ကေတီပယ်ရီနှင့် အော်လန်ဒိုဘလွန်းတို့စုံတွဲက မိမိ၏အိမ်ကို ရယူရန် ကြိုးစားနေကြကြောင်း အသက် ၈၃ နှစ်အရွယ် အဘိုးအိုတစ်ဦးက ပြောကြား

ကေတီပယ်ရီနှင့် အော်လန်ဒိုဘလွန်းတို့စုံတွဲက မိမိ၏အိမ်ကို ရယူရန် ကြိုးစားနေကြကြောင်း အသက် ၈၃ နှစ်အရွယ် အဘိုးအိုတစ်ဦးက ပြောကြား - Property News in Myanmar from iMyanmarHouse.com
15 Aug 2023 11:46 am တွင် တင်ခဲ့သည်
915 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ပေါ့ပ်ကြယ်ပွင့် ကေတီပယ်ရီသည် ကယ်လီဖိုးနီးယားပြည်နယ် ၊ လော့စ်ဖီလစ်ဇ်ရှိ ၈ ဧကကျော် ကျယ်ဝန်းသော မြေနေရာနှင့် စပ်လျဉ်းပြီး သီလရှင် ၂ ပါးနှင့် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ပြီး နှစ်ပေါင်းများစွာအကြာ ယခုအခါ ၎င်းတို့စုံတွဲ ဝယ်ယူထားသော အိမ်ခြံမြေနှင့် စပ်လျဉ်းပြီး ပြဿနာပေါ်လာပြန်သည်။

ကေတီပယ်ရီနှင့် စေ့စပ်ထားသူ ရုပ်ရှင်မင်းသား အော်လန်ဒိုဘလွန်းတို့စုံတွဲသည် ကယ်လီဖိုးနီးယားပြည်နယ် ၊ မွန်တီစီတိုမြို့တွင် ၂၀၂၁ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၄ ဒသမ ၂ သန်းဖြင့် ဝယ်ယူခဲ့သော စံအိမ်နှင့် စပ်လျဉ်းပြီး အမှုရင်ဆိုင်နေရသည်။

အမှုဖြစ်လျက်ရှိသောစံအိမ် တည်နေရာမှာ မွန်တီစီတိုမြို့ ၊ အရှေ့Valley လမ်း ၊ အမှတ် ၁၅၆၉ တွင် တည်ရှိပြီး ခြံဝန်းအကျယ် ၈ ဒသမ ၉ ဧကရှိသည်။

စံအိမ်ရောင်းချခဲ့သည့် အသက် ၈၃ နှစ်အရွယ် အဘိုးအို ကားလ် ဝက်စ်ကော့က ကေတီပယ်ရီတို့ကို မရောင်းမီ ၂ လခန့်ကမှ အဆိုပါအိမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ခြင်းဖြစ်သည်။

နယူးယောက်ပို့စ် သတင်းဌာနမှ ရရှိခဲ့သော တရားရုံးစာရွက်စာတမ်းများအရ အဘိုးအို ဝက်စ်ကော့က ပြောသည်မှာ နေအိမ်ကိုရောင်းချခဲ့သော ၂၀၂၀ ပြည့်နှစ် ၊ ဇူလိုင်လ ၁၄ ရက်က မိမိမှာ အိမ်ရောင်းချရန် သင့်မသင့် ဆုံးဖြတ်နိုင်သည့် ကိုယ်စိတ်ကျန်းမာရေး အခြေအနေမရှိကြောင်း ပြောထားသည်ဟု ဆိုသည်။

ဝက်စ်ကော့သည် အမေရိကန်စစ်ဘက် အမှတ် ၁၀၁ ရေတပ်တွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၎င်း၏ ကျန်ရှိသော ဘဝသက်တမ်းတလျှောက် နေထိုင်သွားရန် ရည်ရွယ်ချက်ဖြင့် ထိုအိမ်ကို ထိုနှစ် မေလ ၂၉ ရက်တွင် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း တရားရုံးမှတ်တမ်းများအရ ဖော်ပြသည်။

 

 

(ကေတီပယ်ရီတို့စုံတွဲ ဝယ်ယူခဲ့သောစံအိမ်။ ဓာတ်ပုံ-Village Properties)

 

 

 

(ဦးနှောက်လုပ်ဆောင်ချက် ချွတ်ယွင်းသည့်ရောဂါ ခံစားနေရသော ဝက်စ်ကော့နှင့် မိသားစု။ ဓာတ်ပုံ-Kameron Westcott)

 

