Ghost ရုပ်ရှင်ကားဖြင့် ကမ္ဘာကျော်ခဲ့သူ ပက်ထရစ် ဆွေဇီ ကာလကြာရှည်နေထိုင်ခဲ့သော ကယ်လီဖိုးနီးယားပြည်နယ်မှ မြင်းမွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၄ ဒသမ ၅ သန်းဖြင့် ရောင်းမည်
Ghost ရုပ်ရှင်ကားဖြင့် ကမ္ဘာကျော်ခဲ့သူ ပက်ထရစ် ဆွေဇီ ကာလကြာရှည်နေထိုင်ခဲ့သော ကယ်လီဖိုးနီးယားပြည်နယ်မှ မြင်းမွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၄ ဒသမ ၅ သန်းဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
6 Oct 2023 10:09 am တွင် တင်ခဲ့သည်
659 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကွယ်လွန်သွားပြီဖြစ်သော ရုပ်ရှင်မင်းသား ပက်ထရစ် ဆွေဇီ ကာလကြာရှည်နေထိုင်ခဲ့သော လော့စ်အိန်ဂျလိမြို့ မြောက်ဘက်စွန်းတွင် တည်ရှိသည့် မြင်းမွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၄ ဒသမ ၅ သန်း ဖြင့် အရောင်းဈေးကွက် ဝင်လာသည်။
Rancho Bizarro ခြံဟု လူသိများပြီး အကျယ်အဝန်း ၄ ဒသမ ၅ ဧကရှိကာ ဆန်ဖာနန်ဒို တောင်ကြားဒေသ Sylmar အရပ်တွင် တည်ရှိသည်။
အိမ်ခြံမြေမှတ်တမ်းများအရ အဆိုပါ ခြံကြီးကို ပက်ထရစ် ဆွေဇီနှင့် ဇနီးဖြစ်သူ Lisa Niemi တို့က ၁၉၈၀ ပြည့်လွန် အစောပိုင်းကာလများကတည်းက ပိုင်ဆိုင်ခဲ့ကြောင်း ဖော်ပြသည်။
ပက်ထရစ် ဆွေဇီသည် Ghost ရုပ်ရှင်ကားအပြင် Point Break နှင့် Road House တို့ကဲ့သို့ အက်ရှင်ကားများ တွင်လည်း သရုပ်ဆောင်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ပန်ကရိယကင်ဆာဖြင့် ကွယ်လွန်ခဲ့ကာ ကွယ်လွန်ချိန်တွင် အသက် ၅၇ နှစ်အရွယ်သာ ရှိသေးသည်။
လက်ရှိပိုင်ရှင်မှာ ရေနံသူဌေး Aileen Getty ဖြစ်ပြီး ပက်ထရစ် ဆွေဇီ၏ ဇနီးထံမှ ၂၀၁၅ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၉ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
မွေးမြူရေးခြံကြီးအတွင်း ၁၉၄၀ ပြည့်လွန်ကာလများက ခေတ်စားခဲ့သော ကယ်လီဖိုးနီးယား မွေးမြူရေးခြံ ဗိသုကာဟန် အိမ်တစ်လုံး ပါဝင်ပြီး အကျယ်အဝန်း ၃၅၁၆ စတုရန်းပေ ရှိသည်။
နေအိမ်အတွင်း အိပ်ခန်း ၃ ခန်းနှင့် ရေချိုးခန်း ၄ ခန်းပါဝင်သည်။
ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြထားချက်အရ နေအိမ်မှာ တစ်ထပ်အိမ်ဖြစ်ပြီး ထုတ်တန်းဖော် ဘုရားကျောင်းဟန် မျက်နှာကျက် ပါဝင်သည့် ဧည့်ခန်း ၊ မီးလင်းဖို ၊ သမင်းဦးချိုမီးပန်းဆိုင်း ၊ သစ်မာသား ကြမ်းခင်းများနှင့် ပြင်သစ်တံခါးများ ပါဝင်ကြောင်း ဖော်ပြသည်။
ပင်မအိပ်ခန်းတွင် မီးလင်းဖို၊ နားနေဆောင်ဆီသို့ ပေါက်သော တံခါးများ၊ ရေစိမ်ကန်တစ်ခုပါသော ရေချိုးခန်းတို့ ပါဝင်သည်။
အဖြူရောင်ကိုသာ သုံးစွဲကာ ပြန်လည်မွမ်းမံထားသော မီးဖိုဆောင်တွင် နောက်ဆုံးပေါ် အသုံးအဆောင်ပစ္စည်းများ၊ စိတ်ကြိုက်ပြုလုပ်ထားသော ဗီရို၊ ယာတောအိမ် လက်ဆေးကန်နှင့် ကြီးမားသော ပြတင်းပေါက်များ ရှိသည်။
ဗဟိုဟောခန်းထက်ဆီမှတဆင့် ခြံဝန်းအတွင်းရှိ မြက်ခင်းများ၊ သစ်ကြီးဝါးကြီးများနှင့် ရေကူးကန်တို့ကို စီးမိုးတွေ့မြင်ရသည်။
အခြား Amenities များအနေဖြင့် အမိုးပါ နားနေဆောင်များ၊ outdoor ညစာစား နေရာများ၊ ဧည့်သည်များအတွက် အိမ်တစ်လုံး၊ ကားရပ်နားနေရာနှင့် ကြီးမားသော ဂိုဒေါင်တစ်လုံးတို့ရှိသည်။
စံအိမ်အတွင်း ပက်ထရစ်ဆွေဇီအသုံးပြုခဲ့သော အကစတူဒီယိုတစ်ခုလည်း ရှိသည်။
ထိုနေရာကို ပစ္စည်းကိရိယာအပြည့်အစုံထည့်သွင်းထားသော အားကစားလေ့ကျင့်ခန်းမအဖြစ် အသုံးပြုနိုင်သည်။
မြင်းမွေးမြူရေးဆိုင်ရာ facilities များအနေဖြင့် မြင်းစီးကွင်း၊ မြင်းဇောင်း ၁၁ ခု၊ အဝတ်လျှော်ခန်း၊ မြင်းသန့်စင်ခန်း ၂ ခု၊ ကြီးမားသော ဧည့်ခန်း ၁ ခုတို့ ရှိသည်။
မြင်းမွေးမြူရေးခြံမှ တဆင့် လော့စ်အိန်ဂျလိ၏ နာမည်ကျော် ဘီဗာလီဟေးစ်အရပ်သို့ ယာဉ်ကြောအပေါ် မူတည်ကာ ၂၅ မိနစ်မှ မိနစ် ၄၀ အတွင်း ရောက်ရှိနိုင်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Patrick Swayze’s Longtime California Ranch Selling for $4.5 Million (mansionglobal)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...
ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service