ရော့ခ်ဂီတအဖွဲ့ကြီး Led Zeppelin မှ ဘေ့စ်ဂစ်တာသမား ပိုင်ဆိုင်ခဲ့ဖူးသော အင်္ဂလန်မှ ၁၈ ရာစု ကျေးလက်အိမ် ပေါင် ၁၀ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

ရော့ခ်ဂီတအဖွဲ့ကြီး Led Zeppelin မှ ဘေ့စ်ဂစ်တာသမား ပိုင်ဆိုင်ခဲ့ဖူးသော အင်္ဂလန်မှ ၁၈ ရာစု ကျေးလက်အိမ် ပေါင် ၁၀ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
26 Jun 2023 12:15 pm တွင် တင်ခဲ့သည်
959 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ရော့ခ်ဂီတအဖွဲ့ကြီး Led Zeppelin မှ ဘေ့စ်ဂစ်တာသမားနှင့် အင်္ဂလန်ရော့ခ်ဂီတအဖွဲ့ Duran Duran ၏ မန်နေဂျာတို့ ပိုင်ဆိုင်ခဲ့ဖူးသော အင်္ဂလန်မှ ၁၈ ရာစု ကျေးလက်အိမ် ပေါင် ၁၀ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

၁၇၆၀ ပြည့်နှစ်က ဆောက်လုပ်ခဲ့သောစံအိမ်ဖြစ်ပြီး အိပ်ခန်း ၈ ခန်း ၊ ရေကူးကန် ၊ သီးခြားအိမ်တစ်လုံး ၊ ကိုယ်ပိုင်ကမ်းခြေနှင့် လှေအိမ်တို့ပါဝင်သည်။

အင်္ဂလန်နိုင်ငံအနောက်တောင်ပိုင်း ဒီဗွန်ရှိုင်းယားခရိုင် Dart မြစ်ကမ်းဘေး Dittisham ကျေးရွာတွင် တည်ရှိပြီး ၁၉၈၀ ပြည့်လွန်ကာလများအတွင်း Led Zeppelin အဖွဲ့ကြီး၏ ဘေ့စ်ဂစ်တာသမား ဂျွန်ပေါလ်ဂျုံးစ်နှင့် Duran Duran အဖွဲ့၏ မန်နေဂျာ မိုက်ကယ်ဘာရိုးတို့ ပိုင်ဆိုင်ခဲ့ကြဖူးသည်။

ခြံဝန်းအကျယ် ၅ ဒသမ ၇၅ ဧကရှိပြီး ၂၀၀၇ ခုနှစ်အတွင်းက အရောင်းဈေးကွက်တင်ခဲ့ရာတွင် တိုက်တန်းနစ်မင်းသမီး ကိတ်ဝင်းစလက် လာရောက်ကြည့်ရှုခဲ့ဖူးသည်။

 

 

 

(၁၇၆၀ ပြည့်နှစ်က ဆောက်လုပ်ခဲ့ပြီး အိပ်ခန်း ၈ ခန်းပါဝင်သည်။)

 

(Dart မြစ်ကမ်းဘေးတွင် တည်ရှိသော စံအိမ်ကို ပေါင် ၁၀ သန်းနီးပါး ဈေးခေါ်ထားသည်။)

 

(Led Zeppelin အဖွဲ့ကြီး၏ ဘေ့စ်ဂစ်တာသမား ဂျွန်ပေါလ်ဂျုံးစ်က ဤစံအိမ်တွင် ၁၉၈၀ ပြည့်လွန်အစောပိုင်းကာလများတွင် နေထိုင်ခဲ့သည်။)

 

ဂျွန်ပေါလ်ဂျုံးစ်၏ ဇနီး ဖရန်ဆက်က ပြောသည်မှာ ခင်ပွန်းဖြစ်သူသည် Dart မြစ်တွင် ငါးဖမ်းခွင့် ရခဲ့သော်လည်း ထိုစဉ်က ထိုဒေသတွင် အိမ်မရှိခဲ့သောကြောင့် ယာယီတဲထိုးကာ နေထိုင်ခဲ့ကြပြီး နောက်ပိုင်းတွင် ယခုအိမ်ကို ဝယ်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