အဘိုးအိုက ပြောသည်မှာ မိမိ၏ အသက်အန္တရာယ်နှင့် ဦးနှောက်လုပ်ဆောင်ချက် ချွတ်ယွင်းသည့်ရောဂါတို့ကြောင့် ကျန်းမာရေးမကောင်းကြောင်း ၊ အိမ်ရောင်းရန် စာချုပ်ချုပ်ချိန်တွင် မိမိမှာ ခွဲစိတ်ကုသမှုခံယူထား ရသည်မှာ တစ်ပတ်ပင် မရှိသေးကြောင်း ၊ ထို့ကြောင့် နေအိမ်ရောင်းဝယ်မှု ဆုံးဖြတ်ရန် သင့်တော်သည့် ကိုယ်စိတ်ကျန်းမာရေးမရှိခဲ့ကြောင်း ပြောသည်။

အိမ်အရောင်း စာချုပ်ချုပ်ပြီး ရက်အနည်းငယ်အကြာတွင် ကျန်းမာရေးကောင်းမွန်လာပြီးနောက် အဘိုးအို ဝက်စ်ကော့က အိမ်ရောင်းချပေးသည့် အကျိုးဆောင်ကုမ္ပဏီဖြစ်သော Berkshire Hathaway ထံ စာတစ်စောင် ရေးသားပေးပို့ခဲ့ပြီး မိမိအနေဖြင့် အိမ်မရောင်းချင်ကြောင်း ပြောကြားခဲ့သည်။

ကေတီပယ်ရီတို့စုံတွဲကလည်း အဘိုးအိုထံ စာရေးသားပေးပို့ခဲ့ရာ ၎င်းတို့အနေဖြင့် ဤအိမ်ကို အလွန်နှစ်သက် ကြောင်း၊ အဘိုးအိုဝယ်ခဲ့သည့်ဈေးနှုန်းထက် ပိုပေးကာ ဝယ်ယူလိုကြောင်း ရေးသားခဲ့သည်ဟု ဆိုသည်။

 

 

(အိမ်ရောင်းရန်စာချုပ်ချုပ်ပြီး တစ်ပတ်အကြာတွင် အဘိုးအိုဝက်စ်ကော့က အရောင်းအဝယ် ဖျက်သိမ်းကြောင်း ပြောခဲ့သည်။ ဓာတ်ပုံ-Village Properties)

 

 

(ကေတီပယ်ရီတို့စုံတွဲကလည်း အဘိုးအိုထံ စာရေးသားခဲ့ပြီး အရောင်းအဝယ်ဖြစ်ရန် ကြိုးစားခဲ့သည်။ ဓာတ်ပုံ- Village Properties)

 

အဘိုးအိုက ပြောသည်မှာ မိမိအနေဖြင့် အလေးအနက်စဉ်းစားခဲ့ကြောင်း ၊ သို့သော် မိမိမှာ အသက်ရှင် နေထိုင်ရန် ကာလအနည်းငယ်သာရှိတော့ကြောင်း ၊ မိမိအိမ်ကို မရောင်းနိုင်ကြောင်း ပြောသည်။

ကေတီပယ်ရီ၏ ရှေ့နေက ပြောသည်မှာ ကေတီပယ်ရီတို့စုံတွဲက နောက်မဆုတ်နိုင်ကြောင်း ၊ ဝက်စ်ကော့ အနေဖြင့် အရောင်းအဝယ် အပြီးသတ်လုပ်ဆောင်ပေးရန် တာဝန်ရှိကြောင်း ပြောခဲ့သည်။

 

(ကေတီပယ်ရီတို့စုံတွဲ ယခုလကုန်တွင် အိမ်အရောင်းအဝယ်အတွက် တရားရုံးတွင် အမှုရင်ဆိုင်ရမည်ဖြစ်သည်။ ဓာတ်ပုံ-Getty Images)

 

(ဆက်စပ်သတင်း)

ပေါ့ပ်အဆိုတော်မလေး ကေတီပယ်ရီတစ်ယောက် ချစ်သူနဲ့ရတဲ့ သမီးလေးအတွက် ဒေါ်လာ ၄ သန်းတန်အိမ် ဝယ်ဖို့ကြည့်

https://www.imyanmarhouse.com/news/read/966205

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Katy Perry, Orlando Bloom are trying to take my home from me, dying veteran, 83, says (nypost)

 

 

[Zawgyi]

 

ေကတီပယ္ရီႏွင့္ ေအာ္လန္ဒိုဘလြန္းတို႔စံုတြဲက မိမိ၏အိမ္ကို ရယူရန္ ၾကိဳးစားေနၾကေၾကာင္း အသက္ ၈၃ ႏွစ္အရြယ္ အဘုိးအိုတစ္ဦးက ေျပာၾကား

