Shin Min Ah နှင့် Kim Woo Bin တို့၏ ဆိုးလ်မြို့တော်မှ စံအိမ်
Shin Min Ah နှင့် Kim Woo Bin တို့၏ ဆိုးလ်မြို့တော်မှ စံအိမ် - Property News in Myanmar from iMyanmarHouse.com
15 Mar 2023 10:48 am တွင် တင်ခဲ့သည်
814 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
Shin Min Ah ကို Tomorrow, With You (၂၀၁၇) ဇာတ်ကားတွင် အနာဂတ်သို့ ကာလခရီးသွားနိုင်စွမ်း ရှိသော အိမ်ခြံမြေကုမ္ပဏီတစ်ခု၏ CEO (Lee Jee Hoon) နှင့်အတူ အနာဂတ်တစ်ချိန်တွင် မတော်တဆ ဖြစ်ကာ သေဆုံးရမည့် မိန်းကလေးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် မြန်မာပရိသတ်တို့ကြား လူသိများသည်။
၎င်းတို့နှစ်ဦး အနာဂတ်ကို ပြောင်းလဲရန် မည်သို့ကြိုးစားကြသည်ကို အဆိုပါဇာတ်ကားတွင် ရိုက်ကူးပြသ ထားသည်။
(Shin Min Ah ဘယ်သူလဲ)
Shin Min Ah (မွေး ၁၉၈၄) သည် တောင်ကိုရီးယား ရုပ်ရှင်မင်းသမီး၊ မော်ဒယ်တစ်ဦးဖြစ်ပြီး A Love to kill (၂၀၀၅)၊ My girlfriend is a nine-tailed fox (၂၀၁၀)၊ Arang and Magistrate (၂၀၁၂) ၊ Oh my Venus (၂၀၁၅) ၊ Tomorrow, with you (၂၀၁၇)၊ Home town Cha-Cha-Cha (၂၀၂၁) နှင့် Our Blues (၂၀၂၂) ရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် လူသိများသည်။
၂၀၁၄ ခုနှစ်အတွင်း Shin Min Ah သည် ဖက်ရှင်အမှတ်တံဆိပ်တစ်ခုကို ကြော်ငြာရိုက်ကူးစဉ် Kim Woo bin နှင့် ဆုံစည်းကာ ချစ်ကြိုက်ခဲ့ကြသည်။
သူတို့နှစ်ဦးချစ်ကြိုက်ပြီး ၂ နှစ်ခန့်အကြာတွင် Kim Woo bin မှာ ရှားပါးကင်ဆာရောဂါတစ်မျိုး ဖြစ်ပွားနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
ကင်ဆာရောဂါကို ကုသမှုခံယူပြီးနောက်ပိုင်းမှ Kim Woo bin မှာ ပရိသတ်ရှေ့သို့ ပြန်ထွက်ခဲ့သည်။
ယခု ၂၀၂၃ ခုနှစ်အတွင်း ၎င်းတို့နှစ်ဦး လက်ထပ်ကြဖွယ်ရှိသည်။
(Shin Min Ah နှင့် Kim Woo Bin တို့၏ ဆိုးလ်မြို့တော်မှ လူနေခန်း)
Shin Min Ah သည် ၂၀၁၈ ခုနှစ်အတွင်း Samgakji ဘူတာနှင့် Yongsan ခံတပ်အကြားရှိ အဆောက်အအုံ ဟောင်းတစ်လုံးကို ဝမ်ငွေ ၅ ဒသမ ၅ ဘီလီယံ (ကန်ဒေါ်လာ ၅ ဒသမ ၁ သန်းခန့်) ဖြင့် ဝယ်ယူခဲ့သည်။
အဆောက်အအုံအရွယ်အစားမှာ ၃၄၂ ဒသမ ၁ စတုရန်းမီတာ (၃၆၈၂ ဒသမ ၃ စတုရန်းပေခန့်) ရှိသည်။
၃ ဒသမ ၃ စတုရန်းမီတာလျှင် ဝမ်ငွေ ၅၃ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၄၉၈၀၀ ခန့်) ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ခြင်း ဖြစ်သည်။
