မိုက္ကရိုဆော့ဖ်က ဆောက်လုပ်လိုက်သော အသံမဲ့အခန်း ဂင်းနက်စ် စံချိန်တင် ၊ မည်သူမှ တစ်နာရီထက် ပိုမနေနိုင်ဟုဆို

မိုက္ကရိုဆော့ဖ်က ဆောက်လုပ်လိုက်သော အသံမဲ့အခန်း ဂင်းနက်စ် စံချိန်တင် ၊ မည်သူမှ တစ်နာရီထက် ပိုမနေနိုင်ဟုဆို - Property News in Myanmar from iMyanmarHouse.com
9 Feb 2023 10:47 am တွင် တင်ခဲ့သည်
3882 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ဆိတ်ဆိတ်နေ ထောင်တန် (Silence is golden) ဟူသော စကားပုံ ရှိသည်။ သို့သော် ကမ္ဘာ့အတိတ်ဆိတ်ဆုံး အခန်း၏ ဆိတ်ငြိမ်မှုမှာ လူတို့အတွက် တန်ဖိုးရှိဦးမည်လောဟူသည်မှာ စိတ်ဝင်စားဖွယ်ပင်။

၂၀၁၅ ခုနှစ်အတွင်း မိုက္ကရိုဆော့ဖ်က အခန်းတစ်ခု ဆောက်လုပ်ခဲ့ရာ ယခုအခါ အဆိုပါ အခန်းမှာ ကမ္ဘာပေါ် တွင် အတိတ်ဆိတ်ဆုံး နေရာအဖြစ် ဂင်းနက်စ် ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်တွင် ဖော်ပြခံထားရသည်။

ပဲ့တင်သံမဲ့ အခန်းဟု လူသိများသော ထိုအခန်းမှာ မိုက္ကရိုဆော့ဖ်၏ ဝါရှင်တန်ပြည်နယ် Redmond မြို့ရှိ ရုံးချုပ်တွင် တည်ရှိသည်။

 

၂၀၁၅ ခုနှစ်အတွင်း ထိုအခန်းတွင် ultra-sensitive tests ဟုခေါ်သော ဒက်စီဘယ် အနှုတ် ၂၀ ဒသမ ၃၅ အထိ အသံခြေရာခံ စစ်ဆေးမှုတစ်ခု ပြုလုပ်ခဲ့ဖူးသည်။

ထိုအခန်းထဲတွင် လူအနည်းငယ်မျှသာ ကြာရှည်နေနိုင်ကြောင်း တွေ့ရပြီး အများဆုံးနေနိုင်သည့် အချိန်မှာ တစ်နာရီမျှသာ ဖြစ်သည်။

ထိုအခန်းအတွင်း ရောက်ရှိပြီး မိနစ်အနည်းငယ်မျှ ကြာလျှင် ကိုယ့်နှလုံးခုန်သံပင် ကိုယ်ပြန်ကြားရသည်။

ထို့ထက် အနည်းငယ် အချိန်ပိုကြာလာသည်နှင့်အမျှ သွေးကြောထဲမှ သွေးများ စီးဆင်းသံကိုပါ ကြားလာရသည်ဟု ဆိုသည်။

ပဲ့တင်သံမဲ့အခန်းထဲတွင် မည်သည့်အသံမျှ မကြားရခြင်းကမဟုတ်။

အခြားပြင်ပ မည်သို့သော အသံများမှ မကြားရပဲ သင့်ခန္ဓာကိုယ်မှ အဆုံးမရှိသော အသံမျိုးစုံ ကြားလာရမည့် နေရာဖြစ်သည်။

 

(ဝါရှင်တန်ပြည်နယ် Redmond မြို့ရှိ မိုက္ကရိုဆော့ဖ်၏ ရုံးချုပ်တွင် တည်ရှိသော ကမ္ဘာ့အတိတ်ဆိတ်ဆုံးနေရာ။ ဓာတ်ပုံ- Microsoft)

