အမေရိကန်တွင် ဒေါ်လာ ၁ သန်းခွဲဖြင့် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေသော အမျိုးသမီး ဘန်ဂလိုအိမ် အစုတ်တစ်လုံးတည်းသာ ထိုဈေးဖြင့် ရနိုင်ကြောင်း သိလာရ

အမေရိကန်တွင် ဒေါ်လာ ၁ သန်းခွဲဖြင့် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေသော အမျိုးသမီး ဘန်ဂလိုအိမ် အစုတ်တစ်လုံးတည်းသာ ထိုဈေးဖြင့် ရနိုင်ကြောင်း သိလာရ - Property News in Myanmar from iMyanmarHouse.com
26 Apr 2023 11:14 am တွင် တင်ခဲ့သည်
1184 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

TikTok လူမှုကွန်ရက်တွင် ဒဲရင်း ခရစ်(Darren Kriz ) ဆိုသည့် အမျိုးသားသည် ကယ်လီဖိုးနီးယား ပြည်နယ်မှ နေအိမ်များစွာကို သူ၏ အကောင့်တွင် ရိုက်ကူးတင်ပြလေ့ရှိသည်။

ဒဲရင်း ခရစ်က ကယ်လီဖိုးနီးယားပြည်နယ်တွင် အမျိုးသမီးတစ်ဦး ဒေါ်လာ ၁ ဒသမ ၅ သန်းဖြင့် နေအိမ် လိုက်လံရှာဖွေခဲ့ပုံကို ဖော်ပြခဲ့သည်။

နေအိမ်လိုက်လံရှာဖွေသော အမျိုးသမီး၏ အမည်မှာ မရီနာ (Marina) ဖြစ်သည်။

မရီနာတင်ခဲ့သော ဗွီဒီယိုကို ခရစ်က ပြန်လည်တင်ဆက်ခဲ့ခြင်းလည်း ဖြစ်သည်။

“အမေရိကန်မှာ နှစ်ပေါင်းအတော်ကြာ နေထိုင်ခဲ့ပြီးတဲ့နောက် အိမ်ခြံမြေ ချေးငွေ လျှောက်ထားခွင့် ရခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အိမ်ဝယ်ဖို့ ရှာဖွေခဲ့ပါတယ်”ဟု မရီနာက ပြောသည်။

မရီနာက သူလက်ရှိနေထိုင်နေသော ဒေသဝန်းကျင်တွင် ဒေါ်လာ ၁ သန်းခွဲဝန်းကျင် တန်ကြေးရှိ နေအိမ် လိုက်လံရှာဖွေခဲ့ရာ ထိုငွေပမာဏဖြင့် ရနိုင်သည့် နေအိမ် တစ်လုံးတည်းသာ ရှိကြောင်း အံ့အားသင့်ဖွယ် သိလာရသည်။

မရီနာက ထိုအိမ်ကို ကြည့်ရှုရန် ဆုံးဖြတ်ခဲ့သည်။

ထိုနေအိမ်မှာ အဝေးပြေးလမ်းမကြီးနှင့် နီးပြီး အနီးဝန်းကျင်တစ်ဝိုက်တွင် လူနေအိမ်ကားများ (RV) များစွာ ရပ်နားထားကာ လမ်းပေါ်တွင် အမှိုက်ပုံးများလည်း ပြည့်နှက်နေသည်။

ထိုဒေသမှာ နေရာကောင်းတစ်ခု ဖြစ်ဟန်ရကြောင်း ခရစ်က မှတ်ချက်ပြုသည်။

မရီနာ အိမ်ထဲသို့ ဝင်သွားသောအခါ တွေ့မြင်လိုက်ရသည့် မြင်ကွင်းကြောင့် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။

ထိုအိမ်မှာ ပျက်စီးယိုယွင်းနေသော ဘန်ဂလိုအိမ်ဖြစ်ကာ ပြုပြင်မွမ်းမံမှု များစွာလိုအပ်နေသော အနေအထား ဖြစ်သည်။

မီးဖိုဆောင်ဘေးရှိ နေရာလွတ်တစ်ခုကိုပြရင်း ထိုနေရာမှာ မီးဖိုထားရှိခဲ့သည့် နေရာဖြစ်ဟန်ရကြောင်း မရီနာက ပြောသည်။

နေအိမ်မျက်နှာကြက်မှာ အလွန်နိမ့်ပြီး အိမ်ထဲတွင် အလွန်အေးလှကြောင်း သူမက ပြောသည်။

မရီနာက အိပ်ခန်းများကိုလည်း ပြသခဲ့ရာ အလွန်ကျဉ်းမြောင်းကာ ယိုယွင်းပျက်စီးနေပြီး သဘာဝအလင်းရောင် ရရှိမှု အလွန်အားနည်းသည်။

