ဂရန်မြေအကြောင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါတယ်။

ဂရန်မြေအကြောင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
30 Sep 2023 11:58 am တွင် တင်ခဲ့သည်
813 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

အဆောက်အဦးမှာရေရှည်တည်တံ့ခိုင်မာပါက နှစ်ပေါင်း(၉၀) အထိ သက်တမ်းတိုးသွားနိုင်သော နှစ်(၃၀) မြေငှားဂရန်ထုတ်ပေးပါတယ်။ အဆောက်အအုံမှာ ရေရှည်တည်တံ့ မခိုင်မာပါက နှစ်ပေါင်း(၁၀)နှစ် မြေငှားဂရန် ထုတ်ပေးပါတယ်။ သက်တမ်းတိုးဆောင်ရွက်ရာတွင် ဂရန်သက်တမ်းမကုန်ခင် ( ၃) လ အလိုတွင် ကြိုတင်၍ သက်တမ်းတိုး ဆောင်ရွက်ရမည်။ (၁၀ )နှစ် ဂရန်ဆိုရင်တော့ သက်တမ်းတိုးလဲလှယ်ခွင့်မရှိပါ မြေငှားဂရန်အသစ် သာ ပြန်လည်လျှောက်ထားရမည်။

ကျေးရွာအတွင်း နေထိုင်သူများ၊ မြို့မြေစီမံချက်အတွင်း နေထိုင်သူများ၊ လယ်ယာမြေအမျိုးအစား ပုံစံ-(၇)ရှိပြီး အခြားနည်းသုံးစွဲခွင့် ခွင့်ပြုချက်ရရှိသူများသည် မြေငှားစာချုပ်ဂရန်‌ ဆက်လက်လျှောက်ထားရန် လိုအပ်ပါသည်။ စီးပွားရေး စက်ရုံအလုပ်ရုံအတွက် အသုံးပြုလိုပါက စက်မှု/စီးပွား ဂရန်လျှောက်ထားရယူရန် လိုအပ်ပါသည်။

ဂရန်လျှောက်ထားရာတွင် ၁ဧကထိမြေငှားဂရန် လျှောက်ထားပါက ခရိုင်အုပ်ရေးမှူးမှ စီစစ်ခွင့်ပြု ချက်ပေးပြီး ၁ဧကမှ ၅ဧကထိ မြေငှားဂရန်များ လျှောက်ထားပါက တိုင်းဒေသကြီး/ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ခွင့်ပြုချက် ထုတ်ပေးရပါသည်။ ၅ဧကအထက်ဆိုပါက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (ရုံးချုပ်)၏ ခွင့်ပြုချက်လိုအပ်ပါသည်။

မြေငှားဂရန် လျှောက်ထားရာတွင် ...

- လျှောက်လွှာတွင် တံဆိပ်ခေါင်းကပ်ခြင်း ရှိမရှိ၊

- မြေစာရင်းဌာနမှူး လက်မှတ်ထိုးထားသည့် မြေပုံ(၂)ပုံ တံဆိပ်ခေါင်းကပ်ပြီး

- အဆောက်အအုံပုံစံ (ရှေ့မြင် ဘေးမြင်)

- အမည်၊နေရပ်နှင့် အဆောက်အအုံအမျိုးအစား

- လျှောက်ထားမြေ၏ အလားလေးရပ်နှင့် မြေဦးပိုင်ဧရိယာဧက

- မူလဂရန်ဟောင်းရှိလျှင်တင်ပြရန် တို့ ပူးတွဲလျှောက်ထားရန် လိုအပ်ပါသည်။

အောက်မြန်မာပြည်မြို့နှင့် ကျေးရွာမြေများ နည်းဥပဒေ အခန်း-(၂)၊အခန်း-(၃)၊ အထက်မြန်မာပြည် မြေနှင့် အခွန်စည်းမျဉ်း ဥပဒေအခန်း- (၂) နှင့်အညီ လိုက်နာ ဆောင်ရွက်ကြရပြီး ဌာနမှ ထုတ်ပေးလိုက်သောမြေငှားဂရန်များအား ဦးပိုင်မှတ်ပုံတင်စာရင်း ၁(က)တွင် ရေးသွင်းမှုပြု ထားပါသည်။

ကျေးရွာများအားလဲ မြေငှားဂရန်စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်များ စီစစ်ထုတ်ပေးကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

 


 


















 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
လယ်ယာမြေဥပဒေနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
လယ်ယာမြေဥပဒေနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service