ကျွန်ုပ်တို့ တိတ်ဆိတ်လှပြီဟု ယူဆထားသော အခြားနေရာများမှာ အမှန်တကယ်တွင် လူတို့ အာရုံခံ ကြားသိနိုင်သည့် အတိုင်းအတာထက် များစွာကျယ်လောင်သော အသံများရှိနေပါသည်။ လူတို့ စတင်အာရုံခံနိုင်သည့် အတိုင်းအတာမှာ သုည ဒက်စီဘယ်လ်ဖြစ်သည်။

တိတ်ဆိတ်လှသည်ဟု ထင်ရသော စာကြည့်တိုက်အတွင်းမှ စာဖတ်ခန်းတစ်ခုသည်ပင်လျှင် ၄၀ ဒက်စီဘယ်လ် ဝန်းကျင်ရှိသည်။

ပြင်ပကမ္ဘာမှ မည်သို့သို့အသံမျိုးမှ လူတို့မကြားနိုင်သည့် ဒက်စီဘယ်အထိ ရောက်ရှိသွားချိန်တွင် လူတို့၏နား၌ သည်းမခံနိုင်ဖွယ် အသံမျိုးစုံစတင်ကြားလာရမည် ဖြစ်သည်။

 

(မိုက္ကရိုဆော့ဖ်၏ Audio Labs တွင် တည်ရှိသော အသံမဲ့အခန်းမှာ ကမ္ဘာ့အတိတ်ဆိတ်ဆုံးနေရာအဖြစ် ဂင်းနက်စ်စံချိန်တင်ထားသည်။ ဓာတ်ပုံ- Microsoft)

 

အခန်းထဲတွင် ပဲ့တင်ရိုက်သံမရှိသောကြောင့် သင်၏ space ကို သိနိုင်စွမ်းမျှခြေမညီစေတော့ချေ။

“ဦးခေါင်းကိုလှည့်လိုက်တဲ့အခါမျိုးမှာတောင် ဒီလှုပ်ရှားမှုရဲ့ အသံကို ကြားနိုင်ပါတယ်။ အသက်ရှုတဲ့အသံ ကိုတောင် တော်တော်ကျယ်ကျယ်ကြားရမှာဖြစ်ပါတယ်” ဟု မိုက္ကရိုဆော့ဖ်၏ အဆိုပါအခန်း ဒီဇိုင်နာ Hundraj Gopal က ပြောသည်။

ပဲ့တင်သံမဲ့အခန်းကို ၂ နှစ်ခန့် အချိန်ယူကာ ဒီဇိုင်းရေးဆွဲခဲ့ရသည်ဟု ဆိုသည်။

ကွန်ကရစ်နှင့် စတီး အလွှာ ၆ လွှာဖြင့် ဖွဲ့စည်းထားပြီး ဝန်းကျင်အဆောက်အအုံနှင့် ဆက်သွယ်မှု ဖြတ်တောက်ထားသည်။

တုန်ခါမှုလျှော့ချပေးသည့် စပရိန်များလည်း တပ်ဆင်ထားသည်။

ကြမ်းခင်း၊ မျက်နှာကြက်နှင့် နံရံများတွင် fiberglass ချောင်းများ တပ်ဆင်ထားရာ အသံလှိုင်းများကို အခန်းအတွင်း မဝင်လာမီ ဖြိုခွင်းပေးမည် ဖြစ်သည်။

 

(ဤအခန်းတွင် အကြာဆုံးနေနိုင်သူမှာ ၄၅ မိနစ်သာနေနိုင်သည်။ ဓာတ်ပုံ-Microsoft)

 

မိုက္ကရိုဆော့ဖ်၏ ယခုအခန်းအပြင် အခြားသော အသံမဲ့အခန်းတစ်ခုရှိနေပြီး ထိုအခန်းကလည်း ကမ္ဘာ့အတိတ်ဆိတ်ဆုံးအခန်းအဖြစ် သတ်မှတ်ခံရရန် ကြိုးပမ်းနေသည်။

