သားဖြစ်သူ ဖြစ်ပွားသော အသားဝါရောဂါကို အခြေခံကာ သူဌေးကြီးဖြစ်သွားသော အိန္ဒိယနိုင်ငံသား မဟေ့ ဂုပ္ပတား ၊ ရူပီး ၂၀၀၀၀ (မြန်မာငွေ ၅ သိန်းကျော် ) ဝန်ထမ်း ၄ ဦးဖြင့် စတင်ခဲ့သော လုပ်ငန်းမှာ ယခုအခါ ရူပီး ကုဋေ ၁၀၀၀ တန်ကြေးရှိ ကုမ္ပဏီကြီးဖြစ်လာ
သားဖြစ်သူ ဖြစ်ပွားသော အသားဝါရောဂါကို အခြေခံကာ သူဌေးကြီးဖြစ်သွားသော အိန္ဒိယနိုင်ငံသား မဟေ့ ဂုပ္ပတား ၊ ရူပီး ၂၀၀၀၀ (မြန်မာငွေ ၅ သိန်းကျော် ) ဝန်ထမ်း ၄ ဦးဖြင့် စတင်ခဲ့သော လုပ်ငန်းမှာ ယခုအခါ ရူပီး ကုဋေ ၁၀၀၀ တန်ကြေးရှိ ကုမ္ပဏီကြီးဖြစ်လာ - Property News in Myanmar from iMyanmarHouse.com
25 Jul 2023 1:21 pm တွင် တင်ခဲ့သည်
871 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
မထင်မှတ်သော အဖြစ်အပျက်လေးတစ်ခုက လူတစ်ဦး၏ ဘဝကို ထာဝရ ပြောင်းလဲသွားစေခဲ့သည့် ဖြစ်ရပ်မျိုး ကျွန်ုပ်တို့ မကြာခဏ တွေ့ဖူးကြသည်။ သားဖြစ်သူ အသားဝါရောဂါ ခံစားရသောကြောင့် ကုမ္ပဏီတစ်ခု တည်ထောင်ခဲ့သူ အိန္ဒိယစီးပွားရေးလုပ်ငန်းရှင် မဟေ့ ဂုပ္ပတား (Mahesh Gupta) ၏ ဖြစ်ရပ်မှာလည်း ထိုသို့သော အဖြစ်မျိုးဖြစ်သည်။
(မဟေ့ ဂုပ္ပတား ဘယ်သူလဲ) မက္ကင်းနစ် အင်ဂျင်နီယာတစ်ဦးဖြစ်သူ မဟေ့ ဂုပ္ပတားသည် အိန္ဒိယ ရေသန့်စက် လုပ်ငန်းနယ်ပယ်သို့ ဝင်ရောက်ခဲ့ရာ ယနေ့အခါ အိန္ဒိယ၏ ထိပ်တန်းရေသန့်စက် ကုမ္ပဏီဖြစ်သော Kent RO Systems Ltd. ၏ တည်ထောင်သူ ၊ ဥက္ကဌလည်း ဖြစ်သည်။
မဟေ့ ဂုပ္ပတားသည် ၁၉၇၅ ခုနှစ်တွင် ဥတာ ပရာဒက်ရှ်ပြည်နယ် ၊ ကန်ပူရ်မြို့တွင် တည်ရှိသော IIT Kanpur နည်းပညာတက္ကသိုလ်မှ mechanical engineering ဖြင့် ကျောင်းပြီးခဲ့သူ ဖြစ်သည်။
ယင်းနောက် ဟိမဝန္တာတောင်ခြေအနီး ဥတ္တရာကန်ပြည်နယ် ၊ ဒေရာဒွန်မြို့ရှိ အိန္ဒိယရေနံသိပ္ပံ (IIP) မှ ME ဘွဲ့ရရှိခဲ့သည်။
ဘွဲ့ရပြီးနောက်ပိုင်း ဒေါက်တာ မဟေ့ ဂုပ္ပတားသည် ၁၉၇၇ ခုနှစ်တွင် အိန္ဒိယရေနံလိမိတက်၌ ဝင်ရောက်အလုပ်လုပ်ခဲ့ပြီး ထိုကုမ္ပဏီတွင် ၁၉၈၈ ခုနှစ်အထိ လုပ်ကိုင်ခဲ့သည်။
၁၉၈၈ ခုနှစ်တွင် သူ၏သားဖြစ်သူ အသားဝါရောဂါ ဖြစ်ပွားခဲ့ရာ ထိုဖြစ်ရပ်က ဒေါက်တာ မဟေ့ ဂုပ္ပတား၏ ဘဝကို အပြီးတိုင် ပြောင်းလဲစေခဲ့သည်။
