ပြန်ပေးဆွဲခံရသော သားဖြစ်သူကို ဆိုင်ကယ်တစ်စီးဖြင့် ကီလိုမီတာပေါင်း ၄၀၀,၀၀၀ အထိ မောင်းနှင်ကာ ၁၅ နှစ်ကြာ လိုက်လံရှာဖွေခဲ့သည့် ဖခင်နှင့် သားဖြစ်သူတို့ ဆုံစည်းခဲ့ပုံ

ပြန်ပေးဆွဲခံရသော သားဖြစ်သူကို ဆိုင်ကယ်တစ်စီးဖြင့် ကီလိုမီတာပေါင်း ၄၀၀,၀၀၀ အထိ မောင်းနှင်ကာ ၁၅ နှစ်ကြာ လိုက်လံရှာဖွေခဲ့သည့် ဖခင်နှင့် သားဖြစ်သူတို့ ဆုံစည်းခဲ့ပုံ - Property News in Myanmar from iMyanmarHouse.com
30 Mar 2023 12:07 pm တွင် တင်ခဲ့သည်
867 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

((ဖြစ်ရပ်))

အချိန်ကား ၁၉၉၉ ခုနှစ်(စင်္ကာပူ သတင်းမီဒီယာတို့တွင်မူ ၁၉၉၇ ဟုဖော်ပြကြသည်။)။ တရုတ်ပြည်အရှေ့ပိုင်း Anhui ပြည်နယ်တွင် အသက် ၂ နှစ်အရွယ်ရှိ Guo Zhen ဟူသော ကလေးငယ်တစ်ဦး ပျောက်ဆုံးသွားရာ ဖခင်ဖြစ်သူ လယ်သမားကြီး Guo Gangtang သည် မော်တော်ဆိုင်ကယ်ကြီး တစ်စင်းဖြင့် သားဖြစ်သူကို တရုတ်ပြည်တစ်ဝန်း လိုက်လံရှာဖွေတော့သည်။

သားပျောက် ရှာပုံတော် ၁၅ နှစ်ခရီးရှည်ကြီးကို စတင်ထွက်ခွာခဲ့သည်။ Guo Zhen ကို လူကုန်ကူးသူတို့က ခေါ်ဆောင်သွားကြခြင်း ဖြစ်သည်။ ဖခင်ဖြစ်သူ Guo Gangtang သည် ထိုအချိန်က အသက် ၂၇ နှစ်အရွယ်သာ ရှိသေးသည်။

သူ၏ ခရီးစဉ်အတွင်း ငယ်စဉ်က ပြန်ပေးဆွဲခံခဲ့ရပြီး လက်ရှိအချိန်တွင် ကားပြင်ဆရာဖြစ်နေသော Zeng Shuai အမည်ရှိ လူငယ်တစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ ထိုလူငယ်မှာလည်း မိဘများကို ရှာဖွေနေသူ ဖြစ်၏။

Gangtang သည် မော်တော်ဆိုင်ကယ်ကြီးဖြင့် ကီလိုမီတာပေါင်း ၅၀၀၀၀၀ ခရီးနှင်ကာ ၁၅ နှစ်ကျော် လိုက်လံရှာဖွေခဲ့သော်လည်း သားဖြစ်သူကို ရှာမတွေ့ခဲ့။

သူ၏ ၁၅ နှစ်ကြာ ခရီးရှည်ကြီးအတွင်း ဆိုင်ကယ်ပေါင်း ၁၀ စီးအထိ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

(Lost and Love အမည်ဖြင့် ရုပ်ရှင်ရိုက်ကူးပြီ)

