ဂျပန်မှ ပြည့်တန်ဆာများ ကိုးကွယ်ကြသည့် ကာနာယမနတ်ကွန်း (သို့မဟုတ်) ဧပြီလဆန်းတွင် ကျင်းပလေ့ရှိသော ရှင်တို ကာနာမဒ မတ်ဆုရိ လိင်တံပွဲတော်

ဂျပန်မှ ပြည့်တန်ဆာများ ကိုးကွယ်ကြသည့် ကာနာယမနတ်ကွန်း (သို့မဟုတ်) ဧပြီလဆန်းတွင် ကျင်းပလေ့ရှိသော ရှင်တို ကာနာမဒ မတ်ဆုရိ လိင်တံပွဲတော် - Property News in Myanmar from iMyanmarHouse.com
3 Apr 2023 11:07 am တွင် တင်ခဲ့သည်
2760 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

 

ရှင်တို ကာနာမဒ မတ်ဆုရိ (Shinto Kanamara Matsuri -かなまら祭り) (စတီးလိင်တံပွဲတော်ဟု အဓိပ္ပာယ်ရ) သည် ဂျပန်နိုင်ငံ၊ ကာဝဆကိမြို့၊ ကာနာယမနတ်ကွန်း (金山神社) တွင် နှစ်စဉ်နွေဦးပေါက် ကာလရောက်တိုင်း ကျင်းပလေ့ရှိသော ပွဲတော်ဖြစ်သည်။

ပွဲတော်ကျင်းပသည်မှာ နေ့ကိုဦးစားပေးထားခြင်းဖြစ်ပြီး ဧပြီလ၏ ပထမဆုံးတနင်္ဂနွေတွင် ကျင်းပခြင်းဖြစ်ရာ ရက်ကို ပုံသေပြော၍ မရချေ။

ပွဲတော်၏ အဓိက ပါဝင်သည့်အရာဖြစ်သော လိင်တံရုပ်တုကြီးကို ချိုချဉ် ၊ ဟင်းသီးဟင်းရွက်များဖြင့် မွမ်းမံအလှဆင်ကာ နတ်ကွန်းငယ်တစ်ခုဖြင့် ပွဲတော်လှည့်လည်လေ့ရှိသည်။

 

ကာနာယမ နတ်ကွန်းသည် ဝါကမိယ ဟာချိမန်းဂု နတ်ကွန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကာဝါဆကိ-ဒိုင်အိရှိ ဘူတာနှင့် နီးသည်။

ကာနယမ နတ်ကွန်းတွင် နတ်ဘုရား ကာနယမ ဟိကို့နှင့် နတ်ဘုရားမ ကာနာယမ ဟိမိတို့ကို ကိုးကွယ်ထားသည်။

နတ်ဘုရား ၂ ပါးလုံးမှာ ပန်းပဲနတ်များဖြစ်ကြပြီး ကလေးမီးဖွားမှု လွယ်ကူစေရန် ၊ အိမ်ထောင်ရေး အဆင်ပြေရန် နှင့် လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများမှ အကာအကွယ်ပေးရန် ပူဇော်ဆုတောင်းခြင်း ခံကြရသည်။

 

လိင်တံပွဲတော်ကို ၁၉၆၉ ခုနှစ်က စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယနေ့ကာလတွင်မူ ကမ္ဘာလှည့်ခရီးသည်တို့ကို ဆွဲဆောင်နိုင်သည့် ပွဲတော်တစ်ခုဖြစ်လာသည်။

ဤပွဲတော်မှ တဆင့် အလှူငွေကောက်ခံကာ HIV သုတေသနများအတွက် လှူဒါန်းလေ့ရှိသည်။

ကာနမဒပွဲတော် (လိင်တံပွဲတော်) တွင် လိင်တံရုပ်တုကြီး ထားရှိပူဇော်ခြင်းမှသည် ပွဲတော်ကာလအတွင်း စားစရာမျိုးစုံကို လိင်တံပုံဖော်ကာ မုန့်များပြုလုပ်ခြင်းမျိုးအထိ ပါဝင်သည်။

ကြီးမားသော လိင်တံရုပ်တုကြီးများကို မီကို့ရှိဟု ခေါ်သော သယ်ယူနိုင်သော နတ်ကွန်းငယ်တွင် ပူဇော်ထားရှိ ကာ မွန်းတည့်ချိန်မတိုင်မီ ပွဲတော်လှည့်လေ့ရှိသည်။

 

((၂၀၂၃ ခုနှစ်ပွဲတော် အစီအစဉ်များ))

 

(ဧပြီ ၁ )

