ဗီယက်နမ်တွင် လမ်းမသစ်တစ်ခု ဖောက်လုပ်ရာ လမ်းနှင့်မလွတ်သော အိမ်ရှင်တစ်ဦးက ရွှေ့ပြောင်းပေးရန် ငြင်းဆိုခဲ့သဖြင့် လမ်းအပြီးသတ်သွားချိန်၌ သူ၏အိမ်မှာ လမ်းအလယ်တွင် ရောက်ရှိနေ

ဗီယက်နမ်တွင် လမ်းမသစ်တစ်ခု ဖောက်လုပ်ရာ လမ်းနှင့်မလွတ်သော အိမ်ရှင်တစ်ဦးက ရွှေ့ပြောင်းပေးရန် ငြင်းဆိုခဲ့သဖြင့် လမ်းအပြီးသတ်သွားချိန်၌ သူ၏အိမ်မှာ လမ်းအလယ်တွင် ရောက်ရှိနေ - Property News in Myanmar from iMyanmarHouse.com
24 Mar 2023 11:44 am တွင် တင်ခဲ့သည်
13004 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ဗီယက်နမ် အရှေ့မြောက်ပိုင်း တောင်တရုတ်ပင်လယ်ကမ်းရိုးတန်းရှိ ကွမ်နင်းပြည်နယ် (Quang Ninh Province)၊ ဒေါင်ချီယိုမြို့ (Dong Trieu Town) တွင် လမ်းမသစ်တစ်ခု ဖောက်လုပ်သည့် စီမံကိန်း ဖော်ဆောင်ရာ ၂ ထပ်အိမ်တစ်လုံး၏ ပိုင်ရှင်က နေရာရွှေ့ပြောင်းပေးရန် ငြင်းဆိုခဲ့သဖြင့် ယခုအခါ သူ၏ ၂ ထပ်အိမ်မှာ လမ်းမအလည်ခေါင်တွင် ရောက်ရှိလျက်ရှိနေသည်။

 

 

(ကွမ်နင်းပြည်နယ်မှ အသစ်ဖောက်လုပ်ထားသော လမ်းမပေါ်တွင် နေအိမ်တစ်လုံးက လမ်း၏ ၃ ပုံ ၂ ပုံ နေရာယူထားပြီး လမ်းမှာ ကားတစ်စင်း ဖြတ်သန်းနိုင်ရုံ အကျယ်အဝန်းသာရှိသည်။ ဓာတ်ပုံ- VnExpress/Le Tan)

၂၀၂၁ ခုနှစ်အတွင်း ဒေါင်ချီယိုမြို့ အာဏာပိုင်များက ကြေညာခဲ့သည်မှာ လမ်းမသစ်တစ်ခု ဖောက်လုပ်ရန် အတွက် အိမ်ထောင်စုပေါင်း ၁၅၁ ခုကို နေရာရွှေ့ပြောင်းပေးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ငုယင် သီလုယန် အမည်ရှိ အမျိုးသမီး၏ နေအိမ်မှာလည်း ဖျက်သိမ်းပေးရမည့် နေအိမ်စာရင်းထဲတွင် ပါဝင်ရာ သူမ၏ မိသားစုမှာလည်း နေရာရွှေ့ပြောင်းပေးရမည် ဖြစ်သည်။

အဆိုပါ လမ်းဖောက်လုပ်မှုမှာ ယခုအခါ အပြီးသတ်သွားခဲ့ပြီ ဖြစ်သည်။

လမ်း၏ အရှည်မှာ ၂ ဒသမ ၃ ကီလိုမီတာရှိပြီး လမ်းအကျယ်မှာ ၇ မီတာ ရှိသည်။

သို့သော် အဆိုပါလမ်းပေါ်မှ ၁၄ မီတာခန့်ရှည်လျားသော လမ်းပိုင်းတစ်ခုမှာ အပြီးမသတ်ဘဲ ကျန်ရစ်ခဲ့သည်။

ထိုနေရာတွင် လုယန်၏ နေအိမ်မှာ ယနေ့တိုင်လမ်းပေါ်တွင် ရှိနေဆဲ ဖြစ်သည်။

လုယန်၏ အိမ်မှာ လမ်း၏ ၃ ပုံ ၂ ပုံတွင် နေရာယူထားပြီး ကားများသွားလာရန် လမ်းအကျယ် ၂ မီတာမျှသာ ရှိသည်။

