စင်ပေါ်တွင် ဖျော်ဖြေနေစဉ် ပစ်သတ်ခံခဲ့ရသော ကမ္ဘာကျော် Heavy Metal အဖွဲ့ကြီး Pantera မှ ဂစ်တာသမား Dimebag Darrell ၏ စံအိမ်

စင်ပေါ်တွင် ဖျော်ဖြေနေစဉ် ပစ်သတ်ခံခဲ့ရသော ကမ္ဘာကျော် Heavy Metal အဖွဲ့ကြီး Pantera မှ ဂစ်တာသမား Dimebag Darrell ၏ စံအိမ် - Property News in Myanmar from iMyanmarHouse.com
19 Apr 2023 11:08 am တွင် တင်ခဲ့သည်
698 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

 

(Dimebag Darrell ဘယ်သူလဲ)

 

ဒိုင်းဘက်ဂ် ဒဲရယ် Dimebag Darrell အမည်ရင်းမှာ Darrell Lance Abbott ဖြစ်ပြီး ၁၉၆၆ မွေးဖွားကာ အနုပညာအမည် Dimebag Darrell ဟုသာ လူသိများသည်။

Dimebag Darrell သည် အမေရိကန်ဂီတသမားဖြစ်ပြီး Heavy Metal အဖွဲ့ကြီး Pantera နှင့် Damageplan တို့ကို အစ်ကိုဖြစ်သူ Vinnie Paul (မွေး- ၁၉၆၄ ကွယ်လွန် ၂၀၁၈) နှင့်အတူ တည်ထောင်ခဲ့သူဖြစ်သည်။

ဒိုင်းဘက်ဂ် ဒဲရယ်သည် ကမ္ဘာ့ဂီတသမိုင်းတလျှောက် အကောင်းဆုံး Metal ဂစ်တာသမားများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံရသည်။

ဒိုင်းဘက်ဂ်သည် ကန်ထရီးဂီတထုတ်လုပ်သူ Jerry Abbott ၏ သားဖြစ်ပြီး ၁၂ နှစ်သားအရွယ်မှ စတင်ကာ ဂစ်တာတီးခဲ့သည်။

Pantera အဖွဲ့ကြီးကို ဖွဲ့စည်းပြီး ပွဲဦးထွက် တေးအယ်လ်ဘမ် Metal Magic (၁၉၈၃ ခုနှစ်) ကို ထုတ်လုပ်ချိန်က ဒိုင်းဘက်ဂ်မှာ ၁၆ နှစ်သား အရွယ်သာရှိသေးသည်။

အသက် ၁၂ နှစ်ပြည့်မွေးနေ့တွင် လက်စ်ပေါဟန် Hondo ဂစ်တာနှင့် Pignose အမျိုးအစား ဂစ်တာ Amp တို့ မွေးနေ့လက်ဆောင်ရခဲ့သည်။

 

ငယ်စဉ်က ဒိုင်းဘက်ဂ်အပေါ် ကြီးမားစွာ သြဇာလွှမ်းမိုးခဲ့သည့် ရော့ခ်ဂီတအဖွဲ့များကား Black Sabbath ၊ Judas Priest ၊ Kiss နှင့် Van Halen တို့ဖြစ်သည်။

ဖခင်ဖြစ်သူ Jerry က သားအား ဂစ်တာတီး သင်ပေးရန်အတွက် သားဖြစ်သူ ရူးသွပ်နေသည့် အဖွဲ့များထဲမှ Kiss ၏ သီချင်းများကို သူကိုယ်တိုင် တီးခတ်လေ့ကျင့်ခဲ့သည်

ဒိုင်းဘက်ဂ်သည် ဖခင်ကြီး၏ အသံဖမ်းစတူဒီယိုတွင် အသံလာသွင်း တီးခတ်ကြသော ကန်းထရီး ဂစ်တာသမားများထံမှလည်း လေ့လာသင်ယူမှုများ ပြုလုပ်ခဲ့သည်။