Duran Duran ၏ မန်နေဂျာ ဘာရိုးတို့မိသားစု လက်ထက်တွင် နေအိမ်ကို ကောင်းကင်အလင်း ရစေရန် မွမ်းမံပြုပြင်ခြင်း ၊ ပြင်သစ်တံခါးများတပ်ဆင်ခြင်းတို့ ပြုလုပ်ခဲ့သည်။

ရှေးယခင်က ခရစ်ယာန်ဘုန်းတော်ကြီး အိမ်တော်အဖြစ် အသုံးပြုခဲ့ပြီး ၁၉၇၀ ပြည့်လွန်ကာလများတွင် မီးသင့်ခဲ့ပြီး အခွန်မျှသာ ကျန်ရစ်ခဲ့သည်။

 

 

 

(၂၀၀၇ ခုနှစ်အတွင်းက အရောင်းဈေးကွက်တင်ခဲ့ဖူးသေးပြီး ထိုစဉ်က ဟောလိဝုဒ်ကြယ်ပွင့် ကိတ်ဝင်းစလက်က ဝယ်ယူရန် စိတ်ဝင်စားကာ လာရောက်ကြည့်ရှုခဲ့သည်ဟု ဆိုသည်။ ပုံတွင်တွေ့ရသည်မှာ ဧည့်ခန်းဖြစ်သည်။)

 

 

 

(စံအိမ်အတွင်း ခေတ်မီမီးဖိုဆောင် ၊ မနက်စာစားခန်းနှင့် နားနေခန်းတို့ပါဝင်သည်။)

 

 

(ပုံတွင် တွေ့ရသည်မှာ ခြံဝန်း ၊ရေကူးကန်နှင့် စံအိမ်တို့ဖြစ်သည်။)

 

ဘာရိုးတို့မိသားစုသည် ဤအိမ်ကို ၂၀၀၇ ခုနှစ်အတွင်း ရောင်းချခဲ့ပြီး ယခုအခါ Knight Frank အိမ်ခြံမြေကုမ္ပဏီမှတဆင့် ပေါင် ၉၇၅၀၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်ရောက်လာခြင်း ဖြစ်သည်။

RightMove တွင် ဖော်ပြထားသော အရောင်းကြော်ငြာအရ ‘ခရစ်ယာန်ဘုန်းတော်ကြီး အဆောက်အအုံဟောင်းကို မိသားစုနေအိမ်အဖြစ် စိတ်ကူးစိတ်သန်းကောင်းကောင်းဖြင့် ပြန်လည်မွမ်းမံထားသည်။ ၁၇၆၀ ပြည့်နှစ်က စံအိမ်ဖြစ်ပြီး အချိုးအစားကျကာ လှပသည်။ မြင့်မားသော မျက်နှာကြက်များ များပြားလှသောအခန်းများ ပါဝင်ကာ အထပ်အောက်လျှောထိုး ကြီးမားသော ပြတင်းပေါက်များ များစွာတပ်ဆင်ထားသောကြောင့် အလင်းရောင်ကောင်းစွာရသည့်အပြင် Dart မြစ်နှင့် ဝန်းကျင်ကျေးလက်ရှုမျှော်ခင်းများကို ကြည့်ရှုခံစားနိုင်သည်’ဟု ဖော်ပြထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Stairway to Devon: Eight-bed 18th century country pile owned by Led Zeppelin bassist and the manager of Duran Duran goes on the market for £10million (dailymail)

 

 

 

 

 

[Zawgyi]

