ကိုရီးယားရုပ်ရှင်မင်းသမီး Jun Ji Hyun လက်ငင်းငွေသားပေးချေကာ ဝယ်ယူခဲ့သော Penthouse ခန်းမှာ ၂၀၂၂ ခုနှစ်အတွင်း ဆိုးလ်မြို့တော်၏ တန်ဖိုးအကြီးဆုံး လူနေခန်းအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ပေါ်ပေါက်လာ

ကိုရီးယားရုပ်ရှင်မင်းသမီး Jun Ji Hyun လက်ငင်းငွေသားပေးချေကာ ဝယ်ယူခဲ့သော Penthouse ခန်းမှာ ၂၀၂၂ ခုနှစ်အတွင်း ဆိုးလ်မြို့တော်၏ တန်ဖိုးအကြီးဆုံး လူနေခန်းအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ပေါ်ပေါက်လာ - Property News in Myanmar from iMyanmarHouse.com
3 Jul 2023 11:06 am တွင် တင်ခဲ့သည်
511 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ယခုနှစ် မေလအတွင်း ကိုရီးယား ဘဏ္ဍာရေးဆိုင်ရာ သတင်းမီဒီယာတို့၏ ထုတ်ပြန်ချက်အရ ကိုရီးယားရုပ်ရှင်ကြယ်ပွင့် Jun Ji Hyun သည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း ဆိုးလ်မြို့တော်၊ Seongsu-dong 1 အရပ်ရှိ Acro Seoul Forest အဆောက်အအုံကြီး၏ အပေါ်ဆုံးထပ် တန်ဖိုးကြီး လူနေခန်းကို ဝမ်ငွေ ၁၃ ဘီလီယံ (ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းခန့်) ဖြင့် ဝယ်ယူခဲ့ကြောင်း ဖော်ပြသည်။

Acro Seoul Forest အဆောက်အအုံ၏ ၄၇ ထပ်မြောက်တွင် တည်ရှိပြီး အကျယ်အဝန်းမှာ ၂၆၄ စတုရန်းမီတာ (စတုရန်းပေ ၂၈၀၀) ရှိသည်။

 

 

Jun Ji Hyun နှင့် ခင်ပွန်းဖြစ်သူ Choi Jun Hyuk တို့သည် ဤအခန်းကို ငွေသားဖြင့် ပေးချေကာ ဝယ်ယူခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဝယ်ယူမှုတွင် Jun Ji Hyun က ငွေကြေး ၁၃ ပုံတွင် ၁၂ ပုံထည့်ဝင်ထားပြီး ခင်ပွန်းဖြစ်သူ ဘဏ်လုပ်ငန်းရှင် Choi Jun Hyuk မှာ ၁၃ ပုံ ၁ ပုံ ထည့်ဝင်ကာ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

Jun Ji Hyun တို့စုံတွဲ၏ ယခုအခန်းဝယ်ယူမှု့ကို ဆိုးလ်မြို့တော် အိမ်ခြံမြေလောကတစ်ခုလုံးက အာရုံစိုက်မိခဲ့ကြသည်။

 

ဝမ်ငွေ ၁၃ ဘီလီယံဆိုသည့်ပမာဏမှာ ၂၀၂၂ ခုနှစ်အတွင်း ဆိုးလ်မြို့တော်ရှိ တိုက်ခန်းဈေးနှုန်းများတွင် အမြင့်မားဆုံးနှုန်းထား ဖြစ်နေသောကြောင့်ပင်။

ယခင်ပိုင်ရှင်က ထိုအခန်းကို ၂၀၁၇ ခုနှစ်အတွင်း ဝမ်ငွေ ၆ ဒသမ ၀၆ ဘီလီယံဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ရာ ယခုအရောင်းအဝယ်တွင် ဝမ်ငွေ ၇ ဘီလီယံနီးပါး မြတ်စွန်းခဲ့သည်။

 

 

Acro Seoul Forest လူနေအိမ်ရာတွင် တန်ဖိုးကြီးလူနေခန်းများနှင့် ကူးသန်းရောင်းဝယ်ရေးနေရာတို့ ပေါင်းစပ်ထားသည်။

Jun Ji Hyun တို့စုံတွဲက အဆိုပါအခန်းကို ၎င်းတို့၏ ကုမ္ပဏီဖြစ်သော Alpha ကုမ္ပဏီမှတဆင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

Alpha ကုမ္ပဏီကို Jun Ji Hyun က ၉၂ ဒသမ ၃ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး Joon Hyuk က ၇ ဒသမ ၇ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။

အသက် ၄၁ နှစ် အရွယ်ရှိပြီဖြစ်သော Jun Ji Hyun သည် ယခုအခန်းအပြင် အခြားအိမ်ခြံမြေများစွာ ပိုင်ဆိုင်ထားကာ စုစုပေါင်း ကာလတန်ကြေးအားဖြင့် ယမ်ငွေ ၁၄၀ ဘီလီယံ (ကန်ဒေါ်လာ ၁၀၃ ဒသမ ၇ သန်း) ဖိုးရှိရာ အချမ်းသာဆုံးကိုရီးယားကြယ်ပွင့်များတွင် တစ်ဦးအပါအဝင်ဖြစ်သည်။