 

 

ဒိုင်းဘက်ဂ်၏ မိဘ ၂ ပါးမှာ အိမ်ထောင်သက် ၁၇ နှစ်အကြာတွင် လမ်းခွဲခံကြသည်။

ဒိုင်းဘက်ဂ်နှင့် အစ်ကိုဖြစ်သူ Vinnie တို့က မိခင်ကြီး Corolyn နှင့်အတူနေသည်။

ထိုစဉ်က နေထိုင်ခဲ့သည့်အိမ်မှာ Arlington မြို့ ၊ Monterrey လမ်းတွင် တည်ရှိပြီး မွေးမြူရေးခြံမှ နေအိမ်ဟန်ပန်မျိုး ဖြစ်သည်။

မိခင်က သား ၂ ဦး၏ ဂီတဝါသနာကို အားပေးသည်။

ကွာရှင်းပြီးနောက်ပိုင်း ဖခင်ကြီး Jerry က စက်ဘီးဖြင့် မကြာခဏလာကာ ဒိုင်းဘက်ဂ်ကို ဂစ်တာတီးသင်ပေးသည်။

ကွာရှင်းပြီးသည့်တိုင် မိသားစုဘဝ ပျော်ရွှင်စွာ ဆက်လက်တည်ရှိခဲ့သည်။

 

 

 

((Pantera ဘာလဲ))

 

Pantera သည် အမေရိကန် Heavy Metal အဖွဲ့ကြီးဖြစ်ပြီး တက္ကဆပ်ပြည်နယ် ၊ Arlington မြို့တွင် ၁၉၈၁ ခုနှစ်၌ စတင်ဖွဲ့စည်းခဲ့သည်။

Pantera ၏ အမြဲတမ်းအမာခံ ဝိုင်းသား ၂ ဦးမှာ ဒိုင်းဘက်ဂ် (ဂစ်တာ) နှင့် Vannie Paul တို့ ညီအစ်ကို နှစ်ဦးဖြစ်ပြီး ကျန်အဖွဲ့သားများမှာ အပြောင်းအလဲများ ရှိခဲ့သည်။

Pantera သည် ၁၉၈၀ ပြည့်လွန်ကာလများမှ ၁၉၉၀ ပြည့်လွန်အလယ်ပိုင်းကာလများအထိ ကျော်ကြားခဲ့သော Trash Metal ဒုတိယလှိုင်းတွင် Tastament ၊ Sepultura ၊ Machine Head အဖွဲ့များနှင့်အတူ ပါဝင်ခဲ့သည်။

Pantera သည် Heavy Metal ဂီတသမိုင်းတွင် အောင်မြင်မှုအရဆုံးနှင့် သြဇာအလွှမ်းမိုးဆုံးအဖွဲ့များတွင် တစ်ခုအပါအဝင်အဖြစ် သတ်မှတ်ခံရသည်။

ကမ္ဘာတစ်ဝန်းတွင် တေးအယ်လ်ဘမ်ချပ်ရေ သန်း ၂၀ ခန့် ရောင်းချထားရပြီး ဂရမ်မီဆု ဇကာတင်စာရင်း ၄ ကြိမ်ပါဝင်ခဲ့ဖူးသည်။

၂၀၀၀ ပြည့်နှစ်တွင် Pantera အဖွဲ့သားအချို့သည် အဖွဲ့၏ ဂီတလှုပ်ရှားမှုအပြင် အခြားဂီတလှုပ်ရှားမှုများလည်း လုပ်ဆောင်လာခဲ့သည်။

နောင် ၃ နှစ်အကြာတွင် greatest hits အယ်လ်ဘမ်ကို ထုတ်ဝေဖြန့်ချိပြီး မကြာမီတွင် Pantera အဖွဲ့ကြီး ပြိုကွဲသွားတော့သည်။