“ကျွန်မ အရမ်းစိတ်ပျက်သွားတယ်။ ကျွန်မ တစ်ခြားနေရာတွေမှာလည်း ရှာကြည့်ပါတယ်။ ဒါပေမဲ့ ဆီလီကွန်တောင်ကြားမှာ ဒေါ်လာ ၁ ဒသမ ၅ သန်းနဲ့ ရနိုင်တာ ဒီအိမ်တစ်လုံးပဲ ရှိပါတယ်။”

ဆန်ဖရန်စစ္စကိုတွင် နေအိမ်တစ်လုံး၏ ပျှမ်းမျှဈေးနှုန်းမှာ ဒေါ်လာ ၁ ဒသမ ၂ သန်းရှိပြီး အိပ်ခန်း ၁ ခန်းမှ ၂ ခန်းပါ တိုက်ခန်းတစ်ခန်း၏ ပျှမ်းမျှငှားရမ်းခမှာ တစ်လလျှင် ဒေါ်လာ ၃၅၀၀ ဖြစ်သည်။

ဆီလီကွန်တောင်ကြားသည် အမေရိကန်၏ နည်းပညာအချက်အခြာအဖြစ် လူသိများသည်။

Financial Times နှင့် Nikkei သတင်းစာတို့၏ စစ်တမ်းအရ ဆန်ဖရန်စစ္စကိုသည် ဘဝနေထိုင်မှု အရည်အသွေးအဆင့်တွင် အောက်ဆုံးမှ ရေတွက်လျှင် ဒုတိယနေရာတွင် ရပ်တည်နေသည်။

အဆိုပါ စစ်တမ်းတွင် မြို့ကြီးပေါင်း ၈၉ ခုကို လေ့လာခဲ့ရာ ဆန်ဖရန်စစ္စကိုသည် အိမ်ခြံမြေနှင့် ကျန်းမာရေး စောင့်ရှောက်မှု ဈေးအကြီးဆုံးအဖြစ် ရပ်တည်နေသည်။

ခရစ်၏ TikTok ဗွီဒီယိုတွင် လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်မှာ အဆိုပါ ဈေးနှုန်းမှာ ဆီလီကွန်တောင်ကြားတွင် ပုံမှန်သာ ဖြစ်ကြောင်း ပြောသည်။

အခြားသူတို့ကမူ ကယ်လီဖိုးနီးယားတွင် လူနေမှုစရိတ်အလွန် ကြီးမားလှကြောင်း မှတ်ချက်ပြုကြသည်။

တစ်ဦးက မှတ်ချက်ပြုသည်မှာ အိမ်ရှာသည့် အမျိုးသမီးအနေဖြင့် ရည်မှန်းချက် လျော့ချပါက ထိုငွေဖြင့် အခြားနေရာတွင် နေအိမ်ကောင်းတစ်လုံး၊ ကွန်ဒိုတစ်ခန်း ရနိုင်ကြောင်း ပြောသည်။

အမေရိကန်ပြင်ပမှ နေထိုင်သူများက မှတ်ချက်ပြုသည်မှာ မိမိတို့၏ နိုင်ငံတွင် ဒေါ်လာ ၁ သန်းခွဲဆိုလျှင် ရဲတိုက်ကြီးတစ်လုံး (သို့မဟုတ်) အလွန်တရာ ခမ်းနားလှသော စံအိမ်ကြီးတစ်လုံးရနိုင်ကြောင်း ပြောသည်။

ငွေကြေးဖောင်းပွကာ လူနေမှုစရိတ် အလွန်တရာကြီးမြင့်လာသော ယနေ့ခေတ်တွင် နေအိမ်ဝယ်ယူခြင်း ဟူသည်မှာ အလွန်ချမ်းသာသူတို့သာ တတ်နိုင်သော ဇိမ်ခံပစ္စည်းတစ်ခုသဖွယ် ဖြစ်လာနေသည်။

မရီနာ၏ ဖြစ်ရပ်ကို ကြည့်လျှင် ဒေါ်လာ ၁ ဒသမ ၅ သန်းဖြင့်ပင်လျှင် ဘန်ဂလိုအိမ် အစုတ်တစ်လုံးသာ ဝယ်နိုင်ကြောင်း တွေ့ရှိရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: Woman With A $1.5 Million Budget Goes House Hunting & Learns She Can Only Afford A Run-Down Bungalow (yourtango)

 

 

 

 

[Zawgyi]

 

အေမရိကန္တြင္ ေဒၚလာ ၁ သန္းခြဲျဖင့္ ေနအိမ္ဝယ္ယူရန္ လုိက္လံရွာေဖြေသာ အမ်ဳိးသမီး ဘန္ဂလုိအိမ္ အစုတ္တစ္လံုးတည္းသာ ထိုေစ်းျဖင့္ ရႏိုင္ေၾကာင္း သိလာရ

