အမေရိကန်ရုပ်ရှင်မင်းသားတစ်ဦးက ကွန်နက်တီကပ်ပြည်နယ်မှ ယာတောခြံကြီးကို ဝယ်ယူခဲ့ရာတွင် သရဲခြောက်သောအိမ်ကြီးကို ဖြိုဖျက်ပစ်ပါမည်ဟူသောအချက်ဖြင့် စာချုပ်ချုပ်ကာ ဝယ်ယူခဲ့ရ

အမေရိကန်ရုပ်ရှင်မင်းသားတစ်ဦးက ကွန်နက်တီကပ်ပြည်နယ်မှ ယာတောခြံကြီးကို ဝယ်ယူခဲ့ရာတွင် သရဲခြောက်သောအိမ်ကြီးကို ဖြိုဖျက်ပစ်ပါမည်ဟူသောအချက်ဖြင့် စာချုပ်ချုပ်ကာ ဝယ်ယူခဲ့ရ - Property News in Myanmar from iMyanmarHouse.com
5 Oct 2023 10:15 am တွင် တင်ခဲ့သည်
778 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ကီဗင် ဘေကွန် (Kevin Bacon) (မွေး ၁၉၅၈) သည် အမေရိကန်ရုပ်ရှင်မင်းသားဖြစ်ပြီး သိပ္ပံဆန်းကြယ် ရုပ်ရှင်ကားများဖြင့် ကမ္ဘာကျော်ကာ ရွှေကမ္ဘာလုံးဆု ၊ Screen Actors Guild Award တို့အပြင် အခြားဆုပေါင်းများစွာ ရရှိထားသူ ဖြစ်သည်။

ကီဗင် ဘေကွန်သည် အမေရိကန်ပြည်ထောင်စု ၊ ကွန်နက်တီကပ်ပြည်နယ် အနောက်မြောက်ပိုင်းရှိ ယာတောတစ်ခုကို ဝယ်ယူခဲ့ရာတွင် ရောင်းချသည့် ပိုင်ရှင်က ယာတောရှိ အိမ်တစ်လုံးတွင် သရဲရှိကြောင်း ၊ ထိုအိမ်ကို မဖျက်ပါက သရဲစီးခံရနိုင်ကြောင်း ပြောခဲ့သောကြောင့် သရဲခြောက်သောအိမ်ကို ဖြိုချဖျက်ဆီး ခဲ့ရသည်။

“ကျွန်တော် ဝယ်ခဲ့တဲ့ ခြံထဲမှာ အိမ်ဟောင်းတစ်လုံး ရှိပါတယ်။ ရောင်းလိုက်တဲ့သူက အဲဒီအိမ်ကို မထားစေချင် ဘူး။ အဲဒီအိမ်က စွန့်ပစ်ထားတဲ့ အိမ်တစ်လုံးပါပဲ”ဟု ဘေကွန်က အမေရိကန်ရုပ်ရှင်မင်းသား Rob Lowe လွှင့်တင်ခဲ့သော Literally အမည်ရှိ Podcast တစ်ခုတွင် ပြောကြားထားသည်။

ဘေကွန်က အဆိုပါ ကျေးလက်ယာတောကို ၁၉၈၃ ခုနှစ်တွင် သူ၏ ချစ်သူမိန်းကလေးဟောင်းနှင့်အတူ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ယင်းနောက်ပိုင်း တသီးတသန့်ရှိစေရန်အတွက် သူ၏ ခြံဝန်းအတွင်းရှိ မြေကွက်များကိုလည်း ဆက်လက် ဝယ်ယူခဲ့သည်။

ပိုင်ရှင်က ထိုခြံကို သရဲခြောက်သည့်အိမ်မပါဘဲ ရောင်းလိုခဲ့ကြောင်း ဘေကွန်က ပြောသည်။

 

 

(ဘေကွန်က ပြောသည်မှာ ယခုခြံကို ဝယ်ယူခဲ့ရာတွင် သရဲခြောက်သောအိမ်ကို ဖြိုချပစ်ပါမည်ဟု စာချုပ်တွင် သဘောတူခဲ့ရကြောင်း ပြောသည်။ ဓာတ်ပုံ-Instagram/Kevin Bacon)

 

“နောက်ဆုံးမှာ ကျွန်တော်သူ့ကို ပြောခဲ့တယ်။ ဒီမှာဗျာ… ခြံထဲမှာရှိတဲ့ အိမ်ကိုတော့ မရောင်းဘဲ မြေချည်းပဲ ရောင်းလို့မရဘူးလေ။ အဲဒါက တစ်မျိုးကြီးဖြစ်နေတယ်။”