 

 

(ငုယင် သီလုယန်၏ နေအိမ် လမ်းအလယ်တွင် ရှိနေပုံကို ၂၀၂၃ ခုနှစ် ၊ မတ်လအတွင်းထားပုံ ဖြစ်သည်။ Credit : VnExpress/Le Tan)

 

ဒေါင်ချီယိုမြို့အာဏာပိုင်အဖွဲ့က ၂၀၂၁ ခုနှစ်အတွင်း အတည်ပြုခဲ့သော လျော်ကြေးပေးမည့် အစီအစဉ်အရ လုယန်၏ မိသားစုသည် ဗီယက်နမ်ဒေါင်ငွေ ၄ ဘီလီယံ (ကန်ဒေါ်လာ ၁၆၉၅၅၈) ရရှိမည်ဖြစ်ပြီး အမျိုးသား အမှတ် ၁ အဝေးပြေးလမ်းမကြီးဘေးရှိ မြေကွက်တစ်ကွက်သို့ ပြောင်းရွှေ့ရမည် ဖြစ်သည်။

သို့သော် ထိုအစီအစဉ်မှာ နောက်ပိုင်းတွင် ပြောင်းလဲသွားခဲ့ပြီး လုယန်တို့ မိသားစုအား လမ်းမကြီးများမှ အလှမ်းကွာသော အခြားမြေကွက်တစ်ခုသို့ ပြောင်းရွှေ့စေခဲ့သည်။

 

 

လုယန်က ထိုနေရာသို့ ပြောင်းရန် ငြင်းပယ်ခဲ့ပြီး ဖောက်လုပ်ခဲ့သည့် လမ်းသစ်ပေါ်ရှိ အခြားမြေကွက်တစ်နေရာ ကို တောင်းဆိုခဲ့သည်။

ထိုမြေကွက်၏တန်ကြေးမှာ ၁ စတုရန်းမီတာလျှင် ဗီယက်နမ်ဒေါင်ငွေ ၁၄ သန်း (ကန်ဒေါ်လာ ၅၉၂ ဒသမ ၈၇) ရှိသည်။

လုယန်လျော်ကြေးရသည့် ငွေမှာ ၁ စတုရန်းမီတာလျှင် ဗီယက်နမ်ဒေါင်ငွေ ၈ ဒသမ ၇ သန်းသာ ဖြစ်သည်။

“ဈေးကွာနေတာကြောင့် လိုတဲ့ငွေကို လုယန်တို့ မိသားစုက အိတ်စိုက်ဝယ်ရမယ့် သဘောပဲ။ ဒါပေမဲ့ သူတို့က လည်း သဘောမတူပါဘူး။ အာဏာပိုင်တွေ အနေနဲ့လည်း သူတို့ကို အတင်းအကျပ် ရွှေ့ပြောင်းခိုင်းဖို့ အကြောင်းရင်း မရှိပါဘူး။”ဟု ဒေါင်ချီယိုမြို့ လက်ထောက်ဥက္ကဌ လီဗန်ဒိုက ပြောသည်။

 

အသက် ၆၅ နှစ်ရှိပြီဖြစ်သော လုယန်က ပြောသည်မှာ မိသားစုဝင် ၁၁ ဦးရှိသော မိမိတို့ မိသားစုအနေဖြင့် လမ်းမအလယ်ရှိ နေအိမ်တစ်လုံးတွင် နေထိုင်ရခြင်း၏ အန္တရာယ်ကို သတိပြုမိကြောင်း ပြောသည်။

“ကျွန်မတို့က အိမ်ပြောင်းချင်ပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေ ကမ်းလှမ်းတဲ့ လျော်ကြေးပမာဏကို ကျွန်မတို့ မကျေနပ်ပါဘူး”ဟု ပြောသည်။

ဒေါင်ချီယိုမြို့ အာဏာပိုင်အဖွဲ့အနေဖြင့် ယခုပြဿနာကို အဖြေရှာရန် လုယန်၏ မိသားစုနှင့် ဆွေးနွေးညှိနှိုင်းမှု များ ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: House blocks street after family refuses relocation plan ( vnexpress)

 

 

 

 

[Zawgyi]

