စကော့တလန်တွင် ဖျက်သိမ်းရန် စီစဉ်ထားသော လူသူမရှိတော့သည့် တစ္ဆေမြို့တော်တွင် ပြောင်းရွှေ့မပေးဘဲ တစ်ဦးတည်း နေထိုင်နေသူ

စကော့တလန်တွင် ဖျက်သိမ်းရန် စီစဉ်ထားသော လူသူမရှိတော့သည့် တစ္ဆေမြို့တော်တွင် ပြောင်းရွှေ့မပေးဘဲ တစ်ဦးတည်း နေထိုင်နေသူ - Property News in Myanmar from iMyanmarHouse.com
22 Feb 2023 11:26 am တွင် တင်ခဲ့သည်
842 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

စကော့တလန်တွင် ဖျက်သိမ်းရန် စီစဉ်ထားသော လူသူမရှိတော့သည့် လူနေအိမ်ရာတွင် ပြောင်းရွှေ့မပေးဘဲ နေထိုင်သူတစ်ဦး ရှိနေပြီး သူက ပေါင် ၂၀၀၀ ခန့် အကုန်အကျခံကာ နေအိမ်မွမ်းမံမှုများပင် ပြုလုပ်ခဲ့သေးသည်။

စကော့တလန်နိုင်ငံ ၊ North Lanarkshire ကောင်စီနယ်မြေ ၊ Wishaw မြို့ရှိ အဆောက်အအုံ ၈ ဘလောက် ၊ အခန်းပေါင်း ၁၂၈ ခန်း ပါဝင်သော Stanhope Place အမည်ရှိ အိမ်ရာတွင် လွန်ခဲ့သော တစ်နှစ်ကျော်ကတည်းက နေထိုင်သူ ၂၀၀ ဦးခန့်မှာ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်သည်။

သို့သော် အသက် ၆၇ နှစ်အရွယ်ရှိ Nick Wisniewski ဆိုသူမှာမူ လူသူတစ်ဦးမှ မရှိသော နေရာတွင် တစ်ဦးတည်း ဆက်လက်နေထိုင်လျက်ရှိသည်။

Stanhope Place ရှိ အဆောက်အအုံ ၈ ဘလောက်မှာ ဖျက်သိမ်းရန် စီစဉ်ထားပြီ ဖြစ်သည်။

အငြိမ်းစား ဘဏ်ဝန်ထမ်းတစ်ဦးဖြစ်သော Nick ကို မြို့ကောင်စီက ယခုအိမ်မှ ရွှေ့ပြောင်းပေးပါက ပေါင် ၃၅၀၀၀ နှင့် ၂ နှစ်တာ အိမ်ငှားခပေးမည်ဖြစ်ကြောင်း ကမ်းလှမ်းခဲ့သော်လည်း ရွှေ့ပြောင်းပေးရန် ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။

သူက ကောင်စီအကြီးအကဲများကို ၂၀၂၁ နိုဝင်ဘာကတည်းက အဆက်အသွယ်မရတော့ကြောင်း ပြောကာ အပြစ်ဖို့ခဲ့သည်။

ကားရပ်နားရာ နေရာတွင် အမှိုက်ပုံကြီးဖြစ်နေပြီး မြက်တောများလည်း ထူထပ်နေသော်လည်း လာရောက်ရှင်းလင်းပေးမှုမရှိတော့ကြောင်း သူကပြောသည်။

 

 

(Wishaw မြို့ရှိ အဆောက်အအုံ ၈ ဘလောက် ၊ အခန်းပေါင်း ၁၂၈ ခန်း ပါဝင်သော Stanhope Place အမည်ရှိ အိမ်ရာတွင် လွန်ခဲ့သော တစ်နှစ်ကျော်ကတည်းက နေထိုင်သူ ၂၀၀ ဦးခန့်မှာ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်သည်။)

 

(North Lanarkshire ကောင်စီထံမှ အနည်းဆုံး ပေါင် ၈၀၀၀၀ ခန့်ပေးကာ ပြောင်းရွှေ့ပေးရန် ကမ်းလှမ်းခဲ့သော်လည်း Nick ကငြင်းပယ်ခဲ့သည်။)