 

ေပါ့ပ္ၾကယ္ပြင့္ ေကတီပယ္ရီသည္ ကယ္လီဖိုးနီးယားျပည္နယ္ ၊ ေလာ့စ္ဖီလစ္ဇ္ရွိ ၈ ဧကေက်ာ္ က်ယ္ဝန္းေသာ ေျမေနရာႏွင့္ စပ္လ်ဥ္းျပီး သီလရွင္ ၂ ပါးႏွင့္ အျငင္းပြားမႈမ်ား ျဖစ္ေပၚခဲ့ျပီး ႏွစ္ေပါင္းမ်ားစြာအၾကာ ယခုအခါ ၎တို႔စံုတြဲ ဝယ္ယူထားေသာ အိမ္ျခံေျမႏွင့္ စပ္လ်ဥ္းျပီး ျပႆနာေပၚလာျပန္သည္။

ေကတီပယ္ရီႏွင့္ ေစ့စပ္ထားသူ ရုပ္ရွင္မင္းသား ေအာ္လန္ဒိုဘလြန္းတို႔စံုတြဲသည္ ကယ္လီဖိုးနီးယားျပည္နယ္ ၊ မြန္တီစီတုိျမဳိ႕တြင္ ၂၀၂၁ ခုႏွစ္အတြင္း ကန္ေဒၚလာ ၁၄ ဒသမ ၂ သန္းျဖင့္ ဝယ္ယူခဲ့ေသာ စံအိမ္ႏွင့္ စပ္လ်ဥ္းျပီး အမႈရင္ဆိုင္ေနရသည္။

အမႈျဖစ္လ်က္ရွိေသာစံအိမ္ တည္ေနရာမွာ မြန္တီစီတိုျမဳိ႕ ၊ အေရွ႕Valley လမ္း ၊ အမွတ္ ၁၅၆၉ တြင္ တည္ရွိျပီး ျခံဝန္းအက်ယ္ ၈ ဒသမ ၉ ဧကရွိသည္။

စံအိမ္ေရာင္းခ်ခဲ့သည့္ အသက္ ၈၃ ႏွစ္အရြယ္ အဘုိးအို ကားလ္ ဝက္စ္ေကာ့က ေကတီပယ္ရီတို႔ကို မေရာင္းမီ ၂ လခန္႔ကမွ အဆိုပါအိမ္သို႔ ေျပာင္းေရႊ႕ေနထုိင္ခဲ့ျခင္းျဖစ္သည္။

နယူးေယာက္ပို႔စ္ သတင္းဌာနမွ ရရွိခဲ့ေသာ တရားရံုးစာရြက္စာတမ္းမ်ားအရ အဘုိးအို ဝက္စ္ေကာ့က ေျပာသည္မွာ ေနအိမ္ကိုေရာင္းခ်ခဲ့ေသာ ၂၀၂၀ ျပည့္ႏွစ္ ၊ ဇူလိုင္လ ၁၄ ရက္က မိမိမွာ အိမ္ေရာင္းခ်ရန္ သင့္မသင့္ ဆံုးျဖတ္ႏိုင္သည့္ ကိုယ္စိတ္က်န္းမာေရး အေျခအေနမရွိေၾကာင္း ေျပာထားသည္ဟု ဆိုသည္။

ဝက္စ္ေကာ့သည္ အေမရိကန္စစ္ဘက္ အမွတ္ ၁၀၁ ေရတပ္တြင္ တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ျပီး ၎၏ က်န္ရွိေသာ ဘဝသက္တမ္းတေလွ်ာက္ ေနထိုင္သြားရန္ ရည္ရြယ္ခ်က္ျဖင့္ ထိုအိမ္ကို ထိုႏွစ္ ေမလ ၂၉ ရက္တြင္ ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း တရားရံုးမွတ္တမ္းမ်ားအရ ေဖာ္ျပသည္။

(ေကတီပယ္ရီတုိ႔စုံတြဲ ဝယ္ယူခဲ့ေသာစံအိမ္။ ဓာတ္ပံု-Village Properties)

(ဦးေႏွာက္လုပ္ေဆာင္ခ်က္ ခၽြတ္ယြင္းသည့္ေရာဂါ ခံစားေနရေသာ ဝက္စ္ေကာ့ႏွင့္ မိသားစု။ ဓာတ္ပံု-Kameron Westcott)

