အင်္ဂလန်တွင် အသက် ၁၀၄ နှစ်ရှိပြီဖြစ်သော အဘွားအိုက ၁၀၂ နှစ်ကြာ နေထိုင်ခဲ့သောအိမ်ကို အရောင်းဈေးကွက်တင် ၊ ဝယ်ယူခဲ့စဉ်က ဒေါ်လာ ၂၅၀ သာပေးရ

အင်္ဂလန်တွင် အသက် ၁၀၄ နှစ်ရှိပြီဖြစ်သော အဘွားအိုက ၁၀၂ နှစ်ကြာ နေထိုင်ခဲ့သောအိမ်ကို အရောင်းဈေးကွက်တင် ၊ ဝယ်ယူခဲ့စဉ်က ဒေါ်လာ ၂၅၀ သာပေးရ - Property News in Myanmar from iMyanmarHouse.com
17 Apr 2023 11:14 am တွင် တင်ခဲ့သည်
1493 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

(အင်္ဂလန်နိုင်ငံ Somerset မြို့ ၊ Street ကျေးရွာရှိ Nancy Joan Gifford ပိုင်ဆိုင်သော အိမ်)

အင်္ဂလန်နိုင်ငံတွင် မကြာသေးမီက အသက် ၁၀၄ နှစ်ပြည့်ခဲ့သော အဘွားအိုသည် ရာစုနှစ် တစ်ခုကျော် ကြာအောင် နေထိုင်ခဲ့သောအိမ်ကို အရောင်းဈေးကွက်တင်လာသည်။

နန်စီဂျုန်း ဂစ်ဖို့ဒ် (Nancy Joan Gifford ) ၂ နှစ်သမီးအရွယ်တွင် အင်္ဂလန် အနောက်တောင်ပိုင်း Somerset မြို့ရှိ ယခုအိမ်သို့ သူ၏ မိသားစု ပြောင်းရွှေ့ နေထိုင်ခဲ့ကြခြင်း ဖြစ်သည်။

နန်စီ၏ မိဘများက ယခုအိမ်ကို ၁၉၂၁ ခုနှစ်က ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဗြိတိန်ငွေ ပေါင် ၂၀၀ (ဒေါ်လာ ၂၅၀) မျှသာ ပေးခဲ့ရသည်။

ယခုအခါ အဆိုပါအိမ်ကို ပေါင် ၁၆၉၉၅၀ (ဒေါ်လာ ၂၁၀၀၀၀) ဖြင့် အရောင်းဈေးကွက်တင်ထားကြောင်း Somerset မြို့ အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းဖြစ်သော Holland and Odam ၏ ဖော်ပြချက်အရ သိရသည်။

အင်္ဂလန်ဘဏ် (BOE) ၏ inflation calculator တွက်ချက်မှုအရဆိုလျှင် ၁၉၂၁ ခုနှစ်က ပေါင် ၂၀၀ သည် ယနေ့ခေတ်ငွေတန်ဖိုး ပေါင် ၇၈၀၀ (ကန်ဒေါ်လာ ၉၆၀၀) နှင့် ညီမျှသည်ဟု ဆိုသည်။

ပထမကမ္ဘာစစ်ကြီးအပြီး လအနည်းငယ်အကြာတွင် မွေးဖွားခဲ့သူ နန်စီသည် Street ကျေးရွာလေး၏ ယခုအိမ်တွင် နေထိုင်ရင်း ကမ္ဘာ့သမိုင်း၏ အထင်ကရကာလများစွာကို ဖြတ်သန်းခဲ့ရာ ရုပ်မြင်သံကြားစက်များ တီထွင်နိုင်မှု့ ၊ Wall Street ပြိုလဲခြင်းနှင့် ဒုတိယကမ္ဘာစစ်ကြီးတို့ အပါအဝင်ဖြစ်သည်။

နန်စီသည် ၁၉၃၀ ပြည့်လွန်ကာလများအတွင်း Street ရွာကလေးနှင့် အနီးရှိ Glastonbury အကြား လမ်းလျှောက်နေစဉ် ခင်ပွန်းဖြစ်လာမည့် Bert နှင့် စတင်ဆုံစည်းခဲ့သည်။