 

((ဒိုင်းဘက်ဂ် အသက်ခံရခြင်း))

 

 

Pantera အဖွဲ့ကြီး ပြိုကွဲပြီးနောက် ဒိုင်းဘက်ဂ်တို့ ညီအစ်ကိုက Band အသစ်တစ်ခု ဖွဲ့စည်းခဲ့ပြီး Damageplan ဟု အမည်ပေးခဲ့သည်။

အချိန်ကား ၂၀၀၄ ခုနှစ် ၊ ဒီဇင်ဘာ ၈ ရက်။

နေရာကား အိုဟိုင်အိုးပြည်နယ် ၊ ကိုလံဘတ်စ်မြို့။

ဒိုင်းဘက်ဂ်တို့ Band က Alrosa Villa အမည်ရှိ ကလပ်တစ်ခုတွင် ဂီတဖျော်ဖြေရေး စတင်ရန် ဒိုင်းဘက်ဂ်က အစ်ကိုဖြစ်သူနှင့် လက်သီးချင်းတိုက်လိုက်ပြီး ပွဲတိုင်းတွင် ပွဲမစမီ ပြောလေ့ရှိသော စကားတစ်ခွန်း ပြိုင်တူပြောလိုက်ကြသည်။

“Van Halen”

 

(မှတ်ချက်။ Van Halen မှာ ကမ္ဘာ့အကောင်းဆုံး ဂစ်တာသမားတစ်ဦးဖြစ်သည်။)

မိနစ်အနည်းငယ်အကြာတွင် စတိတ်စင်ပေါ်သို့ အမျိုးသားတစ်ဦးတက်လာပြီး ဂစ်တာသမား ဒိုင်းဘက်ဂ်ထံ တိုက်ရိုက်လျှောက်သွား၏။

သူ့လက်ထဲတွင်ကား ၉ မမ Beretta (ပစ္စတို) သေနတ်တစ်လက်။

ထိုသူက ဒိုင်းဘက်ဂ်ကို အချက်ပေါင်းများစွာ ပစ်ခတ်တော့သည်။ ဂီတသံများ ရပ်ဆိုင်းသွား၏။

တီးဝိုင်းအဖွဲ့သားများသည် လဲကျသွားသော ဒိုင်းဘက်ဂ်ထံ စုရုံးဝိုင်းအုံ သွားကြသည်။

“911 ကို ဖုန်းဆက်ကြဟေ့! တစ်ယောက်ယောက် 911 ကို ဖုန်းဆက်ဖုန်းဆက်ကြ! ဟု တစ်စုံတစ်ဦးက အော်လိုက်သည်။ သို့သော် အရာရာ နောက်ကျသွားခဲ့ပြီ။ Heavy Metal ဂီတ၏ အထင်ကရ ကြယ်ပွင့်ကြီး ကြယ်ကြွေခဲ့ပြီ။

အသတ်ခံရချိန်တွင် ဒိုင်းဘက်ဂ်မှာ ၃၈ နှစ်အရွယ်သာရှိသေးသည်။

 

((သတ်ရခြင်း အကြောင်းအရင်း))

 

 

 

ဒိုင်းဘက်ဂ်ကို သတ်ခဲ့သူမှာ ရေတပ်သားဟောင်းတစ်ဦးဖြစ်သူ Nathan Gale ဆိုသူဖြစ်ပြီး အသက် ၂၅ နှစ်သာ ရှိသေးသည်။

Nathan Gale သည် ထိုညက စုစုပေါင်း ၄ ဦး ပစ်သတ်ခဲ့ပြီး ၃ ဦး ဒဏ်ရာရစေခဲ့သည်။

Nathan Gale ကို ရဲအရာရှိ James Niggemeyer က အသေပစ်ခတ်ဖမ်းဆီးခဲ့သည်။

Nathan Gale သည် Patera ၏ ပရိသတ်တစ်ဦးဖြစ်ပြီး Pantera အဖွဲ့ကြီး ပြိုကွဲရမှုအတွက် ဒိုင်းဘက်ဂ်တို့ ညီအစ်ကိုအပေါ် များစွာ အမျက်ထွက်ခဲ့သည်ဟု ရဲတပ်ဖွဲ့၏ စုံစမ်းမှုအရ သိရသည်။

