Knowledge | Posted by Si Thu Aung
[Unicode]
ကျွန်မကလောမြို့မှာ အရိုးရှင်းဆုံးလည်ပတ်ခဲ့တဲ့လေးရက်အတွင်း သွားခဲ့တဲ့အတွေ့အကြုံတွေကို မျှဝေပေးချင်ပါတယ်။ ကလောမြို့အတွင်းဆိုလည်ပတ်စရာသိပ်များများစားစားမရှိပေမဲ့ ကလောမြို့လေးက ရှမ်းပြည်တောင်ပိုင်းမှ မြန်မာနိုင်ငံအလယ်ပိုင်းသို့ ဆင်းရာတံခါးပေါက်ကဲ့သို့ ဖြစ်နေတာကြောင့် မြို့အနားတစ်ဝိုက်မှာ တောင်ကြီး၊ အင်းလေး၊ ရွာငံ၊ ပင်းတယ၊ အောင်ပန်းမြို့ စတဲ့မြို့တွေကို နေ့ချင်းပြန် သွားရောက်လည်ပတ်စရာတွေရှိပါတယ်။ မန္တလေးကနေ ကလောကို ဆိုင်ကယ်နဲ့ လာကြတဲ့အဖွဲ့နဲ့လဲမိတ်ဆွေဖြစ်ခဲ့ပါသေးတယ်။
ကလောရောက်ပြီဆိုတဲ့ အသံကြောင့် ကားပေါ်က ဆင်းလိုက်တာနဲ့အသက်တဝကြီးရှုလိုက်မိတယ်။ ရန်ကုန်ကလေထုနဲ့မတူပဲ ရှုသွင်းလိုက်ရတဲ့လေထုကအစ အေးချမ်းလွန်းလို့ စိတ်ကအလိုလိုပျော်လာတယ်။ ဘာတွေစလုပ်ရမလဲဆိုတဲ့စိတ်နဲ့ တစ်ယောက်တည်းထွက်လာတဲ့ Solo trip အတွက် ရင်ခုန်လွန်းလို့အပျော်ကြီးပျော်နေမိပြီ။
ပထမရက်မှာဘယ်ကိုလည်သင့်လဲ ?
ကလောကို Express နဲ့လာမယ်ဆိုရင်တော့ ခရီးမပန်းအောင် အထူးကားနဲ့လာစေချင်ပါတယ်။ ညနေ ၄ နာရီမှာ စထွက်ပြီး ည (၁၂) ကာဖြူးအချိန် ၃ နာရီ ၄ နာရီခန့်လောက် ခရီးတစ်ထောင့်နားပြီး မနက် ၆ နာရီဝန်းကျင်လောက် ကလောမြို့ကိုစရောက်ခဲ့ပါတယ်။ တစ်ယောက်တည်းဆိုတော့ မြို့အဝေးမှာတည်းတာထက် မြို့ထဲက Hotel ကိုပဲမလာခင်ကြိုပြီး booking လုပ်ထားစေချင်ပါတယ်။
ကလောမြို့ကို လည်ပတ်ဖို့ စက်ဘီးငှားပြီးလည်ပတ်နိုင်သလို ဆိုင်ကယ်စီးတတ်ရင် ဆိုင်ကယ်အငှားဝန်ဆောင်မှုလဲရှိပါတယ်။ ကျွန်မကတော့ ၅နာရီစာစက်ဘီးငှားပြီး ကလောမြို့ကိုစပြီးပတ်ခဲ့ပါတယ်။ တောင်ပေါ်မြို့ဆိုတဲ့အတိုင်း မြို့ထဲမှာတင် ကုန်းအမြင့်တွေများလို့ စက်ဘီးနဲ့တော်တော်လေးကို နင်းရတယ်ဗျို့ အသားကုန်နင်းခဲ့ရပေမဲ့ ချွေးတစ်စက်မှမထွက်တာတော့ သဘောကျစရာပဲ။
ရှမ်းပြည်ကိုရောက်လာပြီး မနက်စာဘာစားရမလဲဆိုရင်တော့ လူကျတဲ့ဆိုင်တစ်ဆိုင်ကို ဝင်တိုးပြီး တို့ဟူးနွေးတစ်ပွဲ၊ တို့ဟူးကြော်တစ်ပွဲ သာအရင်မှာလိုက်ပါ ရန်ကုန်မှာဒီလိုအရသာစစ်စစ်ကို ဘယ်လိုရနိုင်မှာလဲ....