ထိုအခန်းတည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ Minneapolis ရှိ Orfield Laboratories တွင် တည်ရှိပြီး တိုင်းတာချက်များအရ အနှုတ် ၂၄ ဒသမ ၉ ဒက်စီဘယ်လ်ရှိကြောင်း ယင်းအခန်းကို ဒီဇိုင်းဆွဲခဲ့သူ Steven J. Orfield က ပြောသည်။

Orfield က နယူးယောက်တိုင်းမ် သတင်းဌာနသို့ ပြောသည်မှာ သူ၏ အခန်းကို ကမ္ဘာ့အတိတ်ဆိတ်ဆုံး အခန်း အဖြစ် သတ်မှတ်ခံရရန် တင်ပြထားပြီး လက်ရှိအားဖြင့် ဂင်းနက်စ် ကမ္ဘာ့စံချိန်အဖွဲ့ထံမှ အကြောင်းပြန်မှုကို စောင့်ဆိုင်းနေကြောင်း ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: No one can stay in the quietest room in the world for more than an hour (nypost)

 

 

 

[Zawgyi]

မိုကၠရိုေဆာ့ဖ္က ေဆာက္လုပ္လုိက္ေသာ အသံမဲ့အခန္း ဂင္းနက္စ္ စံခ်ိန္တင္ ၊ မည္သူမွ တစ္နာရီထက္ ပိုမေနႏိုင္ဟုဆို

 

ဆိတ္ဆိတ္ေန ေထာင္တန္ (Silence is golden) ဟူေသာ စကားပံု ရွိသည္။ သု႔ိေသာ္ ကမၻာ့အတိတ္ဆိတ္ဆံုး အခန္း၏ ဆိတ္ျငိမ္မႈမွာ လူတို႔အတြက္ တန္ဖုိးရွိဦးမည္ေလာဟူသည္မွာ စိတ္ဝင္စားဖြယ္ပင္။

၂၀၁၅ ခုႏွစ္အတြင္း မိုကၠရိုေဆာ့ဖ္က အခန္းတစ္ခု ေဆာက္လုပ္ခဲ့ရာ ယခုအခါ အဆိုပါ အခန္းမွာ ကမၻာေပၚ တြင္ အတိတ္ဆိတ္ဆံုး ေနရာအျဖစ္ ဂင္းနက္စ္ ကမၻာ့စံခ်ိန္မွတ္တမ္းစာအုပ္တြင္ ေဖာ္ျပခံထားရသည္။

ပဲ့တင္သံမဲ့ အခန္းဟု လူသိမ်ားေသာ ထုိအခန္းမွာ မိုကၠရိုေဆာ့ဖ္၏ ဝါရွင္တန္ျပည္နယ္ Redmond ျမိဳ႕ရွိ ရံုးခ်ဳပ္တြင္ တည္ရွိသည္။

၂၀၁၅ ခုႏွစ္အတြင္း ထိုအခန္းတြင္ ultra-sensitive tests ဟုေခၚေသာ ဒက္စီဘယ္ အႏႈတ္ ၂၀ ဒသမ ၃၅ အထိ အသံေျခရာခံ စစ္ေဆးမႈတစ္ခု ျပဳလုပ္ခဲ့ဖူးသည္။

ထိုအခန္းထဲတြင္ လူအနည္းငယ္မွ်သာ ၾကာရွည္ေနႏိုင္ေၾကာင္း ေတြ႔ရျပီး အမ်ားဆံုးေနႏိုင္သည့္ အခ်ိန္မွာ တစ္နာရီမွ်သာ ျဖစ္သည္။

ထိုအခန္းအတြင္း ေရာက္ရွိျပီး မိနစ္အနည္းငယ္မွ် ၾကာလွ်င္ ကိုယ့္ႏွလံုးခုန္သံပင္ ကိုယ္ျပန္ၾကားရသည္။

