ရိုက်ကူးမည့် ရုပ်ရှင်ထဲတွင် ကာမဆန္ဒ အထွတ်အထိပ်သို့ ရောက်ရှိသည့် ပြကွက်ပါသောကြောင့် အမှန်တကယ် ခံစားမှု အမူအရာတွေ့လိုသည်ဟုဆိုကာ ပြင်သစ်ဒါရိုက်တာက အတူအိပ်ရန် တောင်းဆိုခြင်းခံရဖူးသူ အော်စကာဆုရှင် ရုပ်ရှင်မင်းသမီး ဂျိန်းဖွန်ဒါ၏ လော့စ်အိန်ဂျလိ စံအိမ်
ရိုက်ကူးမည့် ရုပ်ရှင်ထဲတွင် ကာမဆန္ဒ အထွတ်အထိပ်သို့ ရောက်ရှိသည့် ပြကွက်ပါသောကြောင့် အမှန်တကယ် ခံစားမှု အမူအရာတွေ့လိုသည်ဟုဆိုကာ ပြင်သစ်ဒါရိုက်တာက အတူအိပ်ရန် တောင်းဆိုခြင်းခံရဖူးသူ အော်စကာဆုရှင် ရုပ်ရှင်မင်းသမီး ဂျိန်းဖွန်ဒါ၏ လော့စ်အိန်ဂျလိ စံအိမ် - Property News in Myanmar from iMyanmarHouse.com
25 May 2023 10:23 am တွင် တင်ခဲ့သည်
1190 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အော်စကာဆုရှင် ဟောလိဝုဒ် ရုပ်ရှင်မင်းသမီးကြီး ဂျိန်းဖွန်ဒါသည် မကြာသေးမီက What Happens Live အမည်ရှိ ရုပ်သံအစီအစဉ်တွင် ပါဝင်ခဲ့သည်။
အစီအစဉ်တင်ဆက်သူ Andy Cohen က ဂျိန်းဖွန်ဒါအား မိမိနှင့်တွဲရန် ကြိုးစားခဲ့သော်လည်း မိမိကငြင်းခဲ့သည့် ဟောလိဝုဒ်မှ အမျိုးသားတစ်ဦးဦး ရှိမရှိ မေးမြန်းခဲ့ရာ ဂျိန်းဖွန်ဒါက “ပြင်သစ် ရုပ်ရှင်ဒါရိုက်တာ Rene Clement” ဟု ပြန်လည် ဖြေကြားခဲ့သည်။
“သူပြောတာက ရုပ်ရှင်ထဲမှာ ကာမဆန္ဒအထွတ်အထိပ်ရောက်တဲ့ အခန်းပါတယ်။ သူ့အနေနဲ့ ကျွန်မ အထွတ်အထိပ်ရောက်တာ ဘယ်လိုမျိုးလဲဆိုတာ မြင်ရဖို့ လိုအပ်တာကြောင့် ကျွန်မနဲ့ အိပ်ချင်တယ်လို့ ပြောပါတယ်။ သူက ပြင်သစ်စကားနဲ့ ပြောတာပါ။ ကျွန်မက ပြင်သစ်စကား နားမလည်ဟန် ဆောင်နေလိုက်တယ်”ဟု ဂျိန်းဖွန်ဒါက ပြောသည်။
၁၉၆၄ ခုနှစ်က ရိုက်ကူးခဲ့သော Joy House အမည်ရှိ ရုပ်ရှင်ရိုက်ကူးစဉ် အဆိုပါ ဖြစ်ရပ် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
ထိုရုပ်ရှင် ရိုက်ကူးစဉ်က ဒါရိုက်တာ Clement မှာ အသက် ၅၁ နှစ်အရွယ်ရှိပြီ ဖြစ်ပြီး ဂျိန်းဖွန်ဒါမှာ ၂၇ နှစ်အရွယ်သာ ရှိသေးသည်။
ဒါရိုက်တာ Clement သည် ၁၉၅၀ နှင့် ၁၉၆၀ ပြည့်လွန်ကာလများအတွင်း ပြင်သစ်နိုင်ငံ၏ အထင်ရှားဆုံး ရုပ်ရှင်ဒါရိုက်တာများတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး သူ၏ ဘဝသက်တမ်းအတွင်း ကိန်းရုပ်ရှင်ပွဲတော်မှ ဆု ၅ ဆုရရှိခဲ့သည်။
၁၉၉၆ ခုနှစ်တွင် ဒါရိုက်တာ Clement ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၈၂ နှစ်ရှိပြီဖြစ်သည်။
(ဂျိန်းဖွန်ဒါ၏ လော့စ်အိန်ဂျလိစံအိမ်)
အော်စကာဆုရှင် ရုပ်ရှင်မင်းသမီး ဖက်ရှင်မော်ဒယ်ဟောင်း ဂျိန်းဖွန်ဒါသည် လော့စ်အိန်ဂျလိမြို့ ၊ Century City အရပ်ရှိ အိပ်ခန်း ၄ ခန်းပါ စံအိမ်ကို ၂၀၁၇ ခုနှစ်အတွင်း ကန်ဒေါ်လာ ၅ ဒသမ ၄၅ သန်းဖြင့် ဝယ်ယူခဲ့သည်။
(စတုရန်းပေ ၅၈၀၀ ကျယ်ဝန်းသော စံအိမ်သည် Enclave ဟု အမည်ပေးထားသော ဂိတ်ဝန်းခတ် အိမ်ယာဝန်းအတွင်း တည်ရှိသည်။)
(ဧည့်ခန်းတွင် မီးလင်းဖိုတစ်ခု ပါဝင်သည်။)
၃ ထပ်အဆောက်အအုံဖြစ်ပြီး Hilton & Hyland အိမ်ခြံမြေကုမ္ပဏီမှ ဝယ်ယူခဲ့ခြင်းဖြစ်ကာ ထိုင်ခုံ ၁၂ လုံးဆန့် ညစာစားခန်းတစ်ခု ပါဝင်သည်။
(မီးဖိုဆောင်တွင် စားသောက်ရန် နေရာပါဝင်သည်။)
(အိပ်ခန်း ၄ ခန်းအနက်မှ တစ်ခု။)
(ရေချိုးခန်း ၆ ခန်းအနက်မှ တစ်ခု။)
(လသာဆောင်တွင် နားနေရန် နေရာများ ပါဝင်သည်။)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Jane Fonda Says French Director Asked to Sleep With Her to ‘See What My Orgasms Were Like’ for a Role (variety, townandcountrymag)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service