 

 

TikTok လူမႈကြန္ရက္တြင္ ဒဲရင္း ခရစ္(Darren Kriz ) ဆိုသည့္ အမ်ဳိးသားသည္ ကယ္လီဖိုးနီးယား ျပည္နယ္မွ ေနအိမ္မ်ားစြာကို သူ၏ အေကာင့္တြင္ ရိုက္ကူးတင္ျပေလ့ရွိသည္။

ဒဲရင္း ခရစ္က ကယ္လီဖိုးနီးယားျပည္နယ္တြင္ အမ်ဳိးသမီးတစ္ဦး ေဒၚလာ ၁ ဒသမ ၅ သန္းျဖင့္ ေနအိမ္ လုိက္လံရွာေဖြခဲ့ပံုကို ေဖာ္ျပခဲ့သည္။

ေနအိမ္လိုက္လံရွာေဖြေသာ အမ်ဳိးသမီး၏ အမည္မွာ မရီနာ (Marina) ျဖစ္သည္။

မရီနာတင္ခဲ့ေသာ ဗြီဒီယိုကို ခရစ္က ျပန္လည္တင္ဆက္ခဲ့ျခင္းလည္း ျဖစ္သည္။

“အေမရိကန္မွာ ႏွစ္ေပါင္းအေတာ္ၾကာ ေနထိုင္ခဲ့ျပီးတဲ့ေနာက္ အိမ္ျခံေျမ ေခ်းေငြ ေလွ်ာက္ထားခြင့္ ရခဲ့ပါတယ္။ အဲဒီေနာက္ပိုင္း အိမ္ဝယ္ဖို႔ ရွာေဖြခဲ့ပါတယ္”ဟု မရီနာက ေျပာသည္။

မရီနာက သူလက္ရွိေနထိုင္ေနေသာ ေဒသဝန္းက်င္တြင္ ေဒၚလာ ၁ သန္းခြဲဝန္းက်င္ တန္ေၾကးရွိ ေနအိမ္ လုိက္လံရွာေဖြခဲ့ရာ ထိုေငြပမာဏျဖင့္ ရႏိုင္သည့္ ေနအိမ္ တစ္လံုးတည္းသာ ရွိေၾကာင္း အံ့အားသင့္ဖြယ္ သိလာရသည္။

မရီနာက ထိုအိမ္ကို ၾကည့္ရႈရန္ ဆံုးျဖတ္ခဲ့သည္။

ထိုေနအိမ္မွာ အေဝးေျပးလမ္းမၾကီးႏွင့္ နီးျပီး အနီးဝန္းက်င္တစ္ဝိုက္တြင္ လူေနအိမ္ကားမ်ား (RV) မ်ားစြာ ရပ္နားထားကာ လမ္းေပၚတြင္ အမိႈက္ပံုးမ်ားလည္း ျပည့္ႏွက္ေနသည္။

ထိုေဒသမွာ ေနရာေကာင္းတစ္ခု ျဖစ္ဟန္ရေၾကာင္း ခရစ္က မွတ္ခ်က္ျပဳသည္။

မရီနာ အိမ္ထဲသို႔ ဝင္သြားေသာအခါ ေတြ႔ျမင္လုိက္ရသည့္ ျမင္ကြင္းေၾကာင့္ စိတ္ပ်က္လက္ပ်က္ ျဖစ္သြားသည္။

ထိုအိမ္မွာ ပ်က္စီးယိုယြင္းေနေသာ ဘန္ဂလိုအိမ္ျဖစ္ကာ ျပဳျပင္မြမ္းမံမႈ မ်ားစြာလိုအပ္ေနေသာ အေနအထား ျဖစ္သည္။

မီးဖိုေဆာင္ေဘးရွိ ေနရာလြတ္တစ္ခုကိုျပရင္း ထိုေနရာမွာ မီးဖိုထားရွိခဲ့သည့္ ေနရာျဖစ္ဟန္ရေၾကာင္း မရီနာက ေျပာသည္။ ေနအိမ္မ်က္ႏွာၾကက္မွာ အလြန္နိမ့္ျပီး အိမ္ထဲတြင္ အလြန္ေအးလွေၾကာင္း သူမက ေျပာသည္။

မရီနာက အိပ္ခန္းမ်ားကိုလည္း ျပသခဲ့ရာ အလြန္က်ဥ္းေျမာင္းကာ ယိုယြင္းပ်က္စီးေနျပီး သဘာဝအလင္းေရာင္ ရရွိမႈ အလြန္အားနည္းသည္။