နောက်ပိုင်းတွင် ဘေကွန်၏ အကြိမ်ကြိမ်တောင်းဆိုမှုကြောင့် ထိုမြေပိုင်ရှင်က မြေကွက်ရောင်းရန် လက်တွန့်နေခဲ့ရသည့် ခြောက်ခြားဖွယ် အကြောင်းရင်းကို ဘေကွန်အား ပြောပြခဲ့သည်။

“သူပြောတာက.. အိမ်ကိုဘာလို့ မရောင်းနိုင်တာလဲဆိုတော့.. အဲဒီအိမ်က သရဲခြောက်တယ်။ မင်းသရဲစီးခံရမှာ စိုးရိမ်တယ်။ အကြီးအကျယ် ဒုက္ခရောက်နိုင်တာ မင်းသိလား… လို့ပြောပါတယ်။”

 

(သရဲခြောက်သော အိမ်ထဲမှ ပစ္စည်းအချို့ ယူထားရန် စဉ်းစားမိသော်လည်း ဇနီးဖြစ်သူက လက်မခံခဲ့ကြောင်း ဘေကွန်က ပြောသည်။ ဓာတ်ပုံ-Instagram/Kevin Bacon)

 

(ဘေကွန်က သူ့အနေဖြင့် အိမ်ကို မဖျက်ဘဲ ထားလိုကြောင်း ၊ ထိုသို့ဆိုလျှင် တစ်နေ့နေ့တွင် သရဲနှင့် ဆုံစည်းနိုင်မည့် အခွင့်အရေးရှိနိုင်ကြောင်း ပြောသည်။ ဓာတ်ပုံ-Instagram/Kevin Bacon)

 

ဘေကွန်သည် နောက်ဆုံးတွင် ခြံရှင်နှင့် သဘောတူညီချက် ရသွားသည်။ သို့သော် ချွင်းချက်တစ်ခု ရှိသည်။

“ဒီခြံဝယ်ပြီး ၁ လအတွင်း အိမ်ကို ဖျက်ဆီးပစ်ရမယ်လို့ဆိုတဲ့အချက် စာချုပ်ထဲမှာ ပါပါတယ်။”

အိမ်မဖျက်မီ ထိုအိမ်ထဲတွင် တစ်ညလောက် အိပ်ဖူးသလားဟု အမေရိကန်ရုပ်ရှင်မင်းသား Rob Lowe က မေးရာတွင် ထိုသို့လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း ၊ သို့သော် ထိုအိမ်ထဲသို့ ဝင်ကြည့်ခဲ့ရာတွင် လှပသော ထင်းရှုးချပ်ပြားများနှင့် လှေကားလက်ရန်းတို့ တွေ့ကြောင်း၊ ငါတို့ ဒါတွေယူသွားရမယ်ဟု ဇနီးဖြစ်သူအား ပြောရာတွင် သူ၏ ဇနီးက ဒီလိုပစ္စည်းတွေ ကျွန်မတို့အိမ်ထဲ မထည့်ရပါဘူးဟု ပြောခဲ့ကြောင်း ဘေကွန်က ဖြေကြားသည်။

 

 

(၁၉၈၄ ခုနှစ်က ရုံတင်ခဲ့သော ရုပ်ရှင် Footloose တွင် ဘေကွန် သရုပ်ဆောင်ခဲ့ပုံ။)

 

 

(၂၀၁၃ မှ ၂၀၁၅ ခုနှစ်အထိ ထုတ်လွှင့်ခဲ့သော The Following ရုပ်သံအစီအစဉ်တွင် ဘေကွန် ပါဝင်ခဲ့ပုံ။ )

 

ယခုခြံကို နှစ်ပေါင်းများစွာ ပိုင်ဆိုင်ထားသော်လည်း သဘာဝလွန် ဖြစ်ရပ်မျိုး မကြုံဖူးသေးကြောင်း ဘေကွန်က ပြောသည်။

“လူတိုင်းက သိချင်ကြတယ်။ ခင်ဗျား သရဲတွေ ဘာတွေ တွေ့လားလို့ လာမေးကြတယ်။ ကျွန်တော်အမြဲ ပြောတာကတော့ ကျွန်တော်တကယ် တွေ့ချင်ပါတယ်။ ဒါပေမဲ့ ခုထိတော့ ဖြစ်မလာသေးဘူး။ ဒါပေမဲ့ တစ်နေ့ကျ ဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်…လို့ အမြဲ ပြန်ဖြေပါတယ်။”

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Kevin Bacon destroyed haunted house on his farm over previous owner’s fears he’d get ‘possessed’ (nypost)

 

 

 

 

[Zawgyi]