Kim Woo Bin နှင့် Shin Min Ah စုံတွဲက အဆိုပါအဆောက်အအုံနှင့် လူနေခန်းများကို ပြန်လည်ပြုပြင်မွမ်းမံ မှုများ ပြုလုပ်ခဲ့သည်။
ထိုအဆောက်အအုံမှ တိုက်ခန်းတစ်ခန်း၏ အတွင်းပိုင်းမြင်ကွင်းများကို အိမ်ခြံမြေလောကသားတစ်ဦးက ဓာတ်ပုံများ ဖော်ထုတ်ခဲ့သည်။ အဆိုပါအခန်းသည် ၁၂၀ ဒသမ ၄ စတုရန်းမီတာ ကျယ်ဝန်းသော အခန်းတစ်ခန်း ဖြစ်သည်။
အခန်းအတွင်း ဧည့်ခန်း ၁ ခန်း၊ အိပ်ခန်း ၁ ခန်း၊ အိမ်သာတစ်ခန်းနှင့် မီးဖိုဆောင်တို့ ပါဝင်သည်။
လူနေခန်း၏ အဓိကအရောင်မှာ အဖြူရောင်ဖြစ်ပြီး ခေတ်မီပရိဘောဂများ ထည့်သွင်းထားသည်ကို တွေ့ရသည်။
(Tomorrow, With You -၂၀၁၇)
၂၀၁၇ ခုနှစ်က ပြသခဲ့သော Tomorrow, With You ဇာတ်လမ်းတွဲသည် အချစ်စိတ်ကူးယဉ် ဇာတ်လမ်းဖြစ်ပြီး Lee Jee Hoon က ကာလခရီးသွားနိုင်စွမ်းရှိသူ၊ အိမ်ခြံမြေကုမ္ပဏီတစ်ခု၏ CEO ယူဆိုးဂျွန်အဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။
တစ်နေ့တွင် ယူဆိုးဂျွန်သည် ကာလခရီးသွားရင်း မိမိသေဆုံးမည့်နေ့ဆီသို့ ရောက်သွားသည်။ ထိုနေ့တွင် သူသည် မတော်တဆမှုဖြစ်ကာ သေဆုံးရမည့် သူ၏အနာဂတ်ကို တွေ့လိုက်ရသည်။ ယူဆိုးဂျွန်နှင့်အတူ ထိုနေ့တွင်ပင် ဆုန်မာရင်းအမည်ရှိမိန်းကလေး (Shin Min Ah) မှာလည်း မတော်တဆမှုအတွင်း သေဆုံးခဲ့ရသည်ကို ယူဆိုးဂျွန်က သိလိုက်ရသည်။
၎င်းတို့နှစ်ဦး အနာဂတ်တွင် ကြုံရမည့် ဖြစ်ရပ်ဆိုးကို ရှောင်လွှဲနိုင်ရန် ယူဆိုးဂျွန်မည်သို့ ကြိုးစားပုံကို ရိုက်ကူးပြသထားခြင်း ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Revealed the interior of Shin Min Ah and Kim Woo Bin’s apartment in 5.5 Billion Won Building In Seoul !! (lovekpop95)
[Zawgyi]
(Shin Min Ah ဘယ်သူလဲ)
(Tomorrow, With You -၂၀၁၇)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
စင်္ကာပူတွင် နေအိမ်အငှားချထားရန် တင်ပြခြင်းမရှိဘဲ အခန်း ၃ ခန်းကို အငှားချကာ ဝင်ငွေရှာသည့် အိမ်ရှင် အမျိုးသမီး စင်္ကာပူဒေါ်လာ ၁၇၅၀၀၀ ဒဏ်ငွေချမှတ်ခံရ...
စင်္ကာပူတွင် နေအိမ်အငှားချထားရန် တင်ပြခြင်းမရှိဘဲ အခန်း ၃ ခန်းကို အငှားချကာ ဝင်ငွေရှာသည့် အိမ်ရှင် အမျိုးသမီး စင်္ကာပူဒေါ်လာ ၁၇၅၀၀၀ ဒဏ်ငွေချမှတ်ခံရ...
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆ နှစ်ကြာ ငုတ်တုတ်အိပ်ခဲ့ရသော အမျိုးသမီး...
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆ နှစ်ကြာ ငုတ်တုတ်အိပ်ခဲ့ရသော အမျိုးသမီး...
