သခင်နှင့် ကွဲကွာကာ လမ်းပေါ်တွင် ၂ နှစ်ကြာနေထိုင်ခဲ့ရသော အသက် ၂၅ နှစ်အရွယ်ရှိ ကြောင်ကလေး သခင်နှင့် ပြန်တွေ့ပြီး အနံ့မှတ်မိသွားချိန်တွင် အလွန်မြူးထူးအော်မြည်ခဲ့
သခင်နှင့် ကွဲကွာကာ လမ်းပေါ်တွင် ၂ နှစ်ကြာနေထိုင်ခဲ့ရသော အသက် ၂၅ နှစ်အရွယ်ရှိ ကြောင်ကလေး သခင်နှင့် ပြန်တွေ့ပြီး အနံ့မှတ်မိသွားချိန်တွင် အလွန်မြူးထူးအော်မြည်ခဲ့ - Property News in Myanmar from iMyanmarHouse.com
30 May 2023 11:15 am တွင် တင်ခဲ့သည်
1353 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
သခင်နှင့် ကွဲကွာကာ လမ်းပေါ်တွင် ၂ နှစ်ကြာနေထိုင်ခဲ့ရသော အသက် ၂၅ နှစ်အရွယ်ရှိ ကြောင်ကလေး သခင်နှင့် ပြန်တွေ့ပြီး အနံ့မှတ်မိသွားချိန်တွင် အလွန်မြူးထူးအော်မြည်ခဲ့သည်။
အင်္ဂလန်နိုင်ငံ ၊ Kent ခရိုင် ၊ Chatham မြို့တွင် နေထိုင်သော အဲလစ်ဆန် (Alison) နှင့် ဒီးန်လင်း (Dean Lyng) တို့၏ ကြောင်ကလေး ကစ်ဇီ (Kizzy) (၂၅ နှစ်) သည် ၂၀၂၂ ခုနှစ်အတွင်း နေအိမ်အပြင်ဘက်ထွက်ကာ လည်ပတ်ရင်းမှ ပြန်မလာတော့ဘဲ ပျောက်ဆုံးသွားခဲ့သည်။
နောက်ပိုင်းတွင် ပြည်သူတစ်ဦးက လမ်းဘေးတွင် စုတ်ပြတ်သတ်နေသည့် ကြောင်ကလေး ကစ်ဇီကို တွေ့ကာ တိရ စ္ဆာန်ဆေးခန်းသို့ ပို့ပေးခဲ့သည်။
ယင်းနောက်ပိုင်း သူ၏သခင်ကို ပြန်လည်ရှာဖွေပေးခဲ့ကြရာ နောက်ဆုံးတွင် ၂ နှစ်ကြာကွဲကွာနေခဲ့ကြသော သခင်များနှင့် ပြန်လည်ဆုံစည်းသွားကြသည်။
(လွန်ခဲ့သော ၂ နှစ်ခန့်က နေအိမ်မှ ထွက်သွားရင်းပျောက်ဆုံးသွားသော ကြောင်မကလေး ကစ်ဇီ)
“ကျွန်မယောက်ျားရဲ့အနံ့ကို သူမှတ်မိသွားတယ်။ အဲဒီနောက် မြူးထူးပြီး တအားအော်တော့တာပဲ”ဟု အဲလစ်ဆန်က ပြောသည်။
လွန်ခဲ့သော ၂ နှစ်က ကစ်ဇီ ပျောက်ဆုံးသွားချိန်တွင် ရက်ကြာလာသည်နှင့်အမျှ ကြောင်ကလေးမှာလည်း အသက်အလွန်ကြီးနေပြီဖြစ်သောကြောင့် သေဆုံးသွားပြီဟု အဲလစ်ဆန်တို့က ယူဆခဲ့ကြသည်။
လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ကြောင်မလေးကစ်ဇီကို Kent ခရိုင် ၊ Upchurch မြို့တွင်း လမ်းဘေး တစ်နေရာတွင် လမ်းသွားလမ်းလာတစ်ဦးက တွေ့ရှိကာ ကြောင်ကလေးအား တိရ စ္ဆာန်ဆေးရုံတစ်ခုသို့ ပို့ပေးခဲ့သည်။
