ဗြိတိန်နိုင်ငံသားတစ်ဦး ဗြိတိန်၏ အိမ်ခြံမြေအလွန်ဈေးကြီးကာ ဝယ်ယူရန် မတတ်နိုင်သောကြောင့် eBay တွင် ရှာဖွေရာ ဘူလ်ဂေးရီးယားနိုင်ငံမှ အိမ်တစ်လုံးကို ပေါင် ၃၀၀၀ (မြန်မာကျပ်ငွေ ၇၆ သိန်း) မျှဖြင့် ဝယ်ယူရရှိခဲ့
ဗြိတိန်နိုင်ငံသားတစ်ဦး ဗြိတိန်၏ အိမ်ခြံမြေအလွန်ဈေးကြီးကာ ဝယ်ယူရန် မတတ်နိုင်သောကြောင့် eBay တွင် ရှာဖွေရာ ဘူလ်ဂေးရီးယားနိုင်ငံမှ အိမ်တစ်လုံးကို ပေါင် ၃၀၀၀ (မြန်မာကျပ်ငွေ ၇၆ သိန်း) မျှဖြင့် ဝယ်ယူရရှိခဲ့ - Property News in Myanmar from iMyanmarHouse.com
26 Oct 2023 10:37 am တွင် တင်ခဲ့သည်
646 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဗြိတိန်တွင် မိသားစုအတွက် မိသားစုအတွက် နေအိမ်တစ်လုံးဝယ်ရန် မတတ်နိုင်သောကြောင့် စိတ်ပျက်နေ သော အမျိုးသားတစ်ဦးက ဘူလ်ဂေးရီးယားနိုင်ငံရှိ အခန်း ၆ ခန်းပါ ၂ ထပ်တိုက်အိမ်ဟောင်းတစ်လုံးကို ပေါင် ၃၀၀၀ (မြန်မာကျပ်ငွေ ၇၆ သိန်း) မျှဖြင့် ဝယ်ယူခဲ့သည်။
(မှတ်ချက်။ အောက်တိုဘာ ၂၀ ရက် သတ်မှတ်ငွေလဲနှုန်း ဗြိတိန် ၁ ပေါင်လျှင် မြန်မာကျပ်ငွေ ၂၅၅၀ နှုန်းဖြင့် တွက်ချက်ထားခြင်း ဖြစ်ပါသည်)
ရော့ဘ် ဒါဗီးစ်အမည်ရှိ အသက် ၃၅ နှစ်အရွယ် အမျိုးသားသည် စကော့တလန်မှ ဖြစ်ပြီး ဘူလ်ဂေးရီးယားနိုင်ငံ မှ အိမ်ကို eBay တွင် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ဗြိတိန်တွင် အိမ်ခြံမြေပိုင်ဆိုင်ရန် မတတ်နိုင်ကြောင်း သိရှိလိုက်ရပြီးနောက်ပိုင်း စွန့်စားမှု ပြုလုပ်ခဲ့ကြောင်း မစ္စတာ ဒါဗီးစ်က ပြောသည်။
ဘူလ်ဂေးရီးယားနိုင်ငံမှ ပင်လယ်နက် ကမ်းခြေမြို့ Burgas ရှိ Golyamo Krushevo ကျေးရွာတွင် တည်ရှိပြီး တူရကီနယ်စပ်မှ မိုင် ၂၀ အကွာတွင်ရှိသော အိမ်ကို ဝယ်ယူရန် ဆုံးဖြတ်ခဲ့သည်။
(အိပ်ခန်း ၆ ခန်းပါ အိမ်ကို ပေါင် ၃၀၀၀ မျှဖြင့် ဝယ်ယူရရှိခဲ့သော်လည်း ပြန်လည်ပြုပြင်မွမ်းမံမှု များစွာ ပြုလုပ်ရဦးမည် ဖြစ်သည်။ ဓာတ်ပုံ-Channel 4)
(eBay တွင် လိုက်လံကြည့်ရှုရင်း ဤအိမ်ကို အမှတ်မထင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒါဗီးစ်က ပြောသည်။ ဓာတ်ပုံ-Channel 4)
“ဈေးသက်သာတဲ့အိမ်တွေ ရှိမလားဆိုပြီး အိမ်ခြံမြေတွေ ကျွန်တော် အမြဲရှာပါတယ်။ ဒီလိုမျိုးပဲ eBay မှာ ရှာကြည့်ခဲ့တော့ ဒီအိမ်ကို တွေ့လာတာပါပဲ။”
ဒါဗီးစ်၏ နေအိမ်မှာ လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ ကျော်က ဆောက်လုပ်ခဲ့သော နေအိမ်ဖြစ်ပြီး ၁၉၈၀ ပြည့်လွန် ကာလများကတည်းက လူသူမရှိတော့ကာ စွန့်ပစ်ထားသော အိမ်ဖြစ်သည်။
ထိုအိမ်တွင် အသင့်အသုံးပြုနိုင်သော ရေချိုးခန်း ၊ မီးဖိုဆောင် ၊ ပြတင်းများ မရှိသည့်အပြင် လျှပ်စစ်မီးနှင့် ရေတို့လည်း မရှိချေ။
ဒါဗီးစ်က တွေ့ရှိရမည့် စိန်ခေါ်မှုများကို မကြောက်ရွံ့ကြောင်း ၊ မိသားစု၏ အနာဂတ်အတွက် ရင်းနှီးမြှပ်နှံရမှု အပေါ် ဝမ်းမြောက်မိကြောင်း ပြောသည်။
“ကြမ်းပြင်တွေကို ကျွန်တော် ပြုပြင်နေပါတယ်။ ဒီအိမ်ကို ဆောက်ခဲ့တုန်းက ဘယ်လိုဆောက်ခဲ့တယ်ဆိုတာ လေ့လာနေပါတယ်”ဟု ပြောသည်။
ဒါဗီးစ်၏ နေအိမ်ဝယ်ယူခဲ့ပုံအကြောင်းကို Channel 4 ရုပ်သံလိုင်းမှ နောက်ဆုံးထုတ်လွှင့်နေသည့် Help! I Bought A Village အစီအစဉ်တွင် ပြသခဲ့ပြီး လာမည့် တနင်္လာနေ့ ညနေ ၅ နာရီတွင် ပြန်လည် ပြသမည် ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
 (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Dad buys house in Bulgaria for £3,000 on eBay because he’s fed up with UK prices (metro)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service