သရဲတစ္ဆေကို မယုံကြည်သူတိုင်း သွားရောက်စမ်းသပ်ခံစားသင့်သည့် နာမည်ကျော်ပုဏ္ဏကတိုက်သည့် ဖြစ်ရပ်ဆန်းများနဲ့ Conjuring House...
သရဲတစ္ဆေကို မယုံကြည်သူတိုင်း သွားရောက်စမ်းသပ်ခံစားသင့်သည့် နာမည်ကျော်ပုဏ္ဏကတိုက်သည့် ဖြစ်ရပ်ဆန်းများနဲ့ Conjuring House...
အင်္ဂလန်ရုပ်ရှင်မင်းသမီးကြီး ဂျိန်းစီမောပိုင်ဆိုင်ခဲ့ဖူးပြီး Radiohead နှင့် the Cure တို့ကဲ့သို့ ရော့ခ်ဂီတ ဝိုင်းကြီးများကို အငှားချထားခဲ့ဖူးသော နှစ်ပေါင်း ၄၀၀ သက်တမ်းရှိ စံအိမ်ကြီး ပေါင် ၁၂ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
လော့စ်အိန်ဂျလိမှ အိမ်ရှင်အမျိုးသမီးက သူ၏ ဒေါ်လာ ၁ ဒသမ ၆ သန်းတန် အိမ်ကို အငှားချထားရာ ငှားရမ်းသည့်သူက အင်္ဂလန်သို့ ပြောင်းရွှေ့သွားပြီးနောက် လော့စ်အိန်ဂျလိမှ အခန်းကို အချိန်ပိုင်းတရားမဝင် ပြန်လည်အငှားချ...
ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင် နယူးဆမ်က အိမ်ရာမဲ့များအတွက် အိမ်ငယ်လေးပေါင်း ၁၂၀၀ ဆောက်လုပ်မည်ဟု လွန်ခဲ့သောနှစ်က ကတိပြုခဲ့သော်လည်း ယခုတိုင် အိမ်ရာမဲ့တစ်ဦးမှ လက်ခံခြင်း မရှိသေး...
ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင် နယူးဆမ်က အိမ်ရာမဲ့များအတွက် အိမ်ငယ်လေးပေါင်း ၁၂၀၀ ဆောက်လုပ်မည်ဟု လွန်ခဲ့သောနှစ်က ကတိပြုခဲ့သော်လည်း ယခုတိုင် အိမ်ရာမဲ့တစ်ဦးမှ လက်ခံခြင်း မရှိသေး...
ဂျင်မ်ကာရေးက လော့စ်အိန်ဂျလိစံအိမ်ကို အဆက်မပြတ် ဈေးလျှော့ပေးနေသော်လည်း ရောင်းမထွက်‌သောကြောင့် တတိယအကြိမ် ဈေးလျှော့ပေးလာပြန်...
ဂျင်မ်ကာရေးက လော့စ်အိန်ဂျလိစံအိမ်ကို အဆက်မပြတ် ဈေးလျှော့ပေးနေသော်လည်း ရောင်းမထွက်‌သောကြောင့် တတိယအကြိမ် ဈေးလျှော့ပေးလာပြန်...
အင်္ဂလန်တွင် ကိုယ်ပိုင်ရထားလမ်းပါသော အံ့ဖွယ်စံအိမ်တစ်လုံး ပေါင် ၁ ဒသမ ၃ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အင်္ဂလန်တွင် ကိုယ်ပိုင်ရထားလမ်းပါသော အံ့ဖွယ်စံအိမ်တစ်လုံး ပေါင် ၁ ဒသမ ၃ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ...
၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ...
မူကက်ရှ်အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ချွေးမ ရာဒီကာတို့၏ မင်္ဂလာဆောင်အတွက် ဒူဘိုင်းရှိ ကန်ဒေါ်လာ ၇၇ ဒသမ ၃ သန်းတန် စံအိမ်ကြီး လက်ဆောင်ပေး...
မူကက်ရှ်အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ချွေးမ ရာဒီကာတို့၏ မင်္ဂလာဆောင်အတွက် ဒူဘိုင်းရှိ ကန်ဒေါ်လာ ၇၇ ဒသမ ၃ သန်းတန် စံအိမ်ကြီး လက်ဆောင်ပေး...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင
မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
area-one-business-complex
myat-ingyin
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service