မုန်လာဥများကို လိင်တံအသွင် ပုံဖော်ခြင်း နေ့လယ် ၂ နာရီမှ - ၃ နာရီ ၃၀ အထိ။

ကာနာမဒ ပွဲတော်မတိုင်မီ အကြိုပွဲတော်ဖြစ်သော ယို့အိမိယ ပွဲတော်ကို ညနေ ၅ နာရီမှ ၆ နာရီ အထိကျင်းပ။

 

(ဧပြီ ၂)

မနက် ၁၀ နာရီမှ ၁၀ နာရီ ၁၅ အထိ မီးပူဇော်ခြင်း ပြုလုပ်။ မိကို့ရှိ နတ်ကွန်းငယ်များတွင် ပူဇော်ပွဲအခမ်းအနားများကို မနက် ၁၀ နာရီ ၁၅ မိနစ်မှ ၁၁ နာရီအထိ ကျင်းပ။

မနက် ၁၁ နာရီ ၃၀ မိနစ်မှ နေ့လယ် ၂ နာရီ ၃၀ အထိ မိကို့ရှိနတ်ကွန်းများ ပွဲတော်လှည့်။

 

(ဧပြီလ ၈ ရက် ၊ ၉ ရက်)

ပွဲတော်အပြီး ရက်သတ္တပတ်ကုန်ပိုင်းတွင် ဈေးဆိုင်တန်းများနှင့် ပြပွဲခင်းကျင်းပြသမှုများကို မနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်မည်။

 

 

((နောက်ခံသမိုင်းနှင့် ဒဏ္ဍာရီပုံပြင်))

ကာနာယမ နတ်ကွန်းသည် ဒေသတွင်း လိင်ဖျော်ဖြေရေးလုပ်သားများ ကိုးကွယ်ဆုတောင်းကြသည့် နေရာအဖြစ် နာမည်ကြီးသည်။

လိင်မှတဆင့် ကူးစက်တက်သော ရောဂါများမှ ကာကွယ်ပေးရန် လာရောက်ဆုတောင်းကြခြင်းဖြစ်သည်။

နတ်ကွန်းတွင် ကိုးကွယ်ထားသည်မှာ သတ္တုတွင်းနှင့် ပန်းပဲနတ်များဖြစ်သော ကာနာယမ ဟိကို့နှင့် ကာနာယမ ဟိမိတို့ကို ကိုးကွယ်ထားခြင်းဖြစ်ရာ လိင်တံရုပ်တုနှင့် မည်သို့မျှ ဆက်နွယ်ခြင်းမရှိဟု မှတ်ထင်ရမည်ဖြစ်သည်။

 

 

သို့သော် ဒဏ္ဍာရီအရဆိုလျှင် မိစ္ဆာတစ်ကောင်သည် မိန်းကလေးတစ်ဦးကို ချစ်ခင်နှစ်သက်သောကြောင့် သူမ၏ ယောနိအတွင်း ဝင်ရောက်ပုန်းအောင်းနေခဲ့သည်ဟု ဆိုသည်။

ယင်းနောက်ပိုင်း မိန်းကလေးက အိမ်ထောင်ပြုလိုက်ရာ အသစ်စက်စက်ခင်ပွန်းဖြစ်သူ၏ လိင်တံကို မိန်းကလေး ၏ ယောနိအတွင်း ပုန်းအောင်းနေသော မိစ္ဆာက ၂ ကြိမ်တိုင် ကိုက်ဆွဲခဲ့သည်။

ထိုအခါ မိန်းကလေးက ပန်းပဲဆရာတစ်ဦးထံ အကူအညီတောင်းရာ ပန်းပဲဆရာက သတ္တုဖြင့် လိင်တံအတု တစ်ခု ပြုလုပ်ပေးခဲ့သည်။

 

 

 

မိန်းကလေးက ထိုလိင်တံအတုကို အသုံးပြုရာတွင် မိစ္ဆာက ကိုက်ဆွဲလိုက်ပြန်ရာ မိစ္ဆာမှာ သွားကျိုးကာ ယောနိအတွင်းမှ ပြန်ထွက်သွားသည်ဟု ဆိုသည်။

ထိုအခါမှ မိန်းကလေးတို့ ဇနီးမောင်နှံက ပန်းပဲဆရာပြုလုပ်ပေးသည့် လိင်တံအတုကို ကာနာယမ နတ်ကွန်း တွင် လှူဒါန်းခဲ့သည်ဟုဆိုသည်။

ယင်းနောက်ပိုင်းကတည်းက လိင်တံပွဲတော်များ ကျင်းပခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Kanamara “Penis” Festival 2023 (tokyocheapo, wikipedia)

 

 

 

[Zawgyi]

ဂ်ပန္မွ ျပည့္တန္ဆာမ်ား ကိုးကြယ္ၾကသည့္ ကာနာယမနတ္ကြန္း (သို႔မဟုတ္) ဧျပီလဆန္းတြင္ က်င္းပေလ့ရွိေသာ ရွင္တို ကာနာမဒ မတ္ဆုရိ လိင္တံပြဲေတာ္