ထိုအချိန်တွင် ကစ်ဇီမှာ အာဟာရချို့တဲ့ကာ ချည့်နဲ့နေပြီး တစ်ကိုယ်လုံးတွင်လည်း သန်းများအပြည့်ဖြစ်နေကာ လက်သည်းများ အလွန်ရှည်နေသောကြောင့် ကောင်းစွာလမ်းမလျှောက်နိုင်ဖြစ်နေသည်။
(ကစ်ဇီနှင့် ပြန်လည် ဆုံစည်းရသည်မှာ အလွန်ထူးခြားသည့် ဖြစ်ရပ်ဖြစ်ကြောင်း အဲလစ်ဆန်တို့က ပြောသည်။)
တိရ စ္ဆာန်ကုဆရာဝန်များက ကြောင်ကလေးကို စစ်ဆေးကုသမှုပေးချိန်တွင် ကစ်ဇီထံ၌ မိုက္ကရိုချစ်ပ်ပြား မတွေ့ရသောကြောင့် သခင်မရှိသော လမ်းဘေးကြောင်တစ်ကောင်ဟု ယူဆခဲ့ကြသည်။
ယင်းနောက်ပိုင်း Kent ခရိုင်ရှိ တိရ စ္ဆာန်များ ပျောက်ဆုံးမှု ကြေညာပေးသည့်အုပ်စု Animals Lost and Found က ကစ်ဇီ၏ ပိုင်ရှင်ကို ရှာဖွေခဲ့ကြသည်။
ထိုကြော်ငြာမှတဆင့် အဲလစ်ဆန် (အသက် ၄၈ နှစ်) က ကစ်ဇီကို မှတ်မိသွားခဲ့သည်။
“သူက ၂ နှစ်လောက် နေစရာအိမ်မရှိ၊ ကျွေးမွေးစောင့်ရှောက်မယ့်သူ မရှိဘဲ နေခဲ့ရတယ်။ သူ့ကို တွေ့တဲ့လူက ကစ်ဇီသေနေပြီလို့ထင်ခဲ့တာ။ တွေ့တာက ရေမြောင်းထဲမှာ။ အဲဒီအချိန်မှာ ပိန်ချုံးချိနဲ့နေပြီး တစ်ကိုယ်လုံးမှာ သန်းတွေ ပိုးကောင်တွေနဲ့ တွေ့ခဲ့တာပါ”ဟု အဲလစ်ဆန်က ပြောသည်။
Kent ခရိုင်ရှိ Animals Lost and Found ကို တည်ထောင်သူ Natasha McPhee က ပြောသည်မှာ “သိပ် အံ့သြဖို့ကောင်းပါတယ်။ ကြောင်အများစုက အဲဒီအရွယ်အထိ အသက်မရှည်ကြဘူး”ဟု ပြောသည်။
လက်ရှိအားဖြင့် ကမ္ဘာပေါ်တွင် အသက်အကြီးဆုံးကြောင်မှာ အသက် ၃၁ နှစ်အရွယ်ရှိပြီး ရိုစီဟု အမည်ရကာ အင်္ဂလန်နိုင်ငံ ၊ နောဝစ်ချ်မြို့တွင် နေထိုင်လျက်ရှိသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Missing cat, 25, who was finally brought home after two years of living on the street 'cried' when she recognised her owners' scent (dailymail)
[Zawgyi]
လက်ရှိအားဖြင့် ကမ္ဘာပေါ်တွင် အသက်အကြီးဆုံးကြောင်မှာ အသက် ၃၁ နှစ်အရွယ်ရှိပြီး ရိုစီဟု အမည်ရကာ အင်္ဂလန်နိုင်ငံ ၊ နောဝစ်ခ်ျမြို့တွင် နေထိုင်လျက်ရှိသည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service