မိုးရာသီအတွင်း အိမ်တစ်အိမ်မှာတစ်ပင် မဖြစ်မနေစိုက်ပျိုးထားသင့်တဲ့ ခြင်ပြေးပင်
မိုးရာသီအတွင်း အိမ်တစ်အိမ်မှာတစ်ပင် မဖြစ်မနေစိုက်ပျိုးထားသင့်တဲ့ ခြင်ပြေးပင် - Property Knowledge in Myanmar from iMyanmarHouse.com
30 Jul 2023 1:04 pm တွင် တင်ခဲ့သည်
1288 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
နွေမိုးဆောင်းရာသီသုံးပါးစလုံးမှာ အမြဲတစေ စိတ်အနှောင့်အယှက်ဖြစ်ရတာကတော့ ခြင် တွေကြောင့်ပါပဲ။ အခုလိုမိုးရာသီမှာဆို ပိုပြီးတော့ ခြင် ပေါတာကြောင့် ခြင်ကိုက်ခံရလွန်းလို့ တစ်ကိုယ်လုံးခြင်ကိုက်ဖုတွေချည်း ဖြစ်နေပြီ အဟုတ်။ အိမ်မှာ မွေးကင်းစ၊လူမမယ်ကလေးလေးတွေရှိရင်လည်း ခြင်မှတစ်ဆင့်ဖြစ်ပေါ်တဲ့ သွေးလွန်တုပ်ကွေးရောဂါဖြစ်မှာကြောက်ရသေးတာမို့ ခြံထဲ မဟုတ်လည်း အိမ်ထဲမှာတော့ ခြင်ပြေးအပင်လေးတွေ စိုက်ထားဖို့လိုပြီလေ။ ခြင်ကြောက်တဲ့ စူပါအပင်လေးတွေအကြောင်း ဒီမှာဖတ်ကြည့်လိုက်နော်။
လာဗင်ဒါ
လာဗင်ဒါပန်းပင်လေးတွေရဲ့ ကောင်းကျိုးများစွာပေးတဲ့ ခရမ်းရောင်အပင်လေးတွေပါ။ လာဗင်ဒါအနံ့ဟာ သင်းသင်းလေးနဲ့ စိတ်ကိုကြည့်စေပြီး ညရေးညတာ ကောင်းမွန်စွာအိပ်စက်နိုင်ဖို့အထောက်အကူပြုပါတယ်။ အခန်းတွင်းပန်းအိုးလေးနဲ့ထားရင်လည်း ပန်းကလေးကလှလွန်းတာကြောင့် လှပချစ်ဖို့ကောင်းတဲ့အခန်းပတ်ဝန်းကျင်လေးဖြစ်စေမှာပါ။ လာဗင်ဒါပန်းကလေးများရဲ့နောက်ထပ်အရည်အချင်းတစ်ခုက ခြင်ပြေးစေတာပါ။ လာဗင်ဒါဆီကို အရေပြားပေါ်မှာလိမ်းထားရင် ခြင်ကိုက်ခြင်းမှ ကင်းဝေးနိုင်ပါတယ်။ လာဗင်ဒါရဲ့အနံ့ကို ခြင်လေးတွေကကြောက်တာမို့ အခန်းထဲမှာဖြစ်ဖြစ် ခြံထဲမှာဖြစ်ဖြစ် အခုလိုမိုးရာသီတွင်းမှာ လာဗင်ဒါပင်များကို စိုက်ပျိုးပေးသင့်ပါတယ်။
ရို့စ့်မယ်ရီ
Steak လုပ်တဲ့အခါ အသုံးဝင်တဲ့ Rosemarry ဟင်းခတ်အမွှေးအကြိုင်အပင်လေးများကို သိကြတယ်ဟုတ်။ Rosemarry ပင်လေးတွေဟာ ခြင်ပြေးတဲ့နေရာမှာလည်း အသုံးဝင်ပါသေးတယ်။ Rosemarry ပင်ရဲ့အားသာချက်က ခြံထဲမှာစိုက်ပျိုးလို့ရနိုင်သလို အိမ်တွင်းထဲမှာလည်း စိုက်ပျိုးလို့ရနိုင်ပါတယ်။ Rosemarry ပင်လေးတွေဟာ ခြောက်သွေ့တဲ့ ရာသီဥတုကိုကြိုက်တာမို့လို့ မိုးရာသီလိုဥတုမျိုးမှာအိမ်တွင်းပင်အဖြစ်စိုက်ပျိုးပေးသင့်ပါတယ်။ ရို့မယ်ရီက ထွက်တဲ့အနံ့ဟာ ခြင်ပြေးစေတဲ့အတွက် အိပ်ရာဘေးထားအိပ်သင့်ပါတယ်။