ရွင္တို ကာနာမဒ မတ္ဆုရိ (Shinto Kanamara Matsuri -かなまら祭り) (စတီးလိင္တံပြဲေတာ္ဟု အဓိပၸာယ္ရ) သည္ ဂ်ပန္ႏိုင္ငံ၊ ကာဝဆကိျမိဳ႕၊ ကာနာယမနတ္ကြန္း (金山神社) တြင္ ႏွစ္စဥ္ေႏြဦးေပါက္ ကာလေရာက္တိုင္း က်င္းပေလ့ရွိေသာ ပြဲေတာ္ျဖစ္သည္။

ပြဲေတာ္က်င္းပသည္မွာ ေန႔ကိုဦးစားေပးထားျခင္းျဖစ္ျပီး ဧျပီလ၏ ပထမဆံုးတနဂၤေႏြတြင္ က်င္းပျခင္းျဖစ္ရာ ရက္ကို ပံုေသေျပာ၍ မရေခ်။

ပြဲေတာ္၏ အဓိက ပါဝင္သည့္အရာျဖစ္ေသာ လိင္တံရုပ္တုၾကီးကို ခ်ဳိခ်ဥ္ ၊ ဟင္းသီးဟင္းရြက္မ်ားျဖင့္ မြမ္းမံအလွဆင္ကာ နတ္ကြန္းငယ္တစ္ခုျဖင့္ ပြဲေတာ္လွည့္လည္ေလ့ရွိသည္။

ကာနာယမ နတ္ကြန္းသည္ ဝါကမိယ ဟာခ်ိမန္းဂု နတ္ကြန္း၏ အစိတ္အပုိင္းတစ္ခုျဖစ္ျပီး ကာဝါဆကိ-ဒိုင္အိရွိ ဘူတာႏွင့္ နီးသည္။

ကာနယမ နတ္ကြန္းတြင္ နတ္ဘုရား ကာနယမ ဟိကို႔ႏွင့္ နတ္ဘုရားမ ကာနာယမ ဟိမိတုိ႔ကို ကိုးကြယ္ထားသည္။

နတ္ဘုရား ၂ ပါးလံုးမွာ ပန္းပဲနတ္မ်ားျဖစ္ၾကျပီး ကေလးမီးဖြားမႈ လြယ္ကူေစရန္ ၊ အိမ္ေထာင္ေရး အဆင္ေျပရန္ ႏွင့္ လိင္မွတဆင့္ ကူးစက္တတ္ေသာ ေရာဂါမ်ားမွ အကာအကြယ္ေပးရန္ ပူေဇာ္ဆုေတာင္းျခင္း ခံၾကရသည္။

လိင္တံပြဲေတာ္ကုိ ၁၉၆၉ ခုႏွစ္က စတင္က်င္းပခဲ့ျခင္းျဖစ္ျပီး ယေန႔ကာလတြင္မူ ကမၻာလွည့္ခရီးသည္တို႔ကို ဆြဲေဆာင္ႏုိင္သည့္ ပြဲေတာ္တစ္ခုျဖစ္လာသည္။

ဤပြဲေတာ္မွ တဆင့္ အလွဴေငြေကာက္ခံကာ HIV သုေတသနမ်ားအတြက္ လွဴဒါန္းေလ့ရွိသည္။

ကာနမဒပြဲေတာ္ (လိင္တံပြဲေတာ္) တြင္ လိင္တံရုပ္တုၾကီး ထားရွိပူေဇာ္ျခင္းမွသည္ ပြဲေတာ္ကာလအတြင္း စားစရာမ်ဳိးစံုကို လိင္တံပံုေဖာ္ကာ မုန္႔မ်ားျပဳလုပ္ျခင္းမ်ဳိးအထိ ပါဝင္သည္။

ၾကီးမားေသာ လိင္တံရုပ္တုၾကီးမ်ားကို မီကို႔ရွိဟု ေခၚေသာ သယ္ယူႏိုင္ေသာ နတ္ကြန္းငယ္တြင္ ပူေဇာ္ထားရွိ ကာ မြန္းတည့္ခ်ိန္မတိုင္မီ ပြဲေတာ္လွည့္ေလ့ရွိသည္။

 

((၂၀၂၃ ခုႏွစ္ပြဲေတာ္ အစီအစဥ္မ်ား))

 

(ဧျပီ ၁ )

မုန္လာဥမ်ားကို လိင္တံအသြင္ ပံုေဖာ္ျခင္း ေန႔လယ္ ၂ နာရီမွ - ၃ နာရီ ၃၀ အထိ။

ကာနာမဒ ပြဲေတာ္မတိုင္မီ အၾကိဳပြဲေတာ္ျဖစ္ေသာ ယို႔အိမိယ ပြဲေတာ္ကို ညေန ၅ နာရီမွ ၆ နာရီ အထိက်င္းပ။

