ကီဗင်ကော့စနာနှင့် ကွာရှင်းထားသော ဇနီးက အိမ်ပေါ်မှ ဆင်းရန် ပြင်ဆင်ရာ အိုးခွက်ပန်းကန်များနှင့် ရုပ်မြင်သံကြားစက်များ မည်သူပိုင်ဆိုင်သည်ဆိုခြင်းနှင့်စပ်လျဉ်းပြီး အငြင်းပွား

ကီဗင်ကော့စနာနှင့် ကွာရှင်းထားသော ဇနီးက အိမ်ပေါ်မှ ဆင်းရန် ပြင်ဆင်ရာ အိုးခွက်ပန်းကန်များနှင့် ရုပ်မြင်သံကြားစက်များ မည်သူပိုင်ဆိုင်သည်ဆိုခြင်းနှင့်စပ်လျဉ်းပြီး အငြင်းပွား - Property News in Myanmar from iMyanmarHouse.com
21 Jul 2023 10:56 am တွင် တင်ခဲ့သည်
571 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ကွာရှင်းပြတ်စဲထားသော ဇနီးဖြစ်သူ အိမ်ပေါ်မှဆင်းရန် ပြင်ဆင်နေချိန်တွင် ကီဗင်ကော့စနာက ၎င်း၏နေအိမ်ဟုဆိုထားသည့်အရာကို ကာကွယ်ရန် ခြေလှမ်းများပြင်ဆင်လျက်ရှိသည်။

People သတင်းဌာနမှ ရရှိခဲ့သော တရားရုံးစာရွက်စာတမ်းများအရ ကီဗင်ကော့စနာတို့ ကွာရှင်းပြတ်စဲမှုကို တာဝန်ယူကိုင်တွယ်ရသည့် ကယ်လီဖိုးနီးယားအထက်တရားရုံးတရားသူကြီးက Yellowstone ရုပ်သံဇာတ်လမ်းတွဲတွင် မွေးမြူရေးသမားတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူ အော်စကာဆုရှင် ကီဗင်ကော့စနာ၏ တောင်းဆိုချက်ကို ခွင့်ပြုပေးခဲ့သည်။

ကီဗင်ကော့စနာတို့ ဇနီးမောင်နှံ ပေါင်းသင်းနေစဉ်က အတူနေထိုင်ခဲ့သော ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာ ဘာဘရာရှိ စံအိမ်မှ အသက် ၄၉ နှစ်အရွယ် ဇနီးဖြစ်သူ ခရစ္စတင်း အိမ်ပေါ်မှ ဆင်းရန် ပြင်ဆင်ချိန်တွင် နေအိမ်မှ မည်သည့်ပစ္စည်းများ ယူဆောင်ခွင့်မရှိသည်ကို တားမြစ်ခြင်း ဖြစ်သည်။

“ခရစ္စတင်းအနေဖြင့် သူ၏ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ သွားတိုက်ဆေး အစရှိသည့် တကိုယ်ရေသုံးပစ္စည်းများ၊ အဝတ်အစား၊ လက်ကိုင်အိတ်များနှင့် လက်ဝတ်ရတနာတို့ကို ယူဆောင်ရန် ခွင့်ပြုသည်”ဟု ပြီးခဲ့သော သောကြာနေ့တွင် တရားသူကြီး သောမတ်စ် အန်ဒါလီ လက်မှတ်ရေးထိုးထုတ်ပြန်လိုက်သော အမိန့်စာတွင် ဖော်ပြသည်။

သို့သော် လက်ကိုင်အိတ် ဒီဇိုင်နာအဖြစ် လုပ်ကိုင်သူ ခရစ္စတင်းအနေဖြင့် ပရိဘောဂ၊ ပရိဘောဂအခင်းထည်များ၊ အသုံးအဆောင်ပစ္စည်းများနှင့် အနုပညာလက်ရာများ အပါအဝင် နေအိမ်ရှိ အခြားပစ္စည်းများ ယူဆောင်မှုကို တားမြစ်သည်ဟု အမိန့်စာတွင် ဖော်ပြသည်။

 

(ဓာတ်ပုံ-Lester Cohen/Getty)

