊ လူဝီစီယားနားျပည္နယ္မွ သာမန္အိမ္ကေလးတစ္လံုး အေရာင္းေစ်းကြက္ဝင္ေနျပီး ကန္ေဒၚလာ ၁ ဒသမ ၂ သန္း ေစ်းေခၚထားသည္။

ေပါ့ပ္ၾကယ္ပြင့္ ဘရစ္တေန စပီးယားစ္၏ ကေလးဘဝအိမ္မွာ လူဝီစီယားနားျပည္နယ္၊ Kentwood ျမိဳ႕၊ Greenlaw Church လမ္း၊ အမွတ္ ၁၄၅၅၀ တြင္ တည္ရွိသည္။

အဆုိပါအိမ္ကို ဘရစ္တေန၏ ဖခင္ Jamie က ၂၀၂၁ ခုႏွစ္အတြင္း လက္ရွိပိုင္ရွင္ထံ ကန္ေဒၚလာ ၂၇၅၀၀၀ မွ်ျဖင့္ ေရာင္းခ်ခဲ့ျခင္းျဖစ္ရာ ယခုေခၚေစ်းျဖင့္ ေရာင္းထြက္မည္ဆိုပါက လက္ရွိပိုင္ရွင္မ်ားအတြက္ မ်ားစြာ ျမတ္စြန္းမည္ ျဖစ္သည္။

ေပါ့ပ္ဂီတသမိုင္း၏ အစိတ္အပိုင္းတစ္ခုျဖစ္ေသာ ႏွစ္လိုဖြယ္ ဤေမြးျမဴေရးျခံအိမ္ကေလးသည္ အက်ယ္အဝန္း စတုရန္းေပ ၂၂၉၉ ရွိျပီး အိပ္ခန္း ၃ ခန္းႏွင့္ ေရခ်ဳိးခန္း ၂ ခန္းပါဝင္သည္။

ဘရစ္တေန စပီးယားစ္၏ ဖခင္ျဖစ္သူ Jamie Spears က ဤစံအိမ္ကို ၂၀၂၁ ခုႏွစ္အတြင္းက ကန္ေဒၚလာ ၂၈၉၀၀၀ ျဖင့္ အေရာင္းေစ်းကြက္တင္ခဲ့သည္။

အိမ္ျခံေျမမွတ္တမ္းမ်ားအရ ၁၉၈၈ ခုႏွစ္တြင္ ယခုစံအိမ္မွာ Jamie ၏ အမည္ေပါက္ စတင္ျဖစ္လာခဲ့သည္ဟု ဆိုသည္။ ဘရစ္တေန၏ မိခင္ Lynne ႏွင့္ ၂၀၀၂ ခုႏွစ္တြင္ ကြာရွင္းျပီးေနာက္ပိုင္း Jamie သည္ ဤစံအိမ္တြင္ အျမဲအေျခခ် ေနထိုင္ခဲ့သည္။

 

(ေနအိမ္အက်ယ္အဝန္းမွာ စတုရန္းေပ ၃၀၀၀ နီးပါးရွိသည္။ ဓာတ္ပံု-Nicole Pittman)

(ဘရစ္တေန စပီးယားစ္၏ ကေလးဘဝကတည္းက အသံုးျပဳခဲ့ေသာ ပရိေဘာဂမ်ား ယေန႔တိုင္ရွိေနဆဲ ျဖစ္သည္။ ဓာတ္ပံု-Nicole Pittman)

(ဘရစ္တေန စပီးယားစ္ အိပ္ခဲ့ေသာ အိပ္ခန္း။ ဓာတ္ပံု-Nicole Pittman)

(ဘရစ္တေန စပီးယားစ္ကိုယ္တိုင္ စတစ္ကာမ်ားျဖင့္ အလွဆင္ခဲ့ေသာ မွန္တစ္ခ်ပ္။ ဓာတ္ပံု-Nicole Pittman)

ယခုေစ်းကြက္တင္မႈကို TMZ သတင္းဌာနက ပထမဆံုးစတင္ေဖာ္ျပခဲ့ျခင္းျဖစ္ျပီး လက္ရွိပိုင္ရွင္တို႔မွာ ေနအိမ္သစ္သို႔ ေျပာင္းေရႊ႕အေျခခ်လိုေသာေၾကာင့္ ေရာင္းခ်ျခင္းျဖစ္သည္ဟု ဆိုသည္။

အေရာင္းေစ်းကြက္တင္ေပးေသာ Keller Williams Realty Services အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Yvonne Hulsey က ယခုစံအိမ္ၾကီးႏွင့္စပ္လ်ဥ္းေသာ စိတ္ဝင္စားဖြယ္အခ်က္အလက္မ်ားကို ေျပာျပခဲ့သည္။

“အဲဒီအိမ္မွာ ဘရစ္တေန စပီးယားစ္ ကေလးဘဝက ပန္းခ်ီဆြဲထားခဲ့တဲ့ ေရာင္စံုပန္းခ်ီကားခ်ပ္ကေလးတစ္ခု ရွိပါတယ္။ အဲဒါအျပင္ သူပန္းခ်ီဆြဲခဲ့တဲ့ ေယရႈခရစ္ရဲ႕ပံု ပန္းခ်ီကားလည္း ရွိပါတယ္”ဟု Hulsey က နယူးေယာက္ပို႔စ္ သတင္းဌာနသို႔ ေျပာသည္။

နယူးေယာက္ပို႔စ္ သတင္းဌာနမွ ရရွိခဲ့ေသာ ဓာတ္ပံုတစ္ခုအရ ျခံေနာက္ဘက္တြင္ ဘရစ္တေန စပီးယားစ္၏ အခ်စ္ေတာ္ ေခြးကေလးအား ျမွဳပ္ႏွံထားေသာေနရာ ယေန႔တုိင္ ရွိေနဆဲျဖစ္သည္ကို ေတြ႔ရသည္။

ယခုအိမ္ကို ျပတိုက္အျဖစ္ ေျပာင္းလဲလိုသူမ်ားအတြက္ ပိုမိုအဖိုးတန္ အသံုးဝင္ဖြယ္ရွိသည္ဟု လက္ရွိပုိင္ရွင္က သံုးသပ္ခဲ့ေၾကာင္း အက်ဳိးေဆာင္ Hulsey က ေျပာသည္။

 

(ဘရစ္တေန စပီးယားစ္ ဆြဲခဲ့ေသာ ပန္းခ်ီကားတစ္ခ်ပ္။ ဓာတ္ပံု-Nicole Pittman)

(ေခြးကေလးအား ျမွပ္ႏွံထားသည့္ေနရာ။ ဓာတ္ပံု-Nicole Pittman)

(ဘရစ္တေန စပီးယားစ္၏ ပန္းခ်ီကား ေနာက္တစ္ခ်ပ္။ ဓာတ္ပံု-Nicole Pittman)

(ျခံဝန္းအတြင္းရွိ ဒုတိယ အေဆာက္အအံုတစ္လံုးကို စတူဒီယိုအျဖစ္ ေျပာင္းလဲ အသံုးျပဳႏိုင္သည္။ ဓာတ္ပံု-Nicole Pittman)

(ျခံဝန္းအတြင္းမွ အေဆာက္အအံုတစ္ခု။ ဓာတ္ပံု-Nicole Pittman)

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Britney Spears’ childhood home with buried dog, her drawings and furnishings lists for $1.2M (nypost)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service