သမီးဖြစ်သူကို အထက်တန်းအောင်ပြီးချိန်တွင် အိမ်လခတစ်လလျှင် ဒေါ်လာ ၂၀၀ ပေးရန် တောင်းသော မိဘများအပေါ် ဝေဖန်သူများပြား

သမီးဖြစ်သူကို အထက်တန်းအောင်ပြီးချိန်တွင် အိမ်လခတစ်လလျှင် ဒေါ်လာ ၂၀၀ ပေးရန် တောင်းသော မိဘများအပေါ် ဝေဖန်သူများပြား - Property News in Myanmar from iMyanmarHouse.com
15 Jun 2023 9:13 am တွင် တင်ခဲ့သည်
615 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အမေရိကန်ပြည်ထောင်စု ၊ တက္ကဆပ်ပြည်နယ်တွင် နေထိုင်သော မွေးမြူရေးသမားများဖြစ်သည့် အဲရစ်ကာ (Erika) နှင့် ကိုဒီအာချီ (Cody Archie ) တို့စုံတွဲသည် သမီးဖြစ်သူ အထက်တန်းအောင်မြင်ပြီးချိန်တွင် မိမိတို့နှင့်အတူ ဆက်လက်နေထိုင်လိုပါက အိမ်ငှားခပေးရန် ပြောခဲ့မှုနှင့် စပ်လျဉ်းပြီး အွန်လိုင်းတွင် ဝေဖန်ငြင်းခုံမှု များစွာ ပေါ်ပေါက်လာသည်။

ဖခင်ဖြစ်သူ ကိုဒီက TikTok တွင် ဗွီဒီယိုတစ်ခု မကြာသေးမီက တင်ခဲ့သည်။

အဆိုပါ ဗွီဒီယိုမှာ လွန်ခဲ့သောနှစ်က တင်ခဲ့သော ဗွီဒီယိုကို ပြန်တင်ခြင်းလည်း ဖြစ်သည်။

ဗွီဒီယိုအတွင်း ကိုဒီက ပြောသည်မှာ “သမီးကောလိပ်ကို မသွားဘဲ ဒီမှာဆက်နေမယ်ဆိုရင် ဇူလိုင်လ ၁ ရက်ကစပြီး အိမ်ငှားခပေးရမယ်”ဟု သမီးဖြစ်သူ ကိုင်လီ (Kylee) ကို ပြောခဲ့သည်။

အိမ်ငှားခမှာ တစ်လလျှင် ဒေါ်လာ ၂၀၀ ဖြစ်ပြီး အိမ်တွင် စားမည်ဆိုလျှင် ဒေါ်လာ ၃၀၀ ပေးရမည်ဟု ဆိုသည်။

ကိုဒီက ပြောသည်မှာ အဆိုပါ ပမာဏမှာ အပြင်မှ အိမ်ငှားပေါက်ဈေးများအောက် အလွန်ပင် ဈေးသက်သာကြောင်း ၊ သမီးဖြစ်သူ မိမိကိုယ်ကို တာဝန်ယူတတ်စေရန် သင်ကြားပေးရေးအတွက်မူ လုံလောက်ကြောင်း ပြောသည်။

သမီးဖြစ်သူ ကိုင်လီသည် တစ်လလျှင် ဒေါ်လာ ၂၀၀ ပေးကာ မိဘများနှင့်အတူ ၉ လ နေထိုင်ခဲ့ပြီးနောက်ပိုင်း မိဘများအိမ်မှ ထွက်ခွာခဲ့ကြောင်း Fox Business သတင်းဌာနက ဖော်ပြသည်။

သူ၏ မိဘများက ပြောသည်မှာ အိမ်တွင် ဆက်လက်နေထိုင်ခဲ့သည့် ကာလအတွင်း သမီးဖြစ်သူအနေဖြင့် ငွေကြေးအရ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ရန် ကြိုတင်ပြင်ဆင်နိုင်ခဲ့ကြောင်း ပြောသည်။

မိမိ၏ သားသမီးကို အိမ်လခတောင်းသည့် ကိစ္စမှာ ထိရှယ်လွယ်သည့်ကိစ္စဖြစ်ရာ သူ၏ ဗွီဒီယိုတွင် အမြင်အမျိုးမျိုးဖြင့် ငြင်းခုံဝေဖန်မှုများ ရှိခဲ့သည်။