 

(ကောင်စီအကြီးအကဲများကို ၂၀၂၁ နိုဝင်ဘာကတည်းက အဆက်အသွယ်မရတော့ကြောင်း ပြောကာ အပြစ်ဖို့ခဲ့သည်။)

 

(ယခုအိမ်မှ ရွှေ့ပြောင်းပေးပါက ပေါင် ၃၅၀၀၀ နှင့် ၂ နှစ်တာ အိမ်ငှားခပေးမည်ဖြစ်ကြောင်း ကမ်းလှမ်းခဲ့သော်လည်း ရွှေ့ပြောင်းပေးရန် ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။)

သူက ပေါင် ၂၀၀၀ ခန့်သုံးကာ ဧည့်ခန်း ကော်ဇောခင်းခြင်း ၊ ဆေးပြန်သုတ်ခြင်းတို့ အပါအဝင် ပြန်လည်မွမ်းမံမှုများပင် ပြုလုပ်ခဲ့သည်။

“ငွေကုန်ခံ ပြင်ဆင်ရတဲ့အပေါ် ကျွန်တော် မစိုးရိမ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီနေရာမှာ ကျွန်တော် ကြာကြာနေလေ့ဦးမှာ ဖြစ်တယ်လို့ ထင်ပါတယ်။ ခုအချိန်ထိ ကောင်စီထံက ဘာသံမှ မကြားရသေးပါဘူး”ဟု မစ္စတာ Wisniewski က ပြောသည်။

 

(ကားရပ်နားရာ နေရာတွင် အမှိုက်ပုံကြီးဖြစ်နေပြီး မြက်တောများလည်း ထူထပ်နေသော်လည်း လာရောက်ရှင်းလင်းပေးမှုမရှိတော့ကြောင်း သူကပြောသည်။)

 

(ပလတ်စတစ် အိတ်ထုပ်များနှင့် အမှိုက်ထုပ်များမှာ ကားရပ်နားရာ နေရာတွင် အပုံအပင်ဖြစ်နေသည်။)

 

(ဒီနေရာမှာ လူတစ်ယောက်မှ မနေတော့ဘူးလို့ လူတွေက တွေးပြီး အမှိုက်တွေ လာပစ်ကြတာပဲလို့ ကျွန်တော်ထင်တယ်ဟု သူက ပြောသည်။)

 

(မစ္စတာ Wisniewski ကို သူ၏ အခန်းအပြင်ဘက်တွင် တွေ့ရပုံ။ )

 

(အဆောက်အအုံများကို မည်သူကမှ သန့်ရှင်းရေး လာမလုပ်တော့ကြောင်း ၊ အခန်းများမှာ မှောင်အတိကျနေကြောင်း သူကပြောသည်။)

 

မစ္စတာ Wisniewski က ပြောသည်မှာ ၎င်းအနေဖြင့် ကောင်စီကို ဆက်သွယ်မည် မဟုတ်ကြောင်း ၊ မိမိအား ပြောင်းရွှေ့စေလိုပါက မိမိကို လာရောက်ဆက်သွယ်ရန် လိုကြောင်း ပြောသည်။

“ဒီအကြောင်းနဲ့ ပတ်သက်လို့ ကောင်စီက လူတစ်ယောက်နဲ့ နောက်ဆုံးစကားပြောခဲ့ဖူးတာက ၂၀၂၁ နိုဝင်ဘာကတည်းကပါ။”

 

 

(ကောင်စီက ကမ်းလှမ်းလာသော ငွေပမာဏသည် အခြားနေရာတွင် နေအိမ်ပြန်ဝယ်ရန် မလုံလောက်ကြောင်း ၊ မိမိအနေဖြင့် အသက်ကြီးလွန်းသဖြင့် အိမ်ခြံမြေ ချေးငွေရရန် မဖြစ်နိုင်တော့ကြောင်း ၊ ထို့ကြောင့် ပြောင်းရွှေ့ပေးရန် ငြင်းဆိုရခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။)