အေမရိကန္ရုပ္ရွင္မင္းသားတစ္ဦးက ကြန္နက္တီကပ္ျပည္နယ္မွ ယာေတာျခံၾကီးကို ဝယ္ယူခဲ့ရာတြင္ သရဲေျခာက္ေသာအိမ္ၾကီးကို ျဖိဳဖ်က္ပစ္ပါမည္ဟူေသာအခ်က္ျဖင့္ စာခ်ဳပ္ခ်ဳပ္ကာ ဝယ္ယူခဲ့ရ

 

ကီဗင္ ေဘကြန္ (Kevin Bacon) (ေမြး ၁၉၅၈) သည္ အေမရိကန္ရုပ္ရွင္မင္းသားျဖစ္ျပီး သိပၸံဆန္းၾကယ္ ရုပ္ရွင္ကားမ်ားျဖင့္ ကမၻာေက်ာ္ကာ ေရႊကမၻာလံုးဆု ၊ Screen Actors Guild Award တို႔အျပင္ အျခားဆုေပါင္းမ်ားစြာ ရရွိထားသူ ျဖစ္သည္။

ကီဗင္ ေဘကြန္သည္ အေမရိကန္ျပည္ေထာင္စု ၊ ကြန္နက္တီကပ္ျပည္နယ္ အေနာက္ေျမာက္ပိုင္းရွိ ယာေတာတစ္ခုကို ဝယ္ယူခ့ဲရာတြင္ ေရာင္းခ်သည့္ ပိုင္ရွင္က ယာေတာရွိ အိမ္တစ္လံုးတြင္ သရဲရွိေၾကာင္း ၊ ထိုအိမ္ကို မဖ်က္ပါက သရဲစီးခံရႏိုင္ေၾကာင္း ေျပာခဲ့ေသာေၾကာင့္ သရဲေျခာက္ေသာအိမ္ကို ျဖိဳခ်ဖ်က္ဆီး ခဲ့ရသည္။

“ကၽြန္ေတာ္ ဝယ္ခဲ့တဲ့ ျခံထဲမွာ အိမ္ေဟာင္းတစ္လံုး ရွိပါတယ္။ ေရာင္းလုိက္တဲ့သူက အဲဒီအိမ္ကို မထားေစခ်င္ ဘူး။ အဲဒီအိမ္က စြန္႔ပစ္ထားတဲ့ အိမ္တစ္လံုးပါပဲ”ဟု ေဘကြန္က အေမရိကန္ရုပ္ရွင္မင္းသား Rob Lowe လႊင့္တင္ခဲ့ေသာ Literally အမည္ရွိ Podcast တစ္ခုတြင္ ေျပာၾကားထားသည္။

ေဘကြန္က အဆိုပါ ေက်းလက္ယာေတာကို ၁၉၈၃ ခုႏွစ္တြင္ သူ၏ ခ်စ္သူမိန္းကေလးေဟာင္းႏွင့္အတူ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ယင္းေနာက္ပိုင္း တသီးတသန္႔ရွိေစရန္အတြက္ သူ၏ ျခံဝန္းအတြင္းရွိ ေျမကြက္မ်ားကိုလည္း ဆက္လက္ ဝယ္ယူခဲ့သည္။

ပိုင္ရွင္က ထိုျခံကို သရဲေျခာက္သည့္အိမ္မပါဘဲ ေရာင္းလုိခဲ့ေၾကာင္း ေဘကြန္က ေျပာသည္။

(ေဘကြန္က ေျပာသည္မွာ ယခုျခံကို ဝယ္ယူခဲ့ရာတြင္ သရဲေျခာက္ေသာအိမ္ကို ျဖဳိခ်ပစ္ပါမည္ဟု စာခ်ဳပ္တြင္ သေဘာတူခဲ့ရေၾကာင္း ေျပာသည္။ ဓာတ္ပံု-Instagram/Kevin Bacon)

“ေနာက္ဆံုးမွာ ကၽြန္ေတာ္သူ႔ကုိ ေျပာခဲ့တယ္။ ဒီမွာဗ်ာ… ျခံထဲမွာရွိတဲ့ အိမ္ကုိေတာ့ မေရာင္းဘဲ ေျမခ်ည္းပဲ ေရာင္းလို႔မရဘူးေလ။ အဲဒါက တစ္မ်ဳိးၾကီးျဖစ္ေနတယ္။”

ေနာက္ပိုင္းတြင္ ေဘကြန္၏ အၾကိမ္ၾကိမ္ေတာင္းဆိုမႈေၾကာင့္ ထိုေျမပိုင္ရွင္က ေျမကြက္ေရာင္းရန္ လက္တြန္႔ေနခဲ့ရသည့္ ေျခာက္ျခားဖြယ္ အေၾကာင္းရင္းကို ေဘကြန္အား ေျပာျပခဲ့သည္။