ဗီယက္နမ္တြင္ လမ္းမသစ္တစ္ခု ေဖာက္လုပ္ရာ လမ္းႏွင့္မလြတ္ေသာ အိမ္ရွင္တစ္ဦးက ေရႊ႕ေျပာင္းေပးရန္ ျငင္းဆိုခဲ့သျဖင့္ လမ္းအျပီးသတ္သြားခ်ိန္၌ သူ၏အိမ္မွာ လမ္းအလယ္တြင္ ေရာက္ရွိေန

 

ဗီယက္နမ္ အေရွ႕ေျမာက္ပိုင္း ေတာင္တရုတ္ပင္လယ္ကမ္းရိုးတန္းရွိ ကြမ္နင္းျပည္နယ္ (Quang Ninh Province)၊ ေဒါင္ခ်ီယိုျမိဳ႕(Dong Trieu Town) တြင္ လမ္းမသစ္တစ္ခု ေဖာက္လုပ္သည့္ စီမံကိန္း ေဖာ္ေဆာင္ရာ ၂ ထပ္အိမ္တစ္လံုး၏ ပိုင္ရွင္က ေနရာေရႊ႕ေျပာင္းေပးရန္ ျငင္းဆိုခဲ့သျဖင့္ ယခုအခါ သူ၏ ၂ ထပ္အိမ္မွာ လမ္းမအလည္ေခါင္တြင္ ေရာက္ရွိလ်က္ရွိေနသည္။

 

(ကြမ္နင္းျပည္နယ္မွ အသစ္ေဖာက္လုပ္ထားေသာ လမ္းမေပၚတြင္ ေနအိမ္တစ္လံုးက လမ္း၏ ၃ ပံု ၂ ပံု ေနရာယူထားျပီး လမ္းမွာ ကားတစ္စင္း ျဖတ္သန္းႏုိင္ရံု အက်ယ္အဝန္းသာရွိသည္။ ဓာတ္ပံု- VnExpress/Le Tan)

၂၀၂၁ ခုႏွစ္အတြင္း ေဒါင္ခ်ီယိုျမိဳ႕ အာဏာပုိင္မ်ားက ေၾကညာခဲ့သည္မွာ လမ္းမသစ္တစ္ခု ေဖာက္လုပ္ရန္ အတြက္ အိမ္ေထာင္စုေပါင္း ၁၅၁ ခုကို ေနရာေရႊ႕ေျပာင္းေပးသြားမည္ျဖစ္ေၾကာင္း ေၾကညာခဲ့သည္။

ငုယင္ သီလုယန္ အမည္ရွိ အမ်ဳိးသမီး၏ ေနအိမ္မွာလည္း ဖ်က္သိမ္းေပးရမည့္ ေနအိမ္စာရင္းထဲတြင္ ပါဝင္ရာ သူမ၏ မိသားစုမွာလည္း ေနရာေရႊ႕ေျပာင္းေပးရမည္ ျဖစ္သည္။

အဆိုပါ လမ္းေဖာက္လုပ္မႈမွာ ယခုအခါ အျပီးသတ္သြားခဲ့ျပီ ျဖစ္သည္။

လမ္း၏ အရွည္မွာ ၂ ဒသမ ၃ ကီလိုမီတာရွိျပီး လမ္းအက်ယ္မွာ ၇ မီတာ ရွိသည္။

သို႔ေသာ္ အဆိုပါလမ္းေပၚမွ ၁၄ မီတာခန္႔ရွည္လ်ားေသာ လမ္းပိုင္းတစ္ခုမွာ အျပီးမသတ္ဘဲ က်န္ရစ္ခဲ့သည္။

ထိုေနရာတြင္ လုယန္၏ ေနအိမ္မွာ ယေန႔တုိင္လမ္းေပၚတြင္ ရွိေနဆဲ ျဖစ္သည္။

လုယန္၏ အိမ္မွာ လမ္း၏ ၃ ပံု ၂ ပံုတြင္ ေနရာယူထားျပီး ကားမ်ားသြားလာရန္ လမ္းအက်ယ္ ၂ မီတာမွ်သာ ရွိသည္။

 

(ငုယင္ သီလုယန္၏ ေနအိမ္ လမ္းအလယ္တြင္ ရွိေနပံုကို ၂၀၂၃ ခုႏွစ္ ၊ မတ္လအတြင္း ဗြီဒီယုိ ရိုက္ကူးထားပံု ျဖစ္သည္။ Credit : VnExpress/Le Tan)

