Amazon တည်ထောင်သူ၊ ကမ္ဘာ့တတိယ အချမ်းသာဆုံးပုဂ္ဂိုလ် ဂျက်ဘေးဇော့စ်နှင့် ချစ်သူမိန်းကလေး ကိန်းရုပ်ရှင်ပွဲတော်သို့ ဒေါ်လာ သန်း ၅၀၀ တန် ရွက်လှေကြီးဖြင့် ရောက်ရှိလာ
Amazon တည်ထောင်သူ၊ ကမ္ဘာ့တတိယ အချမ်းသာဆုံးပုဂ္ဂိုလ် ဂျက်ဘေးဇော့စ်နှင့် ချစ်သူမိန်းကလေး ကိန်းရုပ်ရှင်ပွဲတော်သို့ ဒေါ်လာ သန်း ၅၀၀ တန် ရွက်လှေကြီးဖြင့် ရောက်ရှိလာ - Property News in Myanmar from iMyanmarHouse.com
24 May 2023 11:47 am တွင် တင်ခဲ့သည်
958 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
Amazon တည်ထောင်သူ၊ ကမ္ဘာ့တတိယ အချမ်းသာဆုံးပုဂ္ဂိုလ် ဘီလျံနာ ဂျက်ဘေးဇော့စ် (Jeff Bezos) နှင့် ချစ်သူမိန်းကလေး လော်ရန် ဆန်းချက်စ် (Lauren Sanchez) တို့သည် ပြင်သစ်နိုင်ငံတောင်ပိုင်း၊ Cannes မြို့တွင် ကျင်းပသော ကိန်းရုပ်ရှင်ပွဲတော်သို့ ဒေါ်လာ သန်း ၅၀၀ တန် ရွက်လှေကြီးဖြင့် ရောက်ရှိလာခဲ့ကြောင်း Page Six သတင်းဌာနက ဖော်ပြသည်။
ကမ္ဘာတစ်ဝန်းမှ အကျော်အမော်များ ရောက်ရှိနေကြသော ၂၀၂၃ ခုနှစ်၊ ကိန်းရုပ်ရှင်ပွဲတော်သို့ ဂျက်ဘေးဇော့စ်တို့ စုံတွဲက ဇိမ်ခံရွက်လှေကြီး Koru ဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
Koru သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးရွက်လှေကြီးဖြစ်သည်ဟု ယူဆရပြီး မကြာသေးမီကမှ ဆောက်လုပ်ပြီးစီးခဲ့ခြင်းဖြစ်ကာ ဧပြီလတွင် ပထမဆုံး စတင်ခရီးထွက်ခဲ့သည်။
ရွက်လှေကြီး၏ ရှေ့မျက်နှာစာတွင် ရေသူမ ရုပ်တုတစ်ခု ထားရှိပြီး လော်ရန် ဆန်းချက်စ်နှင့် ရုပ်သွင်တူသည်ဟု ဆိုသည်။
ဂျက်ဘေးဇော့စ်သည် အပန်းဖြေစခန်းမြို့ Cannes သို့ ရွက်လှေကြီး Koru အပြင် Abeona ရွက်လှေကိုလည်း အကူလှေအဖြစ် ခေါ်ယူလာခဲ့သည်။
Cannes တွင် ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်စ် တို့ကို Du Cap Eden Roc ဟိုတယ်အပြင် ရုပ်ရှင်ဒါရိုက်တာ မာတင်စကော့စီစီ၏ စံအိမ်မှ ပါတီပွဲတွင်လည်း တွေ့ခဲ့ရကြောင်း Page six သတင်းဌာနက ဖော်ပြသည်။
အဆိုပါ စူပါရွက်လှေကြီးကို လည်ပတ်စရိတ်အဖြစ် ဂျက်ဘေးဇော့်စ်သည် တစ်နှစ်လျှင် ဒေါ်လာ ၂၅ သန်းကုန်ကျသည်ဟု ဆိုသည်။
Koru ရွက်လှေကြီးသည် ကမ္ဘာပေါ်တွင် အမြင့်မားဆုံးရွက်လှေကြီးဖြစ်ပြီး ပေ ၂၃၀ ကျော်မြင့်မားရာ Giza ပိရမစ်ကြီး၏ ထက်ဝက်နီးပါးရှိသည်။
အလျားမှာ ၁၂၇ မီတာရှိပြီး သင်္ဘောသား ၄၀ ဦးခန့်ဖြင့် လည်ပတ်ရကာ ဧည်သည်တော် ၁၈ ဦး ဧည့်ခံနိုင်ကြောင်း နယူးယောက်ပို့စ် သတင်းဌာနက ဖော်ပြသည်။
ရွက်လှေကြီးကို အလူမီနီယံ ၊ စတီးတို့ဖြင့် ဆောက်လုပ်ထားပြီး အထပ် ၃ ထပ်ဖြင့် ဖွဲ့စည်းထားကာ ရေကူးကန်တစ်ခု ပါဝင်သည်။
ယခုရွက်လှေကြီးနှင့် စပ်လျဉ်းပြီး ပြီးခဲ့သောနှစ်အတွင်း လူပြောများစရာ အကြောင်းအရပ်ဖြစ်ပေါ်ခဲ့သည်။