ဇူလိုင်လ ၁၃ ရက်တွင် ကီဗင်ကော့စနာ၏ ရှေ့နေများက တင်သွင်းသော စာရွက်စာတမ်းများတွင် “ခရစ္စတင်းကို ကီဗင်ကော့စနာပိုင်သော ပစ္စည်းများ သယ်ဆောင်ခြင်း တားမြစ်ပေးရန်၊ သူမ ပိုင်ဆိုင်သော ပစ္စည်းများကိုသာ သယ်ယူရေး စနစ်တကျ အာမခံပေးရန်” တရားရုံးကို တောင်းဆိုခဲ့သည်။

ကီဗင်ကော့စနာက စွပ်စွဲပြောကြားသည်မှာ ၎င်းတို့ ၂၀၀၄ ခုနှစ်တွင် လက်မထပ်မီ ကြိုတင်လက်မှတ်ရေးထိုးခဲ့သော လက်မထပ်မီ အကြိုသဘောတူညီချက် စည်းမျဉ်းများတွင် လက်ထက်ပွားပစ္စည်းဟူ၍ မရှိကြောင်း ပြောသည်။

 

 

(ဓာတ်ပုံ- Kopaloff Filmmagic)

ကီဗင်ကော့စနာ၏ ရှေ့နေအဖွဲ့က ပြောသည်မှာ ခရစ္စတင်းတို့ဘက်သို့ သူမ ယူဆောင်လိုသည့် ပစ္စည်းများစာရင်းပေးရန် တောင်းဆိုခဲ့ကြောင်း ၊ မရေရာသောစာရင်းကိုသာ လက်ခံရရှိခဲ့ကြောင်း ပြောသည်။

“ဥပမာအားဖြင့် ခရစ္စတင်းက ပန်းကန်ပြားများနှင့် ဇလုံများ ငွေထည်ပစ္စည်းများဟု စာရင်းထည့်သွင်းထားသော်လည်း မည်သည့်ပန်းကန် ၊ မည်သည့်ဇလုံ ၊ မည်သည့်ငွေထည်ပစ္စည်းဖြစ်သည်ကို အတိအကျ ဖော်ပြမထားချေ။ ခရစ္စတင်းက သူမ၏ မိသားစုအမွေပစ္စည်းများနှင့် သူမကို လက်ဆောင်ပေးသည့် ပစ္စည်းများစာရင်း ဖော်ပြထားသော်လည်း မည်သည့်ပစ္စည်းများသည် သူမလက်ဆောင်ရသည့် ပစ္စည်းများ ဖြစ်ကြောင်း အတိအကျ ဖော်ပြမထား။” ဟု တရားရုံးစာရွက်စာတမ်းများတွင် ဖော်ပြသည်။

“ခရစ္စတင်းရဲ့ တစ်ကိုယ်ရေသုံး လျှပ်စစ်ပစ္စည်းစာရင်း ဖော်ပြထားပေမယ့် ဘာကိုရည်ညွှန်းတယ်ဆိုတာ အတိအကျ ဖော်ပြမထားပါဘူး။ သူရဲ့ တစ်ကိုယ်ရေသုံးလျှပ်စစ်ပစ္စည်းက ရုပ်မြင်သံကြားစက်လား ၊ ဒါမှမဟုတ် ကွန်ပြူတာတွေကို ရည်ညွှန်းတာလား။ ဘယ်ဟာလဲ။” ဟု ကီဗင်ကော့စနာ၏ ရှေ့နေအဖွဲ့က ပြောသည်။

ခရစ္စတင်း ယူဆောင်လိုသော စာရင်းပေးထားသည့် ခြံဝန်းအတွင်းမှ ပရိဘောဂ ၊ အားကစားလေ့ကျင့်ပစ္စည်းနှင့် ပန်းချီတို့အပါအဝင် အချို့သော ပစ္စည်းများမှာ ကီဗင်ကော့စနာ ပိုင်ဆိုင်သော ပစ္စည်းများဖြစ်ကြောင်း ကီဗင်ကော့စနာ၏ ရှေ့နေအဖွဲ့က ပြောသည်။

 