 

(ဧျပီ ၂)

မနက္ ၁၀ နာရီမွ ၁၀ နာရီ ၁၅ အထိ မီးပူေဇာ္ျခင္း ျပဳလုပ္။ မိကို႔ရွိ နတ္ကြန္းငယ္မ်ားတြင္ ပူေဇာ္ပြဲအခမ္းအနားမ်ားကို မနက္ ၁၀ နာရီ ၁၅ မိနစ္မွ ၁၁ နာရီအထိ က်င္းပ။

မနက္ ၁၁ နာရီ ၃၀ မိနစ္မွ ေန႔လယ္ ၂ နာရီ ၃၀ အထိ မိကို႔ရွိနတ္ကြန္းမ်ား ပြဲေတာ္လွည့္။

 

(ဧျပီလ ၈ ရက္ ၊ ၉ ရက္)

ပြဲေတာ္အျပီး ရက္သတၱပတ္ကုန္ပုိင္းတြင္ ေစ်းဆိုင္တန္းမ်ားႏွင့္ ျပပြဲခင္းက်င္းျပသမႈမ်ားကို မနက္ ၁၀ နာရီမွ ညေန ၅ နာရီအထိ ျပဳလုပ္မည္။

 

((ေနာက္ခံသမိုင္းႏွင့္ ဒ႑ာရီပံုျပင္))

ကာနာယမ နတ္ကြန္းသည္ ေဒသတြင္း လိင္ေဖ်ာ္ေျဖေရးလုပ္သားမ်ား ကိုးကြယ္ဆုေတာင္းၾကသည့္ ေနရာအျဖစ္ နာမည္ၾကီးသည္။

လိင္မွတဆင့္ ကူးစက္တက္ေသာ ေရာဂါမ်ားမွ ကာကြယ္ေပးရန္ လာေရာက္ဆုေတာင္းၾကျခင္းျဖစ္သည္။

နတ္ကြန္းတြင္ ကိုးကြယ္ထားသည္မွာ သတၱဳတြင္းႏွင့္ ပန္းပဲနတ္မ်ားျဖစ္ေသာ ကာနာယမ ဟိကို႔ႏွင့္ ကာနာယမ ဟိမိတို႔ကို ကိုးကြယ္ထားျခင္းျဖစ္ရာ လိင္တံရုပ္တုႏွင့္ မည္သို႔မွ် ဆက္ႏြယ္ျခင္းမရွိဟု မွတ္ထင္ရမည္ျဖစ္သည္။

သို႔ေသာ္ ဒ႑ာရီအရဆိုလွ်င္ မိစၦာတစ္ေကာင္သည္ မိန္းကေလးတစ္ဦးကို ခ်စ္ခင္ႏွစ္သက္ေသာေၾကာင့္ သူမ၏ ေယာနိအတြင္း ဝင္ေရာက္ပုန္းေအာင္းေနခဲ့သည္ဟု ဆိုသည္။

ယင္းေနာက္ပိုင္း မိန္းကေလးက အိမ္ေထာင္ျပဳလုိက္ရာ အသစ္စက္စက္ခင္ပြန္းျဖစ္သူ၏ လိင္တံကို မိန္းကေလး ၏ ေယာနိအတြင္း ပုန္းေအာင္းေနေသာ မိစၦာက ၂ ၾကိမ္တိုင္ ကိုက္ဆြဲခဲ့သည္။

ထိုအခါ မိန္းကေလးက ပန္းပဲဆရာတစ္ဦးထံ အကူအညီေတာင္းရာ ပန္းပဲဆရာက သတၱဳျဖင့္ လိင္တံအတု တစ္ခု ျပဳလုပ္ေပးခဲ့သည္။

မိန္းကေလးက ထိုလိင္တံအတုကို အသံုးျပဳရာတြင္ မိစၦာက ကိုက္ဆြဲလုိက္ျပန္ရာ မိစၦာမွာ သြားက်ဳိးကာ ေယာနိအတြင္းမွ ျပန္ထြက္သြားသည္ဟု ဆိုသည္။

ထိုအခါမွ မိန္းကေလးတို႔ ဇနီးေမာင္ႏွံက ပန္းပဲဆရာျပဳလုပ္ေပးသည့္ လိင္တံအတုကို ကာနာယမ နတ္ကြန္း တြင္ လွဴဒါန္းခဲ့သည္ဟုဆိုသည္။

ယင္းေနာက္ပိုင္းကတည္းက လိင္တံပြဲေတာ္မ်ား က်င္းပခဲ့ျခင္းျဖစ္သည္ဟု ယံုၾကည္ၾကသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Kanamara “Penis” Festival 2023 (tokyocheapo, wikipedia)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service