Lost and Love သည် ၂၀၁၅ ခုနှစ်က ရုံတင်ပြသခဲ့သော ဟောင်ကောင် ရုပ်ရှင်ဇာတ်လမ်းဖြစ်ပြီး စာရေးဆရာမ၊ ဇာတ်ညွှန်းရေးဆရာမတစ်ဦးဖြစ်သူ Peng Sanyuan က ရိုက်ကူးကာ ဟောင်ကောင်ရုပ်ရှင်မင်းသား အင်ဒီလော (Andy Law) နှင့် Jing Boran တို့ ပါဝင်သရုပ်ဆောင်ခဲ့ကြသည်။ အဆိုပါဇာတ်ကားသည် စာရေးဆရာမ Peng ၏ ဒါရိုက်တာအဖြစ် ပွဲဦးထွက်ရိုက်ကူးခဲ့သော ဇာတ်ကားလည်း ဖြစ်သည်။

ထိုရုပ်ရှင်သည် ၂၀၁၀ ပြည့်နှစ်အတွင်း တရုတ်ပြည်တွင် ဖြစ်ပွားခဲ့သည့် ပြန်ပေးဆွဲမှုဖြစ်ရပ်မှန်တစ်ခုကို ပြန်လည်ရိုက်ကူးထားခြင်း ဖြစ်သည်။

(ရုံတင်ပြသခဲ့မှု)

၂၀၁၅ ၊ မတ်လ ၁၉ ရက် (သြစတေးလျနှင့် နယူးဇီလန်)

၂၀၁၅ ခုနှစ်၊ မတ်လ ၂၀ ရက် (တရုတ်ပြည်)

၂၀၁၅ ခုနှစ်၊ မတ်လ ၂၆ ရက် (ဟောင်ကောင်)

ဇာတ်ကားကြာမြင့်ချိန်- ၁၀၈ မိနစ်

ရိုက်ကူးထုတ်လုပ်စရိတ်- ကန်ဒေါ်လာ ၁၀ သန်းမှ ၂၅ သန်းကြား

ဝင်ငွေ- ၃၄၉၃၀၁၁၇ ဒေါ်လာ

သူ၏ ဖြစ်ရပ်ကို ရိုက်ကူးထားသည့် Lost And Love ရုပ်ရှင်ကို ၂၀၁၅ ခုနှစ်တွင် ပြသခဲ့ချိန်၌ Gangtang ၏ ဖြစ်ရပ်အပေါ် ပြန်လည်အာရုံစိုက်လာခဲ့ကြသည်။

ထို့အပြင် တရုတ်တစ်နိုင်ငံလုံးရှိ အခြားသောကလေးငယ်များ မရေမတွက်နိုင်အောင် ပြန်ပေးဆွဲ ခံနေရမှုများကို သတိပြုလာကြသည်။

Gangtang သည် သူ၏ သားပျောက်ရှာသော ခရီးစဉ်အတွင်း မိသားစု ၇ ခုကို ၎င်းတို့၏ ပြန်ပေးဆွဲခံရသော သားသမီးများနှင့် ပြန်လည် ဆုံစည်းနိုင်အောင် ကူညီပေးနိုင်ခဲ့သော်လည်း သူ၏ သားမှာမူ ပျောက်ဆုံးနေဆဲ ဖြစ်သည်။

Lost And Love ရုပ်ရှင်သည် ချီးမွမ်းသော review များ များစွာရရှိခဲ့သည်။ ထိုကာလက သတင်းများအရ ရုပ်ရှင်မင်းသား အင်ဒီသည် Guo Gangtang ၏ အဖြစ်အပျက်ကို ကြားသိရပြီးနောက် သူ၏နှလုံးသားကို များစွာလှုပ်ခတ်စေခဲ့ပြီး ရုပ်ရှင်ဇာတ်လမ်းထဲတွင် အလွန်စိတ်နှစ် သရုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

 

(ညာဘက်မှ ဓာတ်ပုံမှာ ရုပ်ရှင်မင်းသား အင်ဒီဖြစ်ပြီး ဝဲဘက်မှ ပုံမှာ အပြင်လောကမှ သားပျောက်ရှာသော ဖခင်၏ ပုံဖြစ်သည်။)