 

 

Jun Ji Hyun သည် Samsung-dong 1’Park အရပ်တွင်လည်း လူနေခန်းတစ်ခန်းပိုင်ဆိုင်ထားသည်။ ထိုအခန်းကို ၂၀၀၅ ခုနှစ်အတွင်းက ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အခြား အဆောက်အအုံ ၃ ခုလည်း ပိုင်ဆိုင်ထားရာ Yongsan-gu Ichon-dong အရပ်တွင် ၂ ထပ် အဆောက်အအုံ ၁ လုံး၊ Gangnam-gu Samsung-dong အရပ်တွင် Starbucks ဆိုင်ဖွင့်ထားသော ၂ ထပ် အဆောက်အအုံနှင့် Gangseo-gu Deungchon-dong အရပ်တွင် လျှပ်စစ်ပစ္စည်းဆိုင် ဖွင့်လှစ်ထားသော ၃ ထပ်အဆောက်အအုံတို့ ဖြစ်သည်။

 

Jun Ji Hyun တို့စုံတွဲတွင် အသက် ၅ နှစ်နှင့် ၇ နှစ်အရွယ် ရင်သွေး ၂ ဦးထွန်းကားထားပြီး ယခုဝယ်ယူလိုက်သည့် အခန်းသို့ မကြာမီတွင် ပြောင်းရွှေ့နေထိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။

အဆိုပါအဆောက်အအုံကြီးတွင် တောင်ကိုရီးယား၏ အထင်ရှားဆုံးတေးထုတ်လုပ်ရေး အေဂျင်စီများတွင် တစ်ခုအပါအဝင်ဖြစ်သော SM Entertainment သည်လည်း ရုံးစိုက်ထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Jun Ji Hyun revealed as the buyer of the most expensive apartment home in Seoul of 2022 (alljpop, 8days)

 

 

 

[Zawgyi]

 

ကိုရီးယားရုပ္ရွင္မင္းသမီး Jun Ji Hyun လက္ငင္းေငြသားေပးေခ်ကာ ဝယ္ယူခဲ့ေသာ Penthouse ခန္းမွာ ၂၀၂၂ ခုႏွစ္အတြင္း ဆိုးလ္ျမိဳ႕ေတာ္၏ တန္ဖိုးအၾကီးဆံုး လူေနခန္းအေရာင္းအဝယ္ျဖစ္ခဲ့ေၾကာင္း ေပၚေပါက္လာ

 

 

ယခုႏွစ္ ေမလအတြင္း ကိုရီးယား ဘ႑ာေရးဆိုင္ရာ သတင္းမီဒီယာတို႔၏ ထုတ္ျပန္ခ်က္အရ ကိုရီးယားရုပ္ရွင္ၾကယ္ပြင့္ Jun Ji Hyun သည္ ၂၀၂၂ ခုႏွစ္၊ စက္တင္ဘာလအတြင္း ဆိုးလ္ျမိဳ႕ေတာ္၊ Seongsu-dong 1 အရပ္ရွိ Acro Seoul Forest အေဆာက္အအံုၾကီး၏ အေပၚဆံုးထပ္ တန္ဖိုးၾကီး လူေနခန္းကို ဝမ္ေငြ ၁၃ ဘီလီယံ (ကန္ေဒၚလာ ၉ ဒသမ ၈ သန္းခန္႔) ျဖင့္ ဝယ္ယူခဲ့ေၾကာင္း ေဖာ္ျပသည္။

Acro Seoul Forest အေဆာက္အအံု၏ ၄၇ ထပ္ေျမာက္တြင္ တည္ရွိျပီး အက်ယ္အဝန္းမွာ ၂၆၄ စတုရန္းမီတာ (စတုရန္းေပ ၂၈၀၀) ရွိသည္။ Jun Ji Hyun ႏွင့္ ခင္ပြန္းျဖစ္သူ Choi Jun Hyuk တုိ႔သည္ ဤအခန္းကို ေငြသားျဖင့္ ေပးေခ်ကာ ဝယ္ယူခဲ့ျခင္း ျဖစ္သည္ဟု ဆိုသည္။

ဝယ္ယူမႈတြင္ Jun Ji Hyun က ေငြေၾကး ၁၃ ပံုတြင္ ၁၂ ပံုထည့္ဝင္ထားျပီး ခင္ပြန္းျဖစ္သူ ဘဏ္လုပ္ငန္းရွင္ Choi Jun Hyuk မွာ ၁၃ ပံု ၁ ပံု ထည့္ဝင္ကာ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

Jun Ji Hyun တို႔စံုတြဲ၏ ယခုအခန္းဝယ္ယူမႈ႕ကို ဆိုးလ္ျမိဳ႕ေတာ္ အိမ္ျခံေျမေလာကတစ္ခုလံုးက အာရံုစိုက္မိခဲ့ၾကသည္။