ထို႔ထက္ အနည္းငယ္ အခ်ိန္ပိုၾကာလာသည္ႏွင့္အမွ် ေသြးေၾကာထဲမွ ေသြးမ်ား စီးဆင္းသံကိုပါ ၾကားလာရသည္ဟု ဆိုသည္။

ပဲ့တင္သံမဲ့အခန္းထဲတြင္ မည္သည့္အသံမွ် မၾကားရျခင္းကမဟုတ္။

အျခားျပင္ပ မည္သုိ႔ေသာ အသံမ်ားမွ မၾကားရပဲ သင့္ခႏၶာကိုယ္မွ အဆံုးမရွိေသာ အသံမ်ဳိးစံု ၾကားလာရမည့္ ေနရာျဖစ္သည္။

(ဝါရွင္တန္ျပည္နယ္ Redmond ျမိဳ႕ရွိ မိုကၠရိုေဆာ့ဖ္၏ ရံုးခ်ဳပ္တြင္ တည္ရွိေသာ ကမၻာ့အတိတ္ဆိတ္ဆံုးေနရာ။ ဓာတ္ပံု- Microsoft)

ကၽြႏု္ပ္တို႔ တိတ္ဆိတ္လွျပီဟု ယူဆထားေသာ အျခားေနရာမ်ားမွာ အမွန္တကယ္တြင္ လူတို႔ အာရံုခံ ၾကားသိႏိုင္သည့္ အတိုင္းအတာထက္ မ်ားစြာက်ယ္ေလာင္ေသာ အသံမ်ားရွိေနပါသည္။ လူတို႔ စတင္အာရံုခံႏိုင္သည့္ အတိုင္းအတာမွာ သုည ဒက္စီဘယ္လ္ျဖစ္သည္။

တိတ္ဆိတ္လွသည္ဟု ထင္ရေသာ စာၾကည့္တိုက္အတြင္းမွ စာဖတ္ခန္းတစ္ခုသည္ပင္လွ်င္ ၄၀ ဒက္စီဘယ္လ္ ဝန္းက်င္ရွိသည္။

ျပင္ပကမၻာမွ မည္သို႔သို႔အသံမ်ဳိးမွ လူတို႔မၾကားႏိုင္သည့္ ဒက္စီဘယ္အထိ ေရာက္ရွိသြားခ်ိန္တြင္ လူတို႔၏နား၌ သည္းမခံႏိုင္ဖြယ္ အသံမ်ဳိးစံုစတင္ၾကားလာရမည္ ျဖစ္သည္။

(မိုကၠရိုေဆာ့ဖ္၏ Audio Labs တြင္ တည္ရွိေသာ အသံမဲ့အခန္းမွာ ကမၻာ့အတိတ္ဆိတ္ဆံုးေနရာအျဖစ္ ဂင္းနက္စ္စံခ်ိန္တင္ထားသည္။ ဓာတ္ပံု- Microsoft)

အခန္းထဲတြင္ ပဲ့တင္ရိုက္သံမရွိေသာေၾကာင့္ သင္၏ space ကို သိႏိုင္စြမ္းမွ်ေျခမညီေစေတာ့ေခ်။

“ဦးေခါင္းကိုလွည့္လိုက္တဲ့အခါမ်ဳိးမွာေတာင္ ဒီလႈပ္ရွားမႈရဲ႕ အသံကို ၾကားႏိုင္ပါတယ္။ အသက္ရႈတဲ့အသံ ကိုေတာင္ ေတာ္ေတာ္က်ယ္က်ယ္ၾကားရမွာျဖစ္ပါတယ္” ဟု မိုကၠရိုေဆာ့ဖ္၏ အဆိုပါအခန္း ဒီဇိုင္နာ Hundraj Gopal က ေျပာသည္။