(ဓာတ်ပုံ- Jeff Kravitz)

၂၀၂၂ ခုနှစ်အတွင်း ဝင်ငွေဒေါ်လာ ၂၄ သန်းခန့် ရှိခဲ့ပြီး ချမ်းသာကြွယ်ဝမှုမှာ ဒေါ်လာ သန်း ၂၀၀ ခန့် ရှိသူ ကီဗင်ကော့စနာက ခရစ္စတင်းအနေဖြင့် အိုးခွက်ပန်းကန် ၊ ဒယ်အိုးများ များစွာ ယူဆောင်မည်ကို စိုးရိမ်လျှက်ရှိသည်။

ခရစ္စတင်းက ကန့်ကွက်သော်လည်း တရားသူကြီး အန်ဒါလီက ကီဗင်ကော့စနာကို အသာပေးကာ ဆုံးဖြတ်ခဲ့တယ်။

၎င်းတို့၏ ကွာရှင်းပြတ်စဲမှုကို ဇူလိုင်လ ၅ ရက်က ကြားနာခဲ့ရာတွင် တရားသူကြီးအန်ဒါလီက ခရစ္စတင်းအား ဆန်တာဘာဘရာမှ ဒေါ်လာ ၁၄၅ သန်းတန် စံအိမ်မှ ပြောင်းရွှေ့ပေးရန် အမိန့်ချမှတ်ခဲ့သည်။

အဆိုပါ စံအိမ်သည် ကီဗင်ကော်စနာနှင့် ခရစ္စတင်းတို့က သားသမီး ၃ ဦးကို ပြုစုပျိုးထောင်ပေးခဲ့သော နေရာလည်း ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Kevin Costner and Ex Dispute Who Gets Silverware, Bowls and TVs as She Prepares to Move Out (people)

 

 

 

 

[Zawgyi]

ကီဗင္ေကာ့စနာႏွင့္ ကြာရွင္းထားေသာ ဇနီးက အိမ္ေပၚမွ ဆင္းရန္ ျပင္ဆင္ရာ အိုးခြက္ပန္းကန္မ်ားႏွင့္ ရုပ္ျမင္သံၾကားစက္မ်ား မည္သူပိုင္ဆိုင္သည္ဆိုျခင္းႏွင့္စပ္လ်ဥ္းျပီး အျငင္းပြား

 

ကြာရွင္းျပတ္စဲထားေသာ ဇနီးျဖစ္သူ အိမ္ေပၚမွဆင္းရန္ ျပင္ဆင္ေနခ်ိန္တြင္ ကီဗင္ေကာ့စနာက ၎၏ေနအိမ္ဟုဆိုထားသည့္အရာကို ကာကြယ္ရန္ ေျခလွမ္းမ်ားျပင္ဆင္လ်က္ရွိသည္။

People သတင္းဌာနမွ ရရွိခဲ့ေသာ တရားရံုးစာရြက္စာတမ္းမ်ားအရ ကီဗင္ေကာ့စနာတို႔ ကြာရွင္းျပတ္စဲမႈကို တာဝန္ယူကိုင္တြယ္ရသည့္ ကယ္လီဖုိးနီးယားအထက္တရားရံုးတရားသူၾကီးက Yellowstone ရုပ္သံဇာတ္လမ္းတြဲတြင္ ေမြးျမဴေရးသမားတစ္ဦးအျဖစ္ ပါဝင္သရုပ္ေဆာင္ခဲ့သူ ေအာ္စကာဆုရွင္ ကီဗင္ေကာ့စနာ၏ ေတာင္းဆိုခ်က္ကို ခြင့္ျပဳေပးခဲ့သည္။

ကီဗင္ေကာ့စနာတို႔ ဇနီးေမာင္ႏွံ ေပါင္းသင္းေနစဥ္က အတူေနထိုင္ခဲ့ေသာ ကယ္လီဖုိးနီးယားျပည္နယ္၊ ဆန္တာ ဘာဘရာရွိ စံအိမ္မွ အသက္ ၄၉ ႏွစ္အရြယ္ ဇနီးျဖစ္သူ ခရစၥတင္း အိမ္ေပၚမွ ဆင္းရန္ ျပင္ဆင္ခ်ိန္တြင္ ေနအိမ္မွ မည္သည့္ပစၥည္းမ်ား ယူေဆာင္ခြင့္မရွိသည္ကို တားျမစ္ျခင္း ျဖစ္သည္။