 

((အဖေနှင့်သား ဆုံစည်းကြပြီ))

သို့သော် ယခုလအစောပိုင်းတွင်မူ တရုတ်အာဏာပိုင်တို့က ထုတ်ဖော်ကြေညာခဲ့သည်မှာ ၎င်းတို့အနေဖြင့် Gangtang ၏ သားဖြစ်သူကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။

DNA စစ်ဆေးမှုများအရ သားအဖဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ကြသည်။ Gangtang သည် သားဖြစ်သူနှင့် ၂၄ နှစ်အကြာတွင် ပြန်လည်ဆုံစည်းခဲ့ခြင်း ဖြစ်ပြီး သားဖြစ်သူမှာ အသက် ၂၆ နှစ်အရွယ်ရှိနေပြီ ဖြစ်သည်။

 

သတင်းများအရ သားဖြစ်သူ Guo Zhen သည် လက်ရှိအားဖြင့် ဟီနန်ပြည်နယ်တွင် နေထိုင်လျှက်ရှိပြီး ဖခင်ဖြစ်သူ Gangtang ၏ နေအိမ်နှင့် များစွာ မဝေးလှ။

ပြန်ပေးဆွဲသူများဟု သံသယရှိသူ ၂ ဦးဖြစ်သော ဟူဆိုသည့် အမျိုးသားတစ်ဦးနှင့် တန် ဆိုသော အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

၎င်းတို့သားဖနှစ်ဦး ဆုံစည်းကြသည့်သတင်းကို ရုပ်ရှင်မင်းသား အင်ဒီလည်း ကြားသိခဲ့ပြီး လူမှုကွန်ရက်တွင် ဝမ်းမြောက်ကြောင်း သတင်းစကား ဗွီဒီယိုတစ်ခု တင်ခဲ့သည်။

ဗွီဒီယိုအတွင်း အင်ဒီက ပြောသည်မှာ “အားလုံး မင်္ဂလာပါ။ ကျွန်တော် အင်ဒီလောပါ။ Lost And Love ဇာတ်ကားရိုက်ဖြစ်တာကနေ အစ်ကိုကြီး Gangtang အကြောင်းသိခဲ့ရတယ်။ ဒီနေ့ ကျွန်တော် တော်တော်ကို ဝမ်းသာနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၄ နှစ်လုံးလုံး ပြန်ပေးဆွဲခံထားခဲ့ရတဲ့ အစ်ကိုကြီးရဲ့သားဟာ ပြည်သူ့လုံခြုံရေး ဗျူရိုရဲ့ ခက်ခက်ခဲခဲ ကြိုးစားမှုကြောင့် မိဘတွေနဲ့ ပြန်လည် ဆုံစည်းနိုင်ခဲ့ပါပြီ။ ဒီဗွီဒီယိုကနေ အစ်ကိုကြီးကို ပြောချင်တာက အစ်ကိုရဲ့ ဇွဲကောင်းမှုကို ကျွန်တော် လေးစားမိပါတယ်။ နှစ်တွေ အများကြီး ခက်ခက်ခဲခဲ ကြိုးစားပေးခဲ့တဲ့ ပြည်သူ့လုံခြုံရေး ဗျူရိုကိုလည်း ဦးညွှတ်ပါတယ်။ လူကုန်ကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုတွေမှာ ကျွန်တော်နဲ့ လက်တွဲကြဖို့ သူငယ်ချင်းတွေ အားလုံးကို တိုက်တွန်းချင်ပါတယ်။ ကွဲကွာနေကြတဲ့ တစ်ခြားမိသားစုတွေလည်း မကြာခင် ပြန်လည် ဆုံစည်းနိုင်ကြဖို့ မျှော်လင့်ပါတယ်။”ဟု ပြောသည်။

 

 

 

 

 