ပဲ့တင္သံမဲ့အခန္းကို ၂ ႏွစ္ခန္႔ အခ်ိန္ယူကာ ဒီဇိုင္းေရးဆြဲခဲ့ရသည္ဟု ဆိုသည္။

ကြန္ကရစ္ႏွင့္ စတီး အလႊာ ၆ လႊာျဖင့္ ဖြဲ႔စည္းထားျပီး ဝန္းက်င္အေဆာက္အအံုႏွင့္ ဆက္သြယ္မႈ ျဖတ္ေတာက္ထားသည္။

တုန္ခါမႈေလွ်ာ့ခ်ေပးသည့္ စပရိန္မ်ားလည္း တပ္ဆင္ထားသည္။

ၾကမ္းခင္း၊ မ်က္ႏွာၾကက္ႏွင့္ နံရံမ်ားတြင္ fiberglass ေခ်ာင္းမ်ား တပ္ဆင္ထားရာ အသံလႈိင္းမ်ားကို အခန္းအတြင္း မဝင္လာမီ ျဖိဳခြင္းေပးမည္ ျဖစ္သည္။

(ဤအခန္းတြင္ အၾကာဆံုးေနႏိုင္သူမွာ ၄၅ မိနစ္သာေနႏိုင္သည္။ ဓာတ္ပံု-Microsoft)

မိုကၠရိုေဆာ့ဖ္၏ ယခုအခန္းအျပင္ အျခားေသာ အသံမဲ့အခန္းတစ္ခုရွိေနျပီး ထိုအခန္းကလည္း ကမၻာ့အတိတ္ဆိတ္ဆံုးအခန္းအျဖစ္ သတ္မွတ္ခံရရန္ ၾကိဳးပမ္းေနသည္။

ထိုအခန္းတည္ေနရာမွာ အေမရိကန္ျပည္ေထာင္စု၊ Minneapolis ရွိ Orfield Laboratories တြင္ တည္ရွိျပီး တိုင္းတာခ်က္မ်ားအရ အႏႈတ္ ၂၄ ဒသမ ၉ ဒက္စီဘယ္လ္ရွိေၾကာင္း ယင္းအခန္းကို ဒီဇိုင္းဆြဲခဲ့သူ Steven J. Orfield က ေျပာသည္။