 

((ကြွေလွင့်သွားသော ကြယ်ပွင့် ဒိုင်းဘက်ဂ်၏ စံအိမ်))

 

 

ဒိုင်းဘက်ဂ်၏ စံအိမ်မှာ တက္ကဆပ်ပြည်နယ် ၊ Arlington မြို့ တောင်ပိုင်းတွင်ရှိပြီး အကျယ်အဝန်းမှာ အလယ်အလတ်စား ဖြစ်သည်။

ဒိုင်းဘက်ဂ်၏ စံအိမ်ကို သူအသတ်မခံရမီ နောက်ဆုံးထားရှိခဲ့သည့်အတိုင်း ခြေရာလက်ရာမပျက် ထိန်းသိမ်းထားရှိထားသည်။

သူ၏ စံအိမ်နံရံများတွင် ဂီတခရီးတစ်လျှောက် အမှတ်တရ ပစ္စည်းများကို ချိတ်ဆွဲထားသည်။

ဒိုင်းဘက်ဂ်အပေါ် သြဇာလွှမ်းသော Band များ၏ ဓာတ်ပုံများလည်း ချိတ်ဆွဲထားရာ အများဆုံးတွေ့ရသည်မှာ KISS အဖွဲ့ကြီး၏ ဓာတ်ပုံများ ဖြစ်သည်။

 

ဒိုင်းဘက်ဂ်၏ စံအိမ်ကို အများပြည်သူသို့ ဝင်ရောက်ကြည့်ရှုခွင့် ပေးမထား။

ဒိုင်းဘက်ဂ်က KISS အဖွဲ့ကြီးအပေါ် အရူးအမူးဖြစ်မှုမှာ လူသိများသည်။

ဒိုင်းဘက်ဂ် ကို ဂူသွင်းမြှပ်နှံရာတွင် KISS အဖွဲ့၏ အမှတ်တံဆိပ်ရေးသားထားသော ခေါင်းတလားဖြင့် မြှပ်နှံပေးခဲ့သည်။

ဒိုင်းဘက်ဂ် ကြေကွဲဖွယ်ရာ သေဆုံးခဲ့ရပြီး ၁၀ နှစ်ပြည့်အဖြစ် Guitar World မဂ္ဂဇင်းက မျက်နှာဖုံးဆောင်းပါးတင်ဆက်ရန် ဒိုင်းဘက်ဂ်၏ နေအိမ်နှင့် စတူဒီယိုတို့ကို ကြည့်ရှုလေ့လာခွင့် ရရှိခဲ့သည်။

Guitar World မဂ္ဂဇင်းက ကင်မရာများကို ယူဆောင်လာခဲ့ကြရာ မှတ်တမ်းတင် ဗွီဒီယို ရိုက်ကူးနိုင်ခဲ့သည့်အပြင် ဒိုင်းဘက်ဂ် စုဆောင်းထားသော ဂစ်တာများကိုလည်း လေ့လာခွင့် ရခဲ့သည်။

 

 

 

 

 

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Take an Exclusive Look Inside Dimebag Darrell's Home, Just as He Left It (dallasobserver)

 

 

 

 

 

[Zawgyi]

စင္ေပၚတြင္ ေဖ်ာ္ေျဖေနစဥ္ ပစ္သတ္ခံခဲ့ရေသာ ကမၻာေက်ာ္ Heavy Metal အဖြဲ႔ၾကီး Pantera မွ ဂစ္တာသမား Dimebag Darrell ၏ စံအိမ္

 