ေဒါင္ခ်ီယိုျမိဳ႕အာဏာပိုင္အဖြဲ႔က ၂၀၂၁ ခုႏွစ္အတြင္း အတည္ျပဳခဲ့ေသာ ေလ်ာ္ေၾကးေပးမည့္ အစီအစဥ္အရ လုယန္၏ မိသားစုသည္ ဗီယက္နမ္ေဒါင္ေငြ ၄ ဘီလီယံ (ကန္ေဒၚလာ ၁၆၉၅၅၈) ရရွိမည္ျဖစ္ျပီး အမ်ဳိးသား အမွတ္ ၁ အေဝးေျပးလမ္းမၾကီးေဘးရွိ ေျမကြက္တစ္ကြက္သို႔ ေျပာင္းေရႊ႕ရမည္ ျဖစ္သည္။

သို႔ေသာ္ ထိုအစီအစဥ္မွာ ေနာက္ပိုင္းတြင္ ေျပာင္းလဲသြားခဲ့ျပီး လုယန္တို႔ မိသားစုအား လမ္းမၾကီးမ်ားမွ အလွမ္းကြာေသာ အျခားေျမကြက္တစ္ခုသို႔ ေျပာင္းေရႊ႕ေစခဲ့သည္။

လုယန္က ထုိေနရာသို႔ ေျပာင္းရန္ ျငင္းပယ္ခဲ့ျပီး ေဖာက္လုပ္ခဲ့သည့္ လမ္းသစ္ေပၚရွိ အျခားေျမကြက္တစ္ေနရာ ကို ေတာင္းဆိုခဲ့သည္။

ထိုေျမကြက္၏တန္ေၾကးမွာ ၁ စတုရန္းမီတာလွ်င္ ဗီယက္နမ္ေဒါင္ေငြ ၁၄ သန္း (ကန္ေဒၚလာ ၅၉၂ ဒသမ ၈၇) ရွိသည္။ လုယန္ေလ်ာ္ေၾကးရသည့္ ေငြမွာ ၁ စတုရန္းမီတာလွ်င္ ဗီယက္နမ္ေဒါင္ေငြ ၈ ဒသမ ၇ သန္းသာ ျဖစ္သည္။

“ေစ်းကြာေနတာေၾကာင့္ လုိတဲ့ေငြကို လုယန္တို႔ မိသားစုက အိတ္စိုက္ဝယ္ရမယ့္ သေဘာပဲ။ ဒါေပမဲ့ သူတို႔က လည္း သေဘာမတူပါဘူး။ အာဏာပိုင္ေတြ အေနနဲ႔လည္း သူတို႔ကုိ အတင္းအက်ပ္ ေရႊ႕ေျပာင္းခုိင္းဖို႔ အေၾကာင္းရင္း မရွိပါဘူး။”ဟု ေဒါင္ခ်ီယိုျမိဳ႕ လက္ေထာက္ဥကၠဌ လီဗန္ဒိုက ေျပာသည္။

အသက္ ၆၅ ႏွစ္ရွိျပီျဖစ္ေသာ လုယန္က ေျပာသည္မွာ မိသားစုဝင္ ၁၁ ဦးရွိေသာ မိမိတုိ႔ မိသားစုအေနျဖင့္ လမ္းမအလယ္ရွိ ေနအိမ္တစ္လံုးတြင္ ေနထိုင္ရျခင္း၏ အႏၱရာယ္ကို သတိျပဳမိေၾကာင္း ေျပာသည္။

“ကၽြန္မတို႔က အိမ္ေျပာင္းခ်င္ပါတယ္။ ဒါေပမဲ့ အာဏာပိုင္ေတြ ကမ္းလွမ္းတဲ့ ေလ်ာ္ေၾကးပမာဏကို ကၽြန္မတို႔ မေက်နပ္ပါဘူး”ဟု ေျပာသည္။

ေဒါင္ခ်ီယိုျမိဳ႕ အာဏာပိုင္အဖြဲ႔အေနျဖင့္ ယခုျပႆနာကို အေျဖရွာရန္ လုယန္၏ မိသားစုႏွင့္ ေဆြးေႏြးညွိႏႈိင္းမႈ မ်ား ဆက္လက္ျပဳလုပ္သြားမည္ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: House blocks street after family refuses relocation plan ( vnexpress)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service