(သားဖြစ်သူကို ဆိုင်ကယ်ကြီးတစ်စင်းဖြင့် တစ်နိုင်ငံလုံးလှည့်ပတ်ရှာဖွေခဲ့သည့် Gangtang ၏ ပထမ ၁၅ နှစ်တာခရီးကို ပုံဖော်ရိုက်ကူးထားသည့် ရုပ်ရှင်)

 

(သူ၏ ဖြစ်ရပ်မှာ တရုတ်ပြည်တစ်ဝန်းရှိ အလားတူ ပြန်ပေးဆွဲခံရမှုဖြစ်ရပ်များကို များစွာအာရုံစိုက်လာစေခဲ့သည်)

 

(သားဖြစ်သူ၏ မင်္ဂလာပွဲတွင် Gangtang သည် ရုပ်ရှင်မင်းသား အင်ဒီထံမှ အဓိပ္ပာယ်ရှိသော လက်ဆောင်တစ်ခု ရရှိခဲ့သည်)

 

(အဖေနှင့်သား ပြန်လည်ဆုံစည်းပြီးနောက် သားဖြစ်သူ၏ မင်္ဂလာပွဲမြင်ကွင်း)

 

(သားဖြစ်သူကို နှစ်ပေါင်းများစွာရှာဖွေခဲ့ရမှုမှာ ပျော်ရွှင်ဖွယ်နိဂုံးဖြင့် အဆုံးသတ်ခဲ့သည်)

 

ပြီးဲခဲ့သော မတ်လ ၁၉ ရက်တွင် Gangtang ၏ သားဖြစ်သူမှာ မင်္ဂလာဆောင်ခဲ့ရာ မင်္ဂလာပွဲတွင် Lost and Love ရုပ်ရှင်မှ ဇာတ်ဝင်ခန်းများကို ပိတ်ကားကြီးတစ်ခုဖြင့် ပြသခဲ့သည်။

ရုပ်ရှင်မင်းသား အင်ဒီသည် Lost and Love ရုပ်ရှင်ဇာတ်ကားရိုက်ကူးချိန်တွင် Gangtang နှင့် သိကျွမ်းရင်းနှီးခဲ့ခြင်း ဖြစ်သည်။

ရုပ်ရှင်မင်းသား အင်ဒီသည် မင်္ဂလာပွဲသို့ မတက်ရောက်ခဲ့သော်လည်း လူတစ်ဦးလွှတ်ကာ ရုပ်ရှင်ထဲတွင် ဆိုင်ကယ်စီးစဉ်က အသုံးပြုခဲ့သော ယာဉ်မောင်းလိုင်စင်ကို အမှတ်တရအနေဖြင့် Gangtang အား လက်ဆောင်ပေးခဲ့သည်။

Photos: 天涯寻亲郭刚堂/Weibo, 齐鲁晚报/Weibo

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Guo Gangtang spent 15 years travelling around China on a motorbike looking for his son, who was abducted when he was just two (8days)

 

 

[Zawgyi]

ျပန္ေပးဆြဲခံရေသာ သားျဖစ္သူကို ဆိုင္ကယ္တစ္စီးျဖင့္ ကီလိုမီတာေပါင္း ၄၀၀,၀၀၀ အထိ ေမာင္းႏွင္ကာ ၁၅ ႏွစ္ၾကာ လိုက္လံရွာေဖြခဲ့သည့္ ဖခင္ႏွင့္ သားျဖစ္သူတို႔ ဆံုစည္းခဲ့ပံု

((ျဖစ္ရပ္))

