ကမ္ဘာကျော်အဆိုတော် Rihanna နေထိုင်ခဲ့သော လန်ဒန်မြို့မှ စံအိမ် စံချိန်တင်ဈေးနှုန်း ကန်ဒေါ်လာ ၃၃ ဒသမ ၄ သန်းဖြင့် ရောင်းချ
ကမ္ဘာကျော်အဆိုတော် Rihanna နေထိုင်ခဲ့သော လန်ဒန်မြို့မှ စံအိမ် စံချိန်တင်ဈေးနှုန်း ကန်ဒေါ်လာ ၃၃ ဒသမ ၄ သန်းဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
8 Nov 2023 10:39 am တွင် တင်ခဲ့သည်
1028 ကြိမ် ကြည့်ရှု့ပြီး
 [Unicode]
အင်္ဂလန်နိုင်ငံ ၊ လန်ဒန်မြို့တွင် ကမ္ဘာကျော်အဆိုတော် Rihanna နေထိုင်ခဲ့သော စံအိမ်တစ်လုံး အရောင်းအဝယ် ဖြစ်သွားသည်။
လန်ဒန်မြို့ ၊ St John’s Wood Park အရပ်တွင် တည်ရှိပြီး စတုရန်းပေ ၆၃၀၀ ကျယ်ဝန်းသော စံအိမ်ကို တရုတ်လူမျိုး သန်းကြွယ်သူဌေးကြီးတစ်ဦးနှင့် သူ၏ မိသားစုက ကန်ဒေါ်လာ ၃၃ ဒသမ ၄ သန်းဖြင့် ဝယ်ယူထားခြင်း ဖြစ်သည်။
ယခုအရောင်းအဝယ်ဖြစ်သွားသော ဈေးနှုန်းမှာ ယခုနှစ်အတွင်း လန်ဒန်မြောက်ပိုင်းတွင် ဈေးအကြီးဆုံးအဖြစ် စံချိန်တင်သွားသည်။
မူလက စိန်သူဌေးကြီးတစ်ဦးအတွက် ရည်ရွယ်ကာ ၁၈၄၄ ခုနှစ်တွင် တော်ဝင်ဗိသုကာပညာရှင် ဂျွန်ရှောက ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။
ယခုစံအိမ်သည် အဆိုပါ ဒေသတွင် ဂျွန်ရှော၏ ယနေ့တိုင် ကျန်ရှိနေသည့် တစ်ခုတည်းသော စံအိမ်လည်း ဖြစ်သည်။ ထိုသို့ ခမ်းနားသည့် သမိုင်းကြောင်းများရှိသော စံအိမ်ကြီးကို ပြန်လည်ပြုပြင်မွမ်းမံမှုများနှင့် ခေတ်မီအဆင့်မြှင့် တင်မှုများ ပြုလုပ်ထားသည်။
အသက် ၃၅ နှစ်ရှိပြီဖြစ်သော ကလေး ၂ ယောက်မိခင် ရီဟားနားသည် ကိုဗစ်ကပ်ဘေး မစမီ ၂၀၁၈ မှ ၂၀၂၀ ပြည့်နှစ်အကြား ဤစံအိမ်ကို ၂ နှစ်ခွဲခန့် ငှားရမ်းနေထိုင်ခဲ့ဖူးသည်။
(ရီဟားနား။ ဓာတ်ပုံ-Getty Images)
(စံအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၆၃၀၀ ကျော်ရှိသည်။ ဓာတ်ပုံ-Aston Chase)
(နေအိမ်ပြင်ပ နားနေ နေရာ များစွာထဲမှ တစ်ခု။ ဓာတ်ပုံ-Aston Chase)
(အဆောက်အအုံ၏ မျက်နှာစာ။ ဓာတ်ပုံ-Aston Chase)
ယခုစံအိမ်ကြီးတွင် ရီဟားနား နေထိုင်ခဲ့စဉ်ကာလအတွင်း သတင်းမီဒီယာတို့နှင့် တွေ့ဆုံမေးမြန်းခန်းများ မကြာခဏ ပြုလုပ်ခဲ့သည့်အပြင် နေအိမ်တွင်းမှ ဓာတ်ပုံများကိုလည်း အင်စတာဂရမ်တွင် မကြာခဏ တင်ခဲ့ဖူး ရာ Google Earth တွင် ယခုအိမ်ကို ရီဟားနား၏အိမ်ဟု ဖော်ပြထားသည့်အထိ လူသိများခဲ့သည်။
စံအိမ်အတွင်း အိပ်ခန်း ၈ ခန်း ၊ ဧည့်ခန်းများစွာ ၊ Formal နှင့် Casual ညစာစားခန်းများ ၊ စာကြည့်တိုက် ၊ အားကစားလေ့ကျင့်ခန်းမနှင့် ခြံနောက်ဘက် ပန်းဥယျာဉ်ကို စီးမိုးတွေ့မြင်နေရသော အလျား ၂၁ ပေရှိ နားနေဆောင်တို့ ပါဝင်သည်။ ဝယ်ယူသွားသူ၏ အမည်နာမကိုမူ ထုတ်ဖော်ကြေညာခြင်း မရှိချေ။
(မီးဖိုဆောင်။ ဓာတ်ပုံ-Aston Chase)
(အိပ်ခန်း ၈ ခန်းအနက်မှ တစ်ခု။ ဓာတ်ပုံ-Aston Chase)
(ဤစံအိမ်ကို ၁၈၄၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်။ ဓာတ်ပုံ-Aston Chase)
(ဧည့်ခန်းများစွာအနက်မှ တစ်ခု။ ဓာတ်ပုံ-Aston Chase)
(အားကစားလေ့ကျင့်ခန်းမ။ ဓာတ်ပုံ-Aston Chase)
(ဆက်စပ်သတင်း)
Rihanna က အမေရိကန် Superbowl ဘောလုံးပွဲတွင် သီချင်းဆိုရန် တစ်ညလျှင် ဒေါ်လာ ၈၅၀၀၀ (မြန်မာငွေ ၁၇၈၅ သိန်း) ပေးရသည့် စံအိမ်ကြီး ငှားရမ်းတည်းခိုခဲ့ကာ မြန်မာပြည်ထွက် ဒေါ်လာ ၁ သန်းတန် ပတ္တမြားလက်စွပ်ကြီး ဝတ်ကာ ဖျော်ဖြေခဲ့
https://www.imyanmarhouse.com/news/read/1056081
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Rihanna’s former London home sells for record-setting $33.4M (nypost)
[Zawgyi]
(ရီဟားနား။ ဓာတ်ပုံ-Getty Images)
(မီးဖိုဆောင်။ ဓာတ်ပုံ-Aston Chase)
(ဆက်စပ်သတင်း)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service