ေရာ့ခ္ဂီတအဖြဲ႔ၾကီး Led Zeppelin မွ ေဘ့စ္ဂစ္တာသမား ပိုင္ဆိုင္ခဲ့ဖူးေသာ အဂၤလန္မွ ၁၈ ရာစု ေက်းလက္အိမ္ ေပါင္ ၁၀ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာ

 

ေရာ့ခ္ဂီတအဖြဲ႔ၾကီး Led Zeppelin မွ ေဘ့စ္ဂစ္တာသမားႏွင့္ အဂၤလန္ေရာ့ခ္ဂီတအဖြဲ႔ Duran Duran ၏ မန္ေနဂ်ာတို႔ ပိုင္ဆိုင္ခဲ့ဖူးေသာ အဂၤလန္မွ ၁၈ ရာစု ေက်းလက္အိမ္ ေပါင္ ၁၀ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာသည္။

၁၇၆၀ ျပည့္ႏွစ္က ေဆာက္လုပ္ခဲ့ေသာစံအိမ္ျဖစ္ျပီး အိပ္ခန္း ၈ ခန္း ၊ ေရကူးကန္ ၊ သီးျခားအိမ္တစ္လံုး ၊ ကိုယ္ပိုင္ကမ္းေျခႏွင့္ ေလွအိမ္တို႔ပါဝင္သည္။

အဂၤလန္ႏိုင္ငံအေနာက္ေတာင္ပိုင္း ဒီဗြန္ရိႈင္းယားခရိုင္ Dart ျမစ္ကမ္းေဘး Dittisham ေက်းရြာတြင္ တည္ရွိျပီး ၁၉၈၀ ျပည့္လြန္ကာလမ်ားအတြင္း Led Zeppelin အဖြဲ႔ၾကီး၏ ေဘ့စ္ဂစ္တာသမား ဂၽြန္ေပါလ္ဂ်ံဳးစ္ႏွင့္ Duran Duran အဖြဲ႔၏ မန္ေနဂ်ာ မိုက္ကယ္ဘာရိုးတို႔ ပိုင္ဆိုင္ခဲ့ၾကဖူးသည္။

ျခံဝန္းအက်ယ္ ၅ ဒသမ ၇၅ ဧကရွိျပီး ၂၀၀၇ ခုႏွစ္အတြင္းက အေရာင္းေစ်းကြက္တင္ခဲ့ရာတြင္ တုိက္တန္းနစ္မင္းသမီး ကိတ္ဝင္းစလက္ လာေရာက္ၾကည့္ရႈခဲ့ဖူးသည္။

(၁၇၆၀ ျပည့္ႏွစ္က ေဆာက္လုပ္ခဲ့ျပီး အိပ္ခန္း ၈ ခန္းပါဝင္သည္။) (Dart ျမစ္ကမ္းေဘးတြင္ တည္ရွိေသာ စံအိမ္ကုိ ေပါင္ ၁၀ သန္းနီးပါး ေစ်းေခၚထားသည္။)

(Led Zeppelin အဖြဲ႔ၾကီး၏ ေဘ့စ္ဂစ္တာသမား ဂၽြန္ေပါလ္ဂ်ံဳးစ္က ဤစံအိမ္တြင္ ၁၉၈၀ ျပည့္လြန္အေစာပိုင္းကာလမ်ားတြင္ ေနထုိင္ခဲ့သည္။)

ဂၽြန္ေပါလ္ဂ်ံဳးစ္၏ ဇနီး ဖရန္ဆက္က ေျပာသည္မွာ ခင္ပြန္းျဖစ္သူသည္ Dart ျမစ္တြင္ ငါးဖမ္းခြင့္ ရခဲ့ေသာ္လည္း ထိုစဥ္က ထုိေဒသတြင္ အိမ္မရွိခဲ့ေသာေၾကာင့္ ယာယီတဲထိုးကာ ေနထုိင္ခဲ့ၾကျပီး ေနာက္ပိုင္းတြင္ ယခုအိမ္ကို ဝယ္ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာသည္။