အခ်ိန္ကား ၁၉၉၉ ခုႏွစ္(စကၤာပူ သတင္းမီဒီယာတို႔တြင္မူ ၁၉၉၇ ဟုေဖာ္ျပၾကသည္။)။ တရုတ္ျပည္အေရွ႕ပိုင္း Anhui ျပည္နယ္တြင္ အသက္ ၂ ႏွစ္အရြယ္ရွိ Guo Zhen ဟူေသာ ကေလးငယ္တစ္ဦး ေပ်ာက္ဆံုးသြားရာ ဖခင္ျဖစ္သူ လယ္သမားၾကီး Guo Gangtang သည္ ေမာ္ေတာ္ဆိုင္ကယ္ၾကီး တစ္စင္းျဖင့္ သားျဖစ္သူကို တရုတ္ျပည္တစ္ဝန္း လိုက္လံရွာေဖြေတာ့သည္။

သားေပ်ာက္ ရွာပံုေတာ္ ၁၅ ႏွစ္ခရီးရွည္ၾကီးကို စတင္ထြက္ခြာခဲ့သည္။ Guo Zhen ကို လူကုန္ကူးသူတို႔က ေခၚေဆာင္သြားၾကျခင္း ျဖစ္သည္။ ဖခင္ျဖစ္သူ Guo Gangtang သည္ ထိုအခ်ိန္က အသက္ ၂၇ ႏွစ္အရြယ္သာ ရွိေသးသည္။

သူ၏ ခရီးစဥ္အတြင္း ငယ္စဥ္က ျပန္ေပးဆြဲခံခဲ့ရျပီး လက္ရွိအခ်ိန္တြင္ ကားျပင္ဆရာျဖစ္ေနေသာ Zeng Shuai အမည္ရွိ လူငယ္တစ္ဦးႏွင့္ ေတြ႔ဆံုခဲ့သည္။ ထိုလူငယ္မွာလည္း မိဘမ်ားကို ရွာေဖြေနသူ ျဖစ္၏။

Gangtang သည္ ေမာ္ေတာ္ဆိုင္ကယ္ၾကီးျဖင့္ ကီလိုမီတာေပါင္း ၅၀၀၀၀၀ ခရီးႏွင္ကာ ၁၅ ႏွစ္ေက်ာ္ လိုက္လံရွာေဖြခဲ့ေသာ္လည္း သားျဖစ္သူကို ရွာမေတြ႔ခဲ့။

သူ၏ ၁၅ ႏွစ္ၾကာ ခရီးရွည္ၾကီးအတြင္း ဆိုင္ကယ္ေပါင္း ၁၀ စီးအထိ ပ်က္စီးမႈမ်ား ျဖစ္ေပၚခဲ့သည္။

 

 

(Lost and Love အမည္ျဖင့္ ရုပ္ရွင္ရိုက္ကူးျပီ)

Lost and Love သည္ ၂၀၁၅ ခုႏွစ္က ရံုတင္ျပသခဲ့ေသာ ေဟာင္ေကာင္ ရုပ္ရွင္ဇာတ္လမ္းျဖစ္ျပီး စာေရးဆရာမ၊ ဇာတ္ညႊန္းေရးဆရာမတစ္ဦးျဖစ္သူ Peng Sanyuan က ရုိက္ကူးကာ ေဟာင္ေကာင္ရုပ္ရွင္မင္းသား အင္ဒီေလာ (Andy Law) ႏွင့္ Jing Boran တို႔ ပါဝင္သရုပ္ေဆာင္ခဲ့ၾကသည္။ အဆိုပါဇာတ္ကားသည္ စာေရးဆရာမ Peng ၏ ဒါရိုက္တာအျဖစ္ ပြဲဦးထြက္ရိုက္ကူးခဲ့ေသာ ဇာတ္ကားလည္း ျဖစ္သည္။

ထိုရုပ္ရွင္သည္ ၂၀၁၀ ျပည့္ႏွစ္အတြင္း တရုတ္ျပည္တြင္ ျဖစ္ပြားခဲ့သည့္ ျပန္ေပးဆြဲမႈျဖစ္ရပ္မွန္တစ္ခုကို ျပန္လည္ရိုက္ကူးထားျခင္း ျဖစ္သည္။

 

(ရံုတင္ျပသခဲ့မႈ)