မနက်စာစားပြီးကော်ဖီလေးသောက်ချင်တာနဲ့ စက်ဘီးလေးစီး ကော်ဖီဆိုင်ပတ်ရှာရင်း ကလောမြို့မှာတစ်ယောက်တည်းလည်ရတဲ့ခံစားချက်ကို တော်တော်လေးသဘောတွေ့နေပြီ။ နာမည်ကြီးထမင်းဆိုင်တွေ ရှိပေမဲ့ ရှမ်းအစားအစာတွေပဲအဝစားလာလို့နောင်တရမှာမဟုတ်ပါဘူး။
ညနေခင်းမှာ အသက် ( ၉၀ ) ထိအရက်သောက်နိုင်ပါစေဆိုတဲ့ ကလောမြို့ကနာမည်ကြီး Hi Bar ကိုလဲသွားခဲ့ပါတယ်။ တစ်ယောက်ထဲလာတဲ့သူတွေအတွက် ကွက်တိပဲ ဆိုင်ရှင်က အားလုံးနဲ့မိတ်ဆတ်ပေးအရက်ခွက်တွေနဲ့ ချီးယားလုပ်ရင်း အခုမှတွေ့တဲ့သူစိမ်းတွေဆိုပေမဲ့ ရင်းရင်းနှီးနှီးနဲ့ စကားတွေပြောကြရင်းမိတ်ဆွေသစ်တွေရခဲ့တယ်။
ကလောမြို့မဈေးမှာလည်ပတ်ရင်း စတော်ဘယ်ရီတွေမြည်းစမ်းပြီးဝယ်ခဲ့လို့ရပါတယ်။ အကုန်အကျသက်သာသလို အရမ်းစားကောင်းလွန်းလို့ မြို့မဈေးထဲမှာ ရှမ်းစာတွေနေ့တိုင်းစားဖြစ်တယ်။ ကလောဘူတာ နဲ့ နာရီစင်ဘက်ကို စက်ဘီးနဲ့စီးသွားရင်း ပုံလေးတွေရိုက်၊ အနီးအနားကဆိုင်တွေကြည့်ရင်း နားကြပ်လေးတပ်ပြီး လမ်းလျှောက်ရတာလဲ ဘာနဲ့မှမလဲနိုင်တဲ့အရသာပဲ။
ကလောမြို့နားကအနည်းငယ်ဝေးတဲ့နေရာတွေကို local guide ငှားပြီး လည်ခဲ့ပါတယ်။ စိတ်ချရတဲ့ guide ကိုလဲ သေချာစုံစမ်းထားပြီးမလာခင်ထဲက ကြိုတင်ချိတ်ထားဖို့လိုမယ်နော် local guide နဲ့သွားခဲ့တဲ့နေရာတွေထဲကအချို့ ကတော့ ....
ဗျိုက်တောင်
အိုးစည်တောင်
နှီးဘုရား
မြင်းမထိလှိုဏ်ဂူ
City viewpoint
သီရိစန္တာ view point
pinewood hotel နားက ရထားသံလမ်း
မြန်မာနိုင်ငံမှာဒုတိယသက်တမ်းအရင့်ဆုံး kalaw herritage hotel
kalaw Cafeyard
ကလောမြို့ခံအကိုတစ်ယောက်ရဲ့အကူအညီနဲ့ ကလောမြို့အနီးကတောင်တွေဘက်ကို ဆိုင်ကယ်နဲ့ တစ်နေကုန်လည်နိုင်ခဲ့တယ် တောင်တွေပတ်လည်မှာဆိုင်ကယ်စီးရတဲ့အရသာ၊ လေရဲ့လတ်ဆတ်မှုက စာနဲ့ရှင်းပြလို့တောင်မရနိုင်ခဲ့တဲ့အရသာတွေပဲ .....
ကလောမြို့ Viewpoint တွေအများကြီးထဲကမှ မဖြစ်မနေသွားကိုသွားရမဲ့ view point ဖြစ်တဲ့ ပလောင်တောင် View Point ကိုလဲဆိုင်ကယ်နဲ့တက်ခဲ့တယ် ကားနဲ့သွားရင် မသိသာပေမဲ့ ဆိုင်ကယ်နဲ့သွားရင်တော့ လမ်းကြမ်းလို့သတိထားမောင်းရပါလိမ့်မယ်။ ကလောတစ်မြို့လုံးရဲ့ရှုခင်းအလှတရားတွေကိုမြင်တွေ့နိုင်ပြီး နေဝင်ဆည်းဆာအလှကို တစ်ဝကြီးခံစားနိုင်ပါတယ်။
မီးရှောတိုင်ပွဲကျင်းပတဲ့မောမြေဦးပန်းခြံ မှာလဲ ထင်းရှုးပင်တန်းကြီးတွေနဲ့ ဓါတ်ပုံရိုက်နိုင်ပါတယ်။
ကလောက ကော်ဖီဆိုင်တွေက ကော်ဖီ၊ ကိတ်၊ အစားအသောက် အရမ်းကောင်းသလို ရန်ကုန်ထက် ဈေးပိုသက်သာတယ် တောင်တန်းတွေ ရထားလမ်းတွေကိုကော်ဖီလေးသောက်ရင်း ငေးကြည့်ပြီးခံစားနိုင်တဲ့ ကလောက ကော်ဖီဆိုင်တွေဖြစ်တဲ့ kalaw ish cafe, Rangoon to Kalaw cafe မှာ အရသာရှိရှိစားသောက်ခဲ့သေးတယ် ကလောကလူငယ်တွေရဲ့ Nigh life ကိုလဲခံစားနိုင်အောင် ဘားတွေဖြစ်တဲ့ HI Bar, Herritage 21, wunjo bar, red house စတဲ့ဘားတွေလဲ သွားဖြစ်အောင်သွားကြည့်ပါ။
ကလောမြို့မှာ နေခဲ့တဲ့ တစ်လျှောက်လုံး နေ့စဉ်ဘဝကနေရုန်းထွက်နိုင်ပြီး စိတ်လှုပ်ရှားမှုအပြည့်နဲ့ adventure ခရီးစဉ်ဖြစ်ခဲ့ပါတယ်။ မိန်းကလေးတစ်ယောက်အနေနဲ့ တစ်ကိုယ်တော်ခရီးစဉ်ထွက်ဖို့ ဆုံးဖြတ်တာကမလွယ်ကူပေမဲ့ စွန့်စားခဲ့တဲ့ခရီးစဉ်ကို တစ်သက်လုံးအမှတ်ရနေမှာပါ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
ကလောမြို့ကို တစ်ယောက်တည်းခရီးသွားမယ်ဆိုရင် ဘာတွေပြင်ဆင်သင့်လဲ
ဗျိုက်တောင်
အိုးစည်တောင်
နှီးဘုရား
မြင်းမထိလှိုဏ်ဂူ
City viewpoint
kalaw Cafeyard