Duran Duran ၏ မန္ေနဂ်ာ ဘာရိုးတို႔မိသားစု လက္ထက္တြင္ ေနအိမ္ကို ေကာင္းကင္အလင္း ရေစရန္ မြမ္းမံျပဳျပင္ျခင္း ၊ ျပင္သစ္တံခါးမ်ားတပ္ဆင္ျခင္းတုိ႔ ျပဳလုပ္ခဲ့သည္။

ေရွးယခင္က ခရစ္ယာန္ဘုန္းေတာ္ၾကီး အိမ္ေတာ္အျဖစ္ အသံုးျပဳခဲ့ျပီး ၁၉၇၀ ျပည့္လြန္ကာလမ်ားတြင္ မီးသင့္ခဲ့ျပီး အခြန္မွ်သာ က်န္ရစ္ခဲ့သည္။

(၂၀၀၇ ခုႏွစ္အတြင္းက အေရာင္းေစ်းကြက္တင္ခဲ့ဖူးေသးျပီး ထုိစဥ္က ေဟာလိဝုဒ္ၾကယ္ပြင့္ ကိတ္ဝင္းစလက္က ဝယ္ယူရန္ စိတ္ဝင္စားကာ လာေရာက္ၾကည့္ရႈခဲ့သည္ဟု ဆိုသည္။ ပံုတြင္ေတြ႔ရသည္မွာ ဧည့္ခန္းျဖစ္သည္။)

(စံအိမ္အတြင္း ေခတ္မီမီးဖုိေဆာင္ ၊ မနက္စာစားခန္းႏွင့္ နားေနခန္းတို႔ပါဝင္သည္။)

(ပံုတြင္ ေတြ႔ရသည္မွာ ျခံဝန္း ၊ေရကူးကန္ႏွင့္ စံအိမ္တုိ႔ျဖစ္သည္။) ဘာရိုးတို႔မိသားစုသည္ ဤအိမ္ကို ၂၀၀၇ ခုႏွစ္အတြင္း ေရာင္းခ်ခဲ့ျပီး ယခုအခါ Knight Frank အိမ္ျခံေျမကုမၸဏီမွတဆင့္ ေပါင္ ၉၇၅၀၀၀၀ ျဖင့္ အေရာင္းေစ်းကြက္ဝင္ေရာက္လာျခင္း ျဖစ္သည္။

RightMove တြင္ ေဖာ္ျပထားေသာ အေရာင္းေၾကာ္ျငာအရ ‘ခရစ္ယာန္ဘုန္းေတာ္ၾကီး အေဆာက္အအံုေဟာင္းကို မိသားစုေနအိမ္အျဖစ္ စိတ္ကူးစိတ္သန္းေကာင္းေကာင္းျဖင့္ ျပန္လည္မြမ္းမံထားသည္။ ၁၇၆၀ ျပည့္ႏွစ္က စံအိမ္ျဖစ္ျပီး အခ်ဳိးအစားက်ကာ လွပသည္။ ျမင့္မားေသာ မ်က္ႏွာၾကက္မ်ား မ်ားျပားလွေသာအခန္းမ်ား ပါဝင္ကာ အထပ္ေအာက္ေလွ်ာထိုး ၾကီးမားေသာ ျပတင္းေပါက္မ်ား မ်ားစြာတပ္ဆင္ထားေသာေၾကာင့္ အလင္းေရာင္ေကာင္းစြာရသည့္အျပင္ Dart ျမစ္ႏွင့္ ဝန္းက်င္ေက်းလက္ရႈေမွ်ာ္ခင္းမ်ားကို ၾကည့္ရႈခံစားႏိုင္သည္’ဟု ေဖာ္ျပထားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Stairway to Devon: Eight-bed 18th century country pile owned by Led Zeppelin bassist and the manager of Duran Duran goes on the market for £10million (dailymail)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service