၂၀၁၅ ၊ မတ္လ ၁၉ ရက္ (ၾသစေတးလ်ႏွင့္ နယူးဇီလန္)

၂၀၁၅ ခုႏွစ္၊ မတ္လ ၂၀ ရက္ (တရုတ္ျပည္)

၂၀၁၅ ခုႏွစ္၊ မတ္လ ၂၆ ရက္ (ေဟာင္ေကာင္)

ဇာတ္ကားၾကာျမင့္ခ်ိန္- ၁၀၈ မိနစ္

ရိုက္ကူးထုတ္လုပ္စရိတ္- ကန္ေဒၚလာ ၁၀ သန္းမွ ၂၅ သန္းၾကား

ဝင္ေငြ- ၃၄၉၃၀၁၁၇ ေဒၚလာ

သူ၏ ျဖစ္ရပ္ကို ရုိက္ကူးထားသည့္ Lost And Love ရုပ္ရွင္ကို ၂၀၁၅ ခုႏွစ္တြင္ ျပသခဲ့ခ်ိန္၌ Gangtang ၏ ျဖစ္ရပ္အေပၚ ျပန္လည္အာရံုစိုက္လာခဲ့ၾကသည္။

ထို႔အျပင္ တရုတ္တစ္ႏုိင္ငံလံုးရွိ အျခားေသာကေလးငယ္မ်ား မေရမတြက္ႏိုင္ေအာင္ ျပန္ေပးဆြဲ ခံေနရမႈမ်ားကို သတိျပဳလာၾကသည္။

Gangtang သည္ သူ၏ သားေပ်ာက္ရွာေသာ ခရီးစဥ္အတြင္း မိသားစု ၇ ခုကို ၎တုိ႔၏ ျပန္ေပးဆြဲခံရေသာ သားသမီးမ်ားႏွင့္ ျပန္လည္ ဆံုစည္းႏိုင္ေအာင္ ကူညီေပးႏိုင္ခ့ဲေသာ္လည္း သူ၏ သားမွာမူ ေပ်ာက္ဆံုးေနဆဲ ျဖစ္သည္။

Lost And Love ရုပ္ရွင္သည္ ခ်ီးမြမ္းေသာ review မ်ား မ်ားစြာရရွိခဲ့သည္။ ထိုကာလက သတင္းမ်ားအရ ရုပ္ရွင္မင္းသား အင္ဒီသည္ Guo Gangtang ၏ အျဖစ္အပ်က္ကို ၾကားသိရျပီးေနာက္ သူ၏ႏွလံုးသားကို မ်ားစြာလႈပ္ခတ္ေစခဲ့ျပီး ရုပ္ရွင္ဇာတ္လမ္းထဲတြင္ အလြန္စိတ္ႏွစ္ သရုပ္ေဆာင္ခဲ့သည္ဟု ဆုိသည္။

(ညာဘက္မွ ဓာတ္ပုံမွာ ရုပ္ရွင္မင္းသား အင္ဒီျဖစ္ျပီး ဝဲဘက္မွ ပံုမွာ အျပင္ေလာကမွ သားေပ်ာက္ရွာေသာ ဖခင္၏ ပံုျဖစ္သည္။)

((အေဖႏွင့္သား ဆံုစည္းၾကျပီ))

သို႔ေသာ္ ယခုလအေစာပိုင္းတြင္မူ တရုတ္အာဏာပုိင္တုိ႔က ထုတ္ေဖာ္ေၾကညာခဲ့သည္မွာ ၎တို႔အေနျဖင့္ Gangtang ၏ သားျဖစ္သူကုိ ရွာေဖြေဖာ္ထုတ္ႏုိင္ခဲ့ျပီ ျဖစ္ေၾကာင္း ေၾကညာခဲ့သည္။