(Dimebag Darrell ဘယ္သူလဲ)

ဒိုင္းဘက္ဂ္ ဒဲရယ္ Dimebag Darrell အမည္ရင္းမွာ Darrell Lance Abbott ျဖစ္ျပီး ၁၉၆၆ ေမြးဖြားကာ အႏုပညာအမည္ Dimebag Darrell ဟုသာ လူသိမ်ားသည္။

Dimebag Darrell သည္ အေမရိကန္ဂီတသမားျဖစ္ျပီး Heavy Metal အဖြဲ႔ၾကီး Pantera ႏွင့္ Damageplan တို႔ကို အစ္ကိုျဖစ္သူ Vinnie Paul (ေမြး- ၁၉၆၄ ကြယ္လြန္ ၂၀၁၈) ႏွင့္အတူ တည္ေထာင္ခဲ့သူျဖစ္သည္။

ဒိုင္းဘက္ဂ္ ဒဲရယ္သည္ ကမၻာ့ဂီတသမိုင္းတေလွ်ာက္ အေကာင္းဆံုး Metal ဂစ္တာသမားမ်ားတြင္ တစ္ဦးအပါအဝင္အျဖစ္ သတ္မွတ္ခံရသည္။

ဒိုင္းဘက္ဂ္သည္ ကန္ထရီးဂီတထုတ္လုပ္သူ Jerry Abbott ၏ သားျဖစ္ျပီး ၁၂ ႏွစ္သားအရြယ္မွ စတင္ကာ ဂစ္တာတီးခဲ့သည္။ Pantera အဖြဲ႔ၾကီးကို ဖြဲ႔စည္းျပီး ပြဲဦးထြက္ ေတးအယ္လ္ဘမ္ Metal Magic (၁၉၈၃ ခုႏွစ္) ကို ထုတ္လုပ္ခ်ိန္က ဒိုင္းဘက္ဂ္မွာ ၁၆ ႏွစ္သား အရြယ္သာရွိေသးသည္။

အသက္ ၁၂ ႏွစ္ျပည့္ေမြးေန႔တြင္ လက္စ္ေပါဟန္ Hondo ဂစ္တာႏွင့္ Pignose အမ်ဳိးအစား ဂစ္တာ Amp တို႔ ေမြးေန႔လက္ေဆာင္ရခဲ့သည္။

ငယ္စဥ္က ဒိုင္းဘက္ဂ္အေပၚ ၾကီးမားစြာ ၾသဇာလႊမ္းမိုးခဲ့သည့္ ေရာ့ခ္ဂီတအဖြဲ႔မ်ားကား Black Sabbath ၊ Judas Priest ၊ Kiss ႏွင့္ Van Halen တို႔ျဖစ္သည္။

ဖခင္ျဖစ္သူ Jerry က သားအား ဂစ္တာတီး သင္ေပးရန္အတြက္ သားျဖစ္သူ ရူးသြပ္ေနသည့္ အဖြဲ႔မ်ားထဲမွ Kiss ၏ သီခ်င္းမ်ားကို သူကိုယ္တုိင္ တီးခတ္ေလ့က်င့္ခဲ့သည္။

ဒိုင္းဘက္ဂ္သည္ ဖခင္ၾကီး၏ အသံဖမ္းစတူဒီယိုတြင္ အသံလာသြင္း တီးခတ္ၾကေသာ ကန္းထရီး ဂစ္တာသမားမ်ားထံမွလည္း ေလ့လာသင္ယူမႈမ်ား ျပဳလုပ္ခဲ့သည္။