၎င်းတို့ ဇနီးမောင်နှံတွင် သားသမီး ၂ ဦးထွန်းကားပြီး တစ်ဦးမှာ Street ရွာလေးတွင် ယနေ့တိုင် နေထိုင်ဆဲ ဖြစ်သည်။

“ကျွန်တော် ငယ်ငယ်တုန်းက လမ်းထဲမှာ ချစ်စရာကောင်းတဲ့ မိသားစုတွေ အများကြီးရှိခဲ့တယ်။ ကျွန်တော်တို့ အားလုံး တစ်ယောက်နဲ့ တစ်ယောက်သိကြတယ်”ဟု နန်စီ၏ သားဖြစ်သူ အသက် ၇၉ နှစ်အရွယ်ရှိ John ကပြောသည်။

“ကျွန်တော်တို့ ခေတ်တုန်းက ကျွန်တော့အရွယ် ကလေးတွေဟာ လူတိုင်းနဲ့ သိကြတယ်။ ကျွန်တော်တို့ရဲ့ အိမ်တံခါးတွေ အမြဲ ဖွင့်ထားကြတယ်။ အပြင်သွားမယ်ဆို အိမ်တံခါးကို ဂျက်ထိုးထားရုံပဲ။ ကျွန်တော်တို့အားလုံး ဆင်းရဲကြပါတယ်။ ဒါပေမဲ့ လူတိုင်း ပျော်ရွှင်ခဲ့ကြတယ်” ဟု ဂျွန်က ဖြည့်စွက်ပြောသည်။

နန်စီ နေထိုင်သောအိမ်မှာ ၁၈၈၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ခြံဝန်းအတွင်း ရေတွင်းတစ်တွင်းရှိကာ တစ်လမ်းလုံးတွင် နေထိုင်သူများ သုံးစွဲကြကြောင်း ဈေးကွက်တင်ပေးသည့် အိမ်ခြံမြေ အကျိုးဆောင်က ပြောသည်။

မီးဖိုဆောင်တစ်ခု ထည့်သွင်းခြင်း ၊ ရေချိုးခန်းတိုးချဲ့ခြင်းနှင့် ၂၀၀၀ ပြည့်လွန်အစောပိုင်းကာလများတွင် ဆေးသုတ်ထားခြင်းမှလွဲပြီး နေအိမ်မှာ ရှေးမူလက်ရာအတိုင်း ရှိနေဆဲဖြစ်ကြောင်း Holland and Odam ၏ ထုတ်ဖော်ပြောဆိုမှုအရ သိရသည်။

ယခုအိမ်တွင် နှစ်ပရိစ္ဆေဒများစွာ နေထိုင်ခဲ့ပြီးနောက် အသက်ရာကျော်နေပြီဖြစ်သော အဘွားအိုသည် ယခုအခါ အနီးရှိ ဘိုးဘွားဂေဟာတစ်ခုတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိသည်။

“အသက် ၁၀၄ နှစ်အထိ အသက်ရှည်တဲ့သူ များများစားစားမရှိပါဘူး။ ဒါ့အပြင် အိမ်တစ်လုံးထဲမှာ ၁၀၂ နှစ်နေထိုင်ခဲ့သူ ဘယ်လောက်ရှိမလဲ” ဟု Street ကျေးရွာရှိ Holland and Odam ၏ မန်နေဂျာ Jack Bartram က ပြောသည်။

“ဒီအိမ်မှာ မစ္စက်နန်စီနဲ့ မိသားစုရဲ့ အမှတ်တရတွေ အများကြီးရှိခဲ့မှာပါ။ ဒါပေမယ့် ရာစုနှစ်တစ်ခု ကြာခဲ့ပြီးတဲ့နောက် အခြားမိသားစုအတွက် အမှတ်တရရှိစေမယ့် အချိန်ရောက်လာပါပြီ။”

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A woman is selling her childhood home where she has lived for 102 years — her family bought it for about $250 at the time (businessinsider)

 

 

 

 

 

[Zawgyi]