အရွယ်ရောက်ပြီး သားသမီးများ အိမ်တွင် ဆက်လက်နေထိုင်ပါက အိမ်လခ တောင်းသင့် မတောင်းသင့် ဆွေးနွေးရမည့် ကိစ္စမှာ အမေရိကရှိ မိသားစုများ ဆက်လက်ရင်ဆိုင်ရဖွယ်ရှိသည့် အကြောင်းရပ် ဖြစ်သည်။

အချက်အလက်များက ညွှန်ပြသည်မှာမူ မိဘအများစုသည် မိမိတို့နှင့် ဆက်လက်နေထိုင်သော အရွယ်ရောက်ပြီးသည့် သားသမီးများအား အိမ်လခတောင်းမည့် အကြံဉာဏ်ကို မထောက်ခံကြချေ။

Lending Tree က ကောက်ယူသော စစ်တမ်းတစ်ရပ်အရ မိဘများအနက် ၈၅ ရာခိုင်နှုန်းခန့်မှာ သားသမီးများ မိမိတို့ထံ ပြန်လာကာ နေထိုင်မည်ဆိုပါက ကြိုဆိုမည်ဖြစ်ကြောင်း ပြောကြပြီး ၇၃ ရာခိုင်နှုန်းက အိမ်လခတောင်းမည်မဟုတ်ကြောင်း ပြောကြသည်။

၂၀၂၂ ခုနှစ်အတွင်း အမေရိကန်တွင် အသက် ၁၈ နှစ်မှ ၃၄ နှစ်ကြား ရှိသူများအနက် ၃၁ ရာခိုင်နှုန်းခန့်မှာ မိဘများနှင့်အတူ နေထိုင်လျက်ရှိကြောင်း အမေရိကန် သန်းခေါင်စာရင်းဌာန အချက်အလက်များအရ သိရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Couple sparks debate after forcing their daughter to pay $200 a month in rent once she graduated high school — is this the right way to teach adult children financial responsibility? (finance)

 

 

 

 

[Zawgyi]

သမီးျဖစ္သူကို အထက္တန္းေအာင္ျပီးခ်ိန္တြင္ အိမ္လခတစ္လလွ်င္ ေဒၚလာ ၂၀၀ ေပးရန္ ေတာင္းေသာ မိဘမ်ားအေပၚ ေဝဖန္သူမ်ားျပား

 

အေမရိကန္ျပည္ေထာင္စု ၊ တကၠဆပ္ျပည္နယ္တြင္ ေနထိုင္ေသာ ေမြးျမဴေရးသမားမ်ားျဖစ္သည့္ အဲရစ္ကာ (Erika) ႏွင့္ ကိုဒီအာခ်ီ (Cody Archie ) တို႔စံုတြဲသည္ သမီးျဖစ္သူ အထက္တန္းေအာင္ျမင္ျပီးခ်ိန္တြင္ မိမိတို႔ႏွင့္အတူ ဆက္လက္ေနထုိင္လုိပါက အိမ္ငွားခေပးရန္ ေျပာခဲ့မႈႏွင့္ စပ္လ်ဥ္းျပီး အြန္လိုင္းတြင္ ေဝဖန္ျငင္းခံုမႈ မ်ားစြာ ေပၚေပါက္လာသည္။

ဖခင္ျဖစ္သူ ကိုဒီက TikTok တြင္ ဗြီဒီယိုတစ္ခု မၾကာေသးမီက တင္ခဲ့သည္။

အဆိုပါ ဗြီဒီယိုမွာ လြန္ခဲ့ေသာႏွစ္က တင္ခဲ့ေသာ ဗြီဒီယိုကို ျပန္တင္ျခင္းလည္း ျဖစ္သည္။

ဗြီဒီယိုအတြင္း ကိုဒီက ေျပာသည္မွာ “သမီးေကာလိပ္ကို မသြားဘဲ ဒီမွာဆက္ေနမယ္ဆုိရင္ ဇူလိုင္လ ၁ ရက္ကစျပီး အိမ္ငွားခေပးရမယ္”ဟု သမီးျဖစ္သူ ကိုင္လီ (Kylee) ကို ေျပာခဲ့သည္။