“ကၽြန္မ အရမ္းစိတ္ပ်က္သြားတယ္။ ကၽြန္မ တစ္ျခားေနရာေတြမွာလည္း ရွာၾကည့္ပါတယ္။ ဒါေပမဲ့ ဆီလီကြန္ေတာင္ၾကားမွာ ေဒၚလာ ၁ ဒသမ ၅ သန္းနဲ႔ ရႏိုင္တာ ဒီအိမ္တစ္လံုးပဲ ရွိပါတယ္။”

ဆန္ဖရန္စစၥကိုတြင္ ေနအိမ္တစ္လံုး၏ ပွ်မ္းမွ်ေစ်းႏႈန္းမွာ ေဒၚလာ ၁ ဒသမ ၂ သန္းရွိျပီး အိပ္ခန္း ၁ ခန္းမွ ၂ ခန္းပါ တိုက္ခန္းတစ္ခန္း၏ ပွ်မ္းမွ်ငွားရမ္းခမွာ တစ္လလွ်င္ ေဒၚလာ ၃၅၀၀ ျဖစ္သည္။ ဆီလီကြန္ေတာင္ၾကားသည္ အေမရိကန္၏ နည္းပညာအခ်က္အျခာအျဖစ္ လူသိမ်ားသည္။

Financial Times ႏွင့္ Nikkei သတင္းစာတို႔၏ စစ္တမ္းအရ ဆန္ဖရန္စစၥကိုသည္ ဘဝေနထိုင္မႈ အရည္အေသြးအဆင့္တြင္ ေအာက္ဆံုးမွ ေရတြက္လွ်င္ ဒုတိယေနရာတြင္ ရပ္တည္ေနသည္။

အဆုိပါ စစ္တမ္းတြင္ ျမိဳ႕ၾကီးေပါင္း ၈၉ ခုကို ေလ့လာခဲ့ရာ ဆန္ဖရန္စစၥကိုသည္ အိမ္ျခံေျမႏွင့္ က်န္းမာေရး ေစာင့္ေရွာက္မႈ ေစ်းအၾကီးဆံုးအျဖစ္ ရပ္တည္ေနသည္။

ခရစ္၏ TikTok ဗြီဒီယိုတြင္ လူမႈကြန္ရက္သံုးစြဲသူတစ္ဦးက မွတ္ခ်က္ျပဳသည္မွာ အဆိုပါ ေစ်းႏႈန္းမွာ ဆီလီကြန္ေတာင္ၾကားတြင္ ပံုမွန္သာ ျဖစ္ေၾကာင္း ေျပာသည္။

အျခားသူတို႔ကမူ ကယ္လီဖုိးနီးယားတြင္ လူေနမႈစရိတ္အလြန္ ၾကီးမားလွေၾကာင္း မွတ္ခ်က္ျပဳၾကသည္။

တစ္ဦးက မွတ္ခ်က္ျပဳသည္မွာ အိမ္ရွာသည့္ အမ်ဳိးသမီးအေနျဖင့္ ရည္မွန္းခ်က္ ေလ်ာ့ခ်ပါက ထိုေငြျဖင့္ အျခားေနရာတြင္ ေနအိမ္ေကာင္းတစ္လံုး၊ ကြန္ဒိုတစ္ခန္း ရႏိုင္ေၾကာင္း ေျပာသည္။

အေမရိကန္ျပင္ပမွ ေနထိုင္သူမ်ားက မွတ္ခ်က္ျပဳသည္မွာ မိမိတို႔၏ ႏိုင္ငံတြင္ ေဒၚလာ ၁ သန္းခြဲဆိုလွ်င္ ရဲတုိက္ၾကီးတစ္လံုး (သို႔မဟုတ္) အလြန္တရာ ခမ္းနားလွေသာ စံအိမ္ၾကီးတစ္လံုးရႏိုင္ေၾကာင္း ေျပာသည္။

ေငြေၾကးေဖာင္းပြကာ လူေနမႈစရိတ္ အလြန္တရာၾကီးျမင့္လာေသာ ယေန႔ေခတ္တြင္ ေနအိမ္ဝယ္ယူျခင္း ဟူသည္မွာ အလြန္ခ်မ္းသာသူတို႔သာ တတ္ႏိုင္ေသာ ဇိမ္ခံပစၥည္းတစ္ခုသဖြယ္ ျဖစ္လာေနသည္။

မရီနာ၏ ျဖစ္ရပ္ကုိ ၾကည့္လွ်င္ ေဒၚလာ ၁ ဒသမ ၅ သန္းျဖင့္ပင္လွ်င္ ဘန္ဂလိုအိမ္ အစုတ္တစ္လံုးသာ ဝယ္ႏိုင္ေၾကာင္း ေတြ႔ရွိရသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: Woman With A $1.5 Million Budget Goes House Hunting & Learns She Can Only Afford A Run-Down Bungalow (yourtango)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service