ဒိုင္းဘက္ဂ္၏ မိဘ ၂ ပါးမွာ အိမ္ေထာင္သက္ ၁၇ ႏွစ္အၾကာတြင္ လမ္းခြဲခံၾကသည္။

ဒိုင္းဘက္ဂ္ႏွင့္ အစ္ကိုျဖစ္သူ Vinnie တို႔က မိခင္ၾကီး Corolyn ႏွင့္အတူေနသည္။

ထိုစဥ္က ေနထိုင္ခဲ့သည့္အိမ္မွာ Arlington ျမိဳ႕ ၊ Monterrey လမ္းတြင္ တည္ရွိျပီး ေမြးျမဴေရးျခံမွ ေနအိမ္ဟန္ပန္မ်ဳိး ျဖစ္သည္။ မိခင္က သား ၂ ဦး၏ ဂီတဝါသနာကို အားေပးသည္။

ကြာရွင္းျပီးေနာက္ပိုင္း ဖခင္ၾကီး Jerry က စက္ဘီးျဖင့္ မၾကာခဏလာကာ ဒိုင္းဘက္ဂ္ကို ဂစ္တာတီးသင္ေပးသည္။

ကြာရွင္းျပီးသည့္တုိင္ မိသားစုဘဝ ေပ်ာ္ရႊင္စြာ ဆက္လက္တည္ရွိခဲ့သည္။

((Pantera ဘာလဲ))

Pantera သည္ အေမရိကန္ Heavy Metal အဖြဲ႔ၾကီးျဖစ္ျပီး တကၠဆပ္ျပည္နယ္ ၊ Arlington ျမိဳ႕တြင္ ၁၉၈၁ ခုႏွစ္၌ စတင္ဖြဲ႔စည္းခဲ့သည္။

Pantera ၏ အျမဲတမ္းအမာခံ ဝိုင္းသား ၂ ဦးမွာ ဒိုင္းဘက္ဂ္ (ဂစ္တာ) ႏွင့္ Vannie Paul တို႔ ညီအစ္ကို ႏွစ္ဦးျဖစ္ျပီး က်န္အဖြဲ႔သားမ်ားမွာ အေျပာင္းအလဲမ်ား ရွိခဲ့သည္။

Pantera သည္ ၁၉၈၀ ျပည့္လြန္ကာလမ်ားမွ ၁၉၉၀ ျပည့္လြန္အလယ္ပိုင္းကာလမ်ားအထိ ေက်ာ္ၾကားခဲ့ေသာ Trash Metal ဒုတိယလိႈင္းတြင္ Tastament ၊ Sepultura ၊ Machine Head အဖြဲ႔မ်ားႏွင့္အတူ ပါဝင္ခဲ့သည္။

Pantera သည္ Heavy Metal ဂီတသမိုင္းတြင္ ေအာင္ျမင္မႈအရဆံုးႏွင့္ ၾသဇာအလႊမ္းမိုးဆံုးအဖြဲ႔မ်ားတြင္ တစ္ခုအပါအဝင္အျဖစ္ သတ္မွတ္ခံရသည္။

ကမၻာတစ္ဝန္းတြင္ ေတးအယ္လ္ဘမ္ခ်ပ္ေရ သန္း ၂၀ ခန္႔ ေရာင္းခ်ထားရျပီး ဂရမ္မီဆု ဇကာတင္စာရင္း ၄ ၾကိမ္ပါဝင္ခဲ့ဖူးသည္။

၂၀၀၀ ျပည့္ႏွစ္တြင္ Pantera အဖြဲ႔သားအခ်ဳိ႕သည္ အဖြဲ႔၏ ဂီတလႈပ္ရွားမႈအျပင္ အျခားဂီတလႈပ္ရွားမႈမ်ားလည္း လုပ္ေဆာင္လာခဲ့သည္။

ေနာင္ ၃ ႏွစ္အၾကာတြင္ greatest hits အယ္လ္ဘမ္ကုိ ထုတ္ေဝျဖန္႔ခ်ိျပီး မၾကာမီတြင္ Pantera အဖြဲ႔ၾကီး ျပိဳကြဲသြားေတာ့သည္။

((ဒိုင္းဘက္ဂ္ အသက္ခံရျခင္း))