ဝမ္ေငြ ၁၃ ဘီလီယံဆိုသည့္ပမာဏမွာ ၂၀၂၂ ခုႏွစ္အတြင္း ဆိုးလ္ျမိဳ႕ေတာ္ရွိ တိုက္ခန္းေစ်းႏႈန္းမ်ားတြင္ အျမင့္မားဆံုးႏႈန္းထား ျဖစ္ေနေသာေၾကာင့္ပင္။

ယခင္ပိုင္ရွင္က ထိုအခန္းကို ၂၀၁၇ ခုနွစ္အတြင္း ဝမ္ေငြ ၆ ဒသမ ၀၆ ဘီလီယံျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ရာ ယခုအေရာင္းအဝယ္တြင္ ဝမ္ေငြ ၇ ဘီလီယံနီးပါး ျမတ္စြန္းခဲ့သည္။

Acro Seoul Forest လူေနအိမ္ရာတြင္ တန္ဖုိးၾကီးလူေနခန္းမ်ားႏွင့္ ကူးသန္းေရာင္းဝယ္ေရးေနရာတို႔ ေပါင္းစပ္ထားသည္။

Jun Ji Hyun တို႔စံုတြဲက အဆိုပါအခန္းကို ၎တုိ႔၏ ကုမၸဏီျဖစ္ေသာ Alpha ကုမၸဏီမွတဆင့္ ဝယ္ယူခဲ့ျခင္းျဖစ္သည္။

Alpha ကုမၸဏီကို Jun Ji Hyun က ၉၂ ဒသမ ၃ ရာခိုင္ႏႈန္း ပိုင္ဆိုင္ျပီး Joon Hyuk က ၇ ဒသမ ၇ ရာခိုင္ႏႈန္း ပိုင္ဆိုင္သည္။

အသက္ ၄၁ ႏွစ္ အရြယ္ရွိျပီျဖစ္ေသာ Jun Ji Hyun သည္ ယခုအခန္းအျပင္ အျခားအိမ္ျခံေျမမ်ားစြာ ပိုင္ဆိုင္ထားကာ စုစုေပါင္း ကာလတန္ေၾကးအားျဖင့္ ယမ္ေငြ ၁၄၀ ဘီလီယံ (ကန္ေဒၚလာ ၁၀၃ ဒသမ ၇ သန္း) ဖိုးရွိရာ အခ်မ္းသာဆံုးကိုရီးယားၾကယ္ပြင့္မ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္သည္။

Jun Ji Hyun သည္ Samsung-dong 1’Park အရပ္တြင္လည္း လူေနခန္းတစ္ခန္းပိုင္ဆိုင္ထားသည္။ ထိုအခန္းကို ၂၀၀၅ ခုႏွစ္အတြင္းက ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ထို႔အျပင္ အျခား အေဆာက္အအံု ၃ ခုလည္း ပိုင္ဆိုင္ထားရာ Yongsan-gu Ichon-dong အရပ္တြင္ ၂ ထပ္ အေဆာက္အအံု ၁ လံုး၊ Gangnam-gu Samsung-dong အရပ္တြင္ Starbucks ဆိုင္ဖြင့္ထားေသာ ၂ ထပ္ အေဆာက္အအံုႏွင့္ Gangseo-gu Deungchon-dong အရပ္တြင္ လွ်ပ္စစ္ပစၥည္းဆိုင္ ဖြင့္လွစ္ထားေသာ ၃ ထပ္အေဆာက္အအံုတို႔ ျဖစ္သည္။

Jun Ji Hyun တို႔စံုတြဲတြင္ အသက္ ၅ ႏွစ္ႏွင့္ ၇ ႏွစ္အရြယ္ ရင္ေသြး ၂ ဦးထြန္းကားထားျပီး ယခုဝယ္ယူလိုက္သည့္ အခန္းသို႔ မၾကာမီတြင္ ေျပာင္းေရႊ႕ေနထုိင္ဖြယ္ရွိသည္ဟု ခန္႔မွန္းရသည္။

အဆိုပါအေဆာက္အအံုၾကီးတြင္ ေတာင္ကိုရီးယား၏ အထင္ရွားဆံုးေတးထုတ္လုပ္ေရး ေအဂ်င္စီမ်ားတြင္ တစ္ခုအပါအဝင္ျဖစ္ေသာ SM Entertainment သည္လည္း ရံုးစိုက္ထားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Jun Ji Hyun revealed as the buyer of the most expensive apartment home in Seoul of 2022 (alljpop, 8days)

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ...
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ...
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွမ်းထက်လှကြောင်း တွေ့ရှိ...
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွမ်းထက်လှကြောင်း တွေ့ရှိ...
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျောက်ဖြစ်နေကြောင်း တွေ့ခဲ့ရသည့် ဆန်းကြယ်သော ဖြစ်ပုံ...
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျောက်ဖြစ်နေကြောင်း တွေ့ခဲ့ရသည့် ဆန်းကြယ်သော ဖြစ်ပုံ...
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ...
ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ဆံပင်ဆေးဆိုးခြင်းနှင့် ဆံပင်ဖြောင့်ခြင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ မြင့်မားစေကြောင်း အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
လိုင်စင်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ရေးသားဖော်ပြပေးလိုက်ပါသည်။
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service