DNA စစ္ေဆးမႈမ်ားအရ သားအဖျဖစ္ေၾကာင္း အတည္ျပဳႏိုင္ခဲ့ၾကသည္။ Gangtang သည္ သားျဖစ္သူႏွင့္ ၂၄ ႏွစ္အၾကာတြင္ ျပန္လည္ဆံုစည္းခဲ့ျခင္း ျဖစ္ျပီး သားျဖစ္သူမွာ အသက္ ၂၆ ႏွစ္အရြယ္ရွိေနျပီ ျဖစ္သည္။

သတင္းမ်ားအရ သားျဖစ္သူ Guo Zhen သည္ လက္ရွိအားျဖင့္ ဟီနန္ျပည္နယ္တြင္ ေနထုိင္လွ်က္ရွိျပီး ဖခင္ျဖစ္သူ Gangtang ၏ ေနအိမ္ႏွင့္ မ်ားစြာ မေဝးလွ။

ျပန္ေပးဆြဲသူမ်ားဟု သံသယရွိသူ ၂ ဦးျဖစ္ေသာ ဟူဆိုသည့္ အမ်ဳိးသားတစ္ဦးႏွင့္ တန္ ဆိုေသာ အမ်ဳိးသမီးတစ္ဦးတို႔ကို ဖမ္းဆီးထိန္းသိမ္းခဲ့သည္။

၎တို႔သားဖႏွစ္ဦး ဆံုစည္းၾကသည့္သတင္းကို ရုပ္ရွင္မင္းသား အင္ဒီလည္း ၾကားသိခဲ့ျပီး လူမႈကြန္ရက္တြင္ ဝမ္းေျမာက္ေၾကာင္း သတင္းစကား ဗြီဒီယိုတစ္ခု တင္ခဲ့သည္။

ဗြီဒီယိုအတြင္း အင္ဒီက ေျပာသည္မွာ “အားလံုး မဂၤလာပါ။ ကၽြန္ေတာ္ အင္ဒီေလာပါ။ Lost And Love ဇာတ္ကားရုိက္ျဖစ္တာကေန အစ္ကိုၾကီး Gangtang အေၾကာင္းသိခဲ့ရတယ္။ ဒီေန႔ ကၽြန္ေတာ္ ေတာ္ေတာ္ကို ဝမ္းသာေနပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ၂၄ ႏွစ္လံုးလံုး ျပန္ေပးဆြဲခံထားခဲ့ရတဲ့ အစ္ကိုၾကီးရဲ႕သားဟာ ျပည္သူ႔လံုျခံဳေရး ဗ်ဴရုိရဲ႕ ခက္ခက္ခဲခဲ ၾကိဳးစားမႈေၾကာင့္ မိဘေတြနဲ႔ ျပန္လည္ ဆံုစည္းႏိုင္ခဲ့ပါျပီ။ ဒီဗြီဒီယိုကေန အစ္ကိုၾကီးကုိ ေျပာခ်င္တာက အစ္ကိုရဲ႕ ဇြဲေကာင္းမႈကို ကၽြန္ေတာ္ ေလးစားမိပါတယ္။ ႏွစ္ေတြ အမ်ားၾကီး ခက္ခက္ခဲခဲ ၾကိဳးစားေပးခဲ့တဲ့ ျပည္သူ႔လံုျခံဳေရး ဗ်ဴရိုကိုလည္း ဦးညႊတ္ပါတယ္။ လူကုန္ကူးမႈ တုိက္ဖ်က္ေရး ၾကိဳးပမ္းမႈေတြမွာ ကၽြန္ေတာ္နဲ႔ လက္တြဲၾကဖို႔ သူငယ္ခ်င္းေတြ အားလံုးကို တုိက္တြန္းခ်င္ပါတယ္။ ကြဲကြာေနၾကတဲ့ တစ္ျခားမိသားစုေတြလည္း မၾကာခင္ ျပန္လည္ ဆံုစည္းႏိုင္ၾကဖုိ႔ ေမွ်ာ္လင့္ပါတယ္။”ဟု ေျပာသည္။