Pantera အဖြဲ႔ၾကီး ျပိဳကြဲျပီးေနာက္ ဒိုင္းဘက္ဂ္တို႔ ညီအစ္ကိုက Band အသစ္တစ္ခု ဖြဲ႔စည္းခဲ့ျပီး Damageplan ဟု အမည္ေပးခဲ့သည္။

အခ်ိန္ကား ၂၀၀၄ ခုႏွစ္ ၊ ဒီဇင္ဘာ ၈ ရက္။

ေနရာကား အိုဟုိင္အိုးျပည္နယ္ ၊ ကိုလံဘတ္စ္ျမိဳ႕။

ဒိုင္းဘက္ဂ္တို႔ Band က Alrosa Villa အမည္ရွိ ကလပ္တစ္ခုတြင္ ဂီတေဖ်ာ္ေျဖေရး စတင္ရန္ ဒိုင္းဘက္ဂ္က အစ္ကုိျဖစ္သူႏွင့္ လက္သီးခ်င္းတိုက္လုိက္ျပီး ပြဲတိုင္းတြင္ ပြဲမစမီ ေျပာေလ့ရွိေသာ စကားတစ္ခြန္း ျပိဳင္တူေျပာလုိက္ၾကသည္။

“Van Halen”

(မွတ္ခ်က္။ Van Halen မွာ ကမၻာ့အေကာင္းဆံုး ဂစ္တာသမားတစ္ဦးျဖစ္သည္။) မိနစ္အနည္းငယ္အၾကာတြင္ စတိတ္စင္ေပၚသို႔ အမ်ိဳးသားတစ္ဦးတက္လာျပီး ဂစ္တာသမား ဒိုင္းဘက္ဂ္ထံ တိုက္ရုိက္ေလွ်ာက္သြား၏။

သူ႔လက္ထဲတြင္ကား ၉ မမ Beretta (ပစၥတို) ေသနတ္တစ္လက္။ ထိုသူက ဒိုင္းဘက္ဂ္ကို အခ်က္ေပါင္းမ်ားစြာ ပစ္ခတ္ေတာ့သည္။ ဂီတသံမ်ား ရပ္ဆိုင္းသြား၏။

တီးဝိုင္းအဖြဲ႔သားမ်ားသည္ လဲက်သြားေသာ ဒိုင္းဘက္ဂ္ထံ စုရံုးဝိုင္းအံု သြားၾကသည္။

“911 ကို ဖုန္းဆက္ၾကေဟ့! တစ္ေယာက္ေယာက္ 911 ကို ဖုန္းဆက္ဖုန္းဆက္ၾက! ဟု တစ္စံုတစ္ဦးက ေအာ္လိုက္သည္။ သုိ႔ေသာ္ အရာရာ ေနာက္က်သြားခဲ့ျပီ။ Heavy Metal ဂီတ၏ အထင္ကရ ၾကယ္ပြင့္ၾကီး ၾကယ္ေၾကြခ့ဲျပီ။

အသတ္ခံရခ်ိန္တြင္ ဒိုင္းဘက္ဂ္မွာ ၃၈ ႏွစ္အရြယ္သာရွိေသးသည္။ ((သတ္ရျခင္း အေၾကာင္းအရင္း))

ဒိုင္းဘက္ဂ္ကို သတ္ခဲ့သူမွာ ေရတပ္သားေဟာင္းတစ္ဦးျဖစ္သူ Nathan Gale ဆိုသူျဖစ္ျပီး အသက္ ၂၅ ႏွစ္သာ ရွိေသးသည္။ Nathan Gale သည္ ထိုညက စုစုေပါင္း ၄ ဦး ပစ္သတ္ခဲ့ျပီး ၃ ဦး ဒဏ္ရာရေစခဲ့သည္။