အဂၤလန္တြင္ အသက္ ၁၀၄ ႏွစ္ရွိျပီျဖစ္ေသာ အဘြားအိုက ၁၀၂ ႏွစ္ၾကာ ေနထိုင္ခဲ့ေသာအိမ္ကို အေရာင္းေစ်းကြက္တင္ ၊ ဝယ္ယူခဲ့စဥ္က ေဒၚလာ ၂၅၀ သာေပးရ

 

 

(အဂၤလန္ႏို္င္ငံ ၊ Somerset ျမိဳ႕ ၊ Street ေက်းရြာရွိ Nancy Joan Gifford ပိုင္ဆိုင္ေသာ အိမ္)

အဂၤလန္ႏိုင္ငံတြင္ မၾကာေသးမီက အသက္ ၁၀၄ ႏွစ္ျပည့္ခဲ့ေသာ အဘြားအိုသည္ ရာစုႏွစ္ တစ္ခုေက်ာ္ ၾကာေအာင္ ေနထိုင္ခဲ့ေသာအိမ္ကို အေရာင္းေစ်းကြက္တင္လာသည္။

နန္စီဂ်ဳန္း ဂစ္ဖို႔ဒ္ (Nancy Joan Gifford ) ၂ ႏွစ္သမီးအရြယ္တြင္ အဂၤလန္ အေနာက္ေတာင္ပိုင္း Somerset ျမိဳ႕ရွိ ယခုအိမ္သို႔ သူ၏ မိသားစု ေျပာင္းေရႊ႕ ေနထိုင္ခဲ့ၾကျခင္း ျဖစ္သည္။

နန္စီ၏ မိဘမ်ားက ယခုအိမ္ကို ၁၉၂၁ ခုႏွစ္က ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ျဗိတိန္ေငြ ေပါင္ ၂၀၀ (ေဒၚလာ ၂၅၀) မွ်သာ ေပးခဲ့ရသည္။

ယခုအခါ အဆိုပါအိမ္ကို ေပါင္ ၁၆၉၉၅၀ (ေဒၚလာ ၂၁၀၀၀၀) ျဖင့္ အေရာင္းေစ်းကြက္တင္ထားေၾကာင္း Somerset ျမိဳ႕ အေျခစိုက္ အိမ္ျခံေျမအက်ဳိးေဆာင္လုပ္ငန္းျဖစ္ေသာ Holland and Odam ၏ ေဖာ္ျပခ်က္အရ သိရသည္။

အဂၤလန္ဘဏ္ (BOE) ၏ inflation calculator တြက္ခ်က္မႈအရဆုိလွ်င္ ၁၉၂၁ ခုႏွစ္က ေပါင္ ၂၀၀ သည္ ယေန႔ေခတ္ေငြတန္ဖိုး ေပါင္ ၇၈၀၀ (ကန္ေဒၚလာ ၉၆၀၀) ႏွင့္ ညီမွ်သည္ဟု ဆိုသည္။

ပထမကမၻာစစ္ၾကီးအျပီး လအနည္းငယ္အၾကာတြင္ ေမြးဖြားခဲ့သူ နန္စီသည္ Street ေက်းရြာေလး၏ ယခုအိမ္တြင္ ေနထုိင္ရင္း ကမၻာ့သမိုင္း၏ အထင္ကရကာလမ်ားစြာကို ျဖတ္သန္းခဲ့ရာ ရုပ္ျမင္သံၾကားစက္မ်ား တီထြင္ႏိုင္မႈ႔ ၊ Wall Street ျပိဳလဲျခင္းႏွင့္ ဒုတိယကမၻာစစ္ၾကီးတို႔ အပါအဝင္ျဖစ္သည္။

နန္စီသည္ ၁၉၃၀ ျပည့္လြန္ကာလမ်ားအတြင္း Street ရြာကေလးႏွင့္ အနီးရွိ Glastonbury အၾကား လမ္းေလွ်ာက္ေနစဥ္ ခင္ပြန္းျဖစ္လာမည့္ Bert ႏွင့္ စတင္ဆံုစည္းခဲ့သည္။

၎တို႔ ဇနီးေမာင္ႏွံတြင္ သားသမီး ၂ ဦးထြန္းကားျပီး တစ္ဦးမွာ Street ရြာေလးတြင္ ယေန႔တိုင္ ေနထိုင္ဆဲ ျဖစ္သည္။

