အမေရိကန်ပြည် အိုင်ဒါဟိုပြည်နယ်ရှိ တောအုပ်ကြီးတစ်ခုအတွင်း တည်ရှိသော ရဲတိုက်ကြီးတစ်လုံး ဒေါ်လာ ၄ ဒသမ ၅ သန်းဖြင့် ရောင်းမည်
အမေရိကန်ပြည် အိုင်ဒါဟိုပြည်နယ်ရှိ တောအုပ်ကြီးတစ်ခုအတွင်း တည်ရှိသော ရဲတိုက်ကြီးတစ်လုံး ဒေါ်လာ ၄ ဒသမ ၅ သန်းဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
14 Sep 2023 10:45 am တွင် တင်ခဲ့သည်
1280 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ရေကန်ကြီးတစ်ခု၏ ပြာလဲ့လဲ့ရေပြင်ကျယ်ကို စီးမိုးတွေ့မြင်ရသော ကမ်းပါးပြတ်တစ်ခုပေါ်တွင် တည်ရှိသော ရဲတိုက်ကြီးတစ်လုံးသည် ချပ်ဝတ်တန်ဆာ တောက်တောက်ပပဆင်မြန်းထားမည့် သူရဲကောင်းသစ်တစ်ဦးကို စောင့်ကြိုနေသည်။
အမေရိကန်ပြည်ထောင်စု ၊ အိုင်ဒါဟိုပြည်နယ် ၊ Frandsen တောအုပ်ကြီး၏ အစပ်တွင် တည်ရှိပြီး စံအိမ်တစ်လုံးစာ အရွယ်အစားရှိ လူနေရဲတိုက်ကြီးတစ်လုံး ရောင်းဈေး ကွက်ဝင်လာရာ တစ်သီးတသန့် နေထိုင်လိုသူများ ဝယ်ယူပိုင်ဆိုင်နိုင်မည် ဖြစ်သည်။
Von Frandsen ရဲတိုက်ဟု အမည်ပေးထားပြီး လွန်ခဲ့သော ဇူလိုင်လက ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက် တင်ခဲ့ခြင်းဖြစ်ကာ ယခုအခါ ကန်ဒေါ်လာ ၄ ဒသမ ၅ သန်းသို့ လျှော့ချပေးလိုက်ခြင်း ဖြစ်သည်။
ကျော်ကြားကာ အထင်ကရရှိသော ကမ်းခြေစံအိမ်ဟု ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြထားပြီး ခြံအကျယ် ၁၀ ဧကနီးပါးရှိကာ ကမ်းစပ်တွင် အဆောက်အအုံဆောက်လုပ်နိုင်မည့် နေရာ ၂ ခု ပါဝင်သည်။
“ဒီရဲတိုက်ကြီးဟာ အိုင်ဒါဟိုပြည်နယ်ရဲ့ အံ့မခန်းဖွယ်အကောင်းဆုံး ရေကန်ကြီးတွေအနက် တစ်ခုရဲ့ ကမ်းခြေမှာ တည်ရှိပြီး နတ်သမီးပုံပြင်ထဲက နေရာမျိုးလိုပါပဲ”ဟု ဈေးကွက်တင်ပေးသော အိမ်ခြံမြေ အကျိုးဆောင် Brenda Burk က ပြောသည်။
Brenda Burk နှင့်အတူ Coldwell Banker အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Danny Davis ကလည်း ပူးတွဲ ကိုင်တွယ်ထားသည်။
“အိုင်ဒါဟိုပြည်နယ်မှာ ရဲတိုက်ဆိုတာမျိုးက အများကြီး မတွေ့ရနိုင်ပါဘူး။ အိုင်ဒါဟိုပြည်နယ်မှာ ရဲတိုက်တစ်လုံး ပိုင်ဆိုင်ခွင့်ရတာဟာ တစ်သက်မှာ တစ်ခါပဲ တွေ့ရမယ့် အခွင့်အလမ်းပါပဲ”ဟု Danny Davis က ပြောသည်။
(Pend Oreille ရေကန်ကြီးကို စီးမိုးတွေ့မြင်နေရသည်။ ဓာတ်ပုံ- Coldwell Banker)
(အိုင်ဒါဟိုပြည်နယ် Sandpoint မြို့အနီးတွင် တည်ရှိသည်။ ဓာတ်ပုံ- Coldwell Banker)
(ပင်မစံအိမ်နောက်တွင် တည်ရှိသော ပြအိုးတစ်ခု။ ဓာတ်ပုံ- Coldwell Banker)
(ညစာစားခန်း။ ဓာတ်ပုံ- Coldwell Banker)
အိပ်ခန်း ၂ ခန်း ၊ ရေချိုးခန်း ၃ ခန်းပါဝင်ပြီး အနီးရှိ တောအုပ်အတွင်းမှ ခုတ်ယူရရှိသော သစ်များကို သုံးကာ ထုတ်တန်းများ ပြုလုပ်ထားပြီး ကနေဒါနိုင်ငံ ၊ British Columbia ပြည်နယ်မှ တူးဖော်ရရှိသော နှမ်းဖတ်ကျောက်များကို အသုံးပြုထားကာ အလယ်ခေတ်ပုံစံ ပုံဖော်ထားသော လူနေနေရာ စတုရန်းပေ ၈၀၀၀ ရှိသည်။
(နန်းတော်တမျှ ခမ်းနားသော နေရာတွင် မည်သို့မည်ပုံ ပရိဘောဂထားရှိရမည်ကို ဖော်ညွှန်းပြသထားသည်။ ဓာတ်ပုံ- Coldwell Banker)
(ရဲတိုက်ကြီးအကျယ်အဝန်းမှာ စတုရန်းပေ ၈၀၀၀ ရှိသည်။ ဓာတ်ပုံ- Coldwell Banker)
(အလယ်ခေတ်သွင်ပြင်အတိုင်း ပုံဖော်ဆောက်လုပ်ထားသည်။ ဓာတ်ပုံ- Coldwell Banker)
(ဝန်းကျင်တောအုပ်မှ ရရှိသော သစ်များဖြင့် ဆောက်လုပ်ထားခြင်းဖြစ်သည်။ ဓာတ်ပုံ- Coldwell Banker)
(အိပ်ခန်း ၂ ခန်းပါ အဆောက်အအုံအဖြစ် ဈေးကွက်တင်လာခြင်းဖြစ်သည်။ ဓာတ်ပုံ- Coldwell Banker)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: A castle nestled in an Idaho forest can be yours for $4.5M (nypost)
[Zawgyi]
အမေရိကန်ပြည်ထောင်စု ၊ အိုင်ဒါဟိုပြည်နယ် ၊ Frandsen တောအုပ်ကြီး၏ အစပ်တွင် တည်ရှိပြီး စံအိမ်တစ်လုံးစာ အရွယ်အစားရှိ လူနေရဲတိုက်ကြီးတစ်လုံး အရောင်းဈေးကွက်ဝင်လာရာ တစ်သီးတသန့် နေထိုင်လိုသူများ ဝယ်ယူပိုင်ဆိုင်နိုင်မည် ဖြစ်သည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service