“ခရစၥတင္းအေနျဖင့္ သူ၏ ဆပ္ျပာ၊ ေခါင္းေလွ်ာ္ရည္၊ သြားတိုက္ေဆး အစရွိသည့္ တကိုယ္ေရသံုးပစၥည္းမ်ား၊ အဝတ္အစား၊ လက္ကိုင္အိတ္မ်ားႏွင့္ လက္ဝတ္ရတနာတို႔ကို ယူေဆာင္ရန္ ခြင့္ျပဳသည္”ဟု ျပီးခဲ့ေသာ ေသာၾကာေန႔တြင္ တရားသူၾကီး ေသာမတ္စ္ အန္ဒါလီ လက္မွတ္ေရးထိုးထုတ္ျပန္လိုက္ေသာ အမိန္႔စာတြင္ ေဖာ္ျပသည္။

သို႔ေသာ္ လက္ကိုင္အိတ္ ဒီဇိုင္နာအျဖစ္ လုပ္ကိုင္သူ ခရစၥတင္းအေနျဖင့္ ပရိေဘာဂ၊ ပရိေဘာဂအခင္းထည္မ်ား၊ အသံုးအေဆာင္ပစၥည္းမ်ားႏွင့္ အႏုပညာလက္ရာမ်ား အပါအဝင္ ေနအိမ္ရွိ အျခားပစၥည္းမ်ား ယူေဆာင္မႈကို တားျမစ္သည္ဟု အမိန္႔စာတြင္ ေဖာ္ျပသည္။

(ဓာတ္ပံု-Lester Cohen/Getty)

ဇူလိုင္လ ၁၃ ရက္တြင္ ကီဗင္ေကာ့စနာ၏ ေရွ႕ေနမ်ားက တင္သြင္းေသာ စာရြက္စာတမ္းမ်ားတြင္ “ခရစၥတင္းကို ကီဗင္ေကာ့စနာပိုင္ေသာ ပစၥည္းမ်ား သယ္ေဆာင္ျခင္း တားျမစ္ေပးရန္၊ သူမ ပိုင္ဆိုင္ေသာ ပစၥည္းမ်ားကိုသာ သယ္ယူေရး စနစ္တက် အာမခံေပးရန္” တရားရံုးကို ေတာင္းဆိုခဲ့သည္။

ကီဗင္ေကာ့စနာက စြပ္စြဲေျပာၾကားသည္မွာ ၎တို႔ ၂၀၀၄ ခုႏွစ္တြင္ လက္မထပ္မီ ၾကိဳတင္လက္မွတ္ေရးထိုးခ့ဲေသာ လက္မထပ္မီ အၾကိဳသေဘာတူညီခ်က္ စည္းမ်ဥ္းမ်ားတြင္ လက္ထက္ပြားပစၥည္းဟူ၍ မရွိေၾကာင္း ေျပာသည္။

(ဓာတ္ပံု- Kopaloff Filmmagic)

ကီဗင္ေကာ့စနာ၏ ေရွ႕ေနအဖြဲ႔က ေျပာသည္မွာ ခရစၥတင္းတုိ႔ဘက္သုိ႔ သူမ ယူေဆာင္လိုသည့္ ပစၥည္းမ်ားစာရင္းေပးရန္ ေတာင္းဆိုခဲ့ေၾကာင္း ၊ မေရရာေသာစာရင္းကိုသာ လက္ခံရရွိခဲ့ေၾကာင္း ေျပာသည္။