 

(မစ္စတာ Wisniewski က ယူဆသည်မှာ အဆောက်အအုံဝန်းကျင်ကို မွမ်းမံထိန်းသိမ်းမှု မလုပ်ဘဲ ပစ်ထားခြင်းဖြင့် မိမိကို စိတ်ပျက်ကာ ပြောင်းရွေ့သွားစေရန် ရည်ရွယ်ခြင်း ဖြစ်နိုင်ကြောင်း ယူဆသည်။)

 

(Stanhope Place လူနေအိမ်ရာမှ တစ်နေရာ )

 

(အခြားသူအားလုံး ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပြီး TSB ဘဏ်မှ အငြိမ်းစားဝန်ထမ်း မစ္စတာ Wisniewski တစ်ဦးတည်းသာ နေထိုင်သူ ရှိတော့သည်။ )

 

(Stanhope Place အိမ်ရာမှ ပြတင်းပေါက်များ)

 

(Stanhope Place အိမ်ရာကို ၁၉၉၀ ပြည့်လွန်နှောင်းပိုင်းကာလများက ရိုက်ကူးခဲ့သော ဓာတ်ပုံ။)

 

(အသက် ၆၆ နှစ်အရွယ်ရှိ အငြိမ်းစား ဘဏ်ဝန်ထမ်း Nick Wisniewski )

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Last person living on deserted housing estate that is set for demolition spends £2,000 redecorating his flat after refusing council demands to move out - despite being offered £35K and two years' rent to go (dailymail)

 

 

[Zawgyi]

စေကာ့တလန္တြင္ ဖ်က္သိမ္းရန္ စီစဥ္ထားေသာ လူသူမရွိေတာ့သည့္ တေစၦျမိဳ႕ေတာ္တြင္ ေျပာင္းေရႊ႕မေပးဘဲ တစ္ဦးတည္း ေနထိုင္ေနသူ

 

စေကာ့တလန္တြင္ ဖ်က္သိမ္းရန္ စီစဥ္ထားေသာ လူသူမရွိေတာ့သည့္ လူေနအိမ္ရာတြင္ ေျပာင္းေရႊ႕မေပးဘဲ ေနထိုင္သူတစ္ဦး ရွိေနျပီး သူက ေပါင္ ၂၀၀၀ ခန္႔ အကုန္အက်ခံကာ ေနအိမ္မြမ္းမံမႈမ်ားပင္ ျပဳလုပ္ခဲ့ေသးသည္။

စေကာ့တလန္ႏိုင္ငံ ၊ North Lanarkshire ေကာင္စီနယ္ေျမ ၊ Wishaw ျမိဳ႕ရွိ အေဆာက္အအံု ၈ ဘေလာက္ ၊ အခန္းေပါင္း ၁၂၈ ခန္း ပါဝင္ေသာ Stanhope Place အမည္ရွိ အိမ္ရာတြင္ လြန္ခဲ့ေသာ တစ္ႏွစ္ေက်ာ္ကတည္းက ေနထိုင္သူ ၂၀၀ ဦးခန္႔မွာ ေျပာင္းေရႊ႕သြားခဲ့ျပီ ျဖစ္သည္။

သို႔ေသာ္ အသက္ ၆၇ ႏွစ္အရြယ္ရွိ Nick Wisniewski ဆိုသူမွာမူ လူသူတစ္ဦးမွ မရွိေသာ ေနရာတြင္ တစ္ဦးတည္း ဆက္လက္ေနထိုင္လ်က္ရွိသည္။

Stanhope Place ရွိ အေဆာက္အအံု ၈ ဘေလာက္မွာ ဖ်က္သိမ္းရန္ စီစဥ္ထားျပီ ျဖစ္သည္။

အျငိမ္းစား ဘဏ္ဝန္ထမ္းတစ္ဦးျဖစ္ေသာ Nick ကို ျမိဳ႕ေကာင္စီက ယခုအိမ္မွ ေရႊ႕ေျပာင္းေပးပါက ေပါင္ ၃၅၀၀၀ ႏွင့္ ၂ ႏွစ္တာ အိမ္ငွားခေပးမည္ျဖစ္ေၾကာင္း ကမ္းလွမ္းခဲ့ေသာ္လည္း ေရႊ႕ေျပာင္းေပးရန္ ျငင္းဆိုခဲ့ျခင္း ျဖစ္သည္။