အသားဝါရောဂါမှာ ရေကြောင့်ဖြစ်သော ရောဂါဖြစ်ကြောင်း မဟေ့ ဂုပ္ပတား သိရှိလာပြီးနောက် အိန္ဒိယဈေးကွက်ထဲတွင် ရရှိနိုင်သော ရေသန့်စက်များကို လေ့လာစုံစမ်းမှု ပြုလုပ်ခဲ့သည်။
သို့သော် သူစိတ်ကျေနပ်စေသည့် စက်မျိုး ရှာမတွေ့ခဲ့။ ထို့ကြောင့် မဟေ့ ဂုပ္ပတားက ရေသန့်စက်တစ်ခု ကိုယ်တိုင်ထုတ်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။
မက္ကင်းနစ် အင်ဂျင်နီယာတစ်ဦးဖြစ်သူ မဟေ့ ဂုပ္ပတားအဖို့ စက်တစ်လုံးထုတ်လုပ်ရန်မှာ မခက်ခဲချေ။
ဒေါက်တာ မဟေ့ ဂုပ္ပတားသည် သူ၏ လုပ်ငန်းကို ရူပီး ၂၀၀၀၀ မျှဖြင့် သူ့အိမ်ရှိ အခန်းငယ်လေးတစ်ခုတွင် စတင်ခဲ့ခြင်းဖြစ်သည်။
အိန္ဒိယရေနံလိမိတက်တွင် လုပ်ကိုင်ခဲ့စဉ်က စုဆောင်းထားငွေများဖြင့် လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။
၁၉၈၈ ခုနှစ်တွင် မဟေ့ ဂုပ္ပတားက Kent RO System အမည်ရှိ ကုမ္ပဏီကို ရူပီး ၂၀၀၀၀(မြန်မာငွေ ၅၁၀,၀၀၀) မျှဖြင့် တည်ထောင်ခဲ့ကာ အိမ်သုံး RO ရေသန့်စက်ကို ထုတ်လုပ်ခဲ့သည်။
(မှတ်ချက်။ ဇူလိုင်လ ၁၉ ရက် သတ်မှတ်ငွေလဲနှုန်း - အိန္ဒိယ ၁ ရူပီးလျှင် မြန်မာကျပ်ငွေ ၂၅ ဒသမ ၅ ကျပ်ဖြင့် တွက်ချက်ထားခြင်း ဖြစ်ပါသည်။)
သူ၏ ရေသန့်စက်တွင် ရေသန့်စင်ရန်အတွက် Reverse Osmosis (RO) နည်းပညာကို အသုံးပြုသည်။
ကနဦးကာလများတွင် သူ၏ ထုတ်လုပ်ရေးအဖွဲ့၌ လူ ၄ ဦးသာ ရှိခဲ့ပြီး ရင်းနှီးမြှပ်နှံငွေ ရူပီး ၁၀၀,၀၀၀ သာ ရှိခဲ့သည်။
ယနေ့ကာလတွင် Kent RO System လိမိတက်သည် ဝန်ထမ်းပေါင်း ၃၀၀၀ ကျော်ရှိပြီး နှစ်စဉ်ဝင်ငွေ ရူပီး ကုဋေ ၆၀၀ ကျော်ရှိနေပြီ ဖြစ်ကာ ရှယ်ယာတန်ဖိုး ၄၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: This man started with Rs 20,000, built Rs 1,000 crore company, one incident changed his life forever, his business is...(dnaindia)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
THADAR CONDOMINIUM
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service