အိမ္ငွားခမွာ တစ္လလွ်င္ ေဒၚလာ ၂၀၀ ျဖစ္ျပီး အိမ္တြင္ စားမည္ဆိုလွ်င္ ေဒၚလာ ၃၀၀ ေပးရမည္ဟု ဆိုသည္။

ကိုဒီက ေျပာသည္မွာ အဆုိပါ ပမာဏမွာ အျပင္မွ အိမ္ငွားေပါက္ေစ်းမ်ားေအာက္ အလြန္ပင္ ေစ်းသက္သာေၾကာင္း ၊ သမီးျဖစ္သူ မိမိကိုယ္ကို တာဝန္ယူတတ္ေစရန္ သင္ၾကားေပးေရးအတြက္မူ လံုေလာက္ေၾကာင္း ေျပာသည္။

သမီးျဖစ္သူ ကိုင္လီသည္ တစ္လလွ်င္ ေဒၚလာ ၂၀၀ ေပးကာ မိဘမ်ားႏွင့္အတူ ၉ လ ေနထုိင္ခဲ့ျပီးေနာက္ပိုင္း မိဘမ်ားအိမ္မွ ထြက္ခြာခဲ့ေၾကာင္း Fox Business သတင္းဌာနက ေဖာ္ျပသည္။

သူ၏ မိဘမ်ားက ေျပာသည္မွာ အိမ္တြင္ ဆက္လက္ေနထုိင္ခဲ့သည့္ ကာလအတြင္း သမီးျဖစ္သူအေနျဖင့္ ေငြေၾကးအရ ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္ႏိုင္ရန္ ၾကိဳတင္ျပင္ဆင္ႏိုင္ခဲ့ေၾကာင္း ေျပာသည္။

မိမိ၏ သားသမီးကို အိမ္လခေတာင္းသည့္ ကိစၥမွာ ထိရွယ္လြယ္သည့္ကိစၥျဖစ္ရာ သူ၏ ဗြီဒီယိုတြင္ အျမင္အမ်ဳိးမ်ဳိးျဖင့္ ျငင္းခံုေဝဖန္မႈမ်ား ရွိခဲ့သည္။

အရြယ္ေရာက္ျပီး သားသမီးမ်ား အိမ္တြင္ ဆက္လက္ေနထိုင္ပါက အိမ္လခ ေတာင္းသင့္ မေတာင္းသင့္ ေဆြးေႏြးရမည့္ ကိစၥမွာ အေမရိကရွိ မိသားစုမ်ား ဆက္လက္ရင္ဆုိင္ရဖြယ္ရွိသည့္ အေၾကာင္းရပ္ ျဖစ္သည္။

အခ်က္အလက္မ်ားက ညႊန္ျပသည္မွာမူ မိဘအမ်ားစုသည္ မိမိတို႔ႏွင့္ ဆက္လက္ေနထိုင္ေသာ အရြယ္ေရာက္ျပီးသည့္ သားသမီးမ်ားအား အိမ္လခေတာင္းမည့္ အၾကံဥာဏ္ကို မေထာက္ခံၾကေခ်။

Lending Tree က ေကာက္ယူေသာ စစ္တမ္းတစ္ရပ္အရ မိဘမ်ားအနက္ ၈၅ ရာခိုင္ႏႈန္းခန္႔မွာ သားသမီးမ်ား မိမိတုိ႔ထံ ျပန္လာကာ ေနထိုင္မည္ဆိုပါက ၾကိဳဆိုမည္ျဖစ္ေၾကာင္း ေျပာၾကျပီး ၇၃ ရာခိုင္ႏႈန္းက အိမ္လခေတာင္းမည္မဟုတ္ေၾကာင္း ေျပာၾကသည္။

၂၀၂၂ ခုႏွစ္အတြင္း အေမရိကန္တြင္ အသက္ ၁၈ ႏွစ္မွ ၃၄ ႏွစ္ၾကား ရွိသူမ်ားအနက္ ၃၁ ရာခိုင္ႏႈန္းခန္႔မွာ မိဘမ်ားႏွင့္အတူ ေနထိုင္လ်က္ရွိေၾကာင္း အေမရိကန္ သန္းေခါင္စာရင္းဌာန အခ်က္အလက္မ်ားအရ သိရသည္။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Couple sparks debate after forcing their daughter to pay $200 a month in rent once she graduated high school — is this the right way to teach adult children financial responsibility? (finance)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service