သူက ေကာင္စီအၾကီးအကဲမ်ားကုိ ၂၀၂၁ ႏိုဝင္ဘာကတည္းက အဆက္အသြယ္မရေတာ့ေၾကာင္း ေျပာကာ အျပစ္ဖို႔ခဲ့သည္။

ကားရပ္နားရာ ေနရာတြင္ အမိႈက္ပံုၾကီးျဖစ္ေနျပီး ျမက္ေတာမ်ားလည္း ထူထပ္ေနေသာ္လည္း လာေရာက္ရွင္းလင္းေပးမႈမရွိေတာ့ေၾကာင္း သူကေျပာသည္။

(Wishaw ျမိဳ႕ရွိ အေဆာက္အအံု ၈ ဘေလာက္ ၊ အခန္းေပါင္း ၁၂၈ ခန္း ပါဝင္ေသာ Stanhope Place အမည္ရွိ အိမ္ရာတြင္ လြန္ခဲ့ေသာ တစ္ႏွစ္ေက်ာ္ကတည္းက ေနထိုင္သူ ၂၀၀ ဦးခန္႔မွာ ေျပာင္းေရႊ႕သြားခဲ့ျပီ ျဖစ္သည္။)

(North Lanarkshire ေကာင္စီထံမွ အနည္းဆံုး ေပါင္ ၈၀၀၀၀ ခန္႔ေပးကာ ေျပာင္းေရႊ႕ေပးရန္ ကမ္းလွမ္းခဲ့ေသာ္လည္း Nick ကျငင္းပယ္ခဲ့သည္။)

(ေကာင္စီအၾကီးအကဲမ်ားကုိ ၂၀၂၁ ႏိုဝင္ဘာကတည္းက အဆက္အသြယ္မရေတာ့ေၾကာင္း ေျပာကာ အျပစ္ဖို႔ခဲ့သည္။)

(ယခုအိမ္မွ ေရႊ႕ေျပာင္းေပးပါက ေပါင္ ၃၅၀၀၀ ႏွင့္ ၂ ႏွစ္တာ အိမ္ငွားခေပးမည္ျဖစ္ေၾကာင္း ကမ္းလွမ္းခဲ့ေသာ္လည္း ေရႊ႕ေျပာင္းေပးရန္ ျငင္းဆိုခဲ့ျခင္း ျဖစ္သည္။)

သူက ေပါင္ ၂၀၀၀ ခန္႔သံုးကာ ဧည့္ခန္း ေကာ္ေဇာခင္းျခင္း ၊ ေဆးျပန္သုတ္ျခင္းတို႔ အပါအဝင္ ျပန္လည္မြမ္းမံမႈမ်ားပင္ ျပဳလုပ္ခဲ့သည္။

“ေငြကုန္ခံ ျပင္ဆင္ရတဲ့အေပၚ ကၽြန္ေတာ္ မစိုးရိမ္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ဒီေနရာမွာ ကၽြန္ေတာ္ ၾကာၾကာေနေလ့ဦးမွာ ျဖစ္တယ္လို႔ ထင္ပါတယ္။ ခုအခ်ိန္ထိ ေကာင္စီထံက ဘာသံမွ မၾကားရေသးပါဘူး”ဟု မစၥတာ Wisniewski က ေျပာသည္။

(ကားရပ္နားရာ ေနရာတြင္ အမိႈက္ပံုၾကီးျဖစ္ေနျပီး ျမက္ေတာမ်ားလည္း ထူထပ္ေနေသာ္လည္း လာေရာက္ရွင္းလင္းေပးမႈမရွိေတာ့ေၾကာင္း သူကေျပာသည္။)