“သူေျပာတာက.. အိမ္ကိုဘာလို႔ မေရာင္းႏိုင္တာလဲဆိုေတာ့.. အဲဒီအိမ္က သရဲေျခာက္တယ္။ မင္းသရဲစီးခံရမွာ စိုးရိမ္တယ္။ အၾကီးအက်ယ္ ဒုကၡေရာက္ႏိုင္တာ မင္းသိလား… လို႔ေျပာပါတယ္။”

(သရဲေျခာက္ေသာ အိမ္ထဲမွ ပစၥည္းအခ်ဳိ႕ ယူထားရန္ စဥ္းစားမိေသာ္လည္း ဇနီးျဖစ္သူက လက္မခံခဲ့ေၾကာင္း ေဘကြန္က ေျပာသည္။ ဓာတ္ပံု-Instagram/Kevin Bacon)

(ေဘကြန္က သူ႔အေနျဖင့္ အိမ္ကုိ မဖ်က္ဘဲ ထားလိုေၾကာင္း ၊ ထိုသို႔ဆိုလွ်င္ တစ္ေန႔ေန႔တြင္ သရဲႏွင့္ ဆံုစည္းႏိုင္မည့္ အခြင့္အေရးရွိႏိုင္ေၾကာင္း ေျပာသည္။ ဓာတ္ပံု-Instagram/Kevin Bacon)

ေဘကြန္သည္ ေနာက္ဆံုးတြင္ ျခံရွင္ႏွင့္ သေဘာတူညီခ်က္ ရသြားသည္။ သို႔ေသာ္ ခၽြင္းခ်က္တစ္ခု ရွိသည္။

“ဒီျခံဝယ္ျပီး ၁ လအတြင္း အိမ္ကို ဖ်က္ဆီးပစ္ရမယ္လို႔ဆိုတဲ့အခ်က္ စာခ်ဳပ္ထဲမွာ ပါပါတယ္။”

အိမ္မဖ်က္မီ ထိုအိမ္ထဲတြင္ တစ္ညေလာက္ အိပ္ဖူးသလားဟု အေမရိကန္ရုပ္ရွင္မင္းသား Rob Lowe က ေမးရာတြင္ ထိုသို႔လုပ္ေဆာင္ခဲ့ျခင္း မရွိေၾကာင္း ၊ သို႔ေသာ္ ထိုအိမ္ထဲသို႔ ဝင္ၾကည့္ခဲ့ရာတြင္ လွပေသာ ထင္းရႈးခ်ပ္ျပားမ်ားႏွင့္ ေလွကားလက္ရန္းတုိ႔ ေတြ႔ေၾကာင္း၊ ငါတုိ႔ ဒါေတြယူသြားရမယ္ဟု ဇနီးျဖစ္သူအား ေျပာရာတြင္ သူ၏ ဇနီးက ဒီလိုပစၥည္းေတြ ကၽြန္မတို႔အိမ္ထဲ မထည့္ရပါဘူးဟု ေျပာခဲ့ေၾကာင္း ေဘကြန္က ေျဖၾကားသည္။

(၁၉၈၄ ခုႏွစ္က ရုံတင္ခဲ့ေသာ ရုပ္ရွင္ Footloose တြင္ ေဘကြန္ သရုပ္ေဆာင္ခဲ့ပံု။)

(၂၀၁၃ မွ ၂၀၁၅ ခုႏွစ္အထိ ထုတ္လႊင့္ခဲ့ေသာ The Following ရုပ္သံအစီအစဥ္တြင္ ေဘကြန္ ပါဝင္ခဲ့ပံု။ )

ယခုျခံကို ႏွစ္ေပါင္းမ်ားစြာ ပိုင္ဆိုင္ထားေသာ္လည္း သဘာဝလြန္ ျဖစ္ရပ္မ်ဳိး မၾကံဳဖူးေသးေၾကာင္း ေဘကြန္က ေျပာသည္။

“လူတိုင္းက သိခ်င္ၾကတယ္။ ခင္ဗ်ား သရဲေတြ ဘာေတြ ေတြ႔လားလို႔ လာေမးၾကတယ္။ ကၽြန္ေတာ္အျမဲ ေျပာတာကေတာ့ ကၽြန္ေတာ္တကယ္ ေတြ႔ခ်င္ပါတယ္။ ဒါေပမဲ့ ခုထိေတာ့ ျဖစ္မလာေသးဘူး။ ဒါေပမဲ့ တစ္ေန႔က် ျဖစ္လာမယ္လို႔ ေမွ်ာ္လင့္ထားပါတယ္…လို႔ အျမဲ ျပန္ေျဖပါတယ္။”

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Kevin Bacon destroyed haunted house on his farm over previous owner’s fears he’d get ‘possessed’ (nypost)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...
ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service