Nathan Gale ကုိ ရဲအရာရွိ James Niggemeyer က အေသပစ္ခတ္ဖမ္းဆီးခဲ့သည္။

Nathan Gale သည္ Patera ၏ ပရိသတ္တစ္ဦးျဖစ္ျပီး Pantera အဖြဲ႔ၾကီး ျပိဳကြဲရမႈအတြက္ ဒိုင္းဘက္ဂ္တို႔ ညီအစ္ကိုအေပၚ မ်ားစြာ အမ်က္ထြက္ခဲ့သည္ဟု ရဲတပ္ဖြဲ႔၏ စံုစမ္းမႈအရ သိရသည္။

((ေၾကြလြင့္သြားေသာ ၾကယ္ပြင့္ ဒိုင္းဘက္ဂ္၏ စံအိမ္))

ဒိုင္းဘက္ဂ္၏ စံအိမ္မွာ တကၠဆပ္ျပည္နယ္ ၊ Arlington ျမိဳ႕ ေတာင္ပိုင္းတြင္ရွိျပီး အက်ယ္အဝန္းမွာ အလယ္အလတ္စား ျဖစ္သည္။

ဒိုင္းဘက္ဂ္၏ စံအိမ္ကို သူအသတ္မခံရမီ ေနာက္ဆံုးထားရွိခဲ့သည့္အတိုင္း ေျခရာလက္ရာမပ်က္ ထိန္းသိမ္းထားရွိထားသည္။

သူ၏ စံအိမ္နံရံမ်ားတြင္ ဂီတခရီးတစ္ေလွ်ာက္ အမွတ္တရ ပစၥည္းမ်ားကို ခ်ိတ္ဆြဲထားသည္။

ဒိုင္းဘက္ဂ္အေပၚ ၾသဇာလႊမ္းေသာ Band မ်ား၏ ဓာတ္ပံုမ်ားလည္း ခ်ိတ္ဆြဲထားရာ အမ်ားဆံုးေတြ႔ရသည္မွာ KISS အဖြဲ႔ၾကီး၏ ဓာတ္ပံုမ်ား ျဖစ္သည္။

ဒိုင္းဘက္ဂ္၏ စံအိမ္ကို အမ်ားျပည္သူသို႔ ဝင္ေရာက္ၾကည့္ရႈခြင့္ ေပးမထား။

ဒိုင္းဘက္ဂ္က KISS အဖြဲ႔ၾကီးအေပၚ အရူးအမူးျဖစ္မႈမွာ လူသိမ်ားသည္။

ဒိုင္းဘက္ဂ္ ကို ဂူသြင္းျမွပ္ႏွံရာတြင္ KISS အဖြဲ႔၏ အမွတ္တံဆိပ္ေရးသားထားေသာ ေခါင္းတလားျဖင့္ ျမွပ္ႏွံေပးခဲ့သည္။

ဒိုင္းဘက္ဂ္ ေၾကကြဲဖြယ္ရာ ေသဆံုးခဲ့ရျပီး ၁၀ ႏွစ္ျပည့္အျဖစ္ Guitar World မဂၢဇင္းက မ်က္ႏွာဖံုးေဆာင္းပါးတင္ဆက္ရန္ ဒိုင္းဘက္ဂ္၏ ေနအိမ္ႏွင့္ စတူဒီယိုတုိ႔ကို ၾကည့္ရႈေလ့လာခြင့္ ရရွိခဲ့သည္။

Guitar World မဂၢဇင္းက ကင္မရာမ်ားကို ယူေဆာင္လာခဲ့ၾကရာ မွတ္တမ္းတင္ ဗြီဒီယို ရိုက္ကူးႏိုင္ခဲ့သည့္အျပင္ ဒိုင္းဘက္ဂ္ စုေဆာင္းထားေသာ ဂစ္တာမ်ားကိုလည္း ေလ့လာခြင့္ ရခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Take an Exclusive Look Inside Dimebag Darrell's Home, Just as He Left It (dallasobserver)

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service