(ပလတ္စတစ္ အိတ္ထုပ္မ်ားႏွင့္ အမိႈက္ထုပ္မ်ားမွာ ကားရပ္နားရာ ေနရာတြင္ အပံုအပင္ျဖစ္ေနသည္။)

(ဒီေနရာမွာ လူတစ္ေယာက္မွ မေနေတာ့ဘူးလို႔ လူေတြက ေတြးျပီး အမိႈက္ေတြ လာပစ္ၾကတာပဲလုိ႔ ကၽြန္ေတာ္ထင္တယ္ဟု သူက ေျပာသည္။)

(မစၥတာ Wisniewski ကို သူ၏ အခန္းအျပင္ဘက္တြင္ ေတြ႔ရပံု။ )

(အေဆာက္အအံုမ်ားကို မည္သူကမွ သန္႔ရွင္းေရး လာမလုပ္ေတာ့ေၾကာင္း ၊ အခန္းမ်ားမွာ ေမွာင္အတိက်ေနေၾကာင္း သူကေျပာသည္။)

မစၥတာ Wisniewski က ေျပာသည္မွာ ၎အေနျဖင့္ ေကာင္စီကို ဆက္သြယ္မည္ မဟုတ္ေၾကာင္း ၊ မိမိအား ေျပာင္းေရႊ႕ေစလုိပါက မိမိကို လာေရာက္ဆက္သြယ္ရန္ လိုေၾကာင္း ေျပာသည္။

“ဒီအေၾကာင္းနဲ႔ ပတ္သက္လို႔ ေကာင္စီက လူတစ္ေယာက္နဲ႔ ေနာက္ဆံုးစကားေျပာခဲ့ဖူးတာက ၂၀၂၁ ႏိုဝင္ဘာကတည္းကပါ။”

 

(ေကာင္စီက ကမ္းလွမ္းလာေသာ ေငြပမာဏသည္ အျခားေနရာတြင္ ေနအိမ္ျပန္ဝယ္ရန္ မလံုေလာက္ေၾကာင္း ၊ မိမိအေနျဖင့္ အသက္ၾကီးလြန္းသျဖင့္ အိမ္ျခံေျမ ေခ်းေငြရရန္ မျဖစ္ႏုိင္ေတာ့ေၾကာင္း ၊ ထို႔ေၾကာင့္ ေျပာင္းေရႊ႕ေပးရန္ ျငင္းဆိုရျခင္း ျဖစ္ေၾကာင္း ၎ကေျပာသည္။)

(မစၥတာ Wisniewski က ယူဆသည္မွာ အေဆာက္အအံုဝန္းက်င္ကို မြမ္းမံထိန္းသိမ္းမႈ မလုပ္ဘဲ ပစ္ထားျခင္းျဖင့္ မိမိကို စိတ္ပ်က္ကာ ေျပာင္းေရြ႕သြားေစရန္ ရည္ရြယ္ျခင္း ျဖစ္ႏိုင္ေၾကာင္း ယူဆသည္။)

(Stanhope Place လူေနအိမ္ရာမွ တစ္ေနရာ )

(အျခားသူအားလံုး ေျပာင္းေရႊ႕သြားခဲ့ျပီ ျဖစ္ျပီး TSB ဘဏ္မွ အျငိမ္းစားဝန္ထမ္း မစၥတာ Wisniewski တစ္ဦးတည္းသာ ေနထိုင္သူ ရွိေတာ့သည္။ )

(Stanhope Place အိမ္ရာမွ ျပတင္းေပါက္မ်ား)

(Stanhope Place အိမ္ရာကို ၁၉၉၀ ျပည့္လြန္ေႏွာင္းပုိင္းကာလမ်ားက ရုိက္ကူးခဲ့ေသာ ဓာတ္ပံု။)

(အသက္ ၆၆ ႏွစ္အရြယ္ရွိ အျငိမ္းစား ဘဏ္ဝန္ထမ္း Nick Wisniewski )

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Last person living on deserted housing estate that is set for demolition spends £2,000 redecorating his flat after refusing council demands to move out - despite being offered £35K and two years' rent to go (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service