“ဥပမာအားျဖင့္ ခရစၥတင္းက ပန္းကန္ျပားမ်ားႏွင့္ ဇလံုမ်ား ေငြထည္ပစၥည္းမ်ားဟု စာရင္းထည့္သြင္းထားေသာ္လည္း မည္သည့္ပန္းကန္ ၊ မည္သည့္ဇလံု ၊ မည္သည့္ေငြထည္ပစၥည္းျဖစ္သည္ကို အတိအက် ေဖာ္ျပမထားေခ်။ ခရစၥတင္းက သူမ၏ မိသားစုအေမြပစၥည္းမ်ားႏွင့္ သူမကို လက္ေဆာင္ေပးသည့္ ပစၥည္းမ်ားစာရင္း ေဖာ္ျပထားေသာ္လည္း မည္သည့္ပစၥည္းမ်ားသည္ သူမလက္ေဆာင္ရသည့္ ပစၥည္းမ်ား ျဖစ္ေၾကာင္း အတိအက် ေဖာ္ျပမထား။” ဟု တရားရံုးစာရြက္စာတမ္းမ်ားတြင္ ေဖာ္ျပသည္။

“ခရစၥတင္းရဲ႕ တစ္ကိုယ္ေရသံုး လွ်ပ္စစ္ပစၥည္းစာရင္း ေဖာ္ျပထားေပမယ့္ ဘာကိုရည္ညႊန္းတယ္ဆိုတာ အတိအက် ေဖာ္ျပမထားပါဘူး။ သူရဲ႕ တစ္ကုိယ္ေရသံုးလွ်ပ္စစ္ပစၥည္းက ရုပ္ျမင္သံၾကားစက္လား ၊ ဒါမွမဟုတ္ ကြန္ျပဴတာေတြကို ရည္ညႊန္းတာလား။ ဘယ္ဟာလဲ။” ဟု ကီဗင္ေကာ့စနာ၏ ေရွ႕ေနအဖြဲ႔က ေျပာသည္။

ခရစၥတင္း ယူေဆာင္လိုေသာ စာရင္းေပးထားသည့္ ျခံဝန္းအတြင္းမွ ပရိေဘာဂ ၊ အားကစားေလ့က်င့္ပစၥည္းႏွင့္ ပန္းခ်ီတို႔အပါအဝင္ အခ်ဳိ႕ေသာ ပစၥည္းမ်ားမွာ ကီဗင္ေကာ့စနာ ပိုင္ဆုိင္ေသာ ပစၥည္းမ်ားျဖစ္ေၾကာင္း ကီဗင္ေကာ့စနာ၏ ေရွ႕ေနအဖြဲ႔က ေျပာသည္။

(ဓာတ္ပံု- Jeff Kravitz)

၂၀၂၂ ခုႏွစ္အတြင္း ဝင္ေငြေဒၚလာ ၂၄ သန္းခန္႔ ရွိခဲ့ျပီး ခ်မ္းသာၾကြယ္ဝမႈမွာ ေဒၚလာ သန္း ၂၀၀ ခန္႔ ရွိသူ ကီဗင္ေကာ့စနာက ခရစၥတင္းအေနျဖင့္ အိုးခြက္ပန္းကန္ ၊ ဒယ္အိုးမ်ား မ်ားစြာ ယူေဆာင္မည္ကို စိုးရိမ္လွ်က္ရွိသည္။

ခရစၥတင္းက ကန္႔ကြက္ေသာ္လည္း တရားသူၾကီး အန္ဒါလီက ကီဗင္ေကာ့စနာကို အသာေပးကာ ဆံုးျဖတ္ခဲ့တယ္။

၎တို႔၏ ကြာရွင္းျပတ္စဲမႈကို ဇူလုိင္လ ၅ ရက္က ၾကားနာခဲ့ရာတြင္ တရားသူၾကီးအန္ဒါလီက ခရစၥတင္းအား ဆန္တာဘာဘရာမွ ေဒၚလာ ၁၄၅ သန္းတန္ စံအိမ္မွ ေျပာင္းေရႊ႕ေပးရန္ အမိန္႔ခ်မွတ္ခ့ဲသည္။

အဆိုပါ စံအိမ္သည္ ကီဗင္ေကာ္စနာႏွင့္ ခရစၥတင္းတို႔က သားသမီး ၃ ဦးကုိ ျပဳစုပ်ဳိးေထာင္ေပးခဲ့ေသာ ေနရာလည္း ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Kevin Costner and Ex Dispute Who Gets Silverware, Bowls and TVs as She Prepares to Move Out (people)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service