စပါးလင်
ဟင်းချက်ရာမှာလည်းအသုံးဝင် ခြင်ပြေးဖို့လဲအထောက်အကူဖြစ်တဲ့အပင်နောက်တစ်မျိုးကတော့ စပါးလင်ပင်ပါ။ စပါးလင်ဆီက ခြင်ပြေးစေပြီးတော့ စပါးလင်ပင်ကိုဖြတ်ပြီး ဖန်ပုလင်းလေးထဲစိုက်ထားလို့လဲရပါတယ်။ မြန်မာဟင်းတွေချက်ပြုတ်တဲ့နေရာမှာလည်း တစ်မျိုးတစ်ဖုံအသုံးဝင်တဲ့အတွက် အိမ်တိုင်းနီးပါးစပါးလင်ကို စိုက်ပျိုးသင့်ပါတယ်။
ပင်စိမ်း
ဟင်းချက်တဲ့နေရာမှာ အသုံးဝင်လှတဲ့ ပင်စိမ်းပင်ရဲ့ အနံ့စူးစူးလေးကို အိမ်ရှင်မများနှစ်ခြိုက်ကြပေမယ့် ခြင်လေးတွေကတော့ကြောက်ပါတယ်။ ဒါကြောင့်မို့ ပင်စိမ်းပင်ပုပုလေးများကို မီးဖိုချောင်အတွင်းအိမ်တွင်းအပင်လေးအဖြစ်စိုက်ပျိုးထားခြင်းဟာ ခြင်လဲပြေး ဟင်းချက်ဖို့ရာအတွက်လည်း အလွယ်တကူခူးယူအသုံးပြုလို့ရပါတယ်။
ခြင်လေးတွေကြောက်တဲ့ စူပါအပင်လေးတွေအကြောင်းတင်ဆက်ပေးလိုက်ပြီ။ အိမ်မှာစိုက်ဖို့ကတော့ အိမ်ရှင်မတို့တာဝန်ပဲနော်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
လာဗင်ဒါ
ရို့စ့်မယ်ရီ
စပါးလင်
ပင်စိမ်း
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
အသီးအရွက်လေးတွေ ကြာရှည်ခံအောင်သိမ်းနည်း
အသီးအရွက်လေးတွေ ကြာရှည်ခံအောင်သိမ်းနည်း
သိမှတ်စရာ အိမ်ခြံမြေဥပဒေရေးရာ
သိမှတ်စရာ အိမ်ခြံမြေဥပဒေရေးရာ
ခြောက်ခြားဖွယ် လျို့ဝှက်အခန်းပေါင်းများစွာနဲ့ Winchester စံအိမ်
ခြောက်ခြားဖွယ် လျို့ဝှက်အခန်းပေါင်းများစွာနဲ့ Winchester စံအိမ်
တရားဝင်ကိုယ်စားလှယ်များအကြောင်း ဥပဒေဗဟုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရားဝင်ကိုယ်စားလှယ်များအကြောင်း ဥပဒေဗဟုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း
အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
Emerald Bay Condo
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service