ဒတ်ချ်သင်္ဘောထုတ်လုပ်ရေးကုမ္ပဏီ Oceanco က ယခုရွက်လှေကြီး၏ ရွက်တိုင် ၃ ခုနှင့် မလွတ်သောကြောင့် နယ်သာလန်မှ သမိုင်းဝင်တံတားတစ်စင်းကို ဖြိုချပေးရန် တောင်းဆိုခဲ့သည်ဟု ဆိုသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Jeff Bezos, girlfriend mak e grand entrance at Cannes on $500 million superyacht (moneycontrol)
[Zawgyi]
ဒတ်ခ်ျသင်္ဘောထုတ်လုပ်ရေးကုမ္ပဏီ Oceanco က ယခုရွက်လှေကြီး၏ ရွက်တိုင် ၃ ခုနှင့် မလွတ်သောကြောင့် နယ်သာလန်မှ သမိုင်းဝင်တံတားတစ်စင်းကို ဖြိုချပေးရန် တောင်းဆိုခဲ့သည်ဟု ဆိုသည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖြင့် လေလံတင်ရောင်းချမည်...
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖြင့် လေလံတင်ရောင်းချမည်...
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ...
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ...
အိန္ဒိယတွင် သားနှင့်ချွေးမက အကြိမ်ကြိမ်ဆဲဆိုကာ ရိုင်းပြစော်ကားသည့်အပြင် သားသမီးများ တစ်ဦးမှ လာရောက်ကြည့်ရှုခြင်းမရှိသောကြောင့် အသက် ၈၀ အရွယ် အဘိုးအိုက ရူပီး ၁ ဒသမ ၅ ကုဋေ တန်ကြေးရှိ နေအိမ်ကို ပြည်နယ်အစိုးရထံ လှူဒါန်းပစ်...
သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံး ဟဲဗီးဝိတ် လက်ဝှေ့ကျော် မူဟာမက်အလီ၏ လော့စ်အိန်ဂျလိစံအိမ် လေလံတင် ရောင်းချမည်...
သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံး ဟဲဗီးဝိတ် လက်ဝှေ့ကျော် မူဟာမက်အလီ၏ လော့စ်အိန်ဂျလိစံအိမ် လေလံတင် ရောင်းချမည်...
တစ်နှစ်မှာတစ်ခါ ပျော်ရွှင်စရာ ခရမ်းချဉ်သီးမှည့်များနဲ့ ပစ်ပေါက်ကြတဲ့ La Tomatina ခရမ်းချဉ်သီးပွဲတော်...
တစ်နှစ်မှာတစ်ခါ ပျော်ရွှင်စရာ ခရမ်းချဉ်သီးမှည့်များနဲ့ ပစ်ပေါက်ကြတဲ့ La Tomatina ခရမ်းချဉ်သီးပွဲတော်...
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
နိုင်ငံခြားသား ဝယ်ယူနိုင်သောကွန်ဒိုများကိုစိတ်ဝင်စားမှု မြင့်တက်နေ
နိုင်ငံခြားသား ဝယ်ယူနိုင်သောကွန်ဒိုများကိုစိတ်ဝင်စားမှု မြင့်တက်နေ
သီလဝါအထူးစီးပွားဇုန်အတွင်းရှိ မြေယာများ ရောင်းအားကောင်းနေ
သီလဝါအထူးစီးပွားဇုန်အတွင်းရှိ မြေယာများ ရောင်းအားကောင်းနေ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင့် တည်းခိုနေသော ဇိမ်ခံအပန်းဖြေစခန်း….....
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင့် တည်းခိုနေသော ဇိမ်ခံအပန်းဖြေစခန်း….....
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
kalaw-garden-valley
mya-villa
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service