Orfield က နယူးေယာက္တိုင္းမ္ သတင္းဌာနသို႔ ေျပာသည္မွာ သူ၏ အခန္းကို ကမၻာ့အတိတ္ဆိတ္ဆံုး အခန္း အျဖစ္ သတ္မွတ္ခံရရန္ တင္ျပထားျပီး လက္ရွိအားျဖင့္ ဂင္းနက္စ္ ကမၻာ့စံခ်ိန္အဖြဲ႔ထံမွ အေၾကာင္းျပန္မႈကို ေစာင့္ဆိုင္းေနေၾကာင္း ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: No one can stay in the quietest room in the world for more than an hour (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် ခွဲစိတ်ဆရာဝန်တို့က ကျောက်ကပ်ကင်ဆာဖြစ်နေသူ၏ ကျောက်ကပ်တစ်ခြမ်းကို ခွဲထုတ်ဖယ်ရှား ရာတွင် ကျောက်ကပ်အကောင်းကို မှားယွင်းခွဲထုတ်ခဲ့ရာ လူနာမှာ ကင်ဆာဖြစ်နေသော ကျောက်ကပ်ဖြင့် ကျန်ရစ်ခဲ့...
ပြင်သစ်တွင် ခွဲစိတ်ဆရာဝန်တို့က ကျောက်ကပ်ကင်ဆာဖြစ်နေသူ၏ ကျောက်ကပ်တစ်ခြမ်းကို ခွဲထုတ်ဖယ်ရှား ရာတွင် ကျောက်ကပ်အကောင်းကို မှားယွင်းခွဲထုတ်ခဲ့ရာ လူနာမှာ ကင်ဆာဖြစ်နေသော ကျောက်ကပ်ဖြင့် ကျန်ရစ်ခဲ့...
လေလည်ခြင်းဖြင့် ဂင်းနက်စ်စံချိန်တင်ထားသော ဗြိတိန်အမျိုးသားက ကမ္ဘာတဝန်း အခကြေးငွေဖြင့် လေလည်ပြကာ ဝင်ငွေကောင်းနေ...
လေလည်ခြင်းဖြင့် ဂင်းနက်စ်စံချိန်တင်ထားသော ဗြိတိန်အမျိုးသားက ကမ္ဘာတဝန်း အခကြေးငွေဖြင့် လေလည်ပြကာ ဝင်ငွေကောင်းနေ...
လေလည်ခြင်းဖြင့် သွေးဖိအားကျစေနိုင်ကာ လေဖြတ်ခြင်း၊ နှလုံးရောဂါနှင့် ကျောက်ကပ်ရောဂါ ဖြစ်မည့်အလားအလာကို ကာကွယ်ပေးနိုင်ကြောင်း ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်၏ လေ့လာချက်တွင် တွေ့ရှိ...
လေလည်ခြင်းဖြင့် သွေးဖိအားကျစေနိုင်ကာ လေဖြတ်ခြင်း၊ နှလုံးရောဂါနှင့် ကျောက်ကပ်ရောဂါ ဖြစ်မည့်အလားအလာကို ကာကွယ်ပေးနိုင်ကြောင်း ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်၏ လေ့လာချက်တွင် တွေ့ရှိ...
တစ်နေ့လျှင် ကော်ဖီ ၂ ခွက်ထက် ပိုမိုသောက်သုံးသူတို့မှာ အသည်းကင်ဆာဖြစ်နိုင်ချေ ၄၃ ရာခိုင်နှုန်း နည်းပါးကြောင်း လေ့လာတွေ့ရှိ...
တစ်နေ့လျှင် ကော်ဖီ ၂ ခွက်ထက် ပိုမိုသောက်သုံးသူတို့မှာ အသည်းကင်ဆာဖြစ်နိုင်ချေ ၄၃ ရာခိုင်နှုန်း နည်းပါးကြောင်း လေ့လာတွေ့ရှိ...
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တွေ့ရှိ...
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တွေ့ရှိ...
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသားကြီး...
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသားကြီး...
ဂရိနိုင်ငံတွင် “လေမှုတ်စောင်း”များ တပ်ဆင်နေ၊ လေပြေအသွေးတွင် ဂီတသံများ ပျံ့လွင့်စေမည့်အပြင် လမ်းမီးတိုင်များအတွက် လျှပ်စစ်ဓာတ်အားလည်း ထုတ်လုပ်ပေးနိုင်...
ဂရိနိုင်ငံတွင် “လေမှုတ်စောင်း”များ တပ်ဆင်နေ၊ လေပြေအသွေးတွင် ဂီတသံများ ပျံ့လွင့်စေမည့်အပြင် လမ်းမီးတိုင်များအတွက် လျှပ်စစ်ဓာတ်အားလည်း ထုတ်လုပ်ပေးနိုင်...
ငှက်ပျောသီးအစိမ်းများတွင်ရှိသော ကစီဓာတ်က အချို့သော မျိုးရိုးလိုက် ကင်ဆာအမျိုးအစားများကို ၆၀ ရာခိုင်နှုန်းကျော် ကာကွယ်ပေးနိုင်ကြောင်း ဗြိတိန်သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ...
ငှက်ပျောသီးအစိမ်းများတွင်ရှိသော ကစီဓာတ်က အချို့သော မျိုးရိုးလိုက် ကင်ဆာအမျိုးအစားများကို ၆၀ ရာခိုင်နှုန်းကျော် ကာကွယ်ပေးနိုင်ကြောင်း ဗြိတိန်သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ...
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရွယ် အဘိုး...
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရွယ် အဘိုး...
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန်စံအိမ်...
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန်စံအိမ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
Jade Palace Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service