အဘိုးအိုက ေျပာသည္မွာ မိမိ၏ အသက္အႏၱရာယ္ႏွင့္ ဦးေႏွာက္လုပ္ေဆာင္ခ်က္ ခၽြတ္ယြင္းသည့္ေရာဂါတို႔ေၾကာင့္ က်န္းမာေရးမေကာင္းေၾကာင္း ၊ အိမ္ေရာင္းရန္ စာခ်ဳပ္ခ်ဳပ္ခ်ိန္တြင္ မိမိမွာ ခြဲစိတ္ကုသမႈခံယူထား ရသည္မွာ တစ္ပတ္ပင္ မရွိေသးေၾကာင္း ၊ ထို႔ေၾကာင့္ ေနအိမ္ေရာင္းဝယ္မႈ ဆံုးျဖတ္ရန္ သင့္ေတာ္သည့္ ကိုယ္စိတ္က်န္းမာေရးမရွိခဲ့ေၾကာင္း ေျပာသည္။

အိမ္အေရာင္း စာခ်ဳပ္ခ်ဳပ္ျပီး ရက္အနည္းငယ္အၾကာတြင္ က်န္းမာေရးေကာင္းမြန္လာျပီးေနာက္ အဘိုးအို ဝက္စ္ေကာ့က အိမ္ေရာင္းခ်ေပးသည့္ အက်ဳိးေဆာင္ကုမၸဏီျဖစ္ေသာ Berkshire Hathaway ထံ စာတစ္ေစာင္ ေရးသားေပးပို႔ခဲ့ျပီး မိမိအေနျဖင့္ အိမ္မေရာင္းခ်င္ေၾကာင္း ေျပာၾကားခဲ့သည္။ ေကတီပယ္ရီတုိ႔စံုတြဲကလည္း အဘုိးအိုထံ စာေရးသားေပးပို႔ခဲ့ရာ ၎တို႔အေနျဖင့္ ဤအိမ္ကုိ အလြန္ႏွစ္သက္ ေၾကာင္း၊ အဘိုးအိုဝယ္ခဲ့သည့္ေစ်းႏႈန္းထက္ ပိုေပးကာ ဝယ္ယူလိုေၾကာင္း ေရးသားခဲ့သည္ဟု ဆိုသည္။

(အိမ္ေရာင္းရန္စာခ်ဳပ္ခ်ဳပ္ျပီး တစ္ပတ္အၾကာတြင္ အဘုိးအိုဝက္စ္ေကာ့က အေရာင္းအဝယ္ ဖ်က္သိမ္းေၾကာင္း ေျပာခဲ့သည္။ ဓာတ္ပံု-Village Properties)

(ေကတီပယ္ရီတုိ႔စံုတြဲကလည္း အဘိုးအိုထံ စာေရးသားခဲ့ျပီး အေရာင္းအဝယ္ျဖစ္ရန္ ၾကိဳးစားခဲ့သည္။ ဓာတ္ပံု- Village Properties)

အဘိုးအိုက ေျပာသည္မွာ မိမိအေနျဖင့္ အေလးအနက္စဥ္းစားခဲ့ေၾကာင္း ၊ သို႔ေသာ္ မိမိမွာ အသက္ရွင္ ေနထိုင္ရန္ ကာလအနည္းငယ္သာရွိေတာ့ေၾကာင္း ၊ မိမိအိမ္ကို မေရာင္းႏိုင္ေၾကာင္း ေျပာသည္။

ေကတီပယ္ရီ၏ ေရွ႕ေနက ေျပာသည္မွာ ေကတီပယ္ရီတို႔စံုတြဲက ေနာက္မဆုတ္ႏိုင္ေၾကာင္း ၊ ဝက္စ္ေကာ့ အေနျဖင့္ အေရာင္းအဝယ္ အျပီးသတ္လုပ္ေဆာင္ေပးရန္ တာဝန္ရွိေၾကာင္း ေျပာခဲ့သည္။

(ေကတီပယ္ရီတုိ႔စံုတြဲ ယခုလကုန္တြင္ အိမ္အေရာင္းအဝယ္အတြက္ တရားရံုးတြင္ အမႈရင္ဆုိင္ရမည္ျဖစ္သည္။ ဓာတ္ပံု-Getty Images)

 

(ဆက္စပ္သတင္း)

ေပါ့ပ္အဆိုေတာ္မေလး ေကတီပယ္ရီတစ္ေယာက္ ခ်စ္သူနဲ႔ရတဲ့ သမီးေလးအတြက္ ေဒၚလာ ၄ သန္းတန္အိမ္ ဝယ္ဖုိ႔ၾကည့္

https://www.imyanmarhouse.com/news/read/966205

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Katy Perry, Orlando Bloom are trying to take my home from me, dying veteran, 83, says (nypost)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service