“ကၽြန္ေတာ္ ငယ္ငယ္တုန္းက လမ္းထဲမွာ ခ်စ္စရာေကာင္းတဲ့ မိသားစုေတြ အမ်ားၾကီးရွိခဲ့တယ္။ ကၽြန္ေတာ္တို႔ အားလံုး တစ္ေယာက္နဲ႔ တစ္ေယာက္သိၾကတယ္”ဟု နန္စီ၏ သားျဖစ္သူ အသက္ ၇၉ ႏွစ္အရြယ္ရွိ John ကေျပာသည္။

“ကၽြန္ေတာ္တို႔ ေခတ္တုန္းက ကၽြန္ေတာ့အရြယ္ ကေလးေတြဟာ လူတိုင္းနဲ႔ သိၾကတယ္။ ကၽြန္ေတာ္တို႔ရဲ႕ အိမ္တံခါးေတြ အျမဲ ဖြင့္ထားၾကတယ္။ အျပင္သြားမယ္ဆို အိမ္တံခါးကုိ ဂ်က္ထိုးထားရုံပဲ။ ကၽြန္ေတာ္တို႔အားလံုး ဆင္းရဲၾကပါတယ္။ ဒါေပမဲ့ လူတိုင္း ေပ်ာ္ရႊင္ခဲ့ၾကတယ္” ဟု ဂၽြန္က ျဖည့္စြက္ေျပာသည္။

နန္စီ ေနထိုင္ေသာအိမ္မွာ ၁၈၈၂ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး ျခံဝန္းအတြင္း ေရတြင္းတစ္တြင္းရွိကာ တစ္လမ္းလံုးတြင္ ေနထုိင္သူမ်ား သံုးစြဲၾကေၾကာင္း ေစ်းကြက္တင္ေပးသည့္ အိမ္ျခံေျမ အက်ဳိးေဆာင္က ေျပာသည္။

မီးဖိုေဆာင္တစ္ခု ထည့္သြင္းျခင္း ၊ ေရခ်ဳိးခန္းတိုးခ်ဲ႕ျခင္းႏွင့္ ၂၀၀၀ ျပည့္လြန္အေစာပိုင္းကာလမ်ားတြင္ ေဆးသုတ္ထားျခင္းမွလြဲျပီး ေနအိမ္မွာ ေရွးမူလက္ရာအတုိင္း ရွိေနဆဲျဖစ္ေၾကာင္း Holland and Odam ၏ ထုတ္ေဖာ္ေျပာဆိုမႈအရ သိရသည္။

ယခုအိမ္တြင္ ႏွစ္ပရိေစၦဒမ်ားစြာ ေနထုိင္ခဲ့ျပီးေနာက္ အသက္ရာေက်ာ္ေနျပီျဖစ္ေသာ အဘြားအိုသည္ ယခုအခါ အနီးရွိ ဘိုးဘြားေဂဟာတစ္ခုတြင္ ေျပာင္းေရႊ႕ေနထိုုင္လ်က္ရွိသည္။

“အသက္ ၁၀၄ ႏွစ္အထိ အသက္ရွည္တဲ့သူ မ်ားမ်ားစားစားမရွိပါဘူး။ ဒါ့အျပင္ အိမ္တစ္လံုးထဲမွာ ၁၀၂ ႏွစ္ေနထိုင္ခဲ့သူ ဘယ္ေလာက္ရွိမလဲ” ဟု Street ေက်းရြာရွိ Holland and Odam ၏ မန္ေနဂ်ာ Jack Bartram က ေျပာသည္။

“ဒီအိမ္မွာ မစၥက္နန္စီနဲ႔ မိသားစုရဲ႕ အမွတ္တရေတြ အမ်ားၾကီးရွိခဲ့မွာပါ။ ဒါေပမယ့္ ရာစုႏွစ္တစ္ခု ၾကာခဲ့ျပီးတဲ့ေနာက္ အျခားမိသားစုအတြက္ အမွတ္တရရွိေစမယ့္ အခ်ိန္ေရာက္လာပါျပီ။”

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A woman is selling her childhood home where she has lived for 102 years — her family bought it for about $250 at the time (businessinsider)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service