 

(သားျဖစ္သူကို ဆိုင္ကယ္ၾကီးတစ္စင္းျဖင့္ တစ္ႏိုင္ငံလံုးလွည့္ပတ္ရွာေဖြခဲ့သည့္ Gangtang ၏ ပထမ ၁၅ ႏွစ္တာခရီးကို ပံုေဖာ္ရိုက္ကူးထားသည့္ ရုပ္ရွင္)

(သူ၏ ျဖစ္ရပ္မွာ တရုတ္ျပည္တစ္ဝန္းရွိ အလားတူ ျပန္ေပးဆြဲခံရမႈျဖစ္ရပ္မ်ားကို မ်ားစြာအာရံုစိုက္လာေစ ခဲ့သည္)

(သားျဖစ္သူ၏ မဂၤလာပြဲတြင္ Gangtang သည္ ရုပ္ရွင္မင္းသား အင္ဒီထံမွ အဓိပၸာယ္ရွိေသာ လက္ေဆာင္တစ္ခု ရရွိခဲ့သည္)

(အေဖႏွင့္သား ျပန္လည္ဆံုစည္းျပီးေနာက္ သားျဖစ္သူ၏ မဂၤလာပြဲျမင္ကြင္း)

(သားျဖစ္သူကို ႏွစ္ေပါင္းမ်ားစြာရွာေဖြခဲ့ရမႈမွာ ေပ်ာ္ရႊင္ဖြယ္နိဂံုးျဖင့္ အဆံုးသတ္ခဲ့သည္)

ျပီးဲခဲ့ေသာ မတ္လ ၁၉ ရက္တြင္ Gangtang ၏ သားျဖစ္သူမွာ မဂၤလာေဆာင္ခဲ့ရာ မဂၤလာပြဲတြင္ Lost and Love ရုပ္ရွင္မွ ဇာတ္ဝင္ခန္းမ်ားကို ပိတ္ကားၾကီးတစ္ခုျဖင့္ ျပသခဲ့သည္။

ရုပ္ရွင္မင္းသား အင္ဒီသည္ Lost and Love ရုပ္ရွင္ဇာတ္ကားရိုက္ကူးခ်ိန္တြင္ Gangtang ႏွင့္ သိကၽြမ္းရင္းႏွီးခဲ့ျခင္း ျဖစ္သည္။

ရုပ္ရွင္မင္းသား အင္ဒီသည္ မဂၤလာပြဲသို႔ မတက္ေရာက္ခဲ့ေသာ္လည္း လူတစ္ဦးလႊတ္ကာ ရုပ္ရွင္ထဲတြင္ ဆိုင္ကယ္စီးစဥ္က အသံုးျပဳခဲ့ေသာ ယာဥ္ေမာင္းလိုင္စင္ကို အမွတ္တရအေနျဖင့္ Gangtang အား လက္ေဆာင္ေပးခဲ့သည္။

Photos: 天涯寻亲郭刚堂/Weibo, 齐鲁晚报/Weibo

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Guo Gangtang spent 15 years travelling around China on a motorbike looking for his son, who was abducted when he was just two (8days)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ညအမှောင်ထဲတွင် မြင်ရစေသော အနီအောက်ရောင်ခြည်သုံး မျက်ကပ်မှန် သိပ္ပံပညာရှင်တို့ တီထွင်၊ မျက်လုံးမှိတ်ထားလျှင်ပင် ပြင်ပမြင်ကွင်းများကို အမှောင်ထဲတွင် တွေ့မြင်နိုင်...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
ကုမ္ပဏီတစ်ခုတည်းတွင် ၈၄ နှစ် လုပ်ကိုင်ခဲ့ကာ “ကမ္ဘာ့သစ္စာအရှိဆုံးဝန်ထမ်း” အဖြစ် ဂင်